အမေခြင်းတော့  တူတယ် ဒါပေမဲ့ စစ်သားအမေ
မယုံနိုင်ဘူး ကံတရားရယ်……။ခပ်ခါးခါး ဒီလို အဖြစ်အပျက်မျိုး ကြုံရမယ်လို့  အိမ်မက်တောင် မမက်ဖူးခဲ့ သူရယ်ပါလေ………။တအိမ်လုံးဝမ်းနည်းနေကြတယ် ….။ဘယ်သူကိုမှလည်း စကားမပြောနိုင်ကြဘူး….။အမှတ်တရဆိုလို့  ချန်ထားခဲ့ တဲ့  ဓါတ်ပုံမှာတော့  ပြုံးရီပြဆဲ မျက်နှာ ချိုချို တချို့ ရယ်ပေါ့ ………..။
ရင်နဲ့ လွယ်ပြီး မွေးဖွားခဲ့ တဲ့  သားက ကျမရင်ခွင်ထဲက ထွက်ခွာသွားမယ်ဆိုတာ သိလိုက်ရချိန်မှာ ကျမ အပြုံုးတုတချို့ နဲ့ ပဲ မျက်ရည်ကျနေမိခဲ့ တာပါ…။သားက သိပ်စကားတက်တယ်…။
မငိုပါနဲ့  မေမေရယ် သားက မေမေ့ ကို တသက်လုံးပြစ်သွားတာမှမဟုတ်တာ ။သားရဲ့ ရည်ရွယ်ချက်၊သားရဲ့ အနာဂတ်ကို ပုံဖော်ဖို့  သားကို ခွင့် ပြုပါနော်တဲ့  ……………..
စစ်တက္ကသိုလ် တက်ဖို့  ခေါ်စာလေး သတင်းစာမှာ စပါတဲ့ အချိန်တုန်းက
သားငယ်ပြောခဲ့ တာလေးပေါ့ …။နောက် သူလမ်းကို သူဖောက် သူ အနာဂတ်လမ်းကို
သူလျှောက် ဖို့  အားပြင်နေတုန်းမှာ ကျမ လေ ……………….အတ္တကြီးစွာနဲ့ 
ဆွဲထားမိချင်သားပေါ့ …။မသွားပါနဲ့ လား သားရယ်လို့ တော့ 
ပြောချင်မိသားလားလေ…..။ဒါပေမဲ့  အဲဒီစကားလုံး တလုံးအစား သား အစစအရာရာ အဆင်ပြေပါစေလို့  ပဲ ကျမ ဆုတွေ ပေးဖြစ်မိခဲ့ တယ်ထင်ပါတယ်…………….။
ဒီလိုနဲ့  သေတ္တာလေး တလုံးဆွဲပြီး တအိမ်လုံးကိုကျောခိုင်းတုန်းက စိမ်းကားလိုက်တဲ့ သားငယ်လို့ တောင်ထင်မိလိုက်သေးတယ်…။တချက်လေးတောင်
သားငယ် က စောင်းငဲ့ ပြီးတောင် မကြည့် ခဲ့ ဖူးလေ…။ဒါပေမဲ့ 
ရှိုက်သံတချို့ နဲ အတူ သားငယ် ငိုနေပါ့ လားအသိနဲ့ ကျောပြင်လေးကို သပ်
သားငယ်ထွက်ခွာသွားတဲ့ အရပ်မှာ ဘေးရန်ကင်းပါစေလို့  တော့  တအိမ်လုံး
ဆုတောင်းပေးဖြစ်ခဲ့ ကြတယ်………………………။မှတ်မှတ်ရရပေါ့ …။ဖေဖော်ဝါရီ (၂)ရက်မြောက် ပြင်ဦးလွင်ကို သားငယ်ရောက်ချိန် အေးနေေ၇ာ့ မယ်လို့ တော့  စိတ်ပူမိသေးတယ်လေ………..။
ဒီလိုနဲ့  အချိန်တွေကို ကျော်ဖြတ် သားငယ်မရှိတဲ့  အိမ်အတွက်တော့ 
အရာရာနတ္တိ ဗလာအတိရယ်ပေါ့ …။တအိမ်လုံး ရဲ့  အထွေးဆုံးမို့ 
အချစ်ပိုကြရတဲ့  သားငယ်လေး။ကျမ အပါအ၀င် သူ့ အဖေက လည်း အချစ်ပို ၊အမကလည်း
အချစ်ပိုသူမို့  သားငယ်က နည်းနည်းလေးတော့  ဆိုးချွဲချွဲသည်….။လိုတာမရလျှင် ဒေါသကြီးတက်သော သားငယ်။အစားအသောက်ကောင်းကိုသာ
ခုံမင်တက်သော သားငယ်..။နည်းနည်းလေး ပင်ပန်းလျှင်တောင် ငြီးညူတက်တဲ့ 
သားငယ်….။မုန့် ဖိုး တောင်းတိုင်း သတ်မှတ်ထားတဲ့  ပမာဏ မရလျှင် အစာငတ်ခံ
ဆန္ဒပြတက်သော သားငယ် ….။တပ်မတော်မှာ အခြေကျ နေပျော်ပါ့ မလားလို့ 
အချိန်တိုင်း စိတ်မှာတွေး ခပ်လေးလေး သက်ပြင်းချသံကြားမှာ ကျမ
စိတ်ပူခဲ့ ရပေါင်းများခဲ့ ပါပြီ……။
တကယ်မယုံနိုင်မိဘူး….။ပထမနှစ်ခွင့် ပြန်ရက်တွေရလို့  သားငယ်အိမ်ပြန်ရောက်ချိန်ပေါ
့…။ဖြူနုတဲ့ သားငယ်တစ်ယောက် အသားအရည်တွေပြောင်းသွားခဲ့ တယ်။မဲတူးနေတဲ့ 
မျက်နှာပြင်မှာ ဘာမှမဖြစ်ပါဘူး စစ်သားပဲ ပင်ပန်းမှာပေါ့ တဲ့ 
အပြုံးတွေနဲ့  အလှဆင်ပြီး အမေတစ်ယောက်ကို ပေါ့ ပေါ့ ပါးပါးပြောပြနေဟန်ပေါ
့…။ဟင်းတွေက အရမ်းစားကောင်းတာပဲ မေမေရယ်တဲ့  …။ခေါင်းမဖော်တမ်းစားတဲ
့သားငယ်ကို တွေ့ တော့  တအိမ်လုံး ပီတိ အပြုံးတွေနဲ့ ပေါ
့။အပေါင်းအသင်းကို ခုံမင်တက်တဲ့ သားငယ်က သူငယ်ချင်းတွေလာခေါ်တာတောင်
လိုက်မသွားတော့ ဘူး။သားက ခွင့် ရတာ(၂၈)ရက် တနှစ်ကို မှလေတဲ
့။အိမ်ကိုခွဲပြီး သားဘယ်မှ မသွားချင်ဘူး၊ခွင့် ရသခိုက်လေးတော့ 
မေမေ၊ဖေဖေနဲ့  မမတို့  နဲ့ ပဲ အတူတူနေပါရစေတဲ့ လေ။။အရင်အိမ်မှာနေရင်
တခုခုခိုင်းရင်တောင် ငြူစူတက်တဲ့ သားငယ်က လိုလိုမင်မင်နဲ့ 
အိမ်အလုပ်တွေကို ၀ိုင်းကူလုပ်ပေးနေပြန်သေးတယ်…။သူ့  အမက အ၀တ်တွေလျှော်ပေးမယ်ဆိုတာတောင်
ငရဲကြီးလိမ့် မယ် ။သားဖာသာ လျှော်ပါ့ မယ်ဆိုပြီး ပုဆိုးတိုတိုဝတ်
အ၀တ်စိုတွေ ရစ်ညှစ်နေပုံက အမေ တစ်ယောက်ရဲ့  ပီတိ ကျမရင်ခွင်ကို
လှမ်းကြည့် လို့ မြင်နိုင်မယ်ဆိုရင်တောင် ဘယ်အတိုင်းအတာဆိုတာ
မြင်နိုင်ပါလိမ့် မယ်နော်………။.
စစ်ဗိုလ်လေ မေမေ ။ အမြဲတမ်း
စမတ်ကျနေရမယ်…။အ၀တ်အစားကို သေသပ်စွာဝတ်ရင်းပြောပုံက ကျမရင်ထဲက အပျော်
တော်တော်နဲ့  ပြောမပြနိုင်ခဲ့ ဘူး။စစ်တပ်ရဲ့ ပုံသွင်းမူ့ အောက် မှာ
သားငယ်မာနတွေ ပျောက်ကုန်ပြီထင်ပါရဲ့ ။ဖု ထစ်နေတဲ့ လက်မောင်းသားတွေကို
ပြပြီး လေ့ ကျင့် သားပြည့် ဝနေရမယ် မေမေရသိလား…။ဒါမှ လက်အောက် ငယ်သားတွေက
အားကိုးမှာ ။ပြီးတော့  ပြည်သူအတွက် သားအလုပ်ပိုလုပ်နိုင်မှာတဲ့ လေ….။
သားငယ်ရဲ့ အပြောတွေကြားမှာ တအိမ်လုံး နားစိုက်ထောင်ရင်း မရိုးနိုင်တဲ့ 
စစ်တက္ကသိုလ် ရဲ့  ပြုစုပျိုးထောင်ပေးမူ့ တွေကို
ကျေးဇူးတင်နေမိတယ်…။ဒီလိုနဲ
့ခွင့် ပြန်ရက်တွေကုန်ဆုံးပြီး မုန်းခဲ့ တဲ့  ခွဲခွာခြင်းတွေက အလိုတသိ
ရောက်လာခဲ့ ပြန်တယ်…။ကျမခြေဦးထက် သားငယ် ခေါင်းအပ်လို့ ရှိခိုးတော့ 
မျက်ရည်တွေကျ ကျမ ထိန်းမရခဲ့ ဘူး…..။
ဒီလိုနဲ့ စစ်တက္ကသိုလ်မှာ
(၃)နှစ် ပြီးတော့  တာဝန်ကျရာ မြစ်ကြီးနားကို သွားရပြန်တော့ မဲ
့သားတစ်ယောက် ဘေးဒုက္ခတွေ မကျရောက်စေဖို့  ဘုရားမှာ ဆုတွေတောင်း ဖြစ်ခဲ
့ပြန်တယ်….။တကယ်တော့  သားအသက်က အလွန်ဆုံး ရှိလှ (၂၀)ပေါ့ ။ပတ်ဝန်းကျင်
အနေအထား နဲ့  အရောင်အသွေးစုံတဲ့  လောကကြီးမှာ တကယ်ဆို ဒီအသက်အရွယ်က
သိပ်ငယ်သေးတယ်မဟုတ်လား။
ကြေးနန်းစာကို ရတော့  ကျမခေါင်းတွေ မူးဝေသွားခဲ့ ရတယ်…။ရက်စက်လိုက်တာ….ကံတရားရယ်…။ကျမ
ကို ကျမ ပဲ သားစစ်ထဲဝင်တာကို မတားမိသူတစ်ယောက်အနေနဲ့ 
အပြစ်တင်ရမလား…။။။တကယ်တော့  လူ့ လောက မှ သားငယ်အသက်ရှင်နေထိုင်ဖို့ 
အချိန်များစွာ ကျမတို့ ထက် ပိုကျန်ရှိနေသူတစ်ယောက်မဟုတ်လား…။
မယုံနိုင်ဘူး ကံတရားရယ်……။ခပ်ခါးခါး ဒီလို အဖြစ်အပျက်မျိုး ကြုံရမယ်လို့  အိမ်မက်တောင် မမက်ဖူးခဲ့ သူရယ်ပါလေ………။တအိမ်လုံးဝမ်းနည်းနေကြတယ် ….။ဘယ်သူကိုမှလည်း စကားမပြောနိုင်ကြဘူး….။အမှတ်တရဆိုလို့  ချန်ထားခဲ့ တဲ့  ဓါတ်ပုံမှာတော့  ပြုံးရီပြဆဲ မျက်နှာ ချိုချို တချို့ ရယ်ပေါ့ ………..။
ချစ်သော သားငယ် ကောင်းရာသုဂတိ လားပါစေလို့ ရယ်ပေါ့  ………………..
ချစ်သော မေမေ
စစ်တက္ကသိုလ် အပတ်စဉ်(၅၂) အ.ဇ.ယ (၉) မှ ညီငယ် ဗိုလ်မင်းထွဋ်ဦး
မြစ်ကြီးနားတိုက် ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားမူ့  အား
ခံစားရေးဖွဲ့ ခြင်းဖြစ်ပါသည်.။
(မင်းသန့် )
်ညီလေးမင်းသန့်ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment