ရွှေလီသား(မဘိမ်း)

Saturday, 28 January 2012

တပ်မတော်သားလည်း ပြည်သူပါပဲ


Posted by စွန်ရဲ On 3:01 PM 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ရှေ့ရှုတဲ့

မြန်မာပြည် အပြောင်းအလဲကိစ္စမှာ တပ်မတော်သားတွေ အင်တိုက်အားတိုက်ပါဝင်ဖို့လိုတယ်၊

တပ်မတော်ကို စည်းရုံးဖို့ လိုကိုလိုတယ် ဆိုတဲ့စကားကို အတိအလင်းထုတ်ဖော် ပြောဆိုလာတာ

ကြားရတော့ ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ဝမ်းသာအားတက်မိပါတယ်။


ပြည်ပအသံလွှင့်မီဒီယာတွေမှာလည်း ဒီကိစ္စအပေါ်မူတည်ပြီး ဆွေးနွေးတာတွေကို ကြားသိနေပါတယ်။ VOA

တိုက်ရိုက်လေလှိုင်း ဆွေးနွေးပွဲတခုမှာ ပါဝင်ဆွေးနွေးသူတစ်ဦးက အန်တီစုရဲ့သဘောထားကို ထောက်ခံပြီး

တပ်ကိုစည်းရုံးဖို့ လိုကြောင်း၊ အဲဒီလိုလုပ်ရာမှာ အန်တီစုအနေနဲ့ လိုအပ်ပါက

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခွင့်တောင်းသင့်ကြောင်း အကြံပြု

ဆွေးနွေးသွားတာကို ကြားလိုက် ရပါတယ်။

သူက စေတနာနဲ့ အပြုသဘောဆောင် ဆွေးနွေးသွားတာဖြစ်ပေမဲ့ လက်ရှိအနေအထားအရ

တပ်ခေါင်းဆောင် တွေနဲ့ အန်တီစု လူသိရှင်ကြားတွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့

မဖြစ်နိုင်သေးပါဘူး။ အစိုးရအတွင်းမှာရော တပ်တွင်းမှာပါ အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်ပြီး

နှစ်ဘက်လွန်ဆွဲမှုတွေ ရှိနေနိုင် ပါတယ်။ ပုံမှန်အခြေအနေမှာတောင်မှ တပ်ဆိုတာ

အရပ်ဘက်အဖွဲ့အစည်းတွေထက် လျှို့ဝှက်တဲ့သဘော၊ စည်းကမ်းတင်းကျပ်တဲ့သဘော ရှိတတ်တာပါ။

ဒီအတွက်ကြောင့် အန်တီစုဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တပ်မတော်သားတွေ

ထိတွေ့ဆက်ဆံနိုင်ဖို့ အခွင့်အလမ်းမရှိနိုင်တာတော့ မဟုတ်ပါ။ လွှတ်တော်တွင်းကို ရောက်တဲ့အခါ ၂၅

ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်များနဲ့ ညှိနှိုင်းလုပ်ဆောင်တာတွေ လုပ်နိုင်ပါတယ်။

တပ်မတော်သားဟောင်းတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ပါတယ်။ အန်တီစုအနေနဲ့

ရောက်လေရာ လူထုဟောပြောပွဲတိုင်းမှာ တပ်မတော်နဲ့ပတ်သက်တဲ့ Message တွေများများပေးပါ။

အဲဒီအသံဟာ တပ်ခြံစည်းရိုးတွေကို ကျော်ဖြတ်ပြီး တပ်မတော်သား မိသားစုတွေထံ ရောက်ရှိသွားမှာပါ။

 တပ်ဆိုတာ Signal နဲ့လှုပ်ရှားဆောင်ရွက်တတ်တဲ့ သဘာဝရှိတာမို့ သူတို့သဘောပေါက် လွယ်မယ့်

အချက်ပြ ပြောဆိုလုပ်ဆောင်ချက်တွေနဲ့ တပ်လှန့်နှိုးဆော်နိုင်ပါလိမ့်မယ်။

ကျနော်တို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် စစ်မှုထမ်းဆောင်ဖူးသူတွေ

များပြား လှပါတယ်။ ခုချိန်မှာ မြန်မာပြည်ရဲ့ လက်ရှိစစ်မှုထမ်းဦးရေ ၄ သိန်းရှိတယ်လို့ ဆိုကြပါတယ်။

အဲဒီအတိုင်းဆိုရင် စစ်မှုထမ်းဟောင်း ဦးရေဟာ ၅ သိန်းအထက်မှာ ကျိန်းသေရှိနေနိုင်ပါတယ်။

ကျနော့်စစ်မှုထမ်းသက် ကာလတလျှောက် အတွေ့အကြုံအရ တပ်မတော်(ရေ) ရဲ့

လက်ရှိစစ်မှုထမ်းဦးရေဟာ နောက်ဆုံးရောက်နေတဲ့ ကိုယ်ပိုင်နံပတ်ကို ၃ နဲ့စားလို့ရတဲ့ ရလဒ်နဲ့

အနီးစပ်ဆုံးရှိပါတယ်။ ဥပမာ- မှတ်တမ်းရုံးမှာရှိတဲ့စာရင်းအရ နောက်အကျဆုံးစစ်သည်ရဲ့

ကိုယ်ပိုင်နံပတ်ဟာ ၃၀၀၀၀ (သုံးသောင်း) ဖြစ်တယ်ဆိုရင် တပ်အင်အားစာရင်း ဟာ

၁သောင်းပတ်ဝန်းကျင်ပဲ ရှိတာတွေ့ရပါတယ်။ ကျနော်တို့ တပ်ထဲဝင်စအချိန်မှာ ကိုယ်ပိုင်နံပတ် နှစ်သောင်း

ရှစ်ထောင်လောက်ရှိတဲ့အချိန် တပ်အင်အားက ကိုးထောင်ခုနှစ်ရာဝန်းကျင်ရှိပါတယ်။ (အဲဒီအချိန်က

ကြည်းတပ်မှာ ကိုယ်ပိုင်နံပတ် တစ်သန်းကျော်နေပါပြီ။ ကျနော်တို့နဲ့ သင်တန်းအတူတက်ရောက်တဲ့

ကြည်းတပ်က ရဲဘော်တွေဟာ ကိုယ်ပိုင်နံပတ် တ/၉၀+++ တွေများပါတယ်။)

ဒါကြောင့် နှစ်သောင်းနီးပါးသော ရေတပ်စစ်မှုထမ်းဟောင်းများဟာ သေဆုံးသူ အနည်းအကျဉ်းသာ ရှိနိုင်ပြီး

အများစုက သူလိုကိုယ်လို သာမန်အရပ်သားတွေအဖြစ် ပြည်သူလူထုအကြားနေထိုင်သူတွေ ဖြစ်ပါတယ်။

တပ်ရဲ့သဘောသဘာဝနဲ့ တပ်ထဲကလူတွေရဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်ဖို့ စစ်မှုထမ်းဟောင်း

တွေကတဆင့် ချဉ်းကပ်လေ့လာလို့ ရနိုင်ပါတယ်။ သူတို့အထဲမှာ တပ်ကနေလုပ်သက်ပြည့်ပင်စင်

ယူထားသူတွေသာမက တိုက်ပွဲဒဏ်ရာ၊ ရောဂါဝေဒနာ(သို့)မတော်တဆထိခိုက်ဒဏ်ရာကြောင့် ဆေးဘုတ်နဲ့

ထွက်ခဲ့ရသူတွေ၊ တပ်ထဲမှာ မပျော်ပိုက်လို့ ငွေကြေးအကုန်အကျခံပြီး ဆေးဘုတ်နဲ့မရရအောင် ထွက်လာခဲ့

သူတွေ ယုတ်စွအဆုံး တပ်ပြေးတွေလည်း အများစု ရှိနေပါတယ်။ စစ်မှုထမ်းဟောင်း အတော်များများ

လူမှုရေးအကျိုးဆောင် လုပ်ငန်းတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေတာ

တွေကို တွေ့မြင်ကြရမှာပါ။ တချို့က ထင်ထင်ရှားရှား လုပ်ဆောင်နေသူတွေရှိသလို မထင်မရှားလုပ်နေသူ

တွေလည်း ရှိပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာကို စစ်ခေါင်းဆောင်ကြီးတွေက “တပ်မတော်သာအမိ တပ်မတော်သာအဖ”

ဆောင်ပုဒ်နဲ့ တပ်မတော်ကို အထင်ကြီးကိုးကွယ်လာအောင် ဝါဒဖြန့် စည်းရုံးသွေးဆောင်ခဲ့ပေမဲ့

တကယ့်လက် တွေ့ဘဝမှာ တပ်မတော်ဆိုတာ တပ်မတော်သားများအတွက် ယာယီခိုနားရာသာဖြစ်ပါတယ်။

မိမိတာဝန် ထမ်းဆောင်ဆဲကာလမှာသာ အဖွဲ့အစည်း သဘောအရ ဆက်နွယ်ပတ်သက်တာဖြစ်ပြီး

တပ်ကအနားယူချိန်မှာ သာမန်ပြည်သူတဦးအဖြစ် ကိုယ့်ဘဝကိုယ် တာဝန်ယူရပ်တည်ရတာပါပဲ။

ထိပ်တန်းစစ်ခေါင်းဆောင် အချို့က လွဲပြီး တပ်မတော်သားအများစုရဲ့ ဘဝတသက်တာအတွက်

လုံလောက်တဲ့နေထိုင်စားသောက်စရိတ်ကို တပ်မတော်က တာဝန်ယူတာမရှိပါဘူး။ ဒါတွေကို

တပ်မတော်သားဖြစ်ဖူးသူတိုင်း ဘဝနဲ့ရင်းပြီးနားလည် ထားကြပါတယ်။ ဒါကြောင့် “ပြည်သူသာအမိ

ပြည်သူသာအဖ” ဆိုတဲ့ တပ်မတော်ရဲ့ မူလဆောင်ပုဒ်ကိုသာ စွဲစွဲမြဲမြဲ ခံယူထားဖို့လိုပါမယ်။

သို့သော် တပ်ထဲမှာကိုက လူအမျိုးမျိုး စရိုက်အထွေထွေ ရှိတဲ့အတိုင်း တချို့သူတွေဟာ တပ်ကထွက်လာ

တဲ့တိုင် တပ်မှာကျင့်သုံးခဲ့တဲ့ အမူအကျင့်တွေကို မဖျောက်ဖျက်နိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားသူတွေ

ရှိနိုင်ပါတယ်။ အားလုံးတော့ မဟုတ်နိုင်ပါ။ စစ်မှုထမ်းဖူးတဲ့ လူတယောက်အဖို့ တပ်ထဲမှာ ကောင်းတဲ့

အလေ့အထ အမူအကျင့်တွေ ရခဲ့တာရှိသလို အရပ်ဘက်လူ့အသိုင်းအဝိုင်းမှာ ကျင့်သုံးဖို့ မသင့်လျော်တဲ့

လုပ်နည်းလုပ်ဟန်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင် ယဉ်ပါးခဲ့ရတာတွေရှိပါတယ်။ တပ်ထဲမှာသာ ကျင့်သုံးနိုင်တဲ့

အမူအကျင့်တွေကို ကိုယ်တပ်ကထွက်လာချိန်၊ တပ်ခြံစည်းရိုးအတွင်း ထားခဲ့ရပါမယ်။

တပ်မတော်သားဆိုတာ ပြည်သူတွေက မွေးဖွားလာသူ တွေဖြစ်သလို တနေ့ပြည်သူကြားထဲကို

ပြန်သွားကြရတာပါ။


တပ်ထဲကအမူအကျင့် မပျောက်တဲ့ တပ်မတော်သားဟောင်းတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့

တပ်မတော်သားတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ပြည်သူတွေအနေနဲ့ စိတ်မချမ်းမသာ ဖြစ်ရတာကို

နားလည်ခံစားမိပါတယ်။ သို့ပေမဲ့ လည်း သူတို့နဲ့ဆက်ဆံရေးကို မူသေယူပြီး တပ်မတော်တခုလုံး ဒီအတိုင်း

ဖြစ်မှာဘဲလို့ တိုင်းတာသတ်မှတ်မှုမျိုး မဖြစ်စေချင်ပါဘူး။ အဖွဲ့အစည်းတခုလုံးနဲ့အဖွဲ့ဝင်တဦးချင်းအကြား

သရုပ်သကန် တူညီမှုတွေရှိသလို ကွဲပြားတာ တွေလည်း ရှိပါတယ်။ အဖွဲ့အစည်း သဘာဝနဲ့

တဦးချင်းလူ့သဘာဝ နေရာတကာ ထပ်တူမကျနိုင်ပါ။

ကျနော်ရေးသားနေတာတွေဟာ တပ်မတော်နဲ့ပြည်သူလူထုအကြား အပြန်အလှန်နားလည်မှု တိုးပွားလာပြီး

လက်တွဲညီညွှတ်စေချင်တဲ့ စေတနာသက်သက်ပါ။ ကျနော်ကိုယ်တိုင်လည်း စစ်ခေါင်းဆောင်တချို့ရဲ့

ငြိုးမာန်ဖွဲ့ ခံနေရသူပါ။ ဒီအတွက် ပြဿနာမရှိပါ။ တပ်ထဲမှာ မနေချင်လို့ထွက်လာပေမဲ့

လုပ်ဖော်ကိုင်ဘက်ကောင်းတွေ၊ တပ်မှူးကောင်းတွေကို ယနေ့တိုင်အသိအမှတ်ပြုနေဆဲဖြစ်သလို

အဲဒီလိုတပ်မတော်သားကောင်းတွေနဲ့ ပြည်သူ လူထု နီးစပ်ရင်းနှီးမှု ရှိစေချင်ပါတယ်။ စစ်အာဏာရှင်စနစ်

မကောင်းပါဘူး။ သို့သော် တိုင်းပြည်ကာကွယ်ဖို့ တပ်မတော်ဆိုတာ ဆက်ပြီးရှိနေမှာပါ။ ပြောင်းလဲလာတဲ့

ခေါင်းဆောင်မျိုးဆက်သစ်တွေက ပြည်သူလူထုကြား တပ်မတော်ရဲ့ ဂုဏ်ရောင်ပြန်လည်ထွန်းပြောင်လာဖို့

ကြိုးစားလုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

တပ်မတော်သားများအနေနဲ့လည်း တပ်မတော်ရဲ့ပင်မလုပ်ငန်းတာဝန်ကြီး (၃) ရပ်ဖြစ်တဲ့- စစ်တိုက်ရန်၊

စစ်တိုက်ရန်မရှိက လေ့ကျင့်ရန် ၊လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဆောင်ရန်

ဆိုတဲ့တာဝန်တွေ ထဲမှာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စစ်ပြေငြိမ်းရေးစာချုပ်တွေ

ချုပ်ဆိုပြီးနောက်ပိုင်း စစ်မက်ဇုံတွေ မရှိတော့တဲ့အခါ လေ့ကျင့်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုပဲ

ဦးစားပေးလုပ်ဖို့ ရှိပါတော့တယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အားကြိုးမာန်တက်ပါဝင်လုပ်ဆောင်ရင်း

ပြည်သူလူထုနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကြဖို့

မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။

တပ်နဲ့ပြည်သူ အမြန်ဆုံး ကြည်ဖြူလက်တွဲနိုင်ပါစေ။

နေမင်းသူ  (၂၇ ဇန်နဝါရီ ၂၀၁၂)

ထို့ကြောင့်…… ဤသို့ တပ်မတော်ကို ပြည်သူတို့က ကျေးဇူးတင်နေကြပါသည် ....


Posted by စွန်ရဲ On 3:15 PM 


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တိုင်းဆူ ပြည်ဖျက် ဆူပူမှု၊ ပြည်ပ အင်အားကြီး

နိုင်ငံတစ်ခုမှ ရေတပ်ကြီးက မြန်မာ့ပင်လယ် ရေပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက်ကာ မြန်မာ့

အချုပ်အခြာ အာဏာနှင့် ပြည်ထောင်စု နိုင်ငံတော်ကြီး၏ လုံခြုံရေးကို ခြိမ်းခြောက်လာမှု၊ နိုင်ငံရေး

တောကြောင်များက ကိုယ်ကျိုးအတွက် အချုပ်အခြာ အာဏာကို လုယက်ယူရန် ကြံစည်မှု၊ ဖောက်သည်

တောကြောင်များက ပြည်သူပိုင်၊ နိုင်ငံပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဂိုဒေါင်များဖောက်၊ သိုလှောင်ခန်းများ

ဖွင့်ပြီး ပစ္စည်းဥစ္စာ မှန်သမျှ လုယက် သယ်ယူမှု၊ မြန်မာအချင်းချင်း ခေါင်းဖြတ်သတ်မှု၊ သင်္ချိုင်းများမှ

အုတ်ဂူများမကျန် ဖြိုဖျက်ပြီး ဂူသင်္ချိုင်းမှ အုတ်များခွာယူရောင်းစားမှု စသည့် အနိဋ္ဌာရုံများ၊ နိုင်ငံတော်

တစ်ဝန်း ထိန်းမနိုင် သိမ်းမရ မင်းမဲ့ တိုင်းပြည်ပမာ ဖြစ်လာမှု တို့ကြောင့် ပြည်သူတို့ ကျီးလန့်စာစား

ဖြစ်ရသဖြင့် တပ်မတော်က နိုင်ငံတော်ကို မလွှဲမရှောင်သာ ဝင်ထိန်း ပေးခဲ့ရသည်။ ပြည်တွင်း ပြည်ပမှ

ရရှိသည့် သပိတ် ရန်ပုံငွေ များဖြင့် သပိတ်ခေါင်းဆောင်များ ပျော်တပြုံးပြုံး မော်မဆုံး၊ စားလိုက်၊

သောက်လိုက်၊ ဆူပူမှု တိုးချဲ့လိုက်၊ အစိုးရ ဝန်ထမ်းများ သပိတ် မမှောက် မှောက်အောင် ဝိုင်းညှပ်

ဖိအားပေးလိုက်ဖြင့် အစိုးရ ယန္တရားများလည်း ရပ်တန့် သွားခဲ့သည်။ ပြည်သူတို့ အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့၊

ဆူပူရာ၌ အကြောင်း အမျိုးမျိုးဖြင့် ပါဝင်သူများသာ အိမ်ပြင်ထွက်၊ လမ်းပေါ် တက်နိုင်ကြသည်။

ကျန်ပြည်သူများကား အိမ်ထဲမှာပင် စိတ်ဆင်းရဲစွာ ကုပ်နေ ခဲ့ကြရသည်။ နောက်ဆုံးတွင် မြို့ပေါင်း များစွာ၌

သပိတ်ခေါင်းဆောင် ဆိုသူများ၏ တရားမဲ့ ပြုကျင့်မှုကို မခံနိုင်သည့် ပြည်သူများနှင့် ထိပ်တိုက်

တွေ့နေကြသည့် အဆင့် ရောက်ခဲ့ လေသောကြောင့် တပ်မတော်က ဝင်ထိန်း ပေးခဲ့ရသည်ကို မြန်မာ

စစ်စစ်တို့က သဘော ပေါက်ကြသည်။

နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် အရေးကြုံတိုင်း ပြည်သူ့ရှေ့မှ ရပ်ပြီး ကာကွယ် ပေးခဲ့သည့်

တပ်မတော်၏ အစဉ်အလာ၊ ပြည်ထောင်စု ပြိုကွဲလုလု အခြေစိုက်တိုင်း၊ အချုပ်အခြာ အာဏာ

တည်းဟူသော လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးလုနီးနီး အခြေစိုက်တိုင်း ကာကွယ် စောင့်ရှောက် ပေးခဲ့သည့်

တပ်မတော်၏ အစဉ်အလာကောင်း များကို ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး သိကြသည်။

ဒုတိယ ကမ္ဘာစစ် ပြီးစ မြန်မာနိုင်ငံ တွင်းသို့ ပြန်လည် ဝင်ရောက် စိုးမိုးသော အင်္ဂလိပ် စစ်ပြေး အစိုးရသည်

မြန်မာ့တို့က ဖက်စစ်များကို စည်းလုံး ညီညွတ်စွာ တော်လှန် တိုက်ထုတ်ခဲ့ပုံ၊ လွတ်လပ်ရေး ပြန်ရရန်

မမေ့မလျော၊့ တက်ကြွ ထက်ြမက်စွာ ကြိုးပမ်းပုံများကို သိနေသဖြင့် မြန်မာတို့ အားနည်းစေရန်၊

အမျိုးသားရေး ကိုယ်ခံအား ချည့်နဲ့စေရန် အမြဲတစေ ဆင်ကြံ ကြံခဲ့သည်။ ကမ္ဘာစစ်ပွဲကြီး အစပိုင်းမှာပင်

အင်္ဂလိပ် နယ်ချဲ့တပ်များကို တိုက်ထုတ်၊ ကမ္ဘာစစ်ကြီး နှောင်းပိုင်း ဖက်ဆစ် ဂျပန်များကို တိုက်ထုတ်ခဲ့သည့်

မြန်မာ့ မျိုးချစ် တပ်မတော်ကို အင်အား လျှော့ချစေခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် အင်္ဂလိပ်တို့က

မြန်မာ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး မြန်မာ့ တပ်မတော်ကို အရာရှိ (၂ဝဝ)၊ တပ်သား (၅ဝဝဝ)သာ

ထားရမည်ဟု လက်ျာ-ဖရီးမင်း စာချုပ်ဖြင့် ချည့်နဲ့ ဆုတ်ယုတ် စေခဲ့သည်။

ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသကဲ့သို့ မြန်မာ့ တပ်မတော် အင်အား အလွန်လျောနည်း သွားချိန် တပ်မတော်

တပ်ရင်းမှူး (ကွန်မြူနစ် အစွဲကြီးသူ) တို့က မိမိတို့ တပ်များကိုပါ ခေါ်ထုတ် တောခိုသွားကြသည်။ တောခို

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပေါင်းမိကြသည်။ ထိုအချိန် အလံနီကွန်မြူနစ်၊ အလံဖြူ(ဗကပ)

ကွန်မြူနစ်၊ ပြည်သူ့ရဲဘော် ကွန်မြူနစ် (ရဲဘော်ဖြူ) အနောက်က ပံ့ပိုး သွေးထိုးပေး သဖြင့် ခွဲထွက်ရေး

အတွက် ပုန်ကန်နေသည့် ကေအင်န်ဒီအို (ကရင် သောင်းကျန်းသူ)၊ အမ်အင်န်ဒီအို (မွန်သောင်းကျန်းသူ)၊

ဘူးသီးတောင်၊ မောင်တောဘက်သို့ ခိုးဝင်အခြေချပြီး ပြည်နယ်ရရှိရေး၊ ခွဲထွက်ရေး မူဂျာဟစ် (ကုလား

သောင်းကျန်းသူ)၊ တရုတ်ပြည်မှ မော်စီတုန်းတို့၏ ကွန်မြူနစ် တပ်နီ များကို ရှုံးပြီး ထွက်ပြေးလာသော

ချန်ကေရှိတ်၏ တရုတ် အမျိုးသား အစိုးရတပ်ပြေး ကေအမ်တီ (တရုတ်ဖြူ ကျူးကျော်သူ) များက

အင်နှင့်အားနှင့် လွတ်လပ်ရေး ရခါစ မြန်မာ အစိုးရကို ပုန်ကန်ခဲ့ကြ၊ ကျူးကျော်ခဲ့ကြသည်။

တပ်မတော်က အင်အားနည်း၊ သောင်းကျန်းသူများက အင်အားများ သဖြင့် မြို့ရွာနယ်ပယ် များစွာကို

သောင်းကျန်းသူ များက ခွဲတမ်းချ သိမ်းပိုက်ခဲ့သည်။ အင်းစိန်ကိုပင် ကေအင်န်ဒီအို (စောဘဦးကြီး

ဦးဆောင်သော ကရင် သောင်းကျန်းသူ များက) သိမ်းပိုက်ကာ ရန်ကုန်ကို သိမ်းရန် တိုက်နေပေပြီ။ ဗကပ

ကွန်မြူနစ် များကလည်း ရန်ကုန်ကို ဦးစွာသိမ်းရန် ချီတက် လာနေကြသည်။ ဖဆပလ အစိုးရ ပြေးပေါက်ရှာ

နေပေပြီ။ ထိုအချိန် တပ်မတော် ဦးစီးချုပ်က အင်အားနည်း သော်လည်း စစ်ရည် စစ်သွေးကောင်းကို

အားပြုပြီး ရန်ကုန်အစိုးရ (ဖဆပလ)ကို အာဏာသက် ပြန်ဆက် ပေးသည်အထိ တိုက်ခိုက်ခဲ့သည်။ မြို့များ

အားလုံးကို တပ်မတော်က ပြန်သိမ်းပေးခဲ့သည်။ ယင်းသို့ သောင်းကျန်းမှု နှိမ်နင်းရာ၌ ပြည်သူ လူထုက

တပ်မတော် နှင့်အတူ လက်တွဲ ပါဝင်ခဲ့ကြ ပေသည်။ ၁၉၄၉ ခုနှစ် ရန်ကုန် အစိုးရဘဝမှ ဖဆပလကို

ပြည်ထောင်စု အစိုးရ ပြန်ဖြစ်အောင် တပ်မတော်က ရန်ပုံခွင်း တိုက်ခိုက်ခဲ့ရသည်။ ပြည်ထောင်စုကြီး

ပြိုကွဲလုလု၊ လွတ်လပ်ရေး ဆုံးရှုံးလုလု အခြေအနေ၊ ဖဆပလ ဝန်ကြီးချုပ် ဦးနု၏ စကား အသုံးအနှုန်းအရ

တိုင်းပြည် ချောက်ထဲကျရန် လက်တစ်လုံး အလို အခြေအနေကို တပ်မတော်က ဝင်ထိန်း ပေးခဲ့ရပေသည်။

ထိုသို့သာ တပ်မတော်က ဝင်မပါဘဲ တပ်ထဲမှာပင် အေးအေးဆေးဆေး နေကြည့်လိုက်လျှင် မြန်မာ့

လွတ်လပ်ရေးသည် ဖန်ခွက်တစ်လုံး သမံတလင်းပေါ် ပေါက်ခွဲသည် ထက်ပင် အကွဲ မြန်ပေမည်။

သူ့ကျွန်ဘဝသို့ လွယ်လွယ် ပြန်ရောက် သွားနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့ လွတ်လပ်ရေး

တစ်နှစ်အတွင်း ရစေမည်စု ကတိပြုကာ အရယူ ပေးခဲ့သည်။

ဖဆပလ ဝန်ကြီးချုပ် ဦးနု လက်ထက်တွင်မူ တစ်နှစ်အတွင်း လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးနိုင်ခြေ

ရှိခဲ့သည်ဟု ဆိုရပေမည်။ လွတ်လပ်ရေး ကြိုးပမ်းရာ၌ တိုင်းရင်းသား ပြည်သူများ ပါဝင်ခဲ့ကြသလို

လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ရာ တွင်လည်း ပြည်သူတို့က တပ်မတော်နှင့် လက်တွဲပါဝင်

ခဲ့ကြပေသည်။

လွတ်လပ်ရေး ကြိုးပမ်းစဉ်က အမျိုးသား နိုင်ငံရေး အသိ ကိုယ်စီဖြင့် လွတ်လပ်ရေး စိတ်ဓာတ်၊ မျိုးချစ်

စိတ်ဓာတ်ဖြင့် ညီညီညာညာ ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေး ရလုနီး အချိန်မှစ၍ ကွန်မြူနစ် အဖြူ၊ အနီ၊

အပြာ၊ ပန်းရောင်၊ စပ်ကြားမျိုးစုံ၊ လက်ဝဲ ဆိုရှယ်လစ် မျိုးစုံ၊ လက်ယာ ဆိုရှယ်လစ် မျိုးစုံ၊ ဒီမိုကရက်တစ်စုံ၊

လစ်ဘရယ် အထွေထွေ၊ ကွန်ဆာဗေးတစ် အဖုံဖုံတို့ ကွဲပြားကာ အချင်းချင်း တိုက်ခိုက်၊ အာဏာလုရင်း

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြီးဖြစ်ခဲ့သည်။ ထိုပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဒဏ်ကြောင့် ပြည်သူ

သိန်းသန်းချီ သေခဲ့ရသည်။ တိုင်းပြည် မပျက်မချင်း အာဏာလုကြ၊ အချင်းချင်း သတ်ကြ၊ ပြည်သူကို

ဒုက္ခပေးကြ၊ တကယ်တမ်း မရှူနိုင် မကယ်နိုင် ဖြစ်ပြီ၊ တိုင်းပြည် ပျက်လုပြီ ဆိုသည်နှင့် နိုင်ငံရေး

သမားများက ဖုတ်ဖက်ခါထပြီး ဘေးထွက်ထိုင်သွား ကြသည်။ အခြေအနေ ပေးလျှင် ပြန်ထ လာကြသည်။

တပ်မတော်ကသာ လှေကွဲကြီး ဝင်လှော်ပြီး ကမ်းရောက်အောင် ပို့ပေးရသည်။ တပ်မတော်သာ

ဝင်မပါခဲ့လျှင် မြန်မာနိုင်ငံကို ပြန်လည်ဆုပ်ကိုင် ခြယ်လှယ် စိုးမိုးလိုသော နယ်ချဲ့များအတွက် အခွင့်ကောင်း

ရသွားပေမည်။ ၄င်းတို့ ပါးစပ်ပေါက်နား ရောက်လာသော ထမင်းလုတ်ကို တပ်မတော်က ပုတ်ချလိုက် သလို

ဖြစ်သွား၍ တပ်မတော် အပေါ် နယ်ချဲ့တို့က မျက်ထောင့်နီကြီးနှင့် ကြည့်လို့ကြည့် လာကြသည်။ နိုင်ငံတော်

အာဏာကို ဖြတ်လမ်းမှ အချောင် ဆွဲယူလိုသည့် နိုင်ငံရေး လုပ်စားသူ (Professional Politicians)

များအဖို့လည်း တပ်မတော်သည် နိုင်ငံတော် အာဏာ တည်းဟူသော မဉ္ဇူသက နတ်ပန်းစောင့်

ကုမ္ဘဏ်ယက္ခများ ဖြစ်သွား ရပေသည်။ ပြည်သူတို့ကမူ တပ်မတော်ကို သာဓုသုံးကြိမ် ခေါ်ကြပေသည်။

တပ်မတော်က အာဏာ ဆက်ပေး၍သာ အာဏာ တည်မြဲခဲ့ရသော ဖဆပလသည် လွတ်လပ်ရေး ရပြီး ၁ဝ

နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် နှစ်ခြမ်း ကွဲပြန်သည်။ စောစောကလည်း ဖဆပလမှ ကွဲအက်၊ ခွဲထွက်သွားသည့်

လူထု လူတန်းစား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်စုများ ရှိခဲ့သည်။ ဖဆပလကြီး တည်မြဲ၊ သန့်ရှင်းကွဲပြီး ရန်စောင်၊

အားပြိုင်၊ အာဏာ လုကြရာ၌ ဟိုဘက်သည်ဘက် လူသူလက်နက် စုဆောင်း စစ်ဖြစ်လာကြ သဖြင့် ၁၉၅၈

ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် တပ်မတော်က ဝင်ထိန်း ပေးရပြန်၏။ တပ်မတော် အိမ်စောင့်

အစိုးရက နိုင်ငံ တည်ငြိမ်အောင် အားထုတ် ဆောင်ရွက်ပြီး ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင်

ရွေးကောက်ပွဲ ကျင်းပပေးသည်။ အနိုင်ရရှိသော ဦးနု၏ သန့်ရှင်း ဖဆပလ လက်သို့ ၁၉၆ဝ ပြည့်နှစ် ဧပြီလ

၎ ရက်နေ့တွင် နိုင်ငံတော် အာဏာ လွှဲအပ်ပေးခဲ့သည်။ ဤသို့သာ တပ်မတော်က ဝင်ထိန်း မပေးလျှင်

အထောက်တော် အုန်းမြင့်၏ သတင်းဆောင်းပါး ခေါင်းစဉ်ပါ 'ခက်ဖွယ်ရယ် ကြုံပါတယ်၊ လက်နက်ကယ်

စုံအညီနဲ့' ဆိုသည့် အတိုင်း ဖဆပလ အကွဲချင်း မြေပေါ်မှာ သွေးချောင်းစီးပွဲ၊ စစ်ခင်းပွဲကြီး ကြုံရနိုင်သည်။

ဤသို့ဖြင့် နိုင်ငံ ပျက်သွားနိုင်သည်။ လွတ်လပ်ရေး ဆုံးရှုံးနိုင်သည်။ နယ်ချဲ့ ပါးစပ်ပေါက်ထဲ ပြည်ထောင်စုကြီး

ထိုးခွံ့သလို ဖြစ်သွားမည်။ တပ်က ဝင်ရောက်ပြန်ပြီဟု နယ်ချဲ့တို့ အံကြိတ်ရသည့် ဖြစ်ရပ်ဟု ဆိုရပေမည်။

ပြည်သူ တို့ကတော့ ကျေးဇူး တင်ကြပါသည်။

သန့်ရှင်း ဖဆပလ အစိုးရသည် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) အစိုးရဟု နာမည်ပြောင်း အုပ်ချုပ်သည်။

ပထစအတွင်း ဦးအုပ်စု၊ ဗိုလ်အုပ်စု၊ သခင်အုပ်စု ကွဲသည်။ ဘာသာရေး ခုတုံးလုပ် မဲဆွယ်မိသော ဦးနု၏

ပထစ အစိုးရသည် ဘာသာရေး ပြဿနာ၊ အဓိကရုဏ်း၊ ဆန္ဒပြ ဆူပူမှုများဖြင့် လုံးလည်ချာလည်

လိုက်ခဲ့သည်။ ဤမျှ ချည့်နဲ့ အားပျော့နေသည့် ဦးနု၏ ပထစ အစိုးရသည် ရှစ်ပြည်နယ်မူ၊ ဖက်ဒရယ်မူ

သမားများ၏ ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲရေး၊ ခွဲထွက်မည့် အစိတ်ပေါင်း များစွာက နယ်ချဲ့ စစ်အုပ်စု(

ဆီးတိုး) ထဲ ဝင်ကြမည့် အရေးတို့ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ပြည်ထောင်စု ပြိုကွဲ မခံနိုင်သော

တပ်မတော်က နိုင်ငံကို ထိန်းသိမ်း ယူရပြန်သည်။ ဤပွဲကား ဆီးတိုး စစ်အုပ်စုကြီးဖြင့် အာရှကို စစ်ရေး

လွှမ်းမိုးလိုသော အနောက်အုပ်စု အဖို့ အထိနာဆုံး ပွဲဖြစ်သည်။ ထို့ကြောင့် မြန်မာ့ တပ်မတော်ကို

ဒေါသဖြစ်ရ ပြန်သည်။ ပြည်ထောင်စု ရှစ်စုကွဲ၊ နယ်ချဲ့ စစ်အုပ်စု ဗိုလ်ကျ စိုးမိုးခံရမည့် ဘေးမှ လွတ်ရသဖြင့်

ပြည်သူတို့က တပ်မတော်ကို ကျေးဇူး တင်ကြရ ပြန်ပါသည်။

၁၉၆၂ မှ ၁၉၈၈ ခုနှစ် အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ် တည်ဆောက်ရေးကို

ကြိုးပမ်းခဲ့ကြသည်။ အပေါင်း လက္ခဏာများ ရရှိသလို၊ အနုတ် လက္ခဏာ များလည်း ရခဲ့ပါသည်။

မည်သို့ဆိုစေ ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ်ဝါဒ အာသာပြေ တန်သရွေ့ ပြေခဲ့ပါသည်။ သို့သော်

၁၉၈၈ခုနှစ် ရှစ်လေးလုံး ဆိုသည်ကား ရှစ်ဂဏန်း လေးလုံး ၈-၈-၈၈ ကို ဂငယ်လေးခု အဖြစ်

အနောက်နယ်ချဲ့ အသံလွှင့် ဘီဘီစီက မြင်ကြည့်ကာ - ဂငယ်လေးခု - ပြည်ထောင်စုထု၊ ဥသျှစ်သီး

လေးလုံးဆိုင် ထုရာတွင် လေးလုံးစလုံး ကွဲသည့်ကိန်းကို ဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံဟု

နာမည်ပေး သွေးထိုး လှုံ့ဆော်ခဲ့သည်။ နောက်ဆုံး နယ်ချဲ့ စစ်သင်္ဘော အုပ်စုက မြန်မာ့ ပင်လယ်ပြင်

အတွင်း ကျူးကျော် ဝင်ရောက်ကာ ကျားချောင်းသလို ချောင်းနေခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု

မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာ လက်လွတ် မဆုံးရှုံးအောင် တပ်မတော်က ရှစ်လေးလုံး ဆူပွဲ

ပူပွဲကြီးကို အချိန်မီ ရပ်တန့် စေခဲ့သည်။ ဤသည်ကိုလည်း နိုင်ငံရေး တောကြောင်နှင့်

နယ်ချဲ့မြို့ကြောင်တို့က တပ်မတော်အပေါ် အမုန်းပွား ခဲ့ကြသည်။ ပြည်သူတို့ကမူ တပ်မတော်ကို

ကျေးဇူးတင်ကြ ရပြန်ပါသည်။

တပ်မတော် အစိုးရက ယခင် အစိုးရများ ကြိုးပမ်းသော်လည်း မရနိုင်ခဲ့သည့် ပြည်တွင်း ငြိမ်းချမ်းရေး

ရယူပေးခဲ့သည်။ ပိတ်ဆို့မှု အဖုံဖုံဖြင့် မြန်မာတို့ ဆင်းရဲငတ်ပြတ် စေရန် ပြည်တွင်း ပြည်ပ အဖျက်သမားတို့

ဝိုင်းနှောင့်ကြသည့် ကြားမှပင် မြန်မာနိုင်ငံ၌ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး တည်ဆောက်မှုများ ဝေဝေစည်စည်

ဖြစ်စေခဲ့သည်။ ယနေ့ ပြည်ထောင်စု တစ်ဝန်း အံ့မခန်း တိုးတက် ဖွံ့ဖြိုးလာနေသည့် ဘက်စုံ

တည်ဆောက်မှု များမှာ ပြည်ထောင်စုဖွား မြန်မာအားလုံး ကိုယ်ပိုင် မံသ စက္ခုဖြင့် မြင်နေကြရပြီ ဖြစ်သည်။

ကိုယ်ပိုင် စက္ခုဝိညာဉ်က ပိုင်းခြားသိမြင် အသိအမှတ် ပြုနိုင်ကြပြီ ဖြစ်သည်။ ကိုယ်ပိုင်ဦးနှောက်

အသိဉာဏ်ဖြင့် ပိုင်းခြားဝေဖန် အတည်ပြု နိုင်ကြပြီ ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးမှုကို ဝေးဝေးသွားကြည့်ရန် မလို၊

မိမိတို့ နေထိုင်ရာ ရပ်ရွာ ပတ်ဝန်းကျင်မှာပင် မျက်ဝါးထင်ထင် မြင်နိုင်ကြပေပြီ၊ ပြည်သူက ထိုဖွံ့ဖြိုး

တိုးတက်မှုများ အတွက် တပ်မတော်ကို ကျေးဇူး တင်ပါသည်။

တပ်မတော် အစိုးရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တိုင်းရင်းသား

ပြည်သူများနှင့် လက်တွဲပြီး ပြည်ထောင်စုကြီး မပြိုကွဲရန်၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန် ကာကွယ်

စောင့်ရှောက်ရင်း ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပေးပြီး ဘက်ပေါင်းစုံ တည်ဆောက် ဖွံ့ဖြိုးစေကာ

ဒီမိုကရေစီ လမ်းပြမြေပုံပါ အဆင့် (၇)ဆင့် (ဝါ) နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ (၇)ရပ် (ဝါ)

ဒီမိုကရေစီ လုပ်ငန်းစဉ် (၇)ရပ်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် ပေးခဲ့ရာ ယခုအခါ အဆင့် (၆)

သို့ပင် ရောက်ရှိခဲ့ပေပြီ။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊

အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်များမှ ဥပဒေပြုရေး အာဏာ၊

အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ တည်းဟူသော အချုပ်အခြာ အာဏာကို အခြေခံ ဥပဒေ

နှင့်အညီ ကျင့်သုံး ဖော်ဆောင်မည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု

တရား လွှတ်တော်ချုပ်တို့မှ အစပြု၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး

အဖွဲ့များကိုပါ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ယခု ဖွဲ့စည်းလိုက်သော ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရား

လွှတ်တော်ချုပ် စသည့် အချုပ်အခြာ အာဏာ မဏ္ဍိုင်ကြီး သုံးရပ်က ဦးဆောင်ပြီး သတ္တမမြောက် လမ်းစဉ် (

ဝါ) နိုင်ငံတော် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် 'အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော

စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး' စုပေါင်းညီညာ တည်ဆောက် သွားကြတော့မည်

ဖြစ်သည်။ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် ပြည်သူက ရွေးချယ် တင်မြှောက် လိုက်သော ပြည်သူ့

ကိုယ်စားလှယ် များသည် နိုင်ငံတော်၌ စီးပွားရေး တိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြမည့် အဆိုများ၊

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆိုများ၊ မှန်ကန်သော အမျိုးသား ပြန်လည်သင့်မြတ် စည်းလုံးရေး

အဆိုများ၊ ပညာရေး မြှင့်တင်ရေး အဆိုများ၊ ကျန်းမာရေး မြှင့်တင်ရေး အဆိုများ၊ နိုင်ငံတော်ကြီး

ခေတ်မီဖွံ့ဖြိုး လာစေရေး အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး အဆိုများ တင်သွင်းကြ၊

ဆွေးနွေးကြ၊ အတည်ပြုကြဖြင့် သက်ဝင်ပီပြင် နေပြီ ဖြစ်ပေသည်။ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ့

အကျိုးစီးပွားကို ရှေးရှု နိုင်ကြလေ၊ နိုင်ငံတော်ကြီး အချိန်တိုတို အတွင်း အရှိန်အဟုန်ဖြင့် ငြိမ်းချမ်းသာယာ

ဖွံ့ဖြိုးတိုးတက် လာလေ ဖြစ်ပေတော့မည် ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော် လွတ်လပ်ရေး တာဝန်၊ လွတ်လပ်ရေး ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်၊

နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည့် အပြင် နိုင်ငံတော်တွင်

ငြိမ်းချမ်း သာယာရေး၊ ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်

စည်ပင်ဝပြောရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းများ ကိုပါ မနားမနေ ဆက်တိုက် ဆောင်ရွက်

ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေမြေ သဘာဝ သယံဇာတ အဖိုးတန် ရတနာများကို

မျက်စိကျပြီး မြန်မာနိုင်ငံကို ဗိုလ်ကျ စိုးမိုးလိုသော ကိုလိုနီ လက်သစ်၊လက်ဟောင်း နယ်ချဲ့ ဝါဒီများက

တပ်မတော် အပေါ် မလိုတမာ စိတ်မွေးကာ စွပ်စွဲပုတ်ခတ် နေကြသော်လည်း ပြည်ထောင်စုဖွား

တိုင်းရင်းသား မြန်မာပြည်သူ တစ်ရပ်လုံးကမူ ငြိမ်းချမ်း၊ လွတ်လပ်၊ ဖွံ့ဖြိုးတိုးတက်မှု အရသာ (ဝါ)

လွတ်လပ်ရေး အရသာကို အပြည့်အဝ ခံစားစံစား လာနိုင်ကြသဖြင့် တပ်မတော်ကို ကျေးဇူးတင်ရှိ

နေကြပါသည်။

ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အရပ်ရပ်တွင် တပ်မတော်သား

ကိုယ်စားလှယ်များ အချိုးကျ ပါဝင်ပြီး ပြည်ထောင်စု ရေးရာ၊ ပြည်သူ့ရေးရာ များကို တိုင်းရင်းသားစုံ ပြည်သူ့

ကိုယ်စားလှယ်များ နှင့်အတူ လက်တွဲ ဆောင်ရွက် သွားဦးမည် ဖြစ်၍လည်း တပ်မတော်ကို ပြည်သူတို့က

ကျေးဇူး တင်နေကြပါသည်။ ။

(၂၀၁၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃)မှ ဆောင်းပါးရှင်

မောင်ဝံသာနု၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
http://eaglefighter050.blogspot.com/2012/01/blog-post_2166.html 

Monday, 16 January 2012

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စစ်ဖက်နှင့် အရပ်ဖက်ဆက်ဆံရေး



ပထမကမ္ဘာဟုခေါ်သော ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တတိယကမ္ဘာဟုခေါ်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စစ်ဖက်အပြုအမူနှင့်လောကအမြင်တို့တူညီခြင်း မရှိကြပေ။ အထူးသဖြင့် နိုင်ငံရေးအပေါ် ရှုမြင်ပုံ ကွာခြားမှုကို
 ရှင်းပြနိုင်ရန်အတွက် ကမ္ဘာနှစ်ခုတွင်နိုင်ငံရေးနှင့် စစ်ရေးခေတ်မီရန် ကြိုးပမ်းအားထုတ်ပုံခြားနားမှုကို သဘောပေါက်ရန် လိုသည်။ ဥရောပနိုင်ငံ အတော်များများ နှင့် အမေရိကန် ပြည်ထောင်စု တို့တွင် နိုင်ငံရေး ခေတ်မီမှုက ရှေ့ကသွားပြီးမှ ခေတ်မီပြီး မိမိအလုပ်ကို မိမိလုပ်သော တပ်မတော်က နောက်က လိုက်သည်။ အခြေတကျရှိပြီး နိုင်ငံရေး စနစ်ဟူသော မူဘောင်အရွေ့မှ၊ စစ်ဖက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ ပေါ်ပေါက်သည်။
 သို့သော်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ အထူးသဖြင့် အရှေ့အာဖရိကနှင့် လက်တင်အမေရိကတို့တွင်ခေတ်မီတိုးတက်ရန် ကြိုးပမ်းအားထုတ်မှုများကို စစ်ဖက်က ဦးဆောင်ရသည်။ သာဓကများစွာရှိသည်။ ထိုနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကို အနောက်နိုင်ငံ၊ အထူးသဖြင့်
 အနောက်တိုင်းနယ်ချဲ့ဝါဒက လွှမ်းမိုးမှုရှိ၍ နယ်ချဲ့ဝါဒကို ထိုးဖောက်မှုနှင့် လွှမ်းမိုးမှုကို ဆန့်ကျင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များသည် ခေတ်အမီဆုံး၊ အထိရောက် ဆုံးအဖွဲ့အစည်းများ ဖြစ်လာကြသည်။ နောက်ဆုံးတွင်၎င်းတို့သည် ခေတ်မီတိုးတက်ရေး၊ အမျိုးသားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတောင့်တင်းဆုံး အင်အားစုများဖြစ်လာကြသည်။
 ထိုအခြေအနေမျိုးတွင် သဘာဝကျစွာ စစ်ဖက်သည် လူ့အဖွဲ့အစည်း၏ ဦးဆောင်လမ်းပြဖြစ်ကာ အခြားအုပ်စုများထက်  တစ်ပန်းသာနေတတ်ကြောင်း၊ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရှိရသည်။ စစ်ဘက်သာပို၍ စုစုစည်းစည်း စနစ်တကျ စည်းကမ်းတကျရှိရုံ မျှသာမက အမျိုးသားရေးနှင့် တစ်တန်းတည်းလိုလို ဖြစ်လာကြသည်။ လူမျိုး၊ ဘာသာ၊ ဘာသာစကားနှင့် ဒေသကို အခြေခံကာ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ရပ်မဟုတ်ပေ။
ဤကွဲပြားခြားနားချက်ကိုသိရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနှင့်မတူသော တတိယကမ္ဘာ၏ နိုင်ငံရေးတွင် စစ်ဘက်၏အရေးပါမှုကို နားလည်နိုင်မည်။
(၁၉၅ဝ)ပြည့်လွန်နှစ်နှောင်းပိုင်းမှစ၍ ၁၉၈ဝပြည့်လွန်နှစ်များအတွင်းတတိယကမ္ဘာနိုင်ငံ အတော်များများတွင်စစ်ဘက်က တိုက်ရိုက်အုပ်စိုးသည်။ အချို့ နိုင်ငံများ၌ နိုင်ငံရေးနှင့် မူဝါဒချမှတ်ရာတို့တွင် စစ်ဘက်က သြဇာကြီးမားသည်။ ပညာရှင် ရောဘတ်ကလပ် Robert Clarn က တတိယကမ္ဘာနိုင်ငံများတွင် စစ်ဘက်၏ အခန်းကဏ္ဍနဲ့ပတ်သက်သော သုတေသနများကို ပြန်လည်သုံးသပ်ကာ နိုင်ငံရေးနဲ့ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်ရခြင်းအတွက်အကြောင်းပြသောအချက်များကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
(၁)အစိုးရ သို့မဟုတ် အာဏာရနိုင်ငံရေးပါတီ၏ ဂုဏ်သိက္ခာ၊ လျင်မြန်စွာကျဆင်းနေခြင်း။
(၂)နိုင်ငံရေးခေါင်းဆောင်များအကြား စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်ကာ အရပ်ဘက် အစိုးရ၏ ထိထိရောက်ရောက် ဆက်လက်အုပ်ချုပ်နိုင်စွမ်းကို စစ်ဖက်ခေါင်းဆောင်များက သံသယဖြစ်လာကြခြင်း။
(၃)စစ်ဘက်ကအာဏာသိမ်းခဲ့လျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံ များကသော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများကသော်လည်းကောင်း ဝင်ရောက်စွက်ဖက်မည့် အလားအလာနည်းခြင်း။
(၄)အိမ်နီးချင်းနိုင်ငံများ၌ စစ်ဘက်မှ အာဏာသိမ်းမှုများပြုလုပ်နေကြရာမှ ကူးစက်ပြန့်ပွားခြင်း။
(၅) လူနည်းစုအုပ်စုများက အုပ်စိုးသော နိုင်ငံများ၌ ပြည်တွင်းတွင် လူမှုရေး ပဋိပက္ခများ ဖြစ်ပွားနေခြင်း။
(၆)စီးပွားရေးအကြပ်အတည်း များကြောင့် ခြိုးခြံချွေတာရေး အစီအစဉ်များဖြစ်ပေါ်ကာ မြို့ပြဒေသများကိုထိခိုက်ခြင်း။
(၇)အစိုးရနှင့် ပါတီခေါင်း ဆောင်များအကြား အကျင့်ပျက်မှုနှင့် စွမ်းရည်ညံ့ဖျင်းမှုတို့ပေါ် ပေါက်နေပြီ၊ နိုင်ငံကိုပြည်ပအုပ်စုများသို့ရောင်းစားတော့မည့်ဆဲဆဲဖြစ်နေခြင်း။
(၈)ဆင်းရဲသားများ အောက်ခြေမှ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန်အတွက်
 စစ်တပ်သို့ ဝင်ရောက်ခြင်းသည်သာတစ်ခု တည်းသော နည်းလမ်းဖြစ်နေခြင်း။
 (၉)ရှေးရိုးအစဉ်အလာ၊ နိုင်ငံတစ်နိုင်ငံအဖြစ်မှ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံတစ်နိုင်ငံဖြစ်ရန်အတွက် လိုအပ်သော သန္နိဋ္ဌာန်နှင့် စည်း ကမ်းရှိသည့် တစ်ခုတည်းသော လူတန်းစားဖြစ်ကြောင်း စစ်ဘက်တွင် ယုံကြည်မှုတိုးပွားနေခြင်း။
(၁ဝ)နိုင်ငံခြား အစိုးရများ၏ စစ်စခန်းချခြင်းအပါအဝင် နိုင်ငံကြား သြဇာလွှမ်းမိုးခြင်း၊ နိုင်ငံခြားတွင် စစ်တိုက်ရာမှ အတွေ့အကြုံရလာခြင်း သို့မဟုတ် နိုင်ငံခြားတွင် စစ်ရေးလေ့ကျင့်မှုရခြင်း သို့မဟုတ်
 စစ်လက်နက်ပစ္စည်းများကို နိုင်ငံခြားအကူအညီအဖြစ် ရရှိခြင်း။
 (၁၁)တခြားနိုင်ငံများနှင့် စစ်တိုက်ရာတွင် စစ်ရှုံးခြင်း၊ အထူးသဖြင့် စစ်ဘက်က အရပ်သား အစိုးရသည် စစ်ပြေငြိမ်းရေးစာ ချုပ်ချုပ်ဆိုသည့်အခါ အလျော့ပေးလိုက်လျောကာ သစ္စာဖောက်သည်ကို စစ် သို့မဟုတ် နောက်နေ့တွင် စစ်ကိုစီမံခန့်ခွဲမှု ညံ့ဖျင်း သည်ဟု ယုံကြည်ခြင်းတို့ဖြစ်သည်။  ယေဘုယျအားဖြင့် မည်သည့်နေရာ၌မဆိုစစ်ဘက်သည် အောက်ပါအခြေအနေများ၏အမျိုးသားနိုင်ငံရေးနဲ့ ပိုမိုပတ်သက်လို့ စိတ်များကိုဖြစ်ပေါ်စေသည်။
(၁) အကယ်၍ နိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ တည်ရှိမှုကို ခြိမ်းခြောက်သော အင်အားကောင်းသည့် အုပ်စုများ ရှိနေလျှင် မိမိကိုယ်မိမိကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်
 လက်နက်ကိုင်တပ်ဖွဲ့များက  အာဏာသိမ်းစေရန် ဖိအားပေး လိုက်သလိုဖြစ်ခြင်း။
 (၂) လက်ရှိနိုင်ငံရေး ပုံသဏ္ဌာန်တွင် မိမိတို့နှင့် ထိုက် တန်သည်ဟု စစ်ဘက်အရာရှိများ ယူဆသော အာဏာရရှိရန်အတွက် စစ်ဖက်က နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း။
 (၃)စစ်ဘက်၏ စီးပွားရေး အကျိုးစီးပွားသည် အရေးပါပြီး ထိုအခွင့်အလမ်းများ ဆုံးရှုံးမည့် အရိပ်အယောင်ဖြစ်ပေါ်နေခြင်း။
ပညာရှင် Tautin Abdulla ''နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ရန် အလားအလာသည် စစ်ဘက်၌သာရှိနေသည်မဟုတ် စစ်ဖက်ပြင်ပမှ နိုင်ငံရေးအခြေ အနေများကလည်း အဆုံးအဖြတ်ပေးသည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးချွတ်ခြုံကျခြင်း။ ကိုယ် ကျင့်၊ ပျက်ပြားခြင်းတို့သည် စီးပွားရေးအကြပ်အတည်းနှင့် ပေါင်းစပ်မိပြီး စစ်ဘက်က တစ်စုံ တစ်ရာလုပ်ဆောင်ရန် တွန်းအား ပေးလိုက်သည်ဟု ရေးသားခဲ့သည်။
 သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံရေး၌ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်သောအကြောင်းတရားများကို အလွယ်တကူရှင်းလင်းပြ၍မရပေ၊ မိမိ၏ နောက်ခံနိုင်ငံရေး သမိုင်းကြောင်းကိုလိုက်ကြ၊ နိုင်ငံအသီး သီး၏ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးများသို့ ပြောင်းလဲဖြစ် ပေါ်ကြသည်။ အရပ်ဘက်အာဏာ ပိုင်များအပေါ်စစ်ဖက်၏ သြဇာ လွှမ်းမိုးမှုအနည်းအများကို လိုက်၍
 အမျိုးမျိုးခွဲခြားနိုင်သည်။Morms Janowity က အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို အောက်ပါအတိုင်း လေးမျိုးခွဲပြသည်။
 (၁) ပုဂ္ဂိုလ်တစ်ဦး၏ ထိန်းချုပ်မှုအောက်မှ အာဏာရှင် စနစ်
 (၂) ပါတီတစ်ခု၏ ထိန်းချုပ်မှုအောက်မှ အာဏာရှင်စနစ်
 (၃) အရပ်ဘက်၊ စစ်ဘက်၊ မဟာမိတ်နှင့် ပြိုင်ဆိုင်မှုရှိသော ဒီမိုကရေစီ
 (၄) စစ်ဘက်အုပ်စိုးမှုတို့ဖြစ်သည်။
မောင်ရန်အေး
ခေတ်လူငယ်မှ ကူးယူဖော်ပြသည်

Saturday, 14 January 2012

စစ်သားများရဲ့ဘ၀ကိုသိစေချင်..ယုံသက်သက်ပါ(ချီးကျူးခံချင်နေသူများမဟုတ်ပါ)

လူငယ်တယောက်ရဲ့  ပျော်၇ွင်ဖွယ် အချိန်တွေကို စစ်ပညာများဖြင့်  ကုစားခံ၇သူမို့ လားမသိ။မိဘသံယော

ဇဉ် များနှင်လွဲ ၍ ကျန်ကိုယ်ပိုင်အချိန်များတွင် စာအုပ်များနှင့် သာ သူ ပျော်မွေ့ ခဲ့ သည်။စာဖတ်တိုင်း

သမ္မတ မဖြစ်ပေမဲ့  သမ္မတတိုင်း တော့  စာဖတ်ကျမည်မှာမလွဲပေ။တပ်ေ၇ာက်ပြီးသိပ်မကြာသောကာလ

တွင် လုံခြုံေ၇း ယူပေး၇န်အတွက် သူ့ အား တာဝန်ပေးခြင်းခံ၇သည်။ပေးလိုက်သော စစ်သည်အင်အားက

သူ အပါအ၀င် (၆)။ဆ၇ာ ၁၊တယေ...ာက် ၊ရဲဘော်(၄)ယောက်နှင့် သာ။ယူ၇မည့် လုံခြုံေ၇းကရထားလမ်းပိုင်း

ကို တာဝန်ယူ၇မည် ဖြစ်သည်။သူ တာဝန်ကျသော စခန်းကိုေ၇ာက်တော့  တော်တော်လေး စိတ်ဓါတ်

ကျမိသည်။စခန်း ဟုဆိုသော်လည်း တဲသာသာ အဆောက်အဦး တလုံးသာ။ဘေးမှာ ခြုံပုတ်များနှင့် ။ခြုံ

ပုတ်ဟုဆိုသော်လည်း နွေဦးကာလကို ဖြတ်သန်းနေသည်မို့  ၇ိုးတန်ကျဲကျဲသာ။

ဘီလင်း-နှင်းပုလဲ ဘူတာ မှ မြင်ကွင်းအမှတ်တ၇

စခန်းတွင် ဘာဆိုဘာမှမ၇ှိ။ထို အချိန်တွင်မှ နာခဲ့ ဖူးသောတ၇ားကို
ပြန်သတိ၇နေမိသည်။မသိ၊မ၇ှိဆိုတာ မသိသော သဌေးသားအကြောင်းဖြစ်သည်။ပါလာသော
စစ်ကျောပိုးအိတ်ကို ချပြီး ခဏ အနားယူနေမိခိုက် သူလုံခြုံေ၇း.ယူ၇သည့် 
ဘူတာအနီး၊ကျေး၇ွာ မှ ဥက္ကဌ ဆိုသူက သူအား လိုအပ်ပါ

က အကူအညီတောင်း ၇န် လာေ၇ာက်မိတ်ဖွဲ့ သည်..။ဘေးပတ်ဝန်းကျင်တွင် ကူညီသူများ ၇ှိပါသေး

သလား ဟု မှတ်ကာ နည်းနည်းတော့ စိုး၇ိမ်မှု့ ကို ဖြေဖျောက်နိုင်မိသည်။

သူလုံခြုံေ၇း ယူ၇သည့် လမ်းပိုင်း မှာ တဘက်တွင် ဘီးလင်းဖြစ်သည်။ကျောင်းဆင်းပြီးမကြာသေးခင်ကပင်

ဘီးလင်းတံတားတွင် သောင်းကျန်းသူများက ၀င်ေ၇ာက်ပစ်ခတ်မှု့ ကို ခံခဲ့ ၇သေးသည်။တဘက်တွင် စစ်

တောင်းတံတား ၊ကျောဘက်တွင်တော့  အညိုေ၇ာင်နယ်မြေ။ခဏဆိုပေမဲ့  တဘ၀လုံး အခန့် မသင့် ၇င်

အသက်စတေးရမည့် ကိန်းဖြစ်သည်။ယူ၇သည့်  အကွာအဝေးက (၁)မိုင်။အလယ်ကောင်တွင် စခန်းထား

ပြီး တဘက် (၂)ယောက်စီဖြင့်  ၇ထားလမ်းပိုင်းလုံခြုံေ၇း ယူပေး၇ခြင်းဖြစ်သည်။ယူပေး၇သည့် အချိန်

ကလည်း (၂၄)နာ၇ီ။မတော်လို့  သောင်းကျန်းသူများက မိုင်းထောင်သွားလျင် ၇ထားပေါ်ပါလာသော ပြည်

သူများမှာ သိချိန်ပင်၇လိုက်မှာမဟုတ်။

ကင်းစောင့် ၇န် ၇ဲဘော်များကို သတ်မှတ်ပေး၇ာတွင်လည်း စီနီယာ သမားတယောက်နှင့် တွဲ ဖက်ပေး၇

သည်။မတော် လို့  ၇ဲဘော်တခုခု လုပ်ပါက အကြီးအကဲ သူ့ ခေါင်းပေါ်သာ တာဝန်ကျပေလိမ့် မည်။၇

ထားလမ်းကြောင်းမှာ အသွားအပြန် (၂)ကြောင်းဖြစ်သည်မို့  တဘက်က လမ်းကြောင်းကို ကျောပေးပြီး

တဘက် ကို မျက်နှာမူ၇သည့်  အခါ ၇ထားတိုက်ခံ၇မည်လည်းဆိုးသေးသည်။ကင်းချိန်ညတလျောက်လုံး

ခေါက်တုံခေါက်ပြန် ကင်းစောင့် ၇သည်။အချိန်ကြာလာသည် နှင့် အိပ်ချင်စိတ်က တားမ၇။မနက်ကျအိပ်

၇သည်လား ဆိုတော့  လည်း မအိပ်၇။စားချိန်တန်လျင် ထစားလို့ လည်းမ၇။ဆိုးလိုက်သည့်  အချိန်ကာလ

ကို ဖြတ်ကျော်နေ၇သည်ဟု ထင်နေမိသည်။

ခ၇ီးသွာသည်ကို ကြိုက်နှစ်သက်သော သူ့  အတွက်ယခုအချိန်တော့  ၇ထားလမ်းပိုင်းကို တာဝန်

ယူ၇သောအခါ ၇ဲဘော်များကို သနားမိသည်။မနက်ေ၇ာက်သောအခါတွင်လည်း စခန်းအား ထိုင်ကင်း

ထား၇ပြန်သည်။ထိုင်နေလို့  ဘာမှတာဝန်မ၇ှိဟုထင်လျင် မိတ်ဆွေ တနေ ကုန်ငုတ်တုတ်ထိုင်ပြီးမှသာ

ကိုယ်ချင်းစာနာနိုင်မည်ဖြစ်သည်။အစားအသောက်ဆင်း၇ဲ ။နေ၇ထိုင်၇ဆင်း၇ဲ ဘ၀ကို တော်ယုံမြင်တွေ့ ဖူး

ခြင်း မ၇ှိသော သာမာန်သူများအနေဖြင့် တော့ ကိုယ်ချင်းစာနာနိုင်မည်မဟုတ်ပေ.။

၇ထားလမ်းဘေး ၊စခန်းငယ် အနီးအနားတွင် အိမ်သာလေး၇ှိသည်။ခြုံပုတ်အနည်းငယ် ၊ ဆာလာအိတ်

တချို နှင့်  ယိုင်နဲ နဲ့ ပြုလုပ်ထားခြင်းဖြစ်သည်။နေ့ လည် ဆို၇င် သေချာသည် ၇ထားပေါ်မှ ပင် မြင်နိုင်

လောက်သည်။စခန်းကလေးက ဘာ၇ယ်တော့ မဟုတ်။သောင်းကျန်းသူကသာ ၀င်ေ၇ာက်ပစ်ခတ်သွား

လျင် အလွယ်တကူသေနိုင်သော နေ၇ာလေးဖြစ်သည်။ထွက်ပြေးပါက သေချာသည် စစ်စခန်းစွန့် ခွာမှု့ 

က သေဒဏ်ဖြစ်သည်။

ဗထူးသင်တန်းသွားသောအခါ သာစည်အမှတ်တ၇

ေ၇ာက်ခါစတော့  ပတ်ဝန်းကျင်အကြောင်း သေသေချာချာမသိသေး။သူထိုင်၇သော စခန်း မှ ၇ဲဘော်များ

သေကျကြောင်းကို ဆ၇ာများပြောပြမှသိသည်။သေသည်ကလည်း ၇ထားတိုက်ခြင်းကြောင့် ပင်ဖြစ်သည်။

ကိုယ်ကိုယ်တိုင် ကင်းစောင့် သော အခါမှ ဘာကြောင့် သေသည်ကို နားလည်မိသည်။နေ့ လည်တွင်

လည်း မအိပ်၇။ညတွင်လည်း တညလုံးကင်စောင့် ၇သည်။စောင့် ၇သည်ကလည်း ၇ိုး၇ိုးတန်းတန်းထိုင်

စောင့် ၇သည်မဟုတ်။(၁)မိုင်ခ၇ီးကို ခေါက်တုံခေါက်ပြန် လျောက်သွား၇ခြင်းဖြစ်သည်။လျောက်သောအခါ

တွင်လည်း သေနတ်က ထမ်းထား၇သေးသည်မဟုတ်ပါလား ။

နောက်တော့  သူဆုံးဖြတ်ပြီး (၂)ယောက်ကို မနက် အိပ်ခိုင်းသည်။အလှည့် ကျဖြင့်  ကင်းစောင့် ခိုင်းသော

အခါ ဘာပဲ ပြောပြော အသက်အန္တ၇ာယ် တော့  အနည်းအကျဉ်းတော့  ကာကွယ်နိုင်လောက်သည်ဟု

ထင်နေမိသည်။ခေါက်တုံခေါက်ပြန်လျောက်၇သောအခါ ၇ထားလမ်းပိုင်းတွင် ထိုင်ချင်လာသည်။ထိုင်ပြီး

လျင် ဘာကြောင့် လဲ တော့  မသိ ပြန်မထချင်တော့ ။မီးေ၇ာင စုံညီညီဖြင့်  ၇ထားလာနေသည်ကို မြင်တွေ

သော်လည်းေ၇ှာင်တိမ်းလို သောစိတ်ပင်မ၇ှိလောက်အောင် စိတ်ကို ညို့ ငင်ထားသည်။ထို့ ကြောင့် ၇ထား

တိုက်မိမလိုလို ပင် သူကြုံတွေ့ ဖူးသည်။အလျင်အမြန်ေ၇ှာင်တိမ်းနိုင်သောကြောင့် သာ ယခုချိန်ထိ သူအ

သက်၇ှင်နေခြင်းဖြစ်သည်။

နေ့ေ၇ာ ၊ညပါ ပင်ပန်းလာသောကြောင့်  သိပ်မကြာခင်၇က်ပိုင်းမှာပဲ သူပိန်လာတော့ သည်။အစားအ

သောက် ကလည်း အင်မတန်ဆင်း၇ဲ သည်။အနီးအနားမှ ၇ပ်၇ွာများတွင် အသီးအနှံများကို တောင်းစား၇

သည်။နေ့ တိုင်းတောင်းလို့ ကလည်းကောင်းသည်မဟုတ်။စခန်းဘေးဘက်ညာတွင် အလေ့ ကျပေါက်နေ

သော သစ်နွယ်ညွန့် များကိုလည်း စားဖူးသည်။၇ဲ ဘော်ကတော့  မသေပါဘူးဟုဆိုသောကြောင့်  အတက်

နိုင်ဆုံးသူစားခဲ့ သည်။သူကိုယ်တိုင် မှ ဟင်အင် ပြနေလျင် ခေါင်းဆောင်မှု့ ပိုင်းတွင်ထိခိုင်တော့ မည်။သူ

ကိုယ်တိုင် အဆင်း၇ဲခံသည်။ထို့ ကြောင့် ၇ဲ ဘော်များက သူအားချစ်သည်။မ၇ှိအတူဟု စကားအတိုင်း သူ့ 

တွင်၇ှိသော ပိုက်ဆံလေးများဖြင့် မျှဝေသုံးသည်။ကိုယ်တိုင်တော့  မုန့် မစား။သူ့ ၇ဲ ဘော်များကို ဆေးလိပ်

သောက်ချင်သည့် အခါ တောင်းတိုင်းပေးနိုင်အောင် ချန်ထား၇သည်။

အကြောင်းအမျိုးအမျိုးကြောင့်  သူ့  အား တခြားတာဝန်ပေး၇န် တပ်မှ ပြန်ခေါ်သောအခါ သူ့ ၇ဲ ဘော်များ

က ၀မ်းနည်းနေကျသည်။စစ်သားဟုဆိုသော် လည်း ချစ်တက်၊ခင်တက် ၊ကြင်နာတက်ကျသော သူ့ ၇ဲ

ဘော်များကို ၇ထားလမ်းပိုင်းယူ၇ာတွင် အိပ်မငိုက်ဖို့  အတန်တန်မှာ ၇သည်။တကိုယ်ေ၇သန့် ၇ှင်းေ၇းကို

ဂ၇ုစိုက်ဖို့  ဆ၇ာကြီးအားလည်း ကြပ်မပ် ခဲ့ ၇သေးသည်။ဘာပဲဖြစ်ဖြစ် ၇ထားလမ်းပိုင်းတာဝန်ယူခဲ့ ၇

သော ဒီနေ၇ာလေးကိုတော့  သူ့  တသက်မေ့ နိုင်မည် မဟုတ်ပေ။

ထို့ ကြောင့်  ၇ထားဖြင့် ခ၇ီးသွားတိုင်း ၇ဲဘော်လေးများကို ဘူတာများတွင်မြင်သောအခါတိုင်း စားစ၇ာ

တခုခု သူ ၀ယ်ပေးမြဲဖြစ်သည်။သိသိမသိသိ တပ်မတော်သားပီသစွာ ၊၇ဲဘော်ရဲဘက်စိတ်၇ှိစွာဖြင့်  တက်

နိုင်သလောက် ပေးကမ်းခဲ့ သည်။၇ထားပေါ်တွင် သူပင်မဟုတ်၊ပြည်သူပေါင်းမြောက်များစွာ စိတ်အေး

လက်အေး ခ၇ီးသွားနိုင်ဖို့  ၇ဲဘော်ပေါင်း မြောက်များစွာ လုံခြုံေ၇း ယူပေးနေကျ၇သည်။ဒီမို ကေ၇စီဟူ

သော ဝေါဟာ၇ တလုံးနောက်တွင် တပ်မတော်မှာ ကာကွယ်ေ၇း အခန်းသာတာဝန်ယူ၇မည်ဖြစ်သော

လည်း ဒီတာဝန်များလည်းမကင်းနိုင်ကျသေးပေ။နာဂစ် အောက်က ငို သံများအောက်တွင်လည်း

လူသေကောင်များကို ကိုင်တွယ် ၊သစ်ပင်များကို ဖယ်၇ှင်း ၊လမ်းတံတားကို ပြင်ဆင်၊၇ထားလမ်းကို ဖောက်

၇ာတွင် လည်း ၇ဲ ဘော်စစ်သည်များပင်မဟုတ်ပါလား။

အမှတ်တ၇အနေဖြင့်  ယခုပိုစ်လေးအား ဖော်ပြခြင်းဖြစ်ပါသည်။အစားအသောက်ဆင်း၇ဲ ခြင်း ၊အနေ

အထိုင်ဆင်း၇ဲ ခြင်းကို ငြီးပြနေခြင်းမဟုတ်ပါ။ယခုစာလေးအားဖတ်မိသူတိုင်း
မြန်မာနိုင်ငံတွင် ၇ထားဖြင့်  ခ၇ီးသွားသောအခါစိတ်အေးလက်အေး ၊သက်တောင်
့သက်သာ သွားနိုင်၇န်အတွက် မမြင်၇သော ခန်းစီးကာနောက်ကွယ်တွင် သူ
ကိုယ်တိုင် အပါအ၀င် ၇ဲ ဘော်ပေါင်းများစွာ လုံခြုံေ၇းအတွက်
တာဝန်ထမ်းဆောင်ခဲ့ဖူးသည်၊ထမ်းဆောင်နေ၇သည်ကိုသိ၇ှိနိုင်၇န်အတွက်သာဖြစ်ပါသည်။

နေ့ အခါ၇ထားတွဲပေါ်တွင် လေညင်းကလေးခံစားပြီး စားချင်သော

အစားအသောက်များကို စိတ်တိုင်းကျ စားသောက်နေသော အခါတွင် မဆိုလိုသော်လည်း ညအချိန်တွင်

မိဘပြည်သူများ အတွက် တညလုံး၇ထားလမ်းအားလုံခြုံေ၇း ယူပေးနေကျသူတပ်မတော်သားများ၇ှိနေ

ပါ သလားဟူသော အသိစိတ်ကလေး ၇၇ုံမျှဖြင့်  ကျနော်ကျေနပ်ပါသည်။ (မင်းသန့် )

https://www.facebook.com/profile.php?id=100001797440462  မှကူးယူဖော်ပြပါသည်။

လက်တစ်ဆုပ်စာမျော်လင့်ချက်လေးနဲ့ကျွန်တော်တို့စစ်သားဘ၀များ

နာကျည်းလို့ တော့  မဟုတ်ပါဘူး .....။လက်တဆုပ် စာ မျှော်လင့် ချက်တွေနဲ့  ငါ့ တို့  အသက်ရှင်နေကြရတာပါ ...။တဖြည်းဖြည်းရုန်းကန်လြာ
ပီး
တိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့  ဟစ်ကြွေးခဲ့ ကြတာပါ..။

ပြည်ပရောက်တွေပြောတော့  စစ်ခွေးပေါ့.။ရင်ထဲမှာလှိုက်ရင်း တစစ်စစ်နာတယ်...။ဘယ်သူ့ ကိုမှလည်း မတိုက်ခိုက်သလို ပေးအပ်တဲ့ တာဝန်
ကျေဖို့  ၊တိုင်းပြည် တိုးတက်ဖို့  တထောင့်  တနေရာကနေ သဲပွင့် သာသာပေးဆပ် ငါ့ တို့  ဘ၀တွေ ပေးအပ်ခဲ့ ကြတာပါ..။စစ်တပ်ထဲဝင်မယ်ဆိုကတည်း
က ၁၅ ကျော် ၁၆ နှစ်နဲ့  အိမ်နဲ့ ခွဲခဲ့ ကြရတယ်..။တွေးကြည့် စရာ မလိုပါဘူး ကွာ။အဲချိန်မင်းတို့ က အိမ်မှာ နွဲ့ ဆိုး ဆိုးလို့ ကောင်းတုန်း ၊ဒါမှမဟုတ်
မိဘ ငွေလေးနဲ့  တက္ကသိုလ် တက်ဖို့  ပြင်နေတုန်းဖြစ်မှာပါ ။ မိဘနဲ့ ဝေး ၊အိမ်နဲ့ ဝေးပြီးနေရတဲ့  ဒုက္ခဆိုတာ ကိုယ်တွေ့ ကြုံမှ ကိုယ်ချင်းစာနိုင်တဲ့  အ
ရာမျိုးပါ ။အဲ ဒီအချိန်တုန်းက ပိုက်ဆံမက်ရအောင်လည်း အရာရှိလစာက ၂သောင်းခွဲပဲ ရှိတဲ့  အချိန် ဗိုလ်လောင်းလစာ က ၅၀၀၀ ပဲ၇ှိတဲ့  အချိန်ပါ။
ကိုယ်ပိုင် ပိုက်ဆံ၇ှိလို့  ပြည်ပမှာ ကျောင်းတက်ရတာပဲဖြစ်ဖြစ်၊ကိုယ်စီးပွားရေး အတွက် ပြည်ပမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ် တိုးတက်ရာ တိုးတက်ကြောင်း
၇ှာနိုင်တဲ့  ခေတ်မှာ နဖူးကချွေး ခြေမပေါ် ဘယ်နှစ်စက် ကျကျ ဒီလစာက ပြောင်းမသွားပါဘူး ။

တချို့ ကလည်းပြောကြတယ် ဦးသန့်းရွှေ ရဲ့  ခွေးတွေတဲ့ လေ ။ပြောရက်လိုက်ကြတယ်နော်။ တချို့ ကလည်း ကိုယ်ချင်း မစာနာ ပေးထားတဲ့ ကွန့် 
မန့် မှာတောင် like လိုက်ကြသေးတယ်..။ငါ တို့  က စစ်သားပါ ။အုပ်ချူပ်သူ ဘယ်သူပြောင်းပြောင်း ပြည်သူကို ကာကွယ်ဖို့  အတွက် နဲ့  ပြည်သူ့ 
အကျိုးပြုတွေလုပ်ဖို့  သက်သက် ငါ့ တို့ ရပ်တည်နေခဲ့ ကြတာ...။

တချို့ ပြောတာ ကြားသေးတယ် ကြံ ဖွံ့  စစ်ခွေးတွေတဲ့ လေ။ စာလည်း မတက် ၊အသိပညာလည်းမရှိ ၊ကိုယ်ကိုကိုယ် စာမဖတ်ဖူးဆိုတာကို လူလည်
ခေါင် ချပြသလိုမျိုးလည်း တွေ့ ခဲ့ ကြုံခဲ့ ဖူးတယ်။ဒီမိုကရေစီဖော်ဆောင်ကတည်းက စစ်တပ်က ကာကွယ်ရေး အပိုင်းသွားနေတဲ့  အချိန်မှာ ပြည်သူတွေရဲ့ 
ဝိ၀ါဒတွေ ပျက်ပြားသွားအောင် ပြောတဲ့ သူတွေက ပြောနေတုန်း။

ရန်ကုန်မှာ မီးလောင်တော့  မီးသတ်ကားက ရေ ကြာကြာမပတ်ဖူးတို့  ၊မီးမလောင်ခင် မီးသတ်တွေ ဘယ်နားသွားသေနေတာတုန်းတို့ ၊ ဗုံးပေါက်ကွဲ
မှ ၇ဲ က ဘာလာလုပ်တာတုန်းတို့ ပေါ့။ မီးသတ်ကားက (၃)မိနစ်ပဲ ပတ်လို့ ရတာရယ် ၊မီးမလောင်ပဲနဲ့  ဘယ်မီးသတ်ကားက သြသြော်ဆွဲပီ လမ်းတကာ
လျောက်လည်နေရမလဲရယ် ၊ဗုံးမပေါက်ပဲနဲ့  အရေးကြီးနေရာကလွဲလို့  ဘယ်နိုင်ငံတကာ ရဲ ကများ အချိန်ပြည့် လုံခြုံရေး ယူတာတွေတွေ့ ဖူးလို့ လားဆိုတာ
တွေကို ပြောပြချင်လိုက်တာ...။ဒီလိုနဲ့  ကွန့် မန့် သူတွေကြည့် လိုက်တော့  အသက်ငယ်ငယ်၇ွယ်ရွယ်လေးတွေ။နိုင်ငံအတွက် ပခုံးပြောင်းမဲ့ သူတွေက
ဒီလိုမြင်နေမှတော့  အနာဂတ်အတွက ရင်လေးလို့ မဆုံးဘူး...။

ငါတို့  လည်းနှလုံးသား နဲ့  လူလုပ်တာပါ...။ခံစားတက်တာပေါ့။ကြေကွဲတက်တာပေါ့ ။အိမ်ကိုလည်းလွမ်းတက်တော့ ပေါ့။နာကျဉ်တက်တာပေါ့။စာဖွဲ့ လုပ်
ပြီးဂုဏ်ခြင်းပြိုင်တာတော့ မဟုတ်ဘူးပေါ့...။ငါ့ တို့ အားလုံးကလည်း တိုင်းပြည်အကျိုးကို ထမ်း၇ွက်နေသူတွေပဲလေ။။မီးသတ်တွေကမှ ဈာပနာ အခမ်းအ
နားနဲ့  သူကောင်းပြုခြင်းခံရပါသေးတယ်...။အွန်လိုင်း မှာ လည်း ချီးကျူး သြဘာ ထာပနာတွေလည်း ရင်တုန်ပန်းတုန် ငါ ဖတ်ခဲ့ ရတယ်။တချိန်တည်းမှာ
ရှေ့ တန်းစစ်မြေပြင်မှာ ငါ့ ရဲဘော်တွေ နဲ့  ငါ့ သူငယ်ချင်း ၊ငါ့ ညီအကိုတွေအတွက်ကျတော့ ရော တွေးတော့ ရင်ထဲမှမချိဘူး။တာဝန်ထမ်းဆောင်ခြင်းတူတာ
တောင် ပစ်ပယ်ထားခံရတဲ့  ငါ့ တို့  ဘ၀တွေကိုက မြေသြဇာသက်သက်လေပဲလား..။

စစ်အကြောင်း စစ်သားတွေပဲသိပါတယ်။ကိုယ်အိုး ကိုယ်အိမ် ကိုယ်ယာနဲ့ ဖြစ်နေမှတော့ သံယောဇဉ်ကို စွန့် ပြီး ဘယ်သူကများ စစ်တိုက်ထွက်ချင်ပါ့
မလဲ..။ဘယ်သူကများ ခြေလက်အင်္ဂါ စွန့် ချင်ပါ့ မလဲ ။ မျက်လုံးတဘက်ကမ်းတဲ့ စစ်ဗိုလ်၊ခြေပြက်သွားတဲ့ စစ်ဗိုလ်ကို ချစ်လှပါပြီဆိုတဲ့ ဘယ်မိန်းကလေးမှ
လက်ထက်ဖို့ ခေါင်းငြိမ့် တော့ မှာမဟုတ်ပါဘူး။။
တခါတလေ ငါစဉ်းစားတယ် ။မြန်မာနိုင်ငံမှာ စစ်မှု့ မထမ်းမနေရ စနစ်များ ဖြစ်လာရင်ကောင်းမယ်လို့ ။ဒါမှ ငါ့ တို့ ဘ၀ အခြေအနေနဲ့ ငါ့ တို ခံစားချက်
တွေကို နားလည်နိုင်မှာလေ။ပဲဟင်းမကြိုက်တဲ့ သူတွေ ။အိပ်ရေးမက်သူတွေ၊ ဆင်းရဲ ဒဏ်မခံနိုင်တဲ့ သူတွေ ကိုယ်ချင်းစာနိုင်မယ်ဆိုရင် ငါ မြန်မာနိင်ငံမှာ
စစ်သား ဖြစ်ရတာ ဂုဏ်ယူနေမှာပါ။တခါလာလည်း ဘုရားနားကယူနီးဖောင်ခန့် ခန့် နဲ့  ကောင်မလေးလေးလှလှ့  စစ်ဗိုလ်ဇာတ်ဝင်ခန်းတွေ ၇ိုက်နေမ
ှတော့  လက် တွေ့ နယ်ပယ်မှာ ၀ဲစွဲနေတဲ့ စစ်ဗိုလ်တွေက အပယ်ခံလိုလိုလေ။ဒီလိုနဲ့  ငါ့ တို့  ကပြည်သူတွေနဲ့ ကင်းကွာခဲ့တာလားလို့ တွေးနေမိတယ်.။

ငါတို့ လက်တွေ က အကြောင်းမဲ့ ရန်ရှာပြီး လူသတ်ဖို့ အတွက် စစ်သွေးကြွနေတာမဟုတ်ရပါဘူး။ပြည်သူတွေကိုကူညီဖို့  အကျိုးပြုဖို့  အတွက်သက်သက်
ရယ်ပါ။မြန်မာနိုင်ငံက မီးရထားလမ်းတော်တော်များများက စစ်သားကပဲဖောက်ပေးတာပါ။ဆည်တမံတွေကို ဗိုလ်ချူပ်တွေဦးစီးပြီး တည်ဆောက်ခဲ့တာပါ။
ဖောက်ပြီးသား ကားလမ်းတွေ ၊ရထားလမ်းတွေမှာ စစ်သားတွေပဲ လုံခြုံရေးယူပေးတာပါ ။ဘုရားရင်ပြင်မှာလည်း စစ်သားတွေရှိပါတယ်။ဘူတာတိုင်းမှာလည်း
စစ်သားတွေရှိပါတယ်။နာဂစ်တုန်းကလည်း ရန်ကုန်က သစ်ပင်ကျိုးပျက်တွေ ၊လူသေကောင်တွေကို ဘယ်သူတွေကများ ဖယ်ရှင်းပေးခဲ့ တာလဲ။စစ်သားတွေပါပဲ။
လုပ်သလောက်နဲ့  တန်ပြန်မေတ္တတရားတော့ ငါ့ တို့ ခံစားချင်တာပေါ့။မနေ့ က KNU နဲ့  ငြမ်းချမ်းရေး စာချူပ်ချူပ်တယ်။၇င်ထဲမှာပျော်တဲ့  အပျော်ကိုထိမ်းမထားနိုင်
ခဲ့ ဘူး။အဲ ပြည် နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ငါ့ စစ်သည်တွေ ငါတို့  သူငယ်ချင်း ညီ အကို တွေ အားလုံး နောက်တန်းပြန်ဝင်နိုင်ပြီဆိုတဲ့ အသိနဲ့  ပိတိဆိုတာ ပြော
မပြတက်ခဲ့ ဘူး။ဒါကို ပဲ ဖြုတ်ဦးနှောက် ပြည်ပရောက်တချို့ က ကရင်ပြည်နယ်ခွဲ ထွက်ခွင့် ပေးရေးဆိုပြီး လုပ်လိုက်ကြသေးတယ်လေ။ငါလေ ငါ မြန်မာနိုင်ငံကြီးကို တလက်မလေး
ပျောက်ကွယ်သွားမှာကိုတောင် သေမလောက်ကြောက်တာပါ။

သင်္ကြန်ပွဲတွေကိုပဲ ကြည့် ။ပြည်သူတွေပျော်ဖို့ ငါ့ တို့  တာဝန်ကို ထမ်းဆောင်နေကြရတယ် ။မညီငြူခဲ့ ကြဘူးလေ။ ဒီခေတ်လူငယ်တွေ သင်္ကြန် ၁၇က်လောက် မလည်ရရင်
သေလောက်တဲ့ မျက်နှာနဲ့ ။အများကြီးမကြည့် ပါနဲ့  ။အပြင်စည်းမှာငါ့ တို ရှိနေတယ်။အတွင်းစည်းမှာ ရဲ တွေရှိနေတယ်။ကားလမ်းထက်မှာ မော်တော်ပီကယ်ရှိနေတယ်။
အခါကြီး ၇က်ကြီးမှာ ငါ့ တို့ လည်း ဥပုဒ်လေးတော့ စောင့် ချင်တာပေါ့။ဒါမှမဟုတ်လူငယ်ပီပီ ရေကစားချင်တာပေါ့။ဒါတွေအားလုံးကို မျက်ကွယ်ပြုပြီး Duty ကို ဦးထိပ်ပန်
ဆင်ခဲ့ ကြတာ။ဒါတွေကိုလည်း သိရက်နဲ့  မမြင်ချင်ယောင်ဆောင်ခံရတယ်။
တကယ်ပါ

နာကျည်းလို့ တော့  မဟုတ်ပါဘူး .....။လက်တဆုပ် စာ မျှော်လင့် ချက်တွေနဲ့  ငါ့ တို့  အသက်ရှင်နေကြရတာပါ ...။တဖြည်းဖြည်းရုန်းကန်လာပြီး
တိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့  ဟစ်ကြွေးခဲ့ ကြတာပါ..။ (မင်းသန့် )

Friday, 13 January 2012

မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့ (ပေးစာ - ၈၁)

မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့ (ပေးစာ - ၈၁)


ဇန္န၀ါရီလ ၁၃ ရက်နေ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ နိုင်ငံရေးအကျဉ်း
သား ၆၅၁ ဦး ကိုနိုင်ငံတော်အစိုးရလွတ်ပေးလိုက်သော သတင်းထွက်ပေါ်လာသည်၊ မင်္ဂလာရှိ
သောသတင်း ကောင်းမြတ်သောသတင်းတရပ်ဖြစ်ပေသည် ၊

ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် လို့လဲသိရပါတယ်
အစိုးရကပါလီမန်ဒီမိုကရေစီစံနစ်ကိုစတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဒီလိုခွင့်ြ့ပုလိုက်တာ
လို့မြင်ပါတယ် ၊ ဒါဟာမြန်မာနိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်ပါဘဲNLD ပါတီ နဲ့ အခြားပါတီ အမတ်တွေလဲဝင်ရွေးကြမယ်ဆိုတာသိရပါတယ်
ဒါဟာကောင်းတဲ့လက္ခဏာတရပ်ပါဘဲ ဒါပေမဲ့ --- ဒါပေမဲ့
ဟိုတုန်းက အဖြစ်အပျက်ကလေးတွေကို ပြန်လည်သင်ခန်းစာယူဘို့တင်ပြချင်ပါတယ်

ပါတီတွေများလာရင်တော့မကောင်းဘူးလို့ထင်ပါတယ် ၊ ပါတီသိပ်များလာခြင်းဟာညီညွတ်ရေးပျက်ပြားစေတဲ့
အကြောင်းတရပ်ဘဲ ၊ တပါတီတခုတည်ထောင်တယ်ဆိုရင် လမ်းစဉ်နဲ့ မူဝါဒ ကိုချက်မှတ်ကြတယ် ၊တပါတီနဲ့
တပါတီလမ်းစဉ်နဲ့မူဝါဒမတူတော့ သဘောထားခြင်းမတူဘူးဆိုပြီး တပါတီကို တပါတီကအမြင်စောင်းကြတယ်
ပါတီတခုမှာအရည်အချင်းနဲ့ပြည်စုံသူတွေပါနိုင်ပါတယ် ၊ ပါတီတွေများပြီး ခွဲထောင်ကြတော့ ။
အဲဒီအရည်အချင်းရှိသူတွေဟာတကွဲတပြားဖြစ်ကုန်ကြတယ် ၊ ရွေးကောက်ပွဲမှာ သူ့ပါတီက အနိုင်မရခဲ့ရင်
သူရဲ့ အရည်အချင်းကို တိုင်းပြည်အတွက် အသုံးချခွင့်မရလိုက်ဘူး။ သူလဲ နာတယ် တိုင်းပြည်လဲနာတယ်
88 ပြီးတော့ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့သွားမယ် အထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးမယ်ဆိုတော့ ၊ ဖွဲ့လိုက်
ကြတဲ့ပါတီတွေ နှစ်ကျော်လောက်ရှိတယ် ၊ ဒါဟာ အုပ် ၂၀၀ လောက်ကွဲသွားတဲ့သဘောဘဲ ၊
မြန်မာပြည်မှာ ဗမာ လူမျိုးတွေဟာ အကွဲအပြဲ တော်တော် ၀ါသနာပါတယ် ၊ ( ညီညွတ်ချင်တဲ့စိတ်
မရှိဘူး ) ငါဘဲတော် တယ် ငါဘဲလုပ်ချင်တယ် ဆိုတာများတယ် ၊
လွပ်လပ်ရေးရပြီးတော့ ဖဆပလ ပေါ်လာတယ် နောက်ဖဆပလ နှစ်ဖြမ်းကွဲတယ်ဦးနု ကသန့်ရှင်း
ဆိုပြီး တပါတီထောင်တယ် ဦးကျော်ငြိမ်းက တည်မြဲဆိုပြီး ပါတီထောင်တယ် ၊ သန့်ရှင်းပါတီက နိုင်တော့
ဦးကျော်ငြိမ်းက သူရဲ့ အရည်အချင်းတွေ ထုတ်ဖေါ်ဆောင်ရွက်ခွင့်မရလိုက်ဘူး၊ ဦးကျော်ငြိမ်းမှာလဲကောင်း
တဲ့အရည်အသွေးတွေရှိပါတယ် ဒါပေမဲ့သူအရည်အချင်းတွေ တိုင်းပြည်အတွက် အသုံးချလိုက်ရဘဲနဲ့ သေသွား
ရရှာတယ် သူလဲ နာတယ် တိုင်းပြည်လဲနာတယ် ။
တိုင်းပြည်အတွက်ပဲ လုပ်လုပ် ၊ ပရဟိတ ဆိုတဲ့ အများအကျိုးဆောင်ရွက်တဲ့လုပ်ငန်းတွေဘဲလုပ်
လုပ် အတ္တဆိုတဲ့ ကိုယ့်အကျိုးကို ဦးစားမပေးဘဲ တခြားသူတဦးရဲ့လုပ်ဆောင်ချက်ကိုလဲအကောင်းမြင်ဝါဒနဲ့ မြင်ပြီးရှုမြင်တက်ဘို့လိုတယ်လို့ပြောချင်ပါတယ် ၊
ဦးဆောင်နိုင်ရင်လဲ ဦးဆောင်ပါ ဦးမဆောင်နိုင်ရင် လဲ နောက်လိုက်လုပ်ဘို့ ၀န်မလေးပါနဲ့ ကွက်လပ်
ကိုမြင်တက်ပါစေ ၊ ကွက်လပ်ကိုဖြည့်ဆည်းနိုင်ပါစေလို့ ပြောချင်ပါတယ်

နိဂုံးချုပ်အနေနဲ့ပြောရင်တော့ ဘေးထိုင်ဘုပြော လုပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး အားလုံးကိုယ်တတ်နိုင်တဲ့
ဘက်က ၀ိုင်းလုပ်ကြရမဲ့အချိန်လို့ပြောချင်ပါတယ် ၊

မောင်သုည
http://www.myanmarexpress.net/2012/01/blog-post_1789.htmlမှကူးယူဖော်ပြပါသည်။

Tuesday, 3 January 2012

နိုင်ငံရေးတင်းမာမှုတွေဖြစ်အောင် ရန်စပေးခြင်းနဲ. ဒေသအတွင်းက လက်နက်အပြိုင် တပ်ဆင်မှု


 
အင်အားကြီးနိုင်ငံတွေက ဒေသအတွင်းမှာ လွှမ်းမိုးမှုတွေကြီးအောင် ထိမ်းချုပ်မှုတွေ ရှိအောင် အားထုတ်လာတာနဲ.အမျှ ဒေသတွင်းက နိုင်ငံငယ်လေးတွေမှာ လက်နက်ပြိုင်ဆိုင်မှု-Arms Race တွေ ဖြစ်လာရတတ်ပါသည်။ လုံခြုံရေးအကြောင်းပြချက်တွေ စစ်ရေး ခြိမ်းခြောက်မှု တွေမြင့်လာတော့ စစ်အသုံးစရိတ် စစ်စရိတ် ကာကွယ်ရေး စရိတ်တွေ တိုးသုံးရပါတော့သည်။
ဒီလိုဖြစ်လာရင် ဘယ်သူတွေ အကျိုးအမြတ်ဖြစ်စေပြန်ပါလဲ။ အင်အားကြီးနိုင်ငံကြီးတွေပဲ လက်နက်အသစ်အဆန်းတွေကို ရောင်းခွင့်ရပြန်တာ မဟုတ်ပါလား။ ဒီတော့ ဒါမျိုးဖြစ်အောင်ပဲ တမင်ဖန်တီးပြီး အင်အားကြီးနိုင်ငံကြီးတွေကပဲ ကစားနေသလို ယူဆနိုင်ပါသည်။
အာရှဖိစိဖိတ်ဒေသမှာ တရုတ်နဲ.အမေရိကန်တွေ လွမ်းမိုးဖို. အားပြိုင်လာတဲ့အခါ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့နိုင်ငံတွေမှာ စစ်သုံးစရိတ်တွေ မြင့်လာဖို.ရှိပြီး စစ်တပ်နဲ. စစ်လက်နက် အသစ်တွေ ခေတ်မှီဖို. လုပ်ရမည်လို. အဲဒီနိုင်ငံတွေ၏ စစ်ဦးစီးချုပ်တွေက ထုတ်ပြောလာပါ သည်။
တရုတ်နဲ. ထိုင်ဝမ်အကြား နိုင်ငံရေးတင်းမာမှုတွေ မြင့်လာရင် ထိုင်ဝမ်တွေဟာ အမေရိကန် တွေဆီက ဒေါ်လာဘီလျံ အကုန်ခံပြီး တိုက်လေယာဉ်အသစ်တွေ ခေတ်မှီ လက်နက်တွေ ထပ်ပြီး ၀ယ်ရပါသည်။ ထို.အတူ မြောက်ကိုရီးယားအစိုးရနဲ. ဒေသအတွင်းမှာ တင်းမာမှုတွေ ဖြစ်လာတိုင်း တောင်ကိုးရီယားနဲ. ဂျပန်တို.ဟာ အမေရိကန်တွေဆီကနေ ကာကွယ်ရေး လိုအပ်ချက်အရ အကူအညီတွေ ရဖို. ငွေတွေ ထပ်သုံးရတာတွေလဲ ရှိပါသည်။

ဒီတော့ ဒေသအတွင်းမှာ နိုင်ငံရေး Hot- Spot ဖြစ်နေခြင်းဟာ အင်အားကြီးနိုင်ငံတွေအတွက် လက်နက်တင်ပို.ရောင်းချမှုအတွက် ရောင်းအား သွက်စေပြီး  နိုင်ငံရေးအရ Hot-Spot ဖြစ် တိုင်း ဒေသအတွင်းမှာ လက်နက်အားပြိုင်မှုတွေ လက်နက်အပြိုင်အဆိုင် တတ်ဆင်မှုတွေ တိုးလာမြဲပါ။
အရှေ.အလယ်ပိုင်းမှာလဲ အီရန်လို နိုင်ငံမျိုးကို လူရမ်းကားအဖြစ် Fear Factor လုပ်ထားနိုင် မယ်ဆိုရင် ဆော်ဒီ၊ ကူဝိတ်နဲ. ဂျော်ဒန်နိုင်ငံတွေဟာ အီရန်၏ ရန်ကို စိုးရိမ်ကြောက်လန်. စိတ်နဲ. အမေရိကန်ဆီကနေ ဒေါ်လာ သန်းဘီလျံချီ တန်ဘိုးရှိတဲ့ စစ်လက်နက်တွေကို သူ. ထက် ငါ သာအောင် ဦးအောင်ဆိုတဲ့ စိတ်တွေနဲ. ၀ယ်ယူကြလေ့ရှိပါသည်။ ဒါကြောင့် အနောက်နိုင်ငံတွေကလဲ အီရန်၊ လဘနွမ်၊ ဆီးရီးယားနိုင်ငံတွေမှာ နိုင်ငံရေး လုံခြုံရေး တင်းမာ မှုတွေ ဖြစ်အောင် ဆွပေး ဖွပေး မွှေပေးခြင်းဖြင့် ဒေသအတွင်းက နိင်ငံတွေ၏ စစ်လက်နက် ဈေးကွက်ကို ကြီးအောင် မြင့်တတ်ပါသည်။
ဒါမှာလဲ သူတို.ဆီကနေ ရေနံဝယ်ထားတဲ့ငွေတွေ ပြန်ရရှိနိုင်မည် ဖြစ်ပါသည်။ တချိန်တည်းမှာ စစ်ရေးလုံခြုံရေးအရရော စီးပွားရေးအရပါ အဲဒီ နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံတွေအပေါ် မှီခိုမှုတွေ ပိုပြီး များလာနိုင်မည် ဖြစ်ပါသည်။ အခုလဲ ဒေသအတွင်းမှာ အီရမ်၏ နယူးကလီးယားကိစ္စကို များများဖွပြီး တဖက်ကလဲ ရန်စသလိုမျိုး လုပ်ပြီး တင်းမာမှုတွေ မြင့်လာနေတာကြောင့် အရှေ.အလယ်ပိုင်းမှာ လက်နက်ပြိုင်ဆိုင်တတ်ဆင်မှု Arms Race တွေ ဖြစ်နေပါပြီ။
ထို.အတူပဲ မြန်မာပြည်မှာလဲ ကရင်ပြည်နယ်မှာ နိုင်ငံရေး တင်းမာပြီး စစ်ပွဲတွေ ဖြစ်နေရင် ထိုင်းဖက်က စီးပွားရေးသမားတွေနဲ. လက်နက်မှောင်ခိုတွေ အလုပ်ဖြစ်ပါသည်။ ကချင်းမှာ တိုက်ပွဲတွေ ဖြစ်နေရင်တော့ တရုတ်တွေ ပွတာပေါ့။ စစ်တိုက်ဖို. ငွေလိုတယ်အခါ သစ်တောတွေ ကျောက်တွင်းတွေနဲ. ရှိတဲ့ သဘာဝအရင်းအမြစ်တွေကို ဈေးပေါပေါနဲ. ချရောင်းရပြီး လိုတဲ့ စစ်လက်နက်တွေကိုလဲ အဲဒီနိုင်ငံတွေကတဆင့် ပြန်ဝယ်ကြလေ့ရှိပါသည်။ ပုဂ္ဂလိက စီးပွားရေး မှောင်ခိုသမားနဲ. အစိုးရတွေဆိုတာကလဲ ခပ်ပါးပါးလေးပဲ ကွဲတာပါ။ ခွဲခြားဖို. ခက်ပါသည်။
ဒီတော့ မြန်မာပြည်က သစ်တောတွေလဲ ငွေလိုလို. သစ်ထုတ်ရောင်းလို. တောပြုန်းတာ ရှိသလို စစ်ပွဲတွေကြောင့် ဗုံးဒဏ် အမြောက်ဒဏ်တွေကြောင့်လဲ တောင်ကတုံးတွေ တောမီးလောင်ရတာတွေလဲ ရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် တောတွေ တောင်တွေ ကတုံးတွေ ဖြစ်ကုန်တာဟာ စစ်ပွဲတွေဆိုတဲ့ ကင်ဆာနဲ. တိုက်ရိုက် ပတ်သက်တာ ဆိုးကျိုးတွေဆိုတာ ငြင်းမရပါ။
ဒါကြောင့် ဒေသအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်ပဲ လုံခြုံရေးနဲ. စစ်ရေးတွေ ပူမယ် ဆူဆူပူပူနဲ. ပြသာနာတွေ ဖြစ်နေမယ်ဆိုရင် လက်နက်ရောင်းတဲ့ နိုင်ငံတွေအတွက် အကျိုးအမြတ်တွေ အများလေဖြစ်ပါသည်။ ဒီတော့ ပြသာနာတွေ ပြေလည်နေတာ တည်ငြိမ်နေတာထက် ဆူဆူ ပူပူနဲ. တင်းမာမှုတွေ ဖြစ်ပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေ ဖြစ်လာအောင် ဖန်တီးထားခြင်းက နိုင်ငံရေး စီးပွားရေးအရ လွှမ်းမိုးထားနိုင်တဲ့အပြင် လက်နက်တွေ ထုတ်ရောင်းနိုင်ဖို.အကောင်း ဆုံး ဈေးကွက်ဖန်တီးရေးနည်းတွေများ ဖြစ်နေသလား စဉ်းစားစရာ မေးစရာပါ။
Udp Myanmar