ရွှေလီသား(မဘိမ်း)

Tuesday 28 February 2012

အရာရှိပေါက်စကျွန်တော့စစ်သားဘ၀အတွေ့အကြုံအပိုင်း(၄)


ညီလေးမနက်ဖြန် ပွိုင့်(........)ကို.ရိက္ခာပုံတဲ့ထောက်ပို့ယာဉ်တန်းလုံခြုံရေးလိုက်ရမယ်.”              စစ်ကြောင်းမှူးရဲ့ နှုတ်မိန့်ရတာနဲ့မနက်ဖြန် သွားရမည့်ရည်မှန်းချက်ကို မြေပုံကို ကြည့်၇င်းခဲကြောင်းလေးနဲ့ဆွဲကြည့်တော့.ကျွန်တော်တို့လက်ရှိရိက္ခာပုံထားတဲ့ အိုင်ဝိုင်း စခန်းနဲ့ကသိပ်မဝေးဘူး ဆိုပေမဲ့ ပွိုင့်( …)ကတော်တော်မြင့်တော့ ခရီးတော့ကြံ့ကြာနိုင်မယ်                                    နေ့ခြင်းပြန်ရောက်ဖို့လဲ မဖြစ်နိုင်တာကြောင့် ဟိုမှညအိပ်ရမယ် ဆိုတာတွက်ရင်း.ကျွန်တော်တို့      မနက်ဖြန်ထွက်ဖို့ပြင်ဆင်ခိုင်းရတယ်။ အားလုံးပြင်ဆင်ပြီးအိပ်မလို့လုပ်တော့ တ၀ီဝီနဲ့အုပ်စုလိုက်တဲထဲကိုဝင်လာတဲ့ ခြင်အုပ်ကြီးကိုကြည့်ပြီးတော်တော်လေး    စိတ်ညစ်သွားတယ် ဒါပေမဲ့လဲမအိပ်လို့ကမဖြစ်ဘူးကိုး မနက်ကိုစောစောထပြီး ကားပေါ်တင်ရမဲ့ရိက္ခာတွေတင်     ဖို့ကရှိ  သေးတယ်လေ။ဒါနဲ့တဲဘေးမှာပေါက်နေတဲ့ ဇီးပင်ကြီးအောက်ကသစ်ကိုင်းခြောက်လေးတွေ ကိုဓါတ်မီး မိန်မိန်လေးနဲ့လိုက်ရှာပြီး တဲဘေးကကွပ်ပြစ်နားမှာ မီးလေးမွေးသစ်ရွက်စိမ်းလေးအုပ်လိုက်တော့မှ တဲ ထဲကိုမီးခိုးလုံးကလိမ့်ဝင်လာတော့တယ်။ဒီတော့မှပဲ.ခြင်ကိုက်တဲ့ဒါဏ်ကနဲနဲသက်သာသွားပေမဲ့ မီးခိုးရူပြီး အိပ်လိုက်ရတယ်။မီးခိုးရူတာက.ဘာပဲပြောပြောခြင်ကိုက်တာထက်တော့အိပ်ပျော်နိုင်သေးတယ်လေ။     
           ဒီလိုနဲ့မနက်မိုးလင်းတော့ ထောက်ပို့တပ်ကဆရာကြီး(  …)အဖွဲ့ကရိက္ခာတွေတော်တော်တန်တန် တင်ပြီးနေပြီ ။ခနလောက်နေတော့ စစ်ကြောင်းမှူးလဲ နိုးလာပြီး.
           “ ညီလေး ကိုတို့ ၁၀း၀၀မှာစလုပ်မယ်” 

ဒါနဲ့ယာဉ်တန်းမှာ ပွိုင့်ယာဉ် နောက်ပိတ်လိုက်မဲ့ယာဉ် ကိုသတ်မှတ် တပ်စုလိုက်နေရာယူပြီး    နံက် ၁၀း၀၀ တိတိမှာကျွန်တော်တို့ထောက်ပို့ယာဉ်တန်း အိုင်ဝိုင်းမဆုတ်တမ်းခံစစ်စခန်းမှ စထွက် လာကြတယ် စခန်းကစထွက်ပြီးမိနစ် ၂၀လောက်မှာပဲ တောင်ကြောကဖြတ်ဆင်းလာတဲ့စမ်းချောင်းလေးတစ်ခုက..ကား  လမ်းမကိုဖြတ်ပြီး ဟိုးလျှိုအောက်ထဲစီးကျနေတယ်။စမ်းချောင်းကိုနဲနဲကျော်တာနဲ့ ခပ်စောက်စောက်ကုန်း ကမူလေးတစ်ခုရှိတယ်။ပွိုင့်ကားကလဲစမ်းချောင်းလေးက သေးတယ်ဆိုပြီးဖြတ်အတက်.ကားဘီးမှာကပ် ပါလာတဲ့ရေနဲ့ စိုစိစိဖြစ်နေတဲ့မြေကြောင့် ခုနက.ကုန်းကိုမတက်နိုင်တော့ဘူး။ကားကမီးခိုးတွေသာအူတက် လာတယ်.ဘီးက မြေမှာရစ်နေတယ်။ဒါကတော့ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေတယ်။တခါတလေမှာ ကျွန်တော်တို့ ရည်မှန်းထားတဲ့နေရာကိုရည်မှန်းထားတဲ့အချိန်မှာမရောက်နိုင်တာဒီလိုမထင်မှတ်ထားတဲ့အခက်အခက်ခဲမျိုးတွေကြောင့်ဖြစ် တယ်။ဒါနဲ့ကားအားလုံးဖြတ်ကျော်နိုင်ဖို့အတွက် တောင်ဘေးကကျောက်စရစ်ခဲတွေ ကား ဘီးလမ်းကြောင်းမှာဖို့ ၀ါးတွေခွဲပြီးကပ်ရပ်(၀ါးကပ်ရက်)ရင်း.တော်တော်အချိန်ပေးလိုက်ရတယ်။အားလုံးပြီးတော့၁နာရီလောက် တော့အချိန်ပေးလိုက်ရတယ်.အားလုံးလဲပင်ပန်းကုန်ပီ စမ်းချောင်းလေးကလဲနီး ၁၁း၀၀ကလဲထိုးပြီးဆိုတော့  ရှေ့နားနဲနဲတိုးမောင်းပြီး ကျွန်တော်တို့ထမင်းစားဖို့လုပ်ကြတယ်။အားလုံးစားသောက်ပြီးတော့ ခါတိုင်းလို စားပြီးပြန်ချက်မလုပ်တော့ဘူး ခုရိက္ခာသွားပုံရမဲ့နေရာရောက်မှပဲလုပ်ကြမယ်ဆိုပြီးကျွန်တော်တို့ပြန်ထွက် လာလိုက်တာ ပွိင့်( )ကုန်းရဲ့တောင်ခြေရင်းနားမှာကားစက်အင်ဂျင်ကအရမ်းပူလာလို့ ရေလောင်း ရေလဲ  လုပ်ရင်း.နာရီဝက်လောက်စက်ကိုအနားပေးလိုက်တယ် ။တောင်ကအရမ်းမြင့်တော့ ကားကိုနားနားပြီးတက် ရင်းနဲ့မိုးချုပ်ခါနီးမှ တောင်ထိပ်စခန်းကိုရောက်တယ်။အားလုံးရိက္ခာတွေကိုညတွင်းချင်းပြီးသလောက်   ချိန်ပြီး ပွိုင့်() စခန်းမှူးကိုအပ် ညဉ့်နက်သွားတာကြောင့်ကျန်တာတွေကိုမနက်မှဆက်ချိန်ဖို့ချန်ထား  ရင်း အဲ့ဒီညကစခန်းမှူးအကိုကြီးရဲ့ကျေးဇူးနဲ့ မျောက်သားတွေကော ဖြူသားတွေကိုကျွန်တော်တစ်ခါမှမစား ဖူးတဲ့ဟင်းလျာတွေနဲ့လွေးလိုက်ရတယ်။ပွိုင့်( )ရဲ့တောင်ဖက်စူးစူကျွန်တော်တို့ယာဉ်တမ်းတက် လာတဲ့ကားလမ်းဘေးကတောင်ထိပ်မှာရှေ့တန်းအမြောက်တပ်စခန်းကိုခပ်ရေးရေးလေးလှမ်းမြင်ရတယ်။အရှေ့ဖက်စူးစူးမှာတော့ ထိုင်းရှေ့တန်းစခန်းတစ်ခုထိုင်းအလံလွင့်ထူထားတာတွေ့ရတယ်။ထိုင်းစခန်းရဲ့ရှေ့မှာ ပြောင်းပြောင်လက်လက်ဝိုင်းဝိုင်းကွင်းပြင်တစ်ခုကိုတွေ့ရတယ်.မေးကြည့်တော့ ရဟတ်ယာဉ်ကွင်းတဲ့။သူတို့ရဲဘော်တွေကိုတစ်ပတ်တစ်ခါ ရိက္ခာလာချပေးပါသတဲ့။တောင်ဘေးကြည့်လိုက် တော့လဲ.ကားလမ်းမှဖြူးနေတယ်။စခန်းအပေါ်ကိုသူတို့သုံးဖို့ ရေကို တောင်အောက်ကနေရေစုပ်စက်နဲ့ တင်ပါတယ်။ကျွန်တော်တော့ကျွန်တော့တို့ ရဲဘော်လေးတွေနဲ့ရိုးရိုးလေးယှဉ်ကြည့်မိပါတယ်။ကျွန်တော်  ရဲ့ရဲဘော်များ ရေသောက်ရန်သုံးရန်အတွက် ရေကိုပေပေါင်းထောင်ချီရှိတဲ့တောင်အောက်ဆင်းပြီးဝါးဆစ်ဗူး နဲ့ရေခပ်ပါတယ်။ရိက္ခာအတွက် မျောက်ပစ်တယ် ဖြူးတို့.တောကြောင်တို့ တောကြက်တို့ထောင်ဖမ်းပါ  တယ်။ရိက္ခာဆန်အတွက်မိုးတွင်းမှာ ကားမတက်နိုင်လို့ အရာရှိကအစ ကျောပေါ်တင်ပြီး ရိက္ခာပုံပါတယ်။
ဒီထက်ကောင်းမွန်သောအ၀တ်အစားများအားသူတို့လိုချင်နေပေလိမ့်မည် သို့သော်သူတို့တောင်းနေလိမ့်မည်မဟုတ်ပါ။


သူတို့ရှေ့တန်းကိုဒီလိုလေးသွားချင်ကြပေလိမ့်မည်။

ဒီလိုဝတ်စုံလေးနဲ့နေချင်ပေလိမ့်မည်။

 ပေပေါင်းထောင်ချီရှိတဲ့ဒီလိုတောင်မျိုးကိုဘာမှမပါပဲနဲ့တက်ရင်တောင်ဘယ်လိုဖြစ်တယ်ဆိုတာ.တောင်ပေါ် တက်ဖူးသူတိုင်းသိနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲဘော်တွေရဲ့မျက်နှာမှာ ချွေးများရွဲလို့ပျော်ရွင်နေတဲ့ပုံ ကိုစာဖတ်သူများမြင်စေချင်ပါတယ်။ကျွန်တော်တို့သည် အခွင့်အရေးများအား..မသိရ်ျမဟုတ်ပါ။နားမလည် ရ်ျမဟုတ်ပါ။ ကျွန်တော်တို့ကို စစ်ခွေးလို့ပြောသူများ အားလဲကျွန်တော် ခုခံမပြောလိုပါ။ဒါပေမဲ့ အနည်းငယ်တော့ဒီလိုစကားလုံးမျိုးတွေဖတ်ရကြားရတိုင်းကျွန်တော့ရဲဘော်များအတွက်နာကျဉ်ခံစားရပါ တယ်။ကျွန်တော်တို့သည်ဒဏ်ရများချပြရင်းသနားခံနေခြင်းမဟုတ်ပါ။ဒီလိုစကားလုံးများအားသုံးသူများအားသိစေချင်ယုံလေးပါ။
 ဒီလိုနဲ့မနက်ရိက္ခာတွေချိန် ပွိုင့်( )စခန်းမှူးကိုအပ်ပြီး ကျွန်တော်တို့စစ်ကြောင်းအိုင်ဝိုင်း စခန်းသို့တစ်ကျော့ပြန် ရောက်လာခဲ့သည်။(ဆက်ရန်) 
(ဆလိုင်း မာန်အွမ်)၁၃း၄၅ pm

DKBA သို့ သိမ်းယူထားသော လက်နက်များ အစိုးရမှတဆင့် ပြန်လည် အပ်နှံလိုက်ပြီ


ယခင် ရက်သတ္တပတ်က ဖြစ်ပွါးသော မြိုင်ကြီးငူဒေသ အခြေစိုက် BGF တပ်ရင်းတစ်ခုသည် DKBA မှ လက်နက်များ သိမ်းယူမှူကြောင့် အစိုးရ နှင့် ချူပ်ဆိုထားသော အပစ်အခတ်ရပ်ဆဲရေး
စာချူပ်အပေါ် သံသယ ဝင်လာပြီး ၄င်းတို့ ဘက်က ဖျက်သိမ်းကြောင်း DKBA မှ ကြေငြာခဲ့ပါတယ်။
ယခု အခါ အစိုးရ၏  ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လက်တွေ့ ဖော်ဆောင် နေသော စေတနာဖြင့်
ကြီးထွားလာမည့် ထိုပြဿနာအား ကြားဝင်စေ့စပ်ပြီး လက်နက်များ ပြန်လည်ပေးခြင်းဖြင့် DKBA အား
အစိုးရသည် ငြိမ်းချမ်းရေးကို တကယ်လိုလားနေကြောင်း သက်သေ ပြသလိုက်ပြီ ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်များနှင့် DKBA တပ်များ အကြားဖြစ်ပွါးသော လက်နက်သိမ်းယူမှူ ကိစ္စရပ်အား
ယခုအခါ အစိုးရ ကြားဝင်စေ့စပ်မှူနှင့် BGF မှ သိမ်းယူထားသော DKBA ၏ လက်နက် ၃၂ လက်ကို
သောကြာနေ့ မွန်းလွှဲပိုင်းက ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။
ထို့ကြောင့် DKBA အနေဖြင့် ချူပ်ဆိုထားသော စာချူပ်အား အသက်ဝင်နေသေးတယ် ဟူသော အပြောဖြင့်သာ မဟုတ်ပဲ ယခင်ရက်သတ္တပတ်က စာချူပ်ကို ဖျက်သိမ်း
သည်ဟု ကြေငြာစဉ်ကလို ပြန်လည် ကြေငြာပေးလျှင် ပိုကောင်းမွန်မည်ဟု ထင်မိပါသည်။
အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး အစီအစဉ်အတိုင်းဖော်ဆောင်ရာတွင် KIA နှင့် အပြီးသတ်အထိ ညှိနှိုင်း
ရန် ကျန်ရှိနေပါသေးသည်။
ပြည်တွင်းငြိမ်းချမ်းမှူ မရှိခြင်းသည် ရှေ့ဆက်ရမည့်လမ်းအတွက် ကြီးမားသော ခလုတ်ကန်သင်း ဖြစ်သည်
ကို အားလုံး သိရှိလင့်ပေသော်ငြားလည်း  ငြိမ်းချမ်းရေး ဟူသော စကားရပ်အောက်သို့ အဘယ့်ကြောင့် အ
လုံးစုံ ဝင်ရောက်ရန် ရှောင်ဖယ်နေကြပါသနည်း။တိုင်းရင်းသား လက်နက်ကိုင်များအကြား စွဲမှတ်နေသော
ဗမာ ဆန့်ကျင်ရေး ဗမာ မုန်းတီးရေး သည် အဘယ့်ကြောင့် ယခုအချိန်ထိ လက်စွဲထားပါသေးသနည်း။
တိုင်းရင်းသား ဟူသော စကားရပ်တွင် ဗမာသည်လည်း တိုင်းရင်းသား ပင်ဖြစ်သည်။မိမိတို့သည် ညီအကိုချင်း
ပြန်လည်တိုက်ခိုက်နေကြပါသည်။ထိုသို့တိုက်ခိုက်မှူ နောက်ဝယ်တွင် မည်သူများ အမြတ်ရရှိနေပါသနည်း။
ထိုအချင်းအရာကို တိုင်းရင်းသား လက်နက်ကိုင်များ ပိုမိုသိရှိပါသည်။
တိုင်းရင်းသားများ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိစေလိုပါသည်။ပူးပေါင်းဆောင်ရွှက်ကြစေလိုပါသည်။
ကျွန်ုပ်တို့ ကိုယ်တွင်းမှ သွေးများသည် ညီအကိုချင်း ဖြန်းပက်ရန် ဖောက်ထုတ်ရန် မဟုတ်စေလိုပါ
ထိုသွေးများဖြင့် အနာဂတ်ပြည်ပရန်တံတိုင်းများကို ခိုင်မာစေရန် သွန်းလောင်းစေချင်ပါသည်.
ကျွန်ုပ်တို့ ညီအကိုချင်း မတည့်မှူကြောင့် ကျခဲ့သောသွေးများ ကျဆုံးခဲ့သော နှစ်ဘက် စစ်သည်များ၏ 
 ခန္ဓာကိုယ်မှ ဖြစ်သော မြေသြဇာများကို အနာဂတ် နိုင်ငံတော်အတွက် အသုံးဝင်သော ကောက်ပင်သီးနှံ
များဖြင့် ကြွယ်ဝစေလိုပါသည်။
ညီအကိုများ ညီညွှတ်စွာဖြင့် ငြိမ်းချမ်းရေးဟူသော အရိပ်အောက်သို့ အားလုံး လက်တွဲညီစွာ ရောက်ရှိစေလိုကြောင်း ပန်ကြားအပ်ပါသည်။
http://www.mgkyautkhae.com/  မှကူးယူဖော်ပြပါသည်။

Wednesday 22 February 2012

ကမ္ဘာ့အကြီးဆုံး Cobra Gold စစ်ရေးလေ့ကျင့်မှု


      Cobra Gold စစ်ရေး လေ့ကျင့်မှုသည်၊ နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၇)နိုင်ငံ အထိ ဖြစ်လာခဲ့ပါသည်။ ယခု လေ့ကျင့်မှုတွင် အင်အား တသောင်းကျော်ဖြင့် Cobra Gold အမည်ရ Military Exercise ကို ထိုင်းနိုင်ငံတွင် ဖေဖော် ဝါရီ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါသည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် ဦးဆောင်ပြီး တောင်ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် နိုင်ငံတို့ ပါဝင် လာခဲ့သည်ဟု AFP ကဆိုပါသည်။ ယင်းစစ်ရေးပြ လေ့ကျင့်မှုတွင် အမေရိကန် စစ်သား ၉၀၀၀ နှင့် ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယား တို့မှ စစ်သားပေါင်း ၃၆၀၀ ကျော် ဝင်ခဲ့သည်။ ယင်းစစ်ရေး လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ တောင်တရုတ် ပင်လယ်ကွေ့ နှင့် အနီးအနား ဒေသများ၌ တရုတ်တို့၏ စစ်သြဇာကြီးမားလာမှုကို ထိမ်းညှိသော အားဖြင့် အမေရိကန် ဦးဆောင်သည့် အင်အားပြသသော လေ့ကျင့်မှု တစ်ခုဖြစ်ကြောင်း သိရပါသည်။
Cobra_02ဤနှစ်စစ်ရေး လေ့ကျင့်မှုကို ယခင်နှစ်များလို စစ်ရေးလေ့ကျင့်ခန်းများ ပါဝင်ခဲ့သလို အမေရိကန် မရိမ်းတပ်သားများတို့၏ အသားစိမ်းငါးစိမ်း (အစားအသောက်ကြမ်း) များ စားသောက်ခြင်း Training ကိုလည်း သရုပ်ပြသင်ကြားလေ့ကျင့် ခဲ့သည် ဟုဆိုပါသည်။ အရှေ့တောင် အာရှ၏ Cobra Gold စစ်ရေး လေ့ကျင့်မှုသည်၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပသည့်အခါ မြန်မာ နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နယ်စပ်များနှင့် ဆက်စပ်သော နေရာတို့၌လည်း လေ့ကျင့် ခဲ့ဘူးပါသည်။ ဤအချိန်မျိုးတွင် မြန်မာ အစိုးရ တပ်ဖွဲ့များကိုလည်း တပ်လှန့်ထားလေ့ ရှိသော်လည်း ဤနှစ်တွင် တပ်လှန့်ထားမှုမရှိဘဲ စောင့်ကြည့်ရေး အဆင့်သာ ရှိသည်ဟု မြန်မာ စစ်ရေး အကဲခတ်များက ဆိုပါသည်။ Cobra_04
         အာရှ ပစိတ်ဖိတ် နှင့် တောင်တရုတ် ပင်လယ်ဒေသ၌ တရုတ်တို့၏ စစ်အင်အား ကြီးမားလာခြင်းအပေါ် အင်အားပြသည့် အနေဖြင့် လေ့ကျင့်ပြုလုပ်သော အမေရိကန်မှ ဦးဆောင်ပြုလုပ်သည့် ပထမဦးဆုံး စစ်ရေးပြ လေ့ကျင့်မှုဖြစ်ပြီး နှစ်စဉ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။ ရွှေဟင်္သာ By Ref:AFP
သဘာဝမြေမှကူးယူဖော်ပြပါသည်။ 

Tuesday 21 February 2012

နှလုံးသားလှတဲ့ မြန်မာ့တပ်မတော်သား ရဲဘော် ဇော်ဇော်



မှတ်မှတ်ရရလေးပေါ့ ။ စုမှူးသင်တန်းက ဆင်းတော့  တပ်ကို အပြန် ရန်ကုန်မှာ ဖြစ်ပျက်ခဲ့ တာလေးပါ….။အဲ့ နေက ကျနော် အိမ်(၁)ရက်ဝင်နေလို့  တပ်ကို ပြန်ဖို့ ရာနည်းနည်း နောက်ကျတာပါဆိုတာ (ပိုင်အိုနီးယား)မှာ ကားခဏရပ်တဲ့  အချိန် တပ်ရင်းမှူး အဘ ကို ဖုန်းနဲ့  သတင်းပို့ တော့  အရာရှိလူပျိုဆောင်က ထမင်းချက် ဇော်ဇော် ခွင့် ပြန်တာ ပြန်မေ၇ာက်သေးလို့  စိတ်ပူလို့  ရန်ကုန်မှာ ၀င်ကြည့် ခဲ့ ပါဦးဆိုတဲ့  နှုတ်မိန့် ကို ရရှိချိန်ပေါ့ …။

ဇော်ဇော်အိပ်ကိုသွားမယ်ဆိုပြီး ရန်ကုန် ကားကွင်းမှာ ဆင်းတယ်ဆိုရုံလေး လူတစ်ယောက်ကို လူအုပ်တွေဝိုင်းရိုက်လို့ ပေါ့  …။ရန်ကုန်ကို ကားဆိုက်ချိန်က စောလွန်းတယ်လေ ။မှောင်ရီပျပျ ဆိုတော့  ဘာအတွက်ရယ်ကြောင့်  ၊ဘယ်သူကို ရိုက်နေတယ်ဆိုတာ ကျနော် မသိဘူး။တခုခုဆိုတဲ့  စိတ်နဲ့  မဆိုင်သလို ခဏပဲလှည့် ကြည့် လိုက်မိတယ် ။ဒါပေမဲ့  လူလုံးလည်း မကွဲပါဘူးလေ။အောက်က တယောက်ကတော့  ဘာမှ ကို ပြန်မလုပ်နိင်ရှာဘူး..။နောက်တော့  အားရကျေနပ်ဟန်နဲ့  အဲလူတစုက ထိုးနှက်ကန်ကျောက်အပြီး ထွက်သွားတော့  ထိုးခံရတဲ့ သူက ခွေခွေလေး ထတောင်မထနိုင်ရှာဘူး။မိုးကလည်းဖျောက်တောက်တောက်နဲ့  လေ။မိုးရေထဲက သူ့ ကို ဘယ်သူမှ ထူပေးဖို့ စိတ်ကူးမရှိကြဘူး။ရန်ကုန်မြို့ ကြီးပြကြီး က လူတွေ အဲလိုစိတ်နဲ့ လားလို့ တောင် သူတွေးထင်နေမိတယ်။ဒါပေမဲ့  သူကလည်း ဆိုးပေနေလို့ လား ပေါ့ လိုလည်း ပြန်တွေးမိပြန်တယ်။ကားသမားတွေရဲ့ ရှောင်ကွင်းမောင်းနှင်သံကြားမှာ ဆဲဆိုသံတွေကလည်း ညံလို့ ပေါ့ …။
*************************************************************
သွားထူမယ်လုပ်တော့  ထိုးခံရတဲ့ သူက သူဟာသူထနေတယ် …။အမူးသမားဆိုလည်း ခက်ချေရဲ့ ။သူ့ အတွေးပင် မဆုံးလိုက်..။ထိုးခံရတဲ့ သူက တခြားဘက်ကို ပြေးထွက်သွားတာ ကို တွေ့ မြင်လိုက်ရတယ်။အော် ဘာမှတော့  မဆိုင် စိတ်ထဲမှာတော့  ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ တွေးနေမိတယ် ။လူကလည်း ခက်သားလား။မသိချင်နဲ့ ဆိုရင် သိချင်ပြန်ေ၇ာလေ…။ရန်ကုန်မှာလည်း အမျိုး မရှိတာ မို့  ကားကွင်းထဲက တည်းခိုးခန်းမှာပဲ သူအိပ်ရမည်ဖြစ်သည်။ကားပေါ်မှာ အိပ်ရတာ က ဘယ်လိုမှ အဆင်မပြေ။မော်လမြိုင် ကို ကူးဖို့ က ကားက ညနေမှ ၇ှိမှာဆိုတော့  နေ့ တပိုင်းတော့  ကောင်းကောင်း နားလို့ ရသေးသည်။
ဘေးနားက ရွှေမိုး တည်းခိုးခန်းမှာ ခဏ၀င်တည်းသည်။မနက် (၁၀)နာ၇ီလောက်မှ သူပြန်နိုးဖြစ်သည်။မနက်ေ၇ာက်တော့  အောက်က လက်ဘက်ရည်ဆိုင်မှာ မနက်စာစားဖို့  သူသွားတော့  မိုးလင်းတုန်းက အထိုးခံရသည် သူကိုပြန်တွေ့ သည်။သေချာတာပေါ့  သူ့ ရဲဘော် ။ဇော်ဇော်မှ ဇော်ဇော်။

********************************

လက်ဘက်ရည်ဆိုင်ထောင့် နားမှာ ခွက်တလုံးနှင့် ။ဒါဆို သူတောင်းစားနေတာပေါ့ ။
မောင်ဇော် ကျနော်လှမ်းခေါ်တော့  သူ့ က လှမ်းကြည့် သည်။

ဟာ………ဗိုလ်ကြီး …..သူ ကျနော်ထံ ပြေးလာပြီး ဖက်သည်။ ပြီးနောက် ရှိုက်ကြီးတငင်နဲ့  ငိုသည်။မျက်နှာက ဒဏ်ရာဒဏ်ချက်တွေနဲ့  ။
မောင်ဇော် မင်း …မင်း ဒါဆိုရင် မနက်က ထိုးခံရတာ မင်းပေါ့ …။
သူက ခေါင်းညိတ်ပြသည်။မော်ဇော် ရာ ငါ အနားမှာ ရှိရက်နဲ့ ကွာ ….။သူ့ ကျိတ်ခဲမရနိုင်ဖြစ်မိသည်။ဘာဖြစ်လို့ လဲ ငါ့ ကိုပြောစမ်း …မောင်ဇော်လို့ ဆိုတော့  ..။

***************************************

ဗိုလ်ကြီး ကျနော် အမေ နေမကောင်းဘူး..။ကျနော် အင်းဝဘဏ်က စုကြေးငွေက လည်း အမေ့ ဆေးဖိုးနဲ့ ကုန်ပြီ…။ပြန်ဖို့  လမ်းစရိတ်လည်းမရှိတော့ ဘူး။ခုလည်း တပ်က ကျနော်ကို တပ်ပြေးလို့  သတ်မှတ်တော့ မလား မသိဘူး ဗိုလ်ကြီးရာ။ကျနော်ခွင့် လွန်နေပြီ။ခုလည်း ကျနော် အလွန်မဟုတ်ပါဘူး။ခရီးသည်တွေရဲ့ အထုပ် အပိုးတွေကို စက်ဘီးနဲ့  ကားဂိတ်တွေလိုက်ပြောင်းပေးတာလုပ်နေတာ လေ။ခု န က ခရီးသည် တယောက်က ဒီနားလေးတင် သူ့ လိပ်စာက ။TAXI သမားက အဝေးကြီးဆိုပြီး ပိုက်ဆံ လိမ်တောင်းနေတာ ။ကျနော်ကလည်း ပိုက်ဆံ လိုနေတော့  အမရယ် ကျနော် စက်ဘီးနဲ့ လိုက်ပို့ ပါ့ မယ် ၁၅၀၀ ပဲ ပေးပါ။အမသွားချင်တာ ဒီနားလေးတင်ပါလို့ ပြောတာ ကို သူတို့  က ၀ိုင်းထိုးတော့ တာပဲဗိုလ်ကြီးရာ….။။

ကျနော် တော်တော်လေး စိတ်တိုသွားသည်။လုပ်ရက်လိုက်ကျလေခြင်း။မိုးေ၇တွေကလည်းစိုနေပြီ။မောင်ဇော်ကို ကော်ဖီပူပူလေးနဲ့  မုန့် ကျွေးသည်။တကယ်တော့  မောင်ဇော်လို့ ခေါ်တာ ကျနော် အကျင့် တခု ။ရဲဘော်တိုင်းကို ဘယ်တော့ မှ ရဲဘော်ဟု ကျနော် မခေါ်။တပည့် ဟုလည်း မသုံးနှုန်း။သူတို့  နာမည် ရှေ့ မှာ မောင်ထည့် ပြီး ကျနော်ခေါ်သည်။ဆရာများဆိုလျှင်တော့  ရှင်းသည်။ရာထူးနဲ့ ခေါ်ယုံသာ။နောက် ကျနော်တည်းခိုးခန်း ခေါ်သွားပြီး မောင်ဇော်ကိုေ၇ချိုးစေသည်။ကျနော် အ၀တ်တွေပေးဝတ်ပြီး သူ့  အိမ်ကို လိုက်ပို့ ရန်ပြောသောအခါ လိုလိုငှာငှာပင် ဖိတ်ခေါ်သည်။မောင်ဇော်အိမ်က မြောက်ဒဂုံမှာ ။စက်ဘီးတောင် အငှားဟုဆိုသည်။အိမ်လည်းေ၇ာက်တော့  သူ့  အမေ က စောင်လေးခြုံလို့  အဖျားတက်နေသည့်ဟန်။မောင်ဇော် အမ လင်မယားတော့ေ၇ာက်နေကြသည်။ကျနော်လည်း မောင်ဇော် က ခွင့် ရက်စေ့ နေပြီဖြစ်လို့  ပြန်ခေါ်သွားရမှာ ဖြစ်တဲ့ အကြောင်း ပြောပြရသည်။ပြီးနောက် ကျနော်တွင် လက်ကျန်ငွေ ၃ သောင်းခွဲထဲက ၂သောင်းကို ထားခဲ့ သည်။သူ့ အမေကလည်း ကျေးဇူးတွေ တင်လို့ ။မောင်ဇော် မျက်နှာကတော့  ဆိုဖွယ်ရာမရှိတော့ ။
မောင်ဇော် ကိစ္စလုံးပန်းနေသည့် နှင် ကားလက်မှတ်ဝယ်ဖို့  သူ့ မေ့ သွားသည်။ကားကွင်းရောက်တော့ အတော်လေး နောက်ကျလို့ နေပြီ။ဒါပေမဲ့  ဒီဘက်ကားတွေမှာ အမြဲတမ်း VIP ခုံချန်ထားလို့ တော်သေးသည်။သူသွားတော့ေ၇ှ့ ခန်း ၂ ခုံ ကမည်သူ့ မှ မယူသေး။ကားလက်မှတ်ဝယ်ပြီး ကားထွက်ဖို့ စောင့် နေလိုက်သည်။မောင်ဇော် က ဗမာလူမျိုး။ရုပ်ကတော့  အနည်းငယ်ကုလားဆန်သည်။ရှေ့ တန်းမှာ သိပ်အားကိုးရတဲ့ သူပေါ့ ။ကျနော်တပ်ခွဲက ပွိုင့်  မှာ ဆိုရင် အတော်စိတ်ချရတဲ့ သူလေ။ကျနော် သူ့ ကို တခြားရဲဘော်တွေထက် ပိုအားကိုးတယ်။အမြဲတမ်း ကျနော်ခိုင်းသမျှလည်း ဖြစ်အောင်လုပ်ပေးတဲ့ သူလေ။လုပ်ပေးတယ်ဆိုမှ ကျနော် က အုန်းသီး သိပ်ကြိုက်တာ။တပ်က လူပျိုဆောင်ရိပ်သာမှာ ဆို အုန်းပင်တွေ ပေါမှပေါ ။နေလည်ဘက် အုန်းရည် သောက်ချင်ရင်…ဒါမှမဟုတ် အုန်းခြစ်စားချင်ရင်မောင်ဇော်ရေ ဆိုတာ နဲ့  တဗုန်းဗုန်းနဲ့ ပေါ့ ။နောက်တန်းမှာလည်း အဲလို အားကိုးရတာ ။

ကားထွက်ခါနီးကျတော့  ပြသနာတက်သည်။ကောင်မလေးတယောက် လိုက်ဖို့  ကားလက်မှတ်မရတော့  ။သူတို့  အုပ်စု က (၁၅)ယောက်လောက်၇ှိသည်။ပျော်ပွဲစားလား တခုခုဖြစ်မည်။ကားထွက်ခါနီး အပေါ့  ခဏကျနော်သွား၊ ပြန်လာတော့  ဘယ်က ဘယ်လို ဖြစ်သည်မသိ မောင်ဇော်က ကျနော်ဆီလာပြီး

ဗိုလ်ကြီး ကျနော်လက်မှတ်က ယူပြီးသားလို့ ပြောနေတယ် ………..လို့  ကျနော်ကို လာပြောသည်။အာ…ငါကိုယ်တိုင်ဝယ်ထားတာ မင်းကလည်း…..

ဂိတ်မှာ သွားပြောတော့  ကားသမားက နှာ ကျ တဲ့  အဖြစ်။ခရီးသည်ရှားသလားလို့  ။မောင်ဇော်ကလည်း တကယ့်  နုံသည်။စာမတက်ပေမတက်ဆိုတော့ ။ကောင်မလေးတွေဘက်မှ အုပ်ထိန်းသူ အမျိုးသမီး အသက်(၃၅) ခန့်  က သူဆီ လာ အကူအညီတောင်းသည်။သူ ကလည်း ဘုတော ။ခရီးသည်ရှားသလားဗျာ။ဆိုတော့  ကျန်တဲ့ သူတွေက ဦးဇင်းတွေနဲ့ မိသားစုလိုက်ခရီးသည်တွေမို့ ပါတဲ့ ။ခရီးကလည်း မသွားမဖြစ်လို့ ပါဆိုတော့ ။ဘာလုပ်ရမယ် ကျနော်မသိ။နောက်ဆုံးတော့  ဦးဇင်းတပါးကို သူနဲ့  အတူ ထိုင်ပြီး ခုံပေးလိုက်ရသည်။မောင်ဇော်ကိုတော့ ကြားခုံလုပ်ပေးသည်။ကားအတော်လေးသွားမိတော့  ပြသနာက စတက်ပြန်သည်။မောင်ဇော်ကို သူတို့ နားမှာ ကြားခုံပေးထားခြင်းဖြစ်သည်။ကားသမားကို မောင်ဇော် က နံလို့ ဆိုပြီးလာပြောသည်။ဒီကုလားကို နေရာပြောင်းပေးပါဟု မိန်းကလေးတစ်ယောက်က လာပြောသည်။ဒေါသ က ထိန်းမရတော့  ။ခုံလည်းပေးထားရသေးတယ်။အကြောကလည်း မပြင်သေးဘူး။ပိုက်ဆံပေးလိုက်တာတောင် သူ့ ရဲဘော်က အနစ်နာခံထားတာ ကိုမှ မထောက်။စစ်သားဆို ကြည့် မရဘူးဆိုတဲ့  အသံလည်းကြားလိုက်ရသည်။ဘာမို့ လို့  VIP ခုံမှာ နေရာရတာလဲနှင့်  အတင်းအုပ်ခံနေရသည်။သတိတရပဲ။ဆေးရောင်စုံ အညိမ့်  ကားပေါ်မှာပြနေတာ ။တအုပ်လုံး ပွဲကျလို့  အတင်းပြောတဲ့  အသံတွေနဲ့ ။သူတို့  စစ်သားတွေကို စောင်းပြောနေမှန်းတော့ သိသည်။မခံနိုင်တော့  ။ကားလယ်လောက် ကြားမှာ မတ်တပ်ရပ်ပြီး လူမိုက်လုပ်လိုက်သည်။နောက်တော့  ပွစိသံတွေငြိမ်သွားသည်။မတက်နိုင်။လူလူခြင်း နိမ်သလိုလို ပြောတာ ကိုတော့  လက်မခံ။
နောက်တော့ မောင်ဇော်က ရှက်ရှက်နဲ့  ကျနော်နားလာထိုင်သည်။ကားရှေ့ နားလေးမို့  စပယ်ယာနဲ့  ထိုင်ခုံအပိုက မရှိ။အလယ်ကောင်မှာ ငုတ်တုတ်လေး။ဒေါသကထွက်ထွက်လာသည်။ပဲခူးရောက်တော့  ဗိုက်ကြီးသည် လင်မယားတက်လာသည်။မသွားမဖြစ်လို့ ဆိုကာ တောင်းပန်ပြီးလိုက်လာသည်။အလယ်ခုံက ဗိုက်ကြီးသည် မိန်းမ အတွက်ဖြစ်လာတော့ သူ့ ယောက်ျားက လည်း အလယ်ကောင်မှာ ငုတ်တုတ်လေး။ကံဆိုးပြီဟုတွေးလိုက်မိသည်။သူ မနေသာတော့  ။ သူ့ တို့ ထဲက တယောက်ကို ရှေ့ တက်ခိုင်းပြီး အလယ်ခုံနားမှာ အမျိုးသမီးယောက်ျားကို ထိုင်စေသည်။ကျနော်နဲ့ ဇော်ဇော်က ကားအနောက်မှာ ခုံကြားထဲ ၂ ယောက်သား။ကားပေါ်ပါလာတဲ့  (၃၅)ယောက်သော သူများက လုံးဝတုတ်တုတ်မလှုပ်ကြ။အိပ်နေသလိုလို မသိကျေးကျွန်ပြူသည်။

လမ်း မှတ်ပုံတင်စစ်တော့  မိန်းကလေးများအုပ်စုထဲမှ တယောက်က မှတ်ပုံတင်မပါခဲ့ ။မှတ်မှတ်ရရ ဘီးလင်းတံကား ပစ်ခတ်မှု့ အပြီး လုံခြုံရေးတွေ တင်းကျပ်လို့ ။ဂိတ်မှာ စစ်လို့ မပြီးတော့  ချေ။ကားက ဆက်မထွက်နိုင်တော့ ။သူ့ တာဝန်ခံပြောခါမှ အဆင်ပြေတော့ သည်။ဒါတောင် သူ့ လက်မှတ်က အဆစ်ပါကျန်ခဲ့ ရသေးသည်။ဒါနဲ့  ပြသနာက မဆုံးလိုက်။ကျိုက်ထို ကျော်ကျော်လေးကျတော့  ဗိုက်ကြီးသည် အမျိုးသမီးက မွေးချင်ပြန်သည် ဟု အော်နေပြန်သည်။တကားလုံးဆူညံသွားသည်။ကားသမား ဦးလေးကြီးက ဘာလုပ်ရမယ်မသိ။ကားကို လမ်းဘေးထိုးရပ်လိုက်ရသည်။ကျိုက်ထို ကို ပြန်မောင်းဖို့  ပြောတော့  မရတော့ ဆိုကာ အတင်းအော်နေပြန်သည်။နောက်မှ မောင်ဇော်က ကျနော်မွေးပေးမယ်ဟုဆိုကာ ကားလမ်းဘေးက အိမ်လေးမှာ အတင်းခေါ်သွားကြသည်။အဓိက ကတော့  ကျနော်နဲ့ မောင်ဇော် ။သူ့ ယောက်ျားနဲ့ ကားစပယ်ယာ၊နောက်ခရီးသည် ယောက်ျားကြီး (၁)ယောက် ။လမ်းဘေးက အိမ်ကလည်း အိပ်မောကျတုန်း ။တဒုန်းဒုန်းနဲ့ နိုးပြီး အကူအညီတောင်းရသည်။နိုးနေတုန်းမှာပဲ ဗွား ဆိုတဲ့  အသံတခု။ခြေထောက်တခုလုံး စိုရွှဲလို့ ။သွားပြီ။ဒါသူကြားဖူးနေကျစကားလုံး။ေ၇မွှာဆိုတာ တမ်းသိလိုက်ပြီ။အခန်းထဲထည့် ပြီး မကြာ မောင်ဇော်လက်စွမ်းနဲ့  ကလေးတယောက်ထွက်လာသည်။မောင်ဇော်က တပ်မှာ ဆေးခန်းအကူဆိုတာ သူမေ့ သွားခဲ့ သည်။အော် တော်သေးသည်။မောင်ဇော်ရှိလို့  မဟုတ်ရင် ကားပေါ်မှာ ဘယ်သူမှ အားကိုးစ၇ာမပါ။နောက် မောင်ဇော်နဲ့ ကျနော် အဲအိမ်က ရေနဲ့ ခြေထောက်လက်ဆေးသည်။အ၀တ်အစားတော့ လဲချိန်မရ။ထိုလင်မယားကိုလည်း ကားသမားနဲ့ ဘယ်လို ညှိလိုက်သည်မသိ အဲဒီအိမ်မှာပဲထားခဲ့ လိုက်သည်။

ထိုခါကျမှ ကားဆရာနဲ့  ကားပေါ်က တဖွဲ့ လုံး မောင်ဇော် ကို ၀မ်းပန်းတသာနဲ့ ကျေးဇူးတင်ကြသည်။ခေါ်ခေါ်ပြောပြောနဲ့  ဖြစ်လာကြသည်။

စိတ်ထဲကတော့  ဆရာမင်းသုဝဏ် ကဗျာလေးကို ပဲသတိရမိလိုက်သည်။
ကျေးပင် ကျေးရိုး ကျေးမျိုးဆွပ်မှ ကျေးဇူးတင်သည် လူအမျိုးတည်း
တဲ့ လေ………..။


မင်းသန့်   ရေးသားသည်။

Friday 10 February 2012

ဒီစာလေးဖတ်ပြီး၇င် တပ်မတော်သားဘ၀ကို ကိုယ်ချင်းမစာ၇င်နေပါ မကဲ့၇ဲ့ မဆဲဆို၇င် တိုင်းပြည်နဲ့ လူမျိုးတွက် အသက်စွန့်၇လည်းသေပျော်တယ်ဗျာ

NLD ၊ ၈၈ ၊ ကျောင်းသားနှင့် နိုင်ငံရေးသမားများအတွက် အသုံးတည့်မည့်အချက်(၈)ချက်
by Ye Moe on Friday, February 10, 2012 at 9:18am ·
၁။       အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။
၂။       တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့                    အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။
၃။       စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ်  တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။
၎။       စစ်တပ်ကို လက်ကိုင်ဒုတ် စစ်တပ်မဖြစ်စေချင်ရင် စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ဘယ်သူတက် တက် စစ်တပ်ကို အသုံးချလို့မရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲထားပါ။ အမေရိကန်နိုင်ငံသ မိုင်းမှာ နိုင်ငံရေးသမားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေပက်မ၀င်အောင် ဆွဲခဲ့လို့ စစ်တပ်က အာဏာသိမ်းတာ တစ်ခါမှမရှိပါ။ တပ်မတော်ကလည်း အသုံးချခံချင်လှတယ်တော့ မရှိပါ။ ဒါပေမယ့် အစိုးရကို ပုန်ကန်တဲ့တပ်မတော် ပိုပြီးမဖြစ်လိုပါ။ စစ်တပ်မျက်စိကကြည့်လျှင် အထက် အမိန့်မနာခံတဲ့ တပ်မတော်ဟာ အန္တရာယ်အကြီးဆုံးပါ။ အမေရိကန်စစ်ကားထဲမှာ တပ်ခွဲမှူးက သူ့ရဲဘော်ကို စစ်မြေပြင်မှာ ပြောတဲ့အတိုင်း ပြောရရင်  “ ငါတို့က ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီနေရာကိုရောက်နေတာ - - - ကျင့်သုံးဖို့မဟုတ်ပါ ” တဲ့ ။
၅။       ဗိုလ်ချုပ်တွေ မသမာမှုလုပ်ခွင့်ရတာ ဗိုလ်ချုပ်ရာထူးကြောင့်မဟုတ်ပါ။ အာဏာသိမ်းပြီး နိုင်ငံရေး ရာထူးတွေ ယူခွင့်ရသွားလို့ပါ။ နိုင်ငံရေးသမားများအချင်းချင်း ညီညွတ်လျှင် အာဏာသိမ်းလို့မရပါ။ ဘယ်တပ်မတော်မှလည်း နိုင်ငံရေးပယောဂမပါဘဲ အချောင်နာမည်ပျက်ခံပြီး အာဏာသိမ်းလိုမယ် မဟုတ်ပါ။
၆။       စစ်တပ်ကိုလဲ သိပ်ပြည့်စုံနေတယ်မထင်ပါနဲ့ ။ ကျွန်တော် တပ်မတော်ကအငြိမ်းစားယူတဲ့အထိ စစ်တိုက်ရမယ့်နေရာကို ရဟတ်ယာဉ်နဲ့ တစ်ခါမှ အပို့မခံရဖူးပါ။ စစ်သားတွေ ဒဏ်ရာရရင် အိပ်ယာခင်းစောင်ကြားကို ၀ါးလုံးနဲ့လျှို ပုခက်လုပ်ပြီး နှစ်ရက်သုံးရက် လူနဲ့ထမ်းပြီး သယ်ရတာပါ။ ရိက္ခာ (၅)ရက်စာဆို (၁၀)ရက်စာ စားရတာပါ။ စစ်ဆင်ရေး (၃)လလောက်ဆို ရဲဘော်တွေဝတ်စုံ ဟာ ချုပ်ရာ၊ဖာရာ အထပ်ထပ် ဖိနပ်ကလည်း ညှပ်ဖိနပ်ဖြစ်နေပါပြီ။ တပ်ကြပ်ကြီးကို မပြောရကောင်းလားလို့ သွားမဆူပါနဲ့ ။သူ့မှာလည်း အားလုံးပေါင်းမှ ရဲဘော်တွေထက် ၀တ်စုံတစ်စုံ လောက်သာ ပိုချမ်းသာတာပါ။ စစ်ကြောင်းရုံးကို ကြည့်လိုက်ပါဦး။ စစ်ကြောင်းမှူးဘောင်းဘီလည်း ဖင်အဖာနဲ့ပါပဲ။ စစ်သည်တစ်ယောက်ဟာ သေနတ်၊ ရိက္ခာ ၊ ကျည်ဆံ၊ ချပ်ဝတ်တန်ဆာနဲ့ဆို ပေါင်(၄၀)လောက်ရှိနေပါပြီ။ စစ်ကြောင်းအဆင့်ဆို ပွိုင့်ဖိုက် ၊ ၈၁ မမစိန်ပြောင်း၊ ပွိုင့်ဖိုက် ကျည်ဆံ (၁၀၀၀)ပုံး တစ်ပုံးဟာ တိုက်ပွဲဖြစ်လျှင် (၅)မိနစ်လောက်ပဲ ပစ်လို့ရပါတယ်။ ဗျူဟာအဆင့်မှာ လာပါပြီ ၁၂၀ မမစိန်ပြောင်းကြီး ဗုံးသီးတစ်လုံးက ပေါင် (၃၀)လောက် ၊စက်ရုံကထုတ်တဲ့ဗူးကိုဖွင့် ပြီး ထမ်းပိုးနဲ့ ရှေ့နောက်ကြိုးချည် ရဲဘော်တစ်ယောက်ကို ထမ်းပိုးတစ်လက်နဲ့ မသိလျှင် ကန်စွန်းဥတွဲလေးတွေကျလို့ ။ ပေါ်တာဆွဲတာကို ကျွန်တော်တို့လည်းမကြိုက်ပါ ဒါပေမဲ့ ရဲဘော်ပဲထမ်းဆို ရဲဘော်တစ်ယောက်ကို ပေါင်(၇၀)လောက် ရှိနေပါပြီ။ စစ်ကြောင်းက တစ်ရက်လုံးမှ (၅)မိုင်တောင် ခရီးမပေါက်ချင်. . . ဒဏ်ရာရလူနာသာပါလျှင် စဉ်းစားကြည့်ပါတော့ ပေါ်တာဆွဲလျှင်လည်း အရေးယူခံရ၊ မဆွဲဘဲ ကိုယ်တိုင်ထမ်းရတော့လဲ တိုက်ပွဲဖြစ်တဲ့အခါ ရန်သူက လက်သီးနဲ့ဆင်းထိုးလျှင်တောင် ခံရတော့မလောက် အလေးအပင်တွေနဲ့ သူများနိုင်ငံ တပ်မတော်တွေလည်း ကြည့်ကြည့်ကြပါ။ စစ်သားဟာ ၀န်တင်နွားမဟုတ်ပါ
၇။       လူ့အခွင့်အရေးဆိုလို့ ပြောရဦးမယ်။ ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက် ရှေ့တန်းရောက်ဖူးပါသလဲ။ တောထဲကို မရောက်ဖူးဘဲနဲ့တော့ တောရဲ့အကြောင်းကို မသိနိုင်ပါ။ တောမှာ ရဲစခန်းမရှိပါ၊ တရားရုံးမရှိပါ ။တောထဲမှာရှိတာ တောရဲ့ဥပဒေပါ။ အင်အားကြီးတဲ့လူက အင်အားနည်းတဲ့လူကို ချေမှုန်းတာ နားထောင်လို့မကောင်းပါ။ မထောက်ခံပါ ဒါပေမယ့် ကိုယ်ရှင်သန်နိုင်ဖို့ ကိုယ့်တပ်ဖွဲ့ရှင်သန်နိုင်ဖို့ ရုန်းကန်ရာမှာ နည်းလမ်းရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ရနိုင်တာ။ တစ်ဦးတစ်လေကတော့ ခင်ဗျားတို့ ပြောပြောနေတဲ့ လူသားချင်းစာနာမှုအတွက် သူ့အသက်ကို စတေးချင်စတေးမှာပါ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ပါ။ ခင်ဗျားတို့ထဲမှာ ရန်သူကနှိပ်စက်ပြီး ဓားနဲ့လှီးသတ်သွားတဲ့ ကိုယ့်ရဲဘော် အလောင်းကို ဘယ်သူမြင်ဖူးပါသလဲ ။ ရွာအ၀င်လယ်ကွင်းထဲက ကောက်စိုက်ဟန်ဆောင်နေတဲ့ ရွာသားထင်ရတဲ့သူက သေနတ်နဲ့ တေ့ပစ်တာကို ဘယ်သူခံဖူးပါသလဲ။ ရွာထဲက (၅၇)နဲ့ ထောင်းထမောင်းကြေအောင် ပစ်ခံရလို့ ကိုယ့်ရှေ့မှာပဲ ကိုယ့်ရဲဘော်တွေ ကျဆုံးကုန်တဲ့ သူပုန်နဲ့ရွာသား ခွဲမရတဲ့ တပ်ခွဲမှူးဘ၀ကို ဘယ်သူကိုယ်ချင်းစာဖူးပါသလဲ။ ခင်ဗျားမှာ ဒုတိယနည်းလမ်း ရွေးချယ်ဖို့မရှိခဲ့လျှင် ခင်ဗျားရွာထဲကို ပြန်ပစ်မလား ? ခင်ဗျားတပ်ခွဲ အသေခံမလား?
၈။       ကြံ့ဖွံ့၊ကြံ့ဖွံ့နဲ့ ခင်ဗျားတို့ ဆဲချင်ဆဲပါ ဒါပေမယ့် စစ်တပ်နဲ့ ကြံ့ဖွံ့ ဘာမှမဆိုင်ပါ။ ကြုံ့ဖွံ့ခိုင်းတာလုပ်နေရတာ ကြံ့ဖွံ့အစိုးရနေရာရောက်နေလို့ပါ။ ရဲ ၊ မီးသတ်၊ ရ.ယ.က စွမ်းအား၊စည်ပင် ၊ လ.၀.က၊ အခွန်၊ဆောက်လုပ်ရေး ၊ပညာရေး ၊က ည န ၊ ထွေ/အုပ်ဝန်ထမ်း အားလုံးလိုပဲ စစ်တပ်ကလည်း ၀န်ထမ်းပါ။ ခင်ဗျားတို့ မမေ့ဖို့က ခင်ဗျားတို့မှပြည်သူမဟုတ်ပါ ၀န်ထမ်းတွေအားလုံးကလည်း တက်လာတဲ့အစိုးရခိုင်းတာ လုပ်ရတဲ့ပြည်သူတွေပါ။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုလည်း (၂၂)နှစ်မှာ အနှစ်(၂၀)လောက်က ပုဆိုးခြုံထဲက လက်သီးပြနေတာပါ။ ခုမှ ဘာညာနဲ့တော့ ၀န်ထမ်းများကို လာမပြောစေလိုပါ။ အုပ်ချုပ်တဲ့သူကောင်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိတာပါ။ ခင်ဗျားတို့ အခုလို တစ်ဖက်သတ် ကိုယ့်ကိုယ်ကို ပုံပြင်ထဲကသူရဲကောင်းလို၊ မင်းသမီးလေးလိုလုပ် ကျန်တဲ့သူတွေကိုတော့ ပုံပြင်ထဲကစုန်းမကြီးလို၊ မကောင်းဆိုးဝါးကြီးလို လုပ်နေပုံနဲ့တော့ နိုင်ငံကို ကောင်းအောင်၊ တိုးတက်အောင် အုပ်ချူပ်နိုင်ဖို့ဝေးလို့ (၂)နှစ်(၃)နှစ်လောက်ဆိုရင်ကို ကိုယ့်ပါတီကို နိုင်အောင်အုပ်ချုပ်နိုင်ဖို့ မလွယ်ပါ။
ဒီလိုမျိုး ကြမ်းတမ်းတယ်

ဒီလိုမျိုး ပင်ပန်းဆင်း၇ဲတယ်

ဒီလိုမျိုး အသွားဆင်း၇ဲတယ်
ဒီလိုမျိုး နာကြင်ဒုက္ခတွေ၇ှိတယ်

ဒီလိုမျိုး ပေးဆပ်ခဲ့၇တယ်
ဒီလိုမျိုး ဘ၀တွေပေးခဲ၇တယ်
 ဒီနေရာမှကူးယူဖော်ပြပါသည်။ မှကူးယူဖော်ပြပါသည်။

Monday 6 February 2012

လိုအပ်သည့်နေရာတိုင်းမှာအသင့်ရှိနေမည့်သူများ


    
ဆောင်းတွင်းရဲ့တစ်ညတာကိုဖြတ်သန်းရတာ…ခက်ခဲလွန်းပေစွ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတော်ကြိုး..စားယူရပေသည်။အိပ်မပျော်သောညများမှာတောင်စဉ်ရေမရစဉ်းစားပြီးသကာလ ကျွန်ုပ် ဘောပင်တစ်ချောင်းကိုင်ပြီး ရ်ျစာရွက်လွတ် တစ်ခုပေါ်သို့   စတင်ခြေချမိပါတော့သည်။ဒီနေ့တော့ဘာအကြောင်းများရေးရမည်လဲလို့တွေးနေရင်း အတွေးထဲသို့ဖျက်ခနဲ    ပေါက်ချလာသည်ကတော့ ကျွန်တော့ပြောမနာဆိုမနာမိတ်ဆွေယောင်းရင်းများဖြစ်ကြတဲ့ စကားရေပက်မ၀င်  နိုင်အောင်ပြောနိုင်သူ၊မသိတဲ့သူတွေကတော့ကြည့်လိုက်တာနှင့်လူတော်တော်ရှိန်မည့်ရုပ်များနှင့်အချင်းချင်း….တွေ့လျှင်အင်မတင်မှရယ်စရာလုပ်နိုင်သူ(ပေါနိုင်သူများ)၊၀ိသေသအမျိုးမျိုးနဲ့ကျွန်တော်တို့သူငယ်ချင်းတစ်စုလစာထုတ်သောရက်များတွင်တခါတရံယမကာများကိုဆေးဖြစ်ဝါးဖြစ်အလို့ငှာမှီဝဲကြကုန်၏။ယမကာလေးများဝင်လျှင်ဝေဒနာများကိုအချင်းချင်းထုတ်တတ်ကြသည်၊လူငယ်တို့ဘာသာဘာဝအတိုင်းမိမိမိသားစုကြောင်း၊အချစ်  ရေးအကြောင်း၊ငယ်ဘ၀အကြောင်း ကိုနားထောင်နေသူရှိသည် မရှိသည်ကိုမဓာနမထားလေပဲ ပြောမကုန်   အောင်ရှိကြလေကုန်၏။ဒါကလဲကျွန်တော့တို့ဘ၀ရဲ့အိမ်လွမ်းဝေဒနာများကိုဖြေဖြောက်ရာတစ်ခုတည်းသော  ထွက်ပေါက်လေးတစ်ခုသာ၊စိတ်မကောင်းစရာများခံစားနေရလေလျှင်အချင်းချင်းမျှဝေခံစားကြရင်းရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ကျွန်တော့တို့၏တကဲ့ချစ်သူများဖြစ်ကြပေ၏။ ကျွန်တော်တို့သည်စစ်သားများဖြစ်ကြသော်  လည်း တဖန်တပြိုင်နက်ထဲမှာလူများလဲဖြစ်ကြပေသည်။ထို့ကြောင့် ကျွန်တော်တို့ဘ၀ကို နားလည်ပေးသူများ ရှိသလို နားမလည်ပေးသူများနှင့်လည်းကြုံဖူးပါသည်။ အမှန်တကယ်တော့အင်မတန်မှရိုးသားဖြူစင်သောဘ၀ များကိုပြပါဆိုလျှင် ကိုယ့်ဂုဏ်ကိုဖော်မသူတော်လို့ပဲပြောပြော ကျွန်တော်တို့ဘ၀တွေကိုပဲပြမိမှာအမှန်ပင်။   စစ်သားအကြောင်း စစ်သားလုပ်ဖူးမှသိမည်ဆိုသည့်အတိုင်း စစ်သားအကြောင်းသိချင်ပါက စစ်ထဲဝင်ကြည့်ပါ  လို့သာ ကျွန်တော်ရိုးသားစွာတိုက်တွန်းလိုပါသည်။ အမှန်ပင်ရောင့်ရဲနိုင်သူများပေတကား။ဖြူလွှလွှမျော်လင့် ချက်လေးလောက်နဲ့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်ကိုတန်ဖိုးထားတဲ့ ကိုယ့်ကိုဂရုစိုက်တဲ့ ဦးစားပေးမှုတွေများစွာကို ပြတ်သားစွာ ဖြတ်တောက်ခဲ့ပြီး အရာအားလုံးကိုပေးဆပ်ထားကြသူတွေ ဆိုတာကို သူတို့ပြောတဲ့စကားလုံး တွေကြားမှာ အထင်းသားတွေ့မြင်နိုင်ပါတယ်။စစ်သားဖြစ်သည့်အားလျော်စွာ စကားလုံးများသုံးနှုန်းသည့်အခါ အစီအစဉ်ကျချင်မှ ကျပေလိမ့်မည်၊ပေါက်ကွဲလွယ်ခြင်းသည် ကျွန်တော်တို့အားနည်းချက်ဖြစ်ပေလိမ့်မည်   ဒီအခွင့်အရေးကိုအပြည့်အ၀အသုံးချရင်း ကျွန်တော်တို့ဘ၀တွေကိုနင်းခြေသွားသူများ ကျော်ခွသွားသူများလဲ  အများအပြားကြားဖူးကြုံဖူးပါသည်။ဒါပေသည့်ကျွန်တော်တို့စကားဝိုင်းအဆုံးသတ်တိုင်းသည် နိုင်ငံတော်၏လိုအပ်သည့်နေရာတိုင်းမှာအသင့်ရှိနေသူများသာဖြစ်ချင်သောဆန္ဒမှာတစ်ထပ်တည်းသာဖြစ်ကြ ကုန်၏။ စစ်သားများသည်စစ်သွေးကြွနေသော စစ်ဘီလူးများမဟုတ်သလို ကျွန်တော်တို့ပြည်ထောင်စုကြီးပြိုကွဲ ရန်မည်သည့်နည်းနှင့်မျှလုပ်ဆောင်လိမ့်မည်မဟုတ်ဆိုသည် ကိုတော့ သိစေချင်သည်။ စစ်သားဆိုသည်မှာ စစ်သားမဖြစ်သေးသည်ကာလပတ်လုံးတွင် ပြည်သူပြည်သားများဆိုတာကိုတော့ သတိရပေးပါ။ကျွန်တော်တို့ သည်သီးခြားပေါက်ဖွားလာသော အခွင့်ထူးခံလူတန်းစားများမဟုတ်ပါ။ထိုကဲ့သို့အမြင် ခံရသောစကားလုံးများ ကိုဖတ်ရှုမိသည့်အခါတိုင်းတွင်ကျွန်တော်တို့ရင်ထဲတွင်အဘယ်လောက်မျှခံစားသွားနိုင်မလဲဆိုသည်ကိုကိုယ်ချင်းစာပေးစေလိုပါသည်။ကျွန်တော်တို့ကျခဲ့တဲ့ချွေးတွေသွေးတွေအတွက်ကျွန်တော်တို့တို့လိုချင်မှု၏တောင့်တမှုတို့သည်လက်ခုပ်သြဘာမဟုတ်သလို အခွင့်ထူးခံဖို့လဲမဟုတ်ပါ။လူတိုင်း လူတိုင်းမှာ အနာဂတ်အိပ်မက်များရှိကြပေရာ ကျွန်တော်တို့သည်လဲလူများဖြစ်ကြရ်ျ အိပ်မက်လေးများတော့ကိုယ်စီရှိကြပါသည်။သို့ပေမဲ့ ကျွန်တော်တို့အိပ်မက်များသည် အိပ်မက်မျှသာ ဖြစ်ပေ တော့သည်။အဘယ်အချိန်မှာမှ ဖြစ်လာလိမ့်မည်မဟုတ်ဆိုသည်ကတော့၉၉ ရာခိုင်နှုန်းသေချာသလောက်ဖြစ်ပေ၏။ကျွန်တော်တို့သည် အဖေအမေ အဖိုးအဖွား ညီလေးညီမလေး အမများ အကိုများဖြင့် အများသူငှာလိုနွေးထွေးစွာနေလိုကြသည်၊ကိုယ်ချစ်သော ချစ်သူနှင့် မကွဲမကွာအတူရှိချင်နေကြသည်၊ အများသူငှာ လိုအမိုးအကာအပြည့်အစုံပါသောအိမ်ထဲတွင် စောင်လေးခြုံပြီးအိပ်ချင်ကြသည်၊ သေနတ်သံများဆူညံနေသော မိုင်းကွင်းထဲကိုမသွားချင်ကြပါ၊ ခြေထောက်ပြတ်ခြင်းလက်ပြတ်ခြင်းများမဖြစ်ချင်ကြပါ၊ တစ်နေကုန်တစ်တောင်တက်တစ်တောင်ဆင်း ချောင်းကိုဖြတ် မြစ်ကိုကျော် ကမ်းပါးကိုကုတ်တက် ချောက်ကိုချောဆင်းမသွားလိုကြပါ၊သို့ပေသော်ငြားလဲ ကျွန်တော်တို့ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့နဲ့မည်သူတစ်ယောက်ကမှခြေဖျားလေးနဲ့တောင်မကျူးကျော်နိုင် ဖို့၊ပြည်သူလူထုတွေအေးချမ်းစွာရပ်တည်အိပ်စက်နိုင်ဖို့အတွက်တိုင်းပြည်၏နယ်နိမိတ်မျဉ်းနေရာမလပ်မှာကျွန်တော်တို့စစ်သားများတဲထိုးပြီးအသင့်ရှိ နေကြပါတယ်။သို့သော်ကျွန်တော်တို့ရဲဘော်တွေဘယ်တော့မှညဉ်း ငြူနေလိမ့်မည် မဟုတ်။ ထိုကဲ့သို့နေရာတစ်ခုတည်းတွင် မဟုတ်ပါ လိုအပ်နေသည့်နေရာတိုင်းတွင် အမြဲတမ်း အသုံးတည့်အောင်ကြိုးစားလုပ်ဆောင်နေကြသည်ကိုအသိအမှတ်မပြုချင်နေပါကျွန်တော်တို့၏ဘ၀နှင့်ခံစား ချက်များကိုတော့လူသားချင်းစာနာပေးကြစေလို၏။စကားလုံးလှလှလေးတွေသီကုံးနိုင်ဖို့ ကျွန်တော်တို့မသင်ကြားခဲ့ရလေတော့ သူငယ်ချင်းများ၏ တစ်ယောက်ချင်းစီ၏ခံစားချက်များကိုအစီအစဉ်မကျ စွာချရေးမိသောကျွန်တော့်ကိုသာ စာဖတ်သူများအပြစ်တင်ပေအံ့။
                  (မာန်အွမ်)

Sunday 5 February 2012

ခံစားချက်

ပုခုံးထက်က ငွေကြယ်တပွင့် အလိုလို ဖြစ်တည် ခွင့် ရခဲ့ တာမှမဟုတ်တာ………..။
ပေးအပ်ထားတဲ့  အသက် နှင်းအပ်ထားတဲ့  ခန္ဒာ…………
ငါသေမှ ငါမြေရမယ်ဆိုတဲ့ စိတ်နဲ့ ပေါ့………….။
မြစ်ချောင်းတွေလည်းဖြတ်……… ထမင်းတွေလည်းငတ်………..
တောတောင်တွေလည်းတက်ခဲ့ ဖူးပြီ
ခက်ခဲ တဲ့ နေရက်တွေလက်ချိုးရေ…
ဒို့ မြေကို ကာကွယ်ရမယ်ဆိုတဲ့  အသိစိတ်နဲ့ ပေါ့………………။
ပေးဆပ်ခြင်းတော့  ဘယ်တူမလဲ သွေးခြင်းတူတောင် ရဲနေရမယ်……. 
သမိုင်းပေးပဲဆိုဆို တာဝန်လိုပဲပြောပြော 
ငါတို့ သဘောတော့ ………… ရဲ့ ဝံ တဲ့ စိတ်ဓါတ် မွန်မြတ်သော အလုပ် 
တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုတဲ့  ရည်မှန်းချက်နဲ့ ပေါ့……….။
ကျောပိုးအိတ်ကို ခေါင်းအုံးအိပ် ဟန်းကောကို ပန်းကန်လုပ်
အပူရုပ် ငါတို့ ကိုယ်မှာ တခါတလေ တော့  အေးချမ်းချင်တာပေါ့ ……..။ 
စွန့် စားမှု့ အတွက် ဂုဏ်ယူတာမဟုတ်ပါဘူး… စွန့်လွှတ်နိုင်မှု့ နဲ့  ဂုဏ်ယူတာပါ…။ 
ရယူခြင်းနဲ့  တာဝန်ယူနေတာမဟုတ်ပါဘူး……..
ပေးဆပ်ခြင်းနဲ့  တာဝန်ထမ်းရွက်နေတာပါ…….။
တကယ်တော့ လေ………… ပုခုံးထက်က ငွေကြယ်တပွင့် အလိုလို ဖြစ်တည် ခွင့် ရခဲ့ တာမှမဟုတ်တာ………..
(https://www.facebook.com/wana.htun/posts/235747023176772) 
မှကူးယူဖော်ပြပါသည်။မူရင်းကဗျာတွင်ခေါင်းစဉ်မတွေ့ရ်ျခေါင်းစဉ်တပ်ထားပါသည်။ကဗျာပိုင်ရှင်နားလည်နိုင်ပါစေ။

Saturday 4 February 2012

မြန်မာလူမျိုးတိုင်း၏ တာဝန်(၃)ခု


မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းဒေသရှိပြီး ပင်လယ်ထွက်ပေါက် ရှိသည့် နိုင်ငံဖြစ်သည်။
 
မြန်မာလူမျိုးဆိုသည်မှာ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း များအပါအ၀င် လူမျိုးစု(၁၃၅)စုလုံးအားရည်ညွန်းသည်။

မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသည့် နိုင်ငံအဖြစ်ကမ္ဘာတွင်ထင်၇ှားသည်။

ကိုယ့်ထီးကိုယ့်နန်းနဲ့ ထည်ဝါစွာနေထိုင်ခဲ့ကြသည်။

၁၈၈၅ခုနှစ်တွင် နယ်ချဲ့တို့ကြောင့် ကျွန်ဖြစ်ခဲ့ရသည်

မြန်မာတို့သွေး ရဲရဲနီခဲ့သည်။

အခက်အခဲမည်မျှ များများ မြန်မာတို့ မကြောက်ခဲ့ကြပေ။

နှစ်ပေါင်းတစ်ရာကျော် ကျွန်ဖြစ်ပြီးနောက် ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးပြန်ရခဲ့သည်။
အခက်အခဲ၊သွေး။ချွေး အရင်းအနှီးများစွာ ဖြင့် ရယူခဲ့သော လွတ်လပ်ရေးသည် အမှတ်တမဲ့ နေလျင် ခဏနှင့် ကျွန်ဘ၀ပြန်ရောက်နိုင်သည်။
လွတ်လပ်ေ၇းသည်

အမှုမဲ့အမှတ်မဲ့နေလျင် ခဏလေးနဲ့ ပြန်ဆုံးရှုးံနိုင်သည်။

ရိုးသားသော မြန်မာလူမျိုးများ

ဒီနိုင်ငံအတွက်ငါတို့မှာ တာဝန်(၃)ခုရှိတယ်။

(၁)ငါတို့ပြည်ထောင်စုကြီး ပြိုကွဲလို့မရပါ။

(၂)ငါတို့တိုင်းရင်းသားတွေ စည်းလုံးမှုပြိုကွဲလို့မရပါ။

(၃)ငါတို့နိုင်ငံရဲ့ အရေးကိစ္စတွေကို မြန်မာလူမျိုးမှလွဲပြီး ဘယ်နိုင်ငံဘယ်လူမျိုးကိုမှ စွက်ဖက်ခွင့်မပေးနိုင်ပါ။

ကမ္ဘာတည်တဲ့ အထိ မြန်မာတည်ရန် ငါတို့အားလုံးမှာတာဝန်ရှိသည်။




https://www.facebook.com/aungthuhein90

စစ်ဟာ ပွဲဟုတ်မဟုတ် Page3 of 3

စစ်ပွဲ ဆိုတာကလည်း အထက်ပါ ရန်ပွဲ၊ ရိုက်ပွဲတွေနှင့် အခြေခံအားဖြင့် သဘောအားဖြင့် တူတူပါပဲ။ ပါဝင်တဲ့ လူအင်အား၊ အဖွဲ့အစည်း အရွယ် အစား၊ အသုံးပြုကြတဲ့၊ ကိုင်တွယ်ကြတဲ့ လက်နက်များသာ ကွာခြားကြတယ်။ စစ်ပွဲဆိုတာ က လူအုပ်စု တစ်စုနှင့် တစ်စု ရန်ဖြစ်ကြ၊ ရိုက်နှက် သတ်ပုတ်ကြတဲ့ အဆင့်ကို ကျော်လွန်ပြီး နိုင်ငံ အဆင့်မှာ နိုင်ငံချင်း ရန်ဖြစ်ကြပီး တိုက်ကြ၊ ခိုက်ကြခြင်းမျှသာ ဖြစ်ပေတယ်။ စစ်ပွဲမှာ စစ်တပ်ခြင်း တိုက်ကြတဲ့ တိုက်ပွဲများ အပြင် ပြည်သူတွေ နေထိုင်တဲ့ မြို့ပြ၊ ကျေးရွာများရှိ စစ်ကို အထောက်အကူ ပြုတယ်လို့ ယူဆတဲ့ နေရာများကိုလည်း လေကြောင်း တိုက်ခိုက်မှု အပါအ၀င် နည်းမျိုးစုံနှင့် တိုက်ခိုက်ကြလို့ သာလျှင် လူအုပ်စုချင်း၊ ရပ်ရွာချင်း ရန်ပွဲ၊ ရိုက်ပွဲ တွေထက် နိုင်ငံချင်း ဖြစ်တဲ့ စစ်ပွဲရဲ့ သေကြေ ဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာ ပျက်စီး ဆုံးရှုံးမှုများက အဆပေါင်း ထောင်ပေါင်းများစွာ ပိုမို များပြားခြင်း ဖြစ်ပေတယ်။ အခြေခံ သဘောကတော့ တူတူပါပဲ။ မကွဲပြားပါဘူး။ ဆရာဝင်းမြင့်ရဲ့ မေးခွန်းက“စစ်ဟာ ပွဲဟုတ် မဟုတ်” ဒီမေးခွန်းကို ဖြေဆိုဖို့အထက်မှာ ဆွေးနွေး တင်ပြခဲ့တာတွေကို အခြေခံပြီး မေးခွန်းလေး တစ်ခု ထပ်မေးဖို့ လိုလာပါတယ်။ “ရန်” ဟာ ပွဲဟုတ်ပါလား။ “ရိုက်” ဟာ ပွဲ ဟုတ်ပါလား။ “သေ” ဟာရော ပွဲဟုတ်ပါလား။ စာရှုသူများ ဘယ်လို ယူဆပါလဲ။ မြင်ပါသလဲ။ ဘယ်လိုဖြေပါမလဲ။ မေးခွန်းရှင် ဆရာဝင်းမြင့် ကကော ဘယ်လို ဖြေပါမလဲ။ “ရန်” ဟာ ပွဲဟုတ်တယ်ဆိုလျှင် “ရိုက်” ဟာ ပွဲဟုတ်တယ်ဆိုလျှင်၊ “သေ” ဟာ ပွဲဟုတ် တယ်ဆိုလျှင် “စစ်” ဟာလည်း ပွဲဟုတ်ရတော့ မှာပေါ့။ “ရန်”၊ “ရိုက်”၊ “သေ” တွေဟာ ပွဲမဟုတ်ဘူးလို့ ဖြေကြလျှင် “စစ်”ဟာလည်း ပွဲမဟုတ် ဘူးပေါ့။ ဆရာဝင်းမြင့်ရဲ့ မေးခွန်းအတွက် အဖြေကို အဲဒီလို ဆက်စပ် စဉ်းစားမိပါတယ်။ ဒီဆောင်းပါး စာမူကြမ်းကို အချောသပ် ပြင်ဆင် ရေးသားနေစဉ်မှာ ပြောမနာ ဆိုမနာဖြစ်တဲ့ ကျောင်းနေဘက် ငယ်သူငယ်ချင်းများ တစ်ယောက် အလည် ရောက်လာပါတယ်။ သူက အောင်မြင်နေတဲ့ စီးပွားရေး သမား၊ ကျောင်းပြီး ကတည်းက စီးပွားရေး လုပ်နေသူပါ။ ကျွန်တော့်ဆီ လာလည်နေကြမို့ အိမ်သားများက သူ့ကို ကျွန်တော်ရှိရာ ကျွန်တော့်ရဲ့ စာကြည့်ခန်းကိုပဲ ခေါ်လာခဲ့ပါတယ်။ စာကြည့်ခန်းက ကျွန်တော့်ရဲ့ ၀ပ်ကျင်းပါ။ အငြိမ်းစား ၀န်ထမ်းတစ်ဦး အနေနှင့် နေအိမ်မှာပဲ အချိန်ကုန်တာများလေတော့ အနှောင့်အယှက် ကင်းတဲ့၊ အေးငြိမ်းတဲ့ နေရာလေးဖြစ်အောင် သက်သောင့်သက်သာ နားနေနိုင်အောင် အိမ်သူ သက်ထား ချစ်မယားက ကျွန်တော့်ရဲ့ စာကြည့် ခန်းလေးကို ဆင်ပြင် ဖန်တီး ပေးထားပါတယ်။ ကျွန်တော်က စာကြည့်ခန်းမှာပဲ နေလေ့ရှိပြီး ဧည့်သည် လာမှသာ ဧည့်ခန်းကို ထွက်လာပါတယ်။ ငယ်သူငယ်ချင်းတွေ လာကြလျှင် စာကြည့်ခန်း မှာပဲ စကားလက်ဆုံ ကျလေ့ ရှိပါတယ်။ သူငယ်ချင်းနှင့် ထွေရာလေးပါး စကား လက်ဆုံပြောကြရင်း ကျွန်တော် ရေးနေတဲ့ “စစ်ဟာပွဲ ဟုတ်မဟုတ်” ဆောင်းပါးအကြောင်း ရောက်သွားတော့ သူက ဆောင်းပါး စာမူကြမ်းတောင်း ဖတ်ပါတယ်။ သူ့ရဲ့ အမြင်ကိုလည်း သိချင်တာနဲ့ ပေးဖတ်လိုက်ပါတယ်။ သူငယ်ချင်းက ဆောင်းပါး စာမူကြမ်းကို ဖတ်ရင်း ပြုံးပြုံးလာပါတယ်။ ဖတ်လို့ ပြီးဆုံးသွားတော့ ကျွန်တော့်ကို ခေါင်းမော်ကြည့်ပြီး ဆောင်းပါးအမည် “စစ်ဟာပွဲ ဟုတ်မဟုတ်”ကို အသံနေအသံထား နှင့် ဖတ်လိုက်ပါတယ်။ နောက်တစ်ကြိမ် အလားတူ ထပ်ဖတ်လိုက်ပြီး နောက် ရယ်ရယ်မောမောနှင့် ကျွန်တော့်ကိုသူ ပြောလိုက်တာက “သူငယ်ချင်းတို့က ကြောင်ရေချိုးနေ ကြတာပဲ” တဲ့။ 
မောရနွယ်မောက် (ပေဖူးလွှာ မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၁၀)

စစ်ဟာ ပွဲဟုတ်မဟုတ် Page 2 of 3

“စစ်” ဆိုတာဟာ “ပွဲ” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုဖြစ်တဲ့ ပရိသတ်များ စုဝေးရာ သဘင်၊ လူအများစုဝေး ဆင်နွှဲသော ပျော်ရွှင်မှု အခမ်းအနားလည်း မဟုတ်ပြန်တော့ ဆရာဝင်းမြင့် ရဲ့ မေးခွန်းကို “စစ်ဟာပွဲ မဟုတ်ပါ” လို့ ဖြေရတော့ မလားဆိုပြီး စဉ်းစားမိပါတယ်။ “စစ်ပွဲ”ဟာ သဘင်၊ ပျော်ရွှင်မှု အခမ်းအနား မဟုတ်ပေမယ့် ပရိသတ်၊ လူ အများပါဝင် ဆင်နွှဲရတာ ဖြစ်ပြန်တော့ “ပွဲ” အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ဘောင်ဝင်ပြန်ပါသည်။ “စစ်ပွဲ” လို့ ခေါ်ကြတာက ဒီ အယူအဆကြောင့် ဖြစ်နိုင် ကောင်းတယ်လို့ စဉ်းစားမိပြန်ရော။ အစဉ်အဆက် “စစ်ပွဲ” လို့သာပဲ ခေါ်ခဲ့၊ ပြောခဲ့တာကို ယခုမှ ဘယ်လိုနှင့် ဘယ်လို ဒီမေးခွန်း ပေါ်လာရတာလဲလို့ ဆက်ပြီး တွေးမိပြန် တယ်။ အစဉ်အဆက် ပြောရိုးပြောစဉ် စကား၊ အသုံးအနှုန်းကို ကဗျာဆရာက လက်မခံနိုင်ဘဲ မေးခွန်း ထုတ်လာတယ် မဟုတ်လား။ “သဘင်” စကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကို ရှာကြည့်ပြန်တယ်။ မြန်မာ အဘိဓာန်က “သဘင်” စကားလုံးကို ဒီလို ဖွင့်ဆိုပါတယ်။ -သဘင် = နာမ်၊ အစုအဝေး၊ အခမ်းအနား၊ ပွဲလမ်း။ သဘင်လည်း မဟုတ်၊ ပျော်ရွှင်မှု အခမ်းအနား အဖြစ်လည်း မရည်ရွယ်ပါဘဲနှင့် “ပွဲ” လို့ ခေါ်ကြတာတွေ အများအပြား ရှိပါတယ်။ ဥပမာ ဘာသာရေး ကိစ္စများမှာ ဗုဒ္ဓပူဇာနေယျပွဲ၊ ကထိန်ပွဲ၊ တရားပွဲ စသည်ဖြင့် ခေါ်ဝေါ်ကြတဲ့ ပွဲတွေ ရှိပါ တယ်။ တစ်ဦးနှင့် တစ်ဦး၊ တဖွဲ့နှင့်တစ်ဖွဲ့ အနုနည်းနှင့် ယှဉ်ပြိုင်ကြတာတွေကိုလည်း “ပွဲ” ကိုလည်း ခေါ်ကြတယ်။ အပြေးပြိုင်ပွဲ၊ လှေပြိုင်ပွဲ စသည်ဖြင့် ပေါ့။ အကြမ်းနည်း ပါဝင်တဲ့ ယှဉ်ပြိုင်မှုတွေမှာ လည်း “ပွဲ” စကားလုံးကိုပဲ သုံးကြပြန်တယ်။ တိရစ္ဆာန်နဲ့ ပတ်သက်ပြီး တိုက်ကြက်ခြင်း တိုက်တဲ့ ပြိုင်ပွဲကို “ကြက်ပွဲ” တိုက်နွားချင်း တိုက်တဲ့ ပွဲကို “နွားတိုက်ပွဲ” စသည်ဖြင့် ခေါ်ကြတယ်။ ဘာသာရေး ပွဲနှင့် ဆက်စပ်ပြီး သတ်မှတ်ပွဲ တော် နေ့မှာ ကျွဲ၊ နွား၊ ဆိတ်၊ သိုး စတာတွေကို အများအပြား သတ်ကြတာ တွေကိုလည်း “ကျွဲ သတ်ပွဲ” “နွားသတ်ပွဲ” စသည်ပဲ ခေါ်ကြပြန်တယ်။ လူစုလူဝေးနှင့် လုပ်တဲ့ “ငါးဖမ်းပွဲ” ဆိုတာ လည်း ရှိသေးရဲ့။ ငါးဖမ်းပွဲ ဒုတိယ ကမ္ဘာစစ်အတွင်း မော်လမြိုင်ရဲ့ သံလွင်မြစ် တစ်ဘက်ကမ်းရှိ ဘီလူးကျွန်းက ဘွက်နက်ရွာကြီးကို စစ်ပြေးခဲ့ပြီး တစ်နွေ၊ တစ်မိုး နေခဲ့ဖူးပါတယ်။ သံလွင်မြစ်ကမ်းမှ အတွင်းဘက် တစ်မိုင်လောက်မှာ ရွာရှိပါတယ်။ ဘွတ်နက် ချောင်းဟာ ရေတက်၊ ရေကျရှိပြီး နွေကာလ ရေကျချိန်မှာ ရေအနက်ဆုံး နေရာမှာပင် ရင်ခေါင်းထက် ပိုလို့ မနက်ဘူး။ နွေကာလ ရွာသူကြီး သတ်မှတ်တဲ့ နေ့တစ်နေ့ နံနက်ခင်းမှာ အဲဒီ ချောင်းထဲ ငါးဖမ်းပွဲ လုပ်ကြပါတယ်။ ဖမ်းပုံဖမ်း နည်းက လွယ်ကူတယ်။ ထူးလည်း ထူးခြားပါတယ်။ ရွာရှိ နွားပိုင်ရှင်များက ရွာသူကြီးရဲ့ အမိန့်အတိုင်း ချောင်းဖျားက သတ်မှတ်နေရာနှင့် အချိန်မှာ နွားတွေနှင့် အတူ လာစုဝေးကြပါတယ်။ လူစုံ နွားစုံပြီဆိုလျှင် ပိုင်ရှင်များက နွား အားလုံးကို ချောင်းထဲ မောင်းချလိုက်ပြီး ချောင်းရိုး အတိုင်း ချောင်းဝကို မောင်းကြတယ်။ ချောင်းဝ မရောက်ခင် နွားများ ချောင်းကမ်းပါးပေါ် ပြန်တက် ရန် လွယ်ကူတဲ့ နေရာကို ကြိုတင်ရွေးချယ် သတ်မှတ်ထားတယ်။ အဲဒီနေရာ ရောက်လျှင် နွားတွေကို ချောင်းကမ်းပေါ် ပြန်မောင်းတင်လိုက်ကြ ပါတယ်။ နွားကောင်ရေက ၁၀၀ ကျော် ၁၅၀ လောက်ရှိလေတော့ ဒီနွားအုပ်ကြီးရဲ့ နင်းခြေမှု ကြောင့် ငါးများ မူးမေ့သေကြေ ကြပြီး ရေပေါ်ကို ပေါ်လာကြတယ်။ နွားအုပ်ကြီး နောက်က နွားရှင် မိသားစုတွေ လိုက်ပါကြပြီး ငါးကောက်ကြတာ ပေါ့။ နွားမရှိသူတွေ ကတော့ နောက်ဆုံးက လိုက်ပါပြီး အ<ကင်းအကျန်တွေကို ကောက်သင်း ကောက်ကြပါတယ်။ အလွန် အလွန်ပျော်စရာ ကောင်းပါတယ်။ ရွာသားတွေက “ငါးဖမ်းပွဲ” လို့ ခေါ်ကြတယ်။ ဒီမှာလည်း “ပွဲ” ဆိုတဲ့ စကားလုံးပဲ သုံးကြတယ်။ တိရစ္ဆာန်များနှင့် ပတ်သက်ပြီး “ပွဲ” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းကို ဒီလိုပဲ ကြားခဲ့ဖူးပါတယ်။ လူနှင့် ပတ်သက်တဲ့ ပွဲ ကြက်တိုက်ပွဲ၊ နွားတိုက်ပွဲတွေ ရှိသလို လူတွေ အကြမ်းနည်းနှင့် ယှဉ်ပြိုင်ကြတဲ့ ပွဲတွေ ရှိပါတယ်။ အိုလံပစ် ပွဲတော်မှ အစ အားကစား ပွဲများမှာ ဓားရေးပြိုင်ပွဲ (င်္နညခငညါ) ၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ လက်ဝှေ့ပွဲ၊ သိုင်းပြိုင်ပွဲ စတာတွေ ရှိသေးတယ်။ ဒီပြိုင်ပွဲတွေမှာ ထိခိုက်ဒဏ်ရာ ရမှုရှိတဲ့ အခါလည်း ရှိတာပေါ့။ ဒီအကြမ်းနည်း ယှဉ်ပြိုင်မှုတွေ မှာလည်း “ပွဲ” ဆိုတဲ့ စကားလုံးကိုပဲ သုံးကြပါ တယ်။ ယှဉ်ပြိုင်မှု သဘောပြု လုပ်တာ မဟုတ်တဲ့ “ရန်ပွဲ”၊ “ရိုက်ပွဲ” ဆိုတာတွေလည်း ရှိသေးရဲ့။ လူအများ လာရောက်ကြည့်ကြတဲ့ ဘောလုံးပွဲ စတဲ့ ပွဲအမျိုးမျိုး မှာ လာရောက် အားပေးကြတဲ့ နှစ်ဖက် ပရိသတ်ချင်း ရန်ဖြစ်ကြတယ်။ ရိုက်ကြတယ်။ လူသေတယ်။ ဒဏ်ရာရကြတယ်။ စာသင် ကျောင်းချင်း၊ ရပ်ကွက်ချင်းချိန်း ရိုက်တဲ့ ရိုက်ပွဲတွေ အထိ မြင်တွေ့ဖူးခဲ့ပါတယ်။ ရန်ကုန်မြို့လယ်က အထက်တန်းကျောင်း နှစ်ကျောင်းဟာ လွတ်လပ်ရေးရစ ကာလမှ စပြီး အစဉ်အဆက် ရန်ဘက် ဖြစ်ခဲ့ကြပါတယ်။ တစ်ကျောင်းက ခရစ်ယာန် မစ်ရှင်ကျောင်း၊ ကျန်တစ် ကျောင်းက အစိုးရကျောင်း၊ နှစ်စဉ်လိုလို ရန်ဖြစ်ကြတယ်။ ချိန်းရိုက်ကြတယ်။ လက်လွန်ခြေ လွန်ဖြစ်ကြပြီး ရန်ကုန် ဆေးရုံကြီးကို ရောက်သူ ရောက်ကြတာပေါ့။ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်ကြမှပဲ ဒီရန်ပွဲတွေ၊ ချိန်း ရိုက်ပွဲတွေ ပပျောက်သွားခဲ့တယ်။ ဒီလိုလူတွေ အုပ်စုနှင့် အစုအဝေးနှင့် ရန် ဖြစ်ကြ၊ ရိုက်ကြတာတွေမှာလည်း “ပွဲ” ဆိုတဲ့ စကားလုံးပဲ သုံးကြတယ်။ “ရန်ပွဲ”၊ “ရိုက်ပွဲ”တဲ့။ အသုံးအနှုန်း တစ်ခုရှိပါသေးတယ်။ “သေပွဲ ၀င်တယ်” တဲ့။
 Written by မောရနွယ်မောက်

စစ်ဟာ ပွဲဟုတ်မဟုတ် Page 1 of 3

“စစ်ဟာပွဲ ဟုတ်မဟုတ်”။ ထူးခြားတဲ့ ဒီမေးခွန်းလေးက ကျွန်တော့်ရဲ့ အာရုံကို ဆွဲငင်ဖမ်းယူ လိုက်ပါတယ်။ ကဗျာ ဆရာကြီး ဦးဝင်းမြင့်က သူ့ရဲ့ “ရှေ့တန်း စစ်မျက်နှာများ” ကဗျာမှာ ဒီမေးခွန်းကို မေးထားပါတယ်။ (ပိတောက်ပွင့် သစ်၊ ၂၀၀၉ ဇန်န၀ါရီ)။ စစ်သားအိုကြီး ဖြစ်တာက တစ်ကြောင်း။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမျှ မကြားဖူးသေးတဲ့ မေးခွန်းဖြစ်တာက တစ်ကြောင်းမို့ ဒီမေးခွန်းကို အတော် စိတ်ဝင်စား သွားပါတယ်။ “စစ်ပွဲ”ဆိုတဲ့ စကားလုံးကို ဒုတိယ ကမ္ဘာစစ် မြန်မာပြည်ကို မရောက်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်ကတည်းက အလယ်တန်း ကျောင်းသား ဘ၀နှင့် ကျွန်တော် ကြားဖူးပါတယ်။ ဖတ်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲတဲ့။ အဲဒီအချိန်က ဖြစ်နေတဲ့ တရုတ်-ဂျပန်စစ်ပွဲ၊ ဥရောပမှာ ဖြစ်နေတဲ့ အင်္ဂလိပ်-ဂျာမဏီ စစ်ပွဲအကြောင်းတွေ၊ သတင်းစာတွေမှာ မပြတ် ပါနေပါတယ်။ ကျွန်တော်နေတဲ့ ကျောင်းက အင်္ဂလန်အသင်းတော် (Church of England) က ဖွင့်တဲ့ မစ်ရှင်ကျောင်းဆိုတော့ “စစ်ရံပုံငွေ” ဆိုပြီး အတင်းအကြပ် ကောက်ခံလို့ မကျေမနပ်နှင့် လစဉ် ထည့်ခဲ့ရတာ မှတ်မိပါသေးတယ်။ “သူ့ကျွန်” ဆိုတော့လည်း လုပ်သမျှ ခေါင်းငုံ့ ခံရဆဲ ကာလပေကိုး။ အဲဒီ အချိန်က ဖတ်ခဲ့ရသမျှ ကြားခဲ့ရသမျှ အားလုံးမှာလည်း “စစ်ပွဲ” ဆိုတဲ့ စကားလုံးသာ ဖြစ်ပါတယ်။ ယခု ကဗျာ ဆရာကြီး ၀င်းမြင့်က “စစ်ဟာ ပွဲဟုတ်မဟုတ်” လို့ မေးခွန်း ထုတ်လာပါပြီ။ ဆရာဝင်းမြင့်က သူ့ရဲ့ “ရှေ့တန်း စစ်မျက်နှာများ” ကဗျာကို “ပင်လယ်ကွေ့စစ်ပွဲဟာ အိပ်နေတယ်” ဆိုတဲ့ စာသားလေးနှင့် စဖွင့်ထားပါတယ်။ ကဗျာပါ စာပိုဒ်လေး တစ်ခုက “ကမ္ဘာကြီးဟာ ဂျုံကြောင့် ပလာတာ ဖြစ်လာသလို ပဲကြောင့်ပဲ လာတာ ဖြစ်လာတယ်။ ဘယ်ပွဲကြောင့် စစ်ဖြစ်ခဲ့ရလဲ။ စစ်ဟာ ပွဲ ဟုတ်မဟုတ် ပင်လယ်ကို နောက်နောင် ဘယ်တော့မှ မကွေ့ခိုင်းဘူး” တဲ့။ ဆရာဝင်းမြင့် မေးခွန်းရဲ့ အဖြေကို ကျွန်တော် ကြိုးစား ရှာကြည့်ခဲ့ပါတယ်။ အဖြေ ရှာရင်းနှင့် နောက်ဆက်တွဲ မေးခွန်း တစ်ခု အလိုလို ပေါ်လာပြန်ရော။ ဆရာဝင်းမြင့်က “စစ်ဟာပွဲဟုတ် မဟုတ်” လို့ မေးပါတယ်။ အကယ်၍ စစ်ဟာ ပွဲမဟုတ်ဘူးလို့ အဖြေ ထွက်လာလျှင် “စစ်ဟာ ဘာဖြစ်ပါတယ်” လို့ ပြောကြမလဲ။ စစ်ဟာပွဲ မဟုတ်လျှင် ဘာပါလဲ။ ကဗျာမှာ “စစ်ဟာ ပွဲဟုတ်မဟုတ်” ဆိုပြီး “စစ်” က စာလုံးတစ်လုံး၊ “ပွဲ” က စာလုံးတစ်လုံး သီးခြားခွဲပြီး ရေးထားပါတယ်။ ဒီစကား နှစ်လုံးကို မြန်မာ အဘိဓာန်က (မြန်မာစာအဖွဲ့) ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ပါလိမ့် ဆိုပြီး ရှာကြည့်ခဲ့တယ်။ ဒီလို အဓိပ္ပာယ် ဖွင့်ထားပါတယ်။ “စစ်” - နာမ်၊ ၁။ တိုင်းပြည်အချင်းချင်း လက်နက် အားကိုး နှင့်တိုက်ခိုက်ခြင်း။ ၂။ ပဋိပက္ခဖြစ်ခြင်း။ ကြိယာ - ၁။ အရောအနှော မဟုတ်၊ အတုအယောင် မဟုတ်၊ပကတိ အတိုင်းဖြစ်သည်။ ၂။ ညံ့သည်၊ ကောင်းသည်၊ မှားသည်၊ မှန်သည် စသည်တို့ကို ကြည့်ရှုမေးမြန်းသည်။ ၃။ အနည်အဖတ်နှင့် အရည်ကို တခြားစီ ဖြစ်အောင် လုပ်သည်။ ၄။ လျော့ပါးသွားသည် “ရေစစ်ပြီ”။ “ပွဲ” နာမ် - ၁။ ပရိသတ် စုဝေးရာ သဘင်၊ လူ အများစု ဝေးဆင်နွှဲသော ပျော်ရွှင်မှု အခမ်းအနားစသည်တို့။ ၂။ ကန်တော့ပွဲ အမျိုးအမည် စုံစုံ ပြင်ဆင် ခင်းကျင်းထားသော အရာ။ ၃။ များသောအားဖြင့် ကျွဲနွား စသည်တို့ ရောင်းဝယ်ရာ ဌာန။ စည်း ၁။ ကန်တော့ပွဲ၊ ဟင်းပွဲ စသည်တို့ကို ရေတွက်ရာ၌ သုံးသောစကားလုံး။ ကဗျာအစမှာ “ပင်လယ်ကွေ့ စစ်ပွဲ” လို့ ဆိုထားတာမို့ ကဗျာပါ “စစ်”ဟာ နာမ်ဖြစ်ပေတယ်။ ကြိယာအဖြစ် သုံးထားတာ မဟုတ်ပေ ဘူး။ ဒီတော့ တိုင်းပြည် အချင်းချင်း လက်နက် အားကိုးနှင့် တိုက်ခိုက်ခြင်းကို ဆိုလိုတာပေါ့။ ထို့အတူ “ပွဲ” စကားလုံးဟာလည်း ကန်တော့ပွဲ ကျွဲနွား စသည်တို့ ရောင်းဝယ်ရာဌာန (နွားပွဲ)ကို မဆိုလိုနိုင်ဘူး။ ပရိသတ် စုဝေးရာ သဘင်၊ လူအများစုဝေး ဆင်နွဲသော ပျော်ရွှင်မှု အခမ်းအနား ဆိုတဲ့ ဖွင့်ဆိုချက်နှင့်သာ သက်ဆိုင်တော့တယ်။ ဒါကြောင့် ကဗျာ ကဗျာပါ “စစ်ပွဲ” ဆိုတာ လူများ၊ ပစ္စည်းများကို စိစစ်သော ညံ့/ကောင်း၊ မှား/မှန်၊ စစ်ဆေး စိစစ်သော။ အနည်အဖတ်နှင့် အရည်ကို တခြားစီဖြစ်အောင် စစ်တဲ့ “ပွဲ” ကို ဆိုလိုတာလည်း မဟုတ်ဘူး။ နိုင်ငံချင်း တိုက်ခိုက် တဲ့ “ပွဲ” ကိုသာ ရည်ညွှန်းတယ်လို့ ဆိုရပါမယ်။

Written by မောရနွယ်မောက်

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ (ပေဖူးလွာစာအုပ်မှ)Page 6 of 6

လိုအပ်လာလျှင် ဒီနေရာမှ ဟိုနေရာ တာတိုခရီးကို လူအားနဲ့ အမြောက်ကို ဆွဲသွား နိုင်အောင်လည်း လေ့ကျင့်ကြတယ်။ ဒီလို ဆွဲနိုင်ဖို့ အထူး ပြုလုပ်ထားတဲ့ အမြောက်ဆွဲကြိုး (Drag Ropes) ၂ ချောင်း အမြောက်တိုင်းမှာ ပါတယ်။ ဒီလို လေ့ကျင့် ခဲ့ကြတော့ ပွဲဦးထွက် စစ်ဆင်ရေးမှာ မမျှော်လင့်ဘဲ အမြောက်များကို ဖြုတ်ပြီး သယ်ယူရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရ ပေမယ့် အခက်အခဲ မတွေ့ခဲ့ဘူး။ တပ်ရင်းမှူး ကြီးရဲ့အမြော်အမြင်ကြီးမှုနှင့် ပြည့်စုံတဲ့ လေ့ ကျင့်မှုရဲ့ ရလဒ်ပေါ့ ခင်ဗျာ။ အမြောက်တပ်ရဲ့ ၂၅ ပေါင်ဒါအမြောက်၊ ၂၅ ပေါင်ဒါ အမြောက် တပ်ထားတဲ့ တပ်မတော် ရဲ့ “အင်း” အမျိုးစား (?) တိုက်ရေယာဉ်တွေ ပါ အစုံအညီ ရောက်ပြီမို့ စစ်ဆင်ရေး ပြန်စတာပေါ့။ လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်လေတော့ ရန်သူ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ဖက် နိုင်ငံကို ဆုတ်ပြေးကြပါတယ်။ ဒေသခံ တပ်များသာ နယ်မြေ တည်ဆောက်ရေး လုပ်ငန်း ဆက်လက် လုပ်ဆောင်ကြပြီး ကျွန်တော်တို့လို အခြား ဒေသမှ လာကြတဲ့ တပ်တွေကို ပြန်ရုပ်ခဲ့ပါတယ်။ စစ်မြေ အတွေ့အကြုံ လုံးဝ မရှိသေးတဲ့ အသစ်စက်စက် အမြောက် တပ်စုလေး ဖြစ်ပေမယ့် တပ်ရင်းမှူးကြီးရဲ့ သြ၀ါဒ လမ်းညွှန်ချက်များ အတိုင်း လေ့ကျင့် ပြင်ဆင်ခဲ့တာမို့ ပွဲဦးထွက် စစ်ဆင်ရေးမှာ တွေ့ကြုံရတဲ့ ပြဿနာ အခက်အခဲ တွေကို ဖြေရှင်းပြီး တာဝန်ကို အောင်မြင်စွာ ထမ်းဆောင် နိုင်ခဲ့ကြပါတယ်။ ရန်ကုန်အပြန် ခရီးမှာလည်း အသွားတုန်းက အတိုင်းပဲ အမြောက်ကို အပိုင်းပိုင်းဖြုတ်ပြီး သယ်ခဲ့ကြတာပေါ့။ ရန်ကုန် ရောက်တာနဲ့ တစ်စုကို ပြန်လည်စုဖွဲ့ပြီး တောင်ငူကို စစ်ဆင်ရေး ထွက်ရ ပါတယ်။ တပ်စု (၆) ရဲ့ ဒုတိယ စစ်ဆင်ရေး တောင်ငူ အခြေစိုက် တပ်မဟာ (၂) ရဲ့ နယ်မြေဖြစ်တဲ့ တောင်ငူ အရှေ့ခြမ်းရှိ သံတောင်- ဘောဂလိကြီးဒေသကို KNDO လက်ထဲမှ ပြန်လည် သိမ်းပိုက်တဲ့ စစ်ဆင်ရေးမှာ တပ်စု (၆) ပါဝင်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ အတွင်း ပေါ့။ တပ်ခွဲ(၁)မှ တပ်စု (၂) လည်းပါတယ်။ တပ်မဟာမှူးက ဗိုလ်မှူးကြီးစိန်ဝင်း (ဗိုလ်ချုပ် ၀န်ကြီးချုပ် ကွယ်လွန်)ပေါ့။ ဒီစစ်ဆင်ရေးကိုလည်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ဦးစီး ကွပ်ကဲခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်ရင်းမှူး ကိုယ်တိုင် တိုင်းမှူးနဲ့ ပါလာတယ်။ မောင်တော စစ်ဆင်ရေးတုန်းက ဒုတပ်ရင်းမှူးက တိုင်းမှူးနဲ့ အတူ လိုက်ခဲ့တယ်။ အဲဒီအချိန်က တောင်ငူ-သံတောင်သွား ကားလမ်းအတိုင်း သွားလျှင် တောင်ငူက ထွက်ပြီး လေးမိုင်ကျော်လောက်မှာKNDO ရဲ့ ရှေ့ခံ စစ်စခန်း ရှိပါတယ်။ ရန်သူဟာ တောင်ငူနားကို အဲဒီလောက် နီးနီး အထိလာပြီး တပ်မတော်ကို ရင်ဆိုင်ထားတယ်။ အဲဒီ ကာလတုန်းက ရှိခဲ့တဲ့ ပြည်တွင်း သောင်းကျန်မှု အခြေအနေကို ပြတာပေါ့ ခင်ဗျာ။ ဒီစစ်ဆင်ရေးနဲ့ သံတောင်-ဘောဂလိ ကြီးဒေသကို ပြန်သိမ်းခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးမှာ တပ်စု(၆)ဟာ ဘောဂ လိကြီးရွာအထိ ရောက်ခဲ့ပေမယ့် အမြောက်တွေ ကို ပုံမှန်အတိုင်း မော်တော်ကားနဲ့ ဆွဲသွားတာမို့ ထူးထူးခြားခြား လုပ်ရတာ မရှိပါဘူး။ တပ်စု (၆) ဟာ ပထမဦးဆုံး အတွေ့ အကြုံအဖြစ် စစ်ဆင်ရေးကြီး နှစ်ခုမှာ ဆက်တိုက် ပါဝင်ခဲ့ပါတယ်။ ယခု စစ်ဆင်ရေး ပြီးဆုံးပြီးနောက် တပ်ရင်း ဌာနချုပ်ကို အရန်တပ်စု အဖြစ် ပြန်ရောက်လာတော့ တပ်ရင်းမှူးကြီးက “မင်းတို့ တပ်စု (၆) ခြေစစ်ပွဲ အောင် သွားပြီ”တဲ့။ ဗထူး တိုက်ခိုက်ရေး ကျောင်းမှာ အမြောက် သင်တန်း ဌာနဖွင့်တော့ အမြောက်သင်တန်း နည်းပြအဖြစ် ကျွန်တော် ပြောင်းရပါတယ်။ တပ်စုမှူးသစ်ကို ကျွန်တော် လွှဲပြောင်းပေးခဲ့တဲ့ တပ်စု (၆)ဟာ တပ်ရင်းမှူးကြီးရဲ့ သြ၀ါဒအတိုင်း အဆင့်မြင့် လေ့ကျင့်ထားတဲ့ အရည်အသွေး ကောင်းတဲ့ တပ်စုဖြစ်နေပါပြီ။ တပ်စုမှူး၊ တပ်ခွဲမှူး၊တပ်ရင်းမှူး၊ ဗျူဟာမှူး တာဝန်တွေကို တဆင့်ပြီး တဆင့်တိုး ထမ်းဆောင်ခဲ့ပါတယ်။ ဒု ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီး အဆင့်ထိ ရောက်လာခဲ့တယ်။ ဒီကာလ အတွင်းမှာ မိမိကွပ်ကဲရတဲ့ တပ်တွေကို တပ်ရင်းမှူး ဗိုလ်မှူးကြီး ဘရွှေရဲ့ သြ၀ါဒ အတိုင်း တပ်ရဲ့စစ်ရေး၊ အုပ်ချုပ်ရေး စွမ်းရည်တွေ၊ စည်းကမ်းတွေ၊ အဘက်ဘက်မှာ မြင့်မားလာအောင်၊ အောင်မြင်မှု တွေရရှိအောင် ကြိုးစား လုပ်ဆောင်ခဲ့တယ်။ အဲဒီ တပ်တွေမှ ပြောင်းရွှေ့ ရချိန်မှာ မိမိလက်ခံ စဉ်က ရှိခဲ့တဲ့ အရည်အသွေးထက် ပိုအဆင့်မြင် နေတဲ့တပ်ကို တပ်မှူးသစ်အား လွှဲပေးနိုင်ခဲ့တယ်။ တပ်ရင်းမှူးကြီးရဲ့ သြ၀ါဒ အတိုင်းပေါ့ ခင်ဗျာ။ လုပ်ရမယ့် အလုပ်တိုင်းကို ကြီးကြီး၊ သေးသေး မိမိ ဥာဏ်စွမ်း ရှိသလောက်၊ ကိုယ်စွမ်းရှိ သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ကြဆိုတဲ့ အင်္ဂလိပ် ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ သြ၀ါဒကိုလည်း ကျွန်တော်မဖြတ် လိုက်နာခဲ့ပါတယ်။ ဒီ သြ၀ါဒ နှစ်ခုဟာဖြင့် ကျွန်တော့်ရဲ့စစ်သား ဘ၀ခရီးမှာ လမ်းညွှန်ခဲ့တဲ့ လမ်းပြခဲ့တဲ့ မီးရှူး တန်ဆောင်များ ဖြစ်ခဲ့ပါတယ်။ အသက် ၄၃ နှစ်ရောက်တော့ နယ်ဘက် ကို လွှဲပြောင်း တာဝန် ထမ်းဆောင်ရပြန်ရော။ ထိုစဉ်အခေါ် ပြည်သူ့ ရဲတပ်ဖွဲ့မှာ ရဲချုပ်၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှာ ဦးဆောင်ညွှန် ကြားရေးမှူး၊ သက်ပြည့် အငြိမ်းစား ယူချိန်အထိ နယ်ဘက် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ နယ်ဘက် တာဝန် ထမ်းဆောင်ချိန်မှာလည်း ဒီသြ၀ါ နှစ်ခုကို ကျွန်တော် လိုက်နာခဲ့ပါတယ်။ ကျွန်တော် အတွက် ဒီသြ၀ါဒ နှစ်ခုဟာ စစ်ဘက်မှာ သာမက နယ်ဘက်မှာလည်း အသုံးဝင်တာ လက်တွေ့ပါပဲ။ စစ်ဘက်၊ နယ်ဘက်၊ အမှုထမ်းသက် တစ်လျှောက်လုံးမှာ မီးရှူး တန်ဆောင်သဖွယ် ကျွန်တော့်ကို လမ်းညွှန်ထိန်းကျောင်း ပေးခဲ့တဲ့ ဒီ သြ၀ါဒ နှစ်ခုဟာဖြင့် ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒ တွေပဲပေါ့။
မောရနွယ်မောက် (ပေဖူးလွှာ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ (ပေဖူးလွာစာအုပ်မှ)Page 5 of 6

(က) စက်လှေကို သင်္ဘော ကပ်လိုက်တယ်။ စက်လှေပေါ်က ဘုံလုံတိုင် (Bollard)နှင့် သင်္ဘောပေါ်က ဘုံလုံတိုင်ကို သင်္ဘော ဆလင် ကြီးခိုင်းတဲ့ အတိုင်း ကြိုးချည်ကြပါတယ်။ ရေစီးနှင့် သင်္ဘော မပြိုကျအောင် အနေတော်လေး စက်မောင်းပြီး ထိန်းထားလျှင် စက်လှေကို တုတ်နှင့် ထောက်တွန်းပြီး ၅-၆ပေလောက် စက်လှေနှင့် ခွာထားနိုင်တဲ့ အနေအထား ရှိအောင် သင်္ဘော ချည်ကြိုးကို လျော့ထားတယ်။ (ခ) အိုင်ဒီယာ (Idea) က ဘုံလုံတိုင် ချည်ထားတဲ့ ကြိုးတွေနဲ့ သင်္ဘော စက်မောင်းမှုတို့ ပေါင်းစပ်ပြီး သင်္ဘောနှင့် စက်လှေမျဉ်းပြိုင် အနေအထား ရှိအောင် စက်လှေဝန်ချီစက် ချပေးတဲ့ ပစ္စည်းက သင်္ဘောအောက်ထပ်က အပေါက်နဲ့ မျက်နှာချင်းဆိုင် နေရာကို ကျလာနိုင်အောင် သင်္ဘောကို ထိန်းမောင်းထားတယ်။ (ဂ) စက်လှေနဲ့ သင်္ဘော နံဘေးချင်း မထိ ဘဲ ၅-၆ ပေ ခန့် ကွာနေအောင် သင်္ဘောပေါ်ကနေ ရဲဘော်များက တုတ်ချောင်းတွေနှင့် ထောက်ထားတယ်။ စက်လှေနှင့် သင်္ဘောကြားက ဒီကွက် လပ်ထဲကို စက်လှေရဲ့ ၀န်ချီစက်က ပစ္စည်းချ ပေးတယ်။ (ဃ) အပေါက်နှင့် ပစ္စည်း တစ်တန်းထဲ ဖြစ်တာနဲ့ ရဲဘော်တွေက ပစ္စည်းကို သင်္ဘောထဲ ဆွဲယူသွင်းတယ်။ ၀န်ချီစက်က ကြိုးကို ထပ်လျော့ ပေးလိုက်ရင် သင်္ဘော ကုန်းပတ်ပေါ်ကို ပစ္စည်း အသာအယာ ကျသွားတယ်။ ဒီလို ပစ္စည်းတွေကို ပြောင်းတင်ကြတဲ့ အခါ မှာ စက်လှေပေါ်က ၀န်ချီစက်အဖွဲ့၊ သင်္ဘော ဆလင်ကြီးနှင့် အဖွဲ့၊ ရဲဘော်တွေက အတိုင် အဖောက်ညီညီ လုပ်ကြရပါတယ်။ ပစ္စည်း တင်ချတာ အတွေ့အကြုံ ရအောင် အရေးမကြီးတဲ့ ပစ္စည်းတွေကို အရင် စမ်းတင်ရတာပေါ့။ အချိန် အဆ လွဲ၍ဖြစ်စေ၊ မတော်တဆ ဖြစ်စေ ရေထဲ ပြုတ်ကျသွားလည်း အရေး မကြီးတဲ့ အုပ်ချုပ်မှု ဆိုင်ရာ ပစ္စည်းတွေကို စတင်ကြပါတယ်။ လေး -ငါးကြိမ်လောက် တင်ပြီးတော့ အဖွဲ့တွေက ကိုယ့်အလုပ်ကိုယ် လုပ်တတ်လာကြပြီ။ပေါင်းစည်း မှု ရကြပါပြီ။ အမြောက် အစိတ်အပိုင်းတွေကိုတော့ နောက်ဆုံးမှ တင်ကြပါတယ်။ ခက်ခက်ခဲခဲ လုပ်ရ ပေမယ့် ပြဿနာ မပေါ်ဘဲ တင်နိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ စက်လှေပေါ် တင်စဉ်က ရင် တမမ လောက်သာဖြစ်ခဲ့ရပေမယ့် စစ်တွေမှာ တော့ ရင်တထိတ်ထိတ်ပါပဲ။ စက်လှေနဲ့ သင်္ဘောကြီးရှိ ကွက်လပ်ကို အမြောက်အစိတ်အပိုင်း တအိအိနဲ့ ကျလာလျှင် လေထဲမှာ လွှဲမနေအောင် ဆိုင်းကြိုးတွေနဲ့ ထိန်းသူက ထိန်း၊ စက်လှေ ပေါ်က ၀န်ချီစက်မောင်းသူကို လှမ်းအမိန့် ပေး ရမယ့် သူက အမိန့်တွေ အော်ပေးနေ၊ သင်္ဘောရဲ့ အနေအထား မှန်အောင် ထိန်းထားနိုင်ဖို့ ဆလင် ကြီးက သင်္ဘော လှုပ်ရှားမှုကို စောင့်ကြည့်ပြီး တက်မကိုင်ကို အမိန့်တွေ လှမ်းအော်ပေးနေ၊ စက်လှေနဲ့ သင်္ဘော ကွာနေရမယ့် အကွာအဝေး မှန်အောင် သင်္ဘောကို တွန်းထားကြတဲ့ အဖွဲ့ ကို အမိန့် ပေးသူကပေးနဲ့ မိမိတို့ လုပ်ငန်းကို လုပ်နေကြတာမျိုးတွေလိုပါပဲ။ ဒီလိုတက်ညီ၊ လက်ညီနဲ့ လုပ်လိုက်ကြတာ နှောင့်နှေးမှု မရှိ၊ အဆင်ပြေစွာနဲ့ ပြီးသွားပါတယ်။အမြောက်နဲ့ ပစ္စည်း များတင်ပြီးတာနဲ့ မောင်တောကို ထွက်လာကြ တယ်။ မောင်တောရောက်တော့ ကျွန်တော်တို့ တပ်စုက အရှေ့ပါကစ္စတန် မြန်မာနယ်စပ်မှာ ရှိတဲ့ တောင်ပြိုရွာမှာ အမြောက်စခန်း ယူဖို့ အမိန့် ရပါတယ်။ တောင်ပြိုရွာမှာ တပ်စခန်း ရှိပါတယ်။ ဆရာကြီး သူရထွန်းတင်ရဲ့ “ကျွန်တော် ကျင်လည်ခဲ့တဲ့ မြန်မာနှင့် ကမ္ဘာ” စာအုပ်ပါ ၁၉၄၈ ခုနှစ် တုန်းက သနက (၅)မှ တိုက်သိမ်းခဲ့တဲ့ တောင်ပြို ရွာပါပဲ။ အဲဒီဧရိယာကို နှစ်ထပ်သင်္ဘော မ၀င် နိုင်တာကြောင့် UB မော်တော်နှင့် ဆက်သွား ရမယ်တဲ့။ နှစ်ထပ် သင်္ဘောနဲ့ UBမော်တော်များ ဆုံရပ်မှာ မော်တော်တွေ စောင့်နေလိမ့်မယ် ဆိုပြီး ဆုံရပ်နေရာကို ပေးတော့ သင်္ဘောနဲ့ပဲ ခရီးဆက်ရ ပြန်တာပေါ့။ ဆုံရပ်ရောက်တော့ အသင့်စောင့်နေတဲ့UB မော်တော်တွေပေါ်ကို အမြောက်နဲ့ ပစ္စည်းတွေ ရေလယ်မှာပဲ ပြောင်းတင်ပြီး တောင်ပြိုကို ဆက် ထွက်ကြပြန်တယ်။ တောင်ပြိုချောင်း အတိုင်း လာခဲ့တယ်။ ချောင်းအနေအထား အရ တောင်ပြိုရွာ အထိလည်း မော်တော် မသွားနိုင်ပြန်တော့ ချောင်းကမ်းပါး ကပ်ပြီး ဒီလေးလံတဲ့ ပစ္စည်းတွေ ချလို့ ရနိုင်မယ့် နေရာရှာရပြန်ရော။ အဲဒီနေရာ မှာ ကမ်းကပ်ပြီး အခြားမော်တော်က ကုန်း ပေါင်းတွေကပါ ခုကာ တံတားငယ်လေးသဘော ဖြစ်အောင် လုပ်ရပါတယ်။ အချို့အမြောက်အစိတ် အပိုင်းတွေက လူ၎ယောက် “မ” ရတော့ လုပ်ရိုးလုပ်စဉ် ကုန်းပေါင်တစ်ခု ထိုးပြီး ပစ္စည်း သယ်တာမျိုး မလုပ်နိုင်ဘူး။ ဒီနည်းနဲ့ ချောင်းကမ်းပါး ပေါ်ကို ပစ္စည်းတွေ ချရပါတယ်။ အမြောက်အစိတ်အပိုင်းတွေ ပြန် လည်တပ်ဆင်ပြီး တောင်ပြိုရွာ တပ်စခန်းနား ရောက်အောင် ကိုက် ၁၀၀၀လောက် လူအားနဲ့ အမြောက်ကို ဆွဲသွားရပါတယ်။ လယ်ကွင်း ပြန့်တွေမို့ ဆွဲရတာ သက်သာပါတယ်။အမြောက် ကျည်တွေကိုတော့ လှည်းနဲ့ပေါ့။၂၅ပေါင်ဒါ အမြောက်ကျည်က ကျည်ဆန်တခြား၊ ယမ်း ခွံတခြား သံသေတ္တာတွေနဲ့ ထည့်ထားတယ်။ ကျည်ဆန်က ၂၅ ပေါင်လေးပါတယ်။ စစ်ဆင် ရေးအတွက် အမြောက်ကျည် ၃၀၀ကျော်ပါ တာမို့ လူနဲ့သာ ထမ်းရလျှင် လူ ၁၀၀လောက် ထမ်းရပါမယ်။ အမြောက်စခန်းကို စနစ်တကျ နေရာ ချပြီး နောက်တပ်စု အရာရှိ ဒုဗိုလ်စိန်ဝင်းကိုလွှဲ ပေးပြီး ကျွန်တော်က ရှေ့တန်း အမြောက်အကဲ ကြည့် လုပ်ဖို့ ရှေ့တန်းက ခြေလျှင်တပ်ရင်းကို သွား သတင်းပို့ ရပါတယ်။ သာမန်အားဖြင့် ၂၅ ပေါင်ဒါ အမြောက်က စစ်သုံး မော်တော်ယဉ်ကြီးတွေနဲ့ ဆွဲသွားရပါတယ်။ ယခုလို တစ်ပိုင်း တစ်စစီဖြုတ်ပြီး မသယ်ပါဘူး။ မော်တော်ကားကိုပဲ ထုတ်လုပ်ပြီးကတည်းက အပိုင်းပိုင်း ပြန်ဖြုတ်တယ်ဆိုတာ မရှိဘူး။ တပ်စု (၆) ကို ဖွဲ့စည်း လေ့ကျင့်ချိန်က လိုအပ်လာလျှင် အမြောက်ကို တပိုင်းတစစီ ဖြုတ်ပြီး သယ်နိုင် အောင်လည်း လေ့ကျင့် ထားကြလို့ တပ်ရင်းမှူး ကြီးက ညွှန်ကြားခဲ့ပါတယ်။ နောင်တိုက်ကြမယ့် စစ်ဆင်ရေးကြီးများကို မျှော်တွေးပြီး ညွှန်ကြား ခဲ့ခြင်းပါပဲ။ အမြောက်ဖြုတ်နည်း အတိုင်း တစ်ပိုင်း တစ်စစီ ဖြစ်သွားအောင် ဖြုတ်၊ ပြန်တပ်၊ ပြန်ဖြုတ်၊ ပြန်တပ်၊ အဲဒီလို လေ့ကျင့်ခဲ့ကြတယ်။ အမြောက် အဖွဲ့ဝင်တိုင်းဟာ သူဖြုတ်ရ၊ တပ်ရမယ့် လုပ်ငန်းကို သာမက အခြားအမြောက် အဖွဲ့ဝင်တွေ လုပ်ရမယ့် အလုပ်ကိုလည်း လုပ်တတ်အောင် လေ့ကျင့်ရပါတယ်။ အချိန်အနည်းဆုံးနှင့် အမြောက်ကို ဖြုတ်နိုင်၊ ပြန်တပ်နိုင်အောင် လေ့ ကျင့်ကြတာပေါ့။

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ (ပေဖူးလွာစာအုပ်မှ)Page 4 of 6

ဒီလို လေ့ကျင့်လိုကတော့ တပ်စု (၆)ဟာ တပ်ရင်းမှူးကြီး မှန်းထားတဲ့ အချိန်ထက် စောပြီး စစ်ဆင်ရေး ထွက်ရန် အသင့်ဖြစ်လာတာပေါ့။ တပ်ရင်းမှူးကြီးက အမြောက်တပ်စုရဲ့ လုပ်ငန်း ကျွမ်းကျင်မှု အခြေအနေကို အသေးစိတ် စစ်ဆေး ပြီးနောက် ကျေနပ်စွာနဲ့ “မင်းတို့တပ်စု စစ်ဆင်ရေး အတွက် အသင့် ဖြစ်ပြီ”တဲ့။ ကြားရတာ ချိုမြိန်လှတဲ့ စကား၊ ပင်ပန်းခဲ့ သမျှကို အမောပြေ စေခဲ့တဲ့ စကားပါပဲ။ စစ်ဆင်ရေး ထွက်နိုင်ဖို့ အဆင့်ကို ရောက် ပေမယ့် စစ်ဆင်ရေး မထွက်ရသေးတာမို့ တပ်စုရဲ့ လေ့ကျင့်မှုကို မရပ်ဘူး။ “စစ်တိုက်ရန်၊ စစ် တိုက်ရန် မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ရန်” ဆိုတဲ့ တပ်မတော်ရဲ့ အဓိက လုပ်ငန်းကြီး သုံးရပ်အတိုင်းပို၍ ကျွမ်းကျင်လာအောင်၊ ထက်မြက်လာအောင် ဆက်ပြီး လေ့ကျင့်ကြပါ တယ်။ စစ်ဆင်ရေး ထွက်ကြမယ့် အချိန်အထိ ပေါ့။ ဒီလို လေ့ကျင့်ခဲ့တဲ့ အကျိုးရလဒ်ကို ပွဲဦး ထွက် စစ်ဆင်ရေး စထွက်တာနဲ့ ခံစားရပါတယ်။ တပ်စု (၆) ရဲ့ပထမဆုံး စစ်ဆင်ရေး ၁၉၅၂ ခုနှစ် နှောင်းပိုင်းမှာ တပ်စု (၆) ပထမဆုံး အကြိမ် စစ်ဆင်ရေး ထွက်ရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ဦးစီးပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနောက်ခြမ်းမှာ (မြန်မာနိုင်ငံနှင့် အရှေ့ပါကစ္စ တန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်နှင့် ဆက်စပ်နေတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ ခွဲထွက်ရေး သမား မူဂျာဟဒ် (Mujahid) သောင်းကျန်းသူ များကို ခြေမှုန်း ရှင်းလင်းတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ တိုင်းမှူး ကိုယ်တိုင် စစ်ဆင်ရေး နယ်မြေ မှာ လှုပ်ရှား ရှေ့တန်း ဌာနချုပ်နှင့် ကွပ်ကဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးက ၁၉၄၈ ခုနှစ်တုန်းက မပြီးပြတ်ခဲ့တဲ့ စစ်ဆင်ရေးကို ယခုမှ အပြီးသတ် ရတဲ့ စစ်ဆင်ရေးလို့ ဆိုနိုင် ကောင်းပါရဲ့။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလမှာ ရခဲ့တဲ့ လွတ်လပ်ရေးနဲ့ အတူ တစ်ပါတည်း ပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ KNDO စတာတို့ တောခို သောင်းကျန်းကြချိန်မှာ ဘူးသီးတောင်၊မောင်တော ဒေသမှာ မူဂျာဟဒ် ခွဲထွက်ရေး သမားတွေက ဆူပူ သောင်းကျန်း လာကြတယ်။ တစ်ဖက်နိုင်ငံရဲ့ ပံ့ပိုး ထောက်ပံ့မှုတွေ ရတော့ အတော်လေး အင်အား တောင့်တား လာတာပေါ့။ မူဂျာဟဒ်တွေကို အမှတ်(၅) သေနတ်ကိုင် တပ်ရင်း (သနက-၅) က ရှင်းလင်း ခြေမှုန်းခဲ့ ရတယ်။ နောက်ဆုံး တိုက်ပွဲကြီးက “တောင်ပြို ရွာတိုက်ပွဲ”ပါပဲ။ နယ်စပ်ရွာဖြစ်ပြီး ချောင်းကူး တံတားနှင့် အရှေ့ ပါကစ္စတန်ကို ဖြတ်ကူးလို့ ရပါတယ်။ တောင်ပြို ရွာသိမ်းပြီးနောက် ရန်သူတပ် ပြိုကွဲ သွားတော့တယ်။ နယ်မြေစည်းရုံး တည်ဆောက်ရေး ဆက်လုပ်ကြတယ်။ ဒီလို လုပ် ဆောင်နေချိန်မှာKNDOတွေက အင်းစိန်ကို အခိုင်အမာ လုပ်ပြီး ရန်ကုန်ကို ခြိမ်းခြောက်လာတဲ့ အတွက် သနက (၅) ကို စစ်ဆင်ရေး နယ်မြေမှ စစ်တွေကို ပြန်ရုပ်သိမ်းပြီး လေယာဉ်တွေနဲ့ ရန်ကုန်ကို အမြန် ပို့ရတာပေါ့။ စစ်ရေး အခြေအနေ အရ ဘူးသီးတောင်မောင် တောနယ်မြေကို ခိုင်မာအောင် တည်ဆောက်မှု မပြီးမီ တပ်တွေကို ပြန်ရုတ်ခဲ့ရပါတယ်။ (သူရထွန်းတင်၏ ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ၊ ၂၀၀၈ ခုနှစ်၊ စာ ၁၁၄-၁၁၇) ခွဲထွက်ရေး သမား မူဂျာဟဒ်တွေ အသက်ရှူ ပေါက်ရ သွားတာပေါ့။ သူတို့က ဒီအခြေအနေကို အခွင့်ကောင်း ယူပြီး ပြန်လည်စုဖွဲ့ကြတယ်။ ခေါင်းပြန်ထောင် လာတယ်။ ယခုတော့ အခြေ အနေပေး လာပြီမို့ မူဂျာဟဒ်တွေကို အပြီးအပိုင် ခြေမှုန်းမယ့် စစ်ဆင်ရေးကြီးကို တိုင်းမှူးကိုယ်တိုင် ဦးစီးပြီး လုပ်ခြင်းဖြစ်ပါတယ်။ အတွင်းပိုင်း နယ်မြေတွေမှာ ခြေမှုန်းခံရ တော့ မူဂျာဟဒ်တွေဟာ နယ်စပ်ဘက်ကို ပြန် ဆုတ်ပြီး နယ်စပ် အနီးရှိ တောင်အချို့ပေါ်မှာ အခိုင်အမာ တပ်စွဲပြီး ခံစစ်ဆင်လာပါတယ်။ ဒီ ခံစစ်စခန်းတွေကို လက်နက်ကြီး ပစ်ကူနှင့် တိုက်ခိုက်နိုင်ရန် ၂၅ ပေါင်ဒါ အမြောက် တပ်စုကို ခေါ်ယူခြင်း ဖြစ်ပါတယ်။ ရန်ကုန်မှ တောင်ပြိုသို့ အဲဒီတုန်းက ကမ်းရိုးတန်းသွား သင်္ဘော မရှိသေးတော့ ထားဝယ်-မြိတ် သွားတဲ့ စက်လှေကို ရန်ကုန်မှ စစ်တွေ တပ်စု (၆) သွားဖို့ သုံးရပါတယ်။ စက်လှေပါ ၀န်ချီစက် (Crane) ရဲ့ “မချီအား”က သေးလေတော့ အမြောက် တစ်လက်လုံး မဆွဲတင်နိုင်ဘူး။ဒီတော့ အမြောက်ကို အပိုင်းပိုင်း ဖြုတ်ပြီး တင်ရတာပေါ့။ စစ်တွေမှ မောင်တော နယ်မြေကို မြစ်တွင်း သွားနှစ်ထပ် သင်္ဘော၊ မောင်တောမှ စစ်ဆင်ရေး ဧရိယာကို့ UB မော်တော်နှင့် သွားရဦးမှာမို့ အမြောက်ကို ဖြုတ်နိုင်သလောက် ဖြုတ်ရပါတယ်။ ဒါတောင် အချို့ အစိတ်အပိုင်းတွေဟာ ရဲဘော်လေး ယောက်မ ရပါတယ်။ ရန်ကုန်မှာ ဘောတံတားပေါ်မှ စက်လှေပေါ် တင်တာ အခက်အခဲ မတွေ့ခဲ့ပါဘူး။ ရင်တမမ တော့ ဖြစ်ခဲ့ပါတယ်။ စစ်တွေရောက်လို့ စက်လှေ မှ နှစ်ထပ်သင်္ဘောပေါ် ပြောင်းတင်ချိန်မှာတော့ မဟာ အခက်အခဲ တွေ့ရပါပြီ။ သာမန်အားဖြင့် စက်လှေပေါ်မှ အမြောက် အစိတ်အပိုင်းတွေ၊ အမြောက်ကျည်တွေကို ဘောတံတားပေါ်ချ၊ ဘောတံတားပေါ်ကနေ နှစ်ထပ် သင်္ဘောရဲ့ အောက်ထပ် ကုန်းပတ်ပေါ် တင်လိုက်ရုံပါပဲ။ ဒါပေမယ့် အထက်အမိန့် အရဒီလို မလုပ်နိုင်တော့ပါဘူး။ စစ်ဆင်ရေး အတွက် အမြောက်တွေ ရောက်လာတာကို လူထု မသိစေချင်ဘူး။ သတင်း လုံခြုံရေးပေါ့။ စစ်တွေ ကမ်းနားနဲ့ ဝေးရာ မြစ်လည်မှာ စက်လှေကို ကျောက်ချရပ်ပြီး နှစ်ထပ် သင်္ဘောပေါ် ပြောင်းတင်ရမယ်တဲ့။ နှစ်ထပ် သင်္ဘောက ခေါင်မိုးရှိတယ်။ အပေါ်ထပ်ပတ် လည်မှာ ခါးစောင်းလောက်မြင့်တဲ့ သံလက်ရန်း အပြည့်နှင့်။ အောက်ထပ်က သံလက်ရန်းမှာသာ လူနှင့်ပစ္စည်းတင်ချဖို့ ပိတ်ဖွင့်နိုင်တဲ့အပေါက် ရှိတယ်။ ဘောတံတားကပ်ပြီး တင်ချတာ လွယ်ပေမယ့် ရေလယ်ခေါင်မှာ စက်လှေပေါ် ကနေ ၀န်ချီစက်နှင့် ချပေးလာတဲ့ အမြောက် အစိတ်အပိုင်းတွေကို နှစ်ထပ်သင်္ဘောအောက် ထပ်ထဲကို တိုက်ရိုက်ဘယ်လိုသွင်းကြမလဲ။ ဒါက အဓိက ပြဿနာပါပဲ။ တစ်စုရှိ တပ်ကြပ်ကြီးများနှင့် တိုင်ပင်ပြီး နည်းလမ်း ရှာကြတာပေါ့။ “လိုလျှင် ကြံဆ နည်း လမ်းရ” ဆိုတဲ့အတိုင်းပဲ နည်းလမ်း ရပါတယ်။ အကူ ပစ္စည်းလည်း ထူးထူးထွေထွေ မလိုပါဘူး။ ၂ လက်မ ပတ်လည် အရှည် ၈ ပေလောက် ရှည်တဲ့ ပျဉ်းကတိုး တုတ်ချောင်း ၁၀ ချောင်းလောက် သစ်ဆိုင်မှာ သွားဝယ်လိုက်တယ်။ ပစ္စည်းတွေကို စက်လှေမှ သင်္ဘောပေါ် ဒီလိုတင်ခဲ့ပါတယ်။

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ(ပေဖူးလွာစာအုပ်မှ) Page 3 of 6

ရုံးပိတ်ရက် တစ်ရက်မှာ တပ်ရင်းမှူးကြီးနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်း အရာရှိ ရိပ်သာမှာ ဆုံမိကြပါတယ်။လေ့ကျင့်ရေး ကိစ္စနဲ့ အခြား အုပ်ချုပ်ကိစ္စတွေ မေးမြန်းရင်းနဲ့ ကျွန်တော့်ကို သင်ကြားနေတယ်။ တပ်ကောင်းတစ်ခု ဖြစ်လာဖို့ တပ်မှူးအပေါ် ဘယ်လောက်မူတည်တယ်။တပ်မှူး တော်လျှင်တော်သလို တပ်တိုးတက်တယ်၊ တပ် တစ်တပ်ဟာ စစ်ရေး စွမ်းရည်မြင့်ရမယ့် အပြင် အုပ်ချုပ်ရေး စွမ်းရည်လည်း မြင့်ရမယ်။ တပ်စည်း ကမ်းကောင်းဖို့ အရေးကြီးပုံ၊ ကိုယ့်တပ်က စွမ်းရည်မြင့်မှ တိုက်ပွဲမှာ အောင်မြင်နိုင်မယ်။ မိမိတပ်ကို တပ်ကောင်း တစ်တပ်ဖြစ်အောင် တည်ဆောက်ဖို့ အရေးကြီးပုံကို ပြောပြတယ်။ သြ၀ါဒပေးပါတယ်။ ခါတိုင်းဆိုလျှင် သူ့ရုံးခန်းမှာ သွားတွေ့ပြီး ကျွန်တော် တင်ပြရန် ရှိသည်များကို တင်ပြတယ်။ တပ်ရင်းမှူးကြီးကလည်း အဆုံးအဖြတ် ပေးရန် ရှိတာတွေကို ဆုံးဖြတ်ပေးတယ်။ ညွှန်ကြားစရာ ရှိတာတွေကို ညွှန်ကြားတယ်။ ဒါတွေ ပြီးတာနဲ့ အလေးပြုပြီး ပြန်ထွက်၊ ကိုယ့်သင်တန်း ရှိရာ ပြန်တာပဲ။ အဲဒီနေ့ကတော့ ရုံးပိတ်ရက်လည်းဖြစ်၊ အရာရှိ ရိပ်သာထဲမှာ နှစ်ယောက်တည်း ရှိပြီး အေးအေးလူလူ စကား ပြောနေကြတော့ စကားတွေ အများကြီး ပြောဖြစ်တာပေါ့။ ပညာရခဲ့ပါ တယ်။ တပ်ရင်းမှူးကြီး ပြောခဲ့တဲ့ သြ၀ါဒတွေထဲက သြ၀ါဒ အချို့ကို ကျွန်တော် အလွန် နှစ်ခြိုက်ခဲ့ပါ တယ်။ ကျွန်တော့်ခေါင်းထဲ စွဲကျန်ခဲ့ပါတယ်။ ဒါက “ဗိုလ်ရွှေသန်း၊ မင်းက ယခုမှ ကျောင်း ဆင်းစ ဒုဗိုလ်ပဲ ရှိသေးတယ်။ ဒါပေမယ့် မင်းက တပ်စု အသစ်ကို ကိုယ်တိုင်ဖွဲ့စည်း၊ ကိုယ်တိုင် လေ့ကျင့်ပေးပြီး စစ်ဆင်ရေး တင်နိုင်တဲ့အဆင့် ရောက်အောင် မင်းလုပ်နေရတယ်။တပ်စု (၆)ဟာ ဘယ်လောက်ကောင်းတဲ့ တပ်စုဖြစ်လ မယ်ဆို တာ မင်းအပေါ်မှာ လုံးလုံး တည်နေတယ်။ ဘာကြောင့်ဆိုတော့ မင်းပဲ တပ်စုမှူး၊ မင်းပဲ ဒီ တပ်စုကို လေ့ကျင့် ပေးနေတာကိုး။ မင်းတော်လျှင် တော်သလောက် တပ်စု (၆)ဟာ တပ် ကောင်းဖြစ်လာလိမ့်မယ်။ မင်းမွေးထုတ်လိုက်တဲ့ တပ်စု (၆) နဲ့ပဲ မင်းစစ်ဆင်ရေး ၀င်ရမယ်။ တချိန်ကျလျှင် မင်းဒီတပ်စုကနေ အခြား တပ်စုကို ပြောင်းကိုင်ရလိမ့်မယ်။ ဒီတပ်ရင်းမှာပဲ ဖြစ်နိုင်သလို နောင်ဖွင့်ရဦးမယ့် တပ်ရင်းတွေ မှာလည်း ဖြစ်နိုင်တယ်။ တပ်စုမှူးကနေ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်ဆင့်ဖြစ်လာမယ်။ တာဝန်တွေ တိုးယူလာရမယ်။ တပ်ခွဲမှူး ဘ၀မှာ တပ်ခွဲတွေ ပြောင်းကိုင်ရသလို တပ်ရင်းမှူး ဘ၀မှာလည်း တပ်ရင်းတွေ ပြောင်းကိုင်ရမှာပဲ။ ဒါက တို့တပ်တွေမှာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဒါနဲ့ ပတ်သက်ပြီး မင်းကို ငါတစ်ခုမှာမယ်။ တပ်ဟောင်းကနေ တပ်သစ်ကို မင်းပြောင်းတဲ့ အခါမယ် တပ်မှူးသစ်ကို မင်းလွှဲပေးခဲ့မယ့် မင်း ရဲ့တပ်ဟာ အဲဒီတပ်ကို မင်းစကိုင်တုန်းကထက် အဘက်ဘက်မှာ ပို၍ တော်နေတဲ့၊ ပို၍ ကောင်းနေတဲ့ တပ်ဖြစ်ပါစေ။ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း ဘယ်အဆင့်ဖြစ်ဖြစ် အဲဒီလို လွှဲပေးနိုင်ရမယ်။ အဲဒီလို မဟုတ်ဘဲ ဒီတပ်ကို မင်းလွှဲယူစဉ်တုန်း ကလည်း ဒီအဆင့်၊ ယခု မင်းလွှဲ ပေးလိုက်တော့လည်း ဒီတပ်ဟာ ဒီအဆင့်ပဲ ရှိနေတယ်ဆိုရင် မင်းဟာ တပ်မှူးကောင်း မဖြစ်ခဲ့ဘူး။ ခပ်ညံ့ညံ့ တပ်မှူးပဲကွ။ ဘာကြောင့် ခပ်ညံ့ညံ့ တပ်မှူးလို့ ပြောရလဲ ဆိုတော့ မင်း ဒီတပ်ကို ကိုင်ခဲ့တဲ့ကာလ တစ်လျှောက်လုံးမှာ ဒီတပ်ရဲ့ အရည်အသွေး တိုးတက် မြင့်မားလာအောင် မင်းမလုပ်ခဲ့ဘူး ဆိုတာ ထင်ရှား နေလို့ပေါ့။ ကိုယ်ကိုင်တဲ့ တပ်ကို စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်တွေ မြင့်လာအောင်၊ စည်းကမ်းပိုကောင်းလာအောင် မင်း ဘာတစ်ခုမျှ မလုပ်ခဲ့လို့ ဒီတပ်မ တိုးတက်တာပေါ့။ ရှင်းနေ တာပဲ။ မင်း ဘယ်တပ်ရောက်ရောက် ငါပြောတာ မမေ့နဲ့။ ခပ်ညံ့ညံ့တပ်မှူး မဖြစ်စေနဲ့” တဲ့။ တပ်ရင်းမှူးကြီးက အဲဒီလို ကျွန်တော့်ကို သြ၀ါဒ ပေးခဲ့တယ်။ စစ်သက် အလွန် နုသေးတဲ့ ဒုဗိုလ်ပေါက်စ ကျွန်တော့်ကို တပ်ရင်းမှူးကြီးက အလွန် လက်တွေ့ကျပြီး အကျိုးများ လှတဲ့ သြ၀ါဒကို နှစ်ဦးချင်း စကားပြောရင်း ပြောကြားခဲ့တာကို ကျေးဇူးတင် မဆုံးပါဘူး။ ဒါက ဒုဗိုလ်ပေါက်စ ဘ၀က ရခဲ့တဲ့ ကျွန်တော် မမေ့နိုင်တဲ့ ဒုတိယ သြ၀ါဒဖြစ်ပါတယ်။ ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒ နှစ်ခုမှာ ပထမ သြ၀ါဒက ဘာအလုပ်ပဲ လုပ်ရ၊ လုပ်ရ မိမိကိုယ် စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ ကြီးကြပ်မှု မရှိဘဲနဲ့ အောင်မြင် ပြီးမြောက်အောင် ကြိုးစားလုပ်ဖို့။ ဒုတိယက မိမိ ဦးဆောင် ကွပ်ကဲရတဲ့ တပ်ကို မိမိလက်ထက်မှာ ပို၍ အရည်အချင်း ပြည့်ဝတဲ့ အောင်မြင်တဲ့ တပ် ဖြစ်လာအောင် ကြိုးစား တည်ဆောက်ဖို့၊၊ ဦးဆောင်ဖို့ ဖြစ်ပါတယ်။ မိမိကြားခဲ့၊ သိခဲ့ရတဲ့ သြ၀ါဒ များစွာထဲမှာ ဒီသြ၀ါဒ နှစ်ခုဟာ ကျွန်တော် အနှစ် ခြိုက်ဆုံး သြ၀ါဒများ ဖြစ်ခဲ့တယ်။ ဒီသြ၀ါဒများ အတိုင်း ကြိုးစားလုပ်ခဲ့ပါတယ်။ ဘယ်လို လိုက် နာကျင့်သုံးခဲ့ပါလဲ။ ရလဒ်တွေက ဘယ်လိုပါလဲ။ တပ်ရင်းမှူးကြီး သြ၀ါဒ ပေးချိန်က တပ်စု (၆) ကို အသစ် ဖွဲ့စည်းပြီး စစ်ဆင်ရေး တင်နိုင်တဲ့ အဆင့်ရောက်အောင် ကျွန်တော် စတင်လေ့ ကျင့်ပေးနေပြီ။ သြ၀ါဒနှစ်ခုကို ကျွန်တော် ပေါင်းစပ် ကျင့်သုံးခဲ့ပါတယ်။ မိမိတတ်သမျှ၊ မှတ်သမျှနဲ့ အစွမ်းကုန် သင်ကြားတယ်။ ပြင်းပြင်း ထန်ထန် လေ့ကျင့်ကြတယ်။ ကျွန်တော်ကံ ကောင်းတာ တစ်ခုရှိပါတယ်။ တပ်စု(၆)စစ်သည် များရဲ့ပျမ်းမျှ အသက်ဟာ တပ်ရင်းမှာ အငယ် ဆုံးပဲ။ အသက်အကြီးဆုံးက ဒုအရာခံ ဗိုလ် စိန်လွင်၊၃၀ မပြည့်သေးဘူး။ အကြပ်ကြီးတွေက ၂၅ နှစ်ဝန်းကျင်၊ ကျန်အကြပ် တပ်သားတွေက ၂၀ နှစ်ဝန်းကျင်တွေပါ။ တပ်စုမှူး ကျွန်တော်က ၂၁နှစ်။ အားလုံး နီးပါးဟာ လူပျိုတွေ။ အသက် တွေငယ်ကြတော့ ပင်ပန်းဒဏ်ကို ပိုခံနိုင်ကြတာပေါ့။ စစ်သည် တစ်ဦးချင်း လေ့ကျင့်မှု၊ အဖွဲ့လိုက် လေ့ကျင့်မှု၊ အမြောက်တပ်စု တစ်စုလုံး စုပေါင်း လေ့ကျင့်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော်တို့ အားသွန်ခွန်စိုက် လုပ်ကြတယ်။ အဲဒီတုန်းက ကဗျာစာဆိုကြီး ဒေါက်တာစိုးညွန့် (ထီလာစစ်သူ၊ ကွယ်လွန်)က ကျွန်တော့်တပ်စုက ဒုတပ်ကြပ် ပေါ့

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ(ပေဖူးလွာစာအုပ်မှ) Page 2 of 6

အလုပ်လုပ်တဲ့ အခါမယ် ပျာယိပျာယာ မလုပ်နဲ့။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နှင့်လုပ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလုပ်။ ဒါက မင်းဒီအလုပ်ကို ဘာအခက်အခဲမျှ မရှိဘဲ လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို ပြလိုက်တာပဲ။ အခက်အခဲတွေ များလွန်းလို့ အနိုင်နိုင် လုပ်နေရရင်တောင် ဒီလို ဖြစ်နေတာကို အခြား သူတွေ မြင်ဖို့၊သိဖို့ မလိုဘူး။ သူတို့ မြင်နေရမှာ သိနေရမှာက မင်းအနေနဲ့ ဒီအလုပ်ကို အခက် အခဲမရှိ လုပ်နေတယ်ဆိုတာပဲ ဖြစ်ရမယ်။

ငန်းတွေ၊ ၀မ်းဘဲတွေ ရေကန်ထဲမှာ ရေကူး နေကြတာ မြင်ဖူးကြမှာပေါ့။ ဘယ်လောက် ကြည့်ကောင်းလဲ။ လည်တိုင်မော့မော့၊ ခေါင်းမော့မော့ နှင့်ကြော့ကြော့လေးရယ်။ အားခွန် မစိုက်ဘဲ ရေ ပေါ်မှာ ငြိမ့်ငြိမ့်လေး သွားနေတယ်လို့ ထင်ရတယ် မဟုတ်လား။တကယ် ဖြစ်နေတာက အဲဒီလို မဟုတ်ဘူး။ မင်းတို့ရဲ့ ဦးခေါင်းကို ရေထဲနှစ်လိုက်ပြီး ငန်းရဲ့ရေထဲက ကိုယ်ပိုင်းကို ကြည့်လိုက် စမ်းပါ။ ငန်းရဲ့ ခြေထောက်နှစ်ချောင်း ဘယ် လောက်မြန်မြန် ယက်နေကြတယ်ဆိုတာ တအံ့ တသြ မင်းတို့ တွေ့ကြမယ်။ ရေပေါ်မြင်ကွင်းနဲ့ ရေအောက်မြင်ကွင်း တခြားစီပဲ မဟုတ်လား။


“အေး အလုပ်လုပ်ရင် အဲဒီလို အသွင်မျိုး ဖြစ်အောင်လုပ်ကြ။ ခွေးရေကူးသလို မလုပ်ကြ နဲ့”တဲ့။


ဟုတ်တာပေါ့။ ခွေးရေကူးတဲ့ မြင်ကွင်းကို စိတ်နဲ့ မှန်းကြည့်လိုက်လျှင် ဒီပုဂ္ဂိုလ်ကြီး ဘာဆို လိုတယ်ဆိုတာ သိနိုင်ပါတယ်။

ပုဂ္ဂိုလ်ကြီးက ဘွဲ့ရလို့ ကျောင်းသားများကို အဲဒီလို ဆုံးမသြ၀ါဒ ပေးသွားပါတယ်။ ဒီသြ၀ါဒ ကို ကျွန်တော် အလွန်နှစ်ခြိုက်ခဲ့ပါတယ်။ မှတ် သားထားပြီး မိမိ လုပ်သက်တစ်လျှောက်လုံးမှာ လိုက်နာကျင့်သုံးခဲ့ပါတယ်။ လုပ်သက်ရင့်လာ သည်နှင့်အမျှ အဆင့်မြင့် တာဝန်တွေယူလာခဲ့ ရသည်နှင့်အမျှ ဒီသြ၀ါဒရဲ့ တန်ဖိုးကိုပို၍ ပို၍ သိလာခဲ့ပါတယ်။ ဒီလို စိတ်ထား၊ ဒီလို စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်လျှင် အောင်မြင်ဖို့ အခွင့်လမ်းတွေ သိသိသာသာကြီး တန်းတက်လာတာကို တွေ့ခဲ့ရပါ တယ်။ဒီသြ၀ါဒ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ကျေးဇူး တင်ဆဲပါပဲ။ ဒါက ဗိုလ်လောင်း ဘ၀က ရခဲ့တဲ့ ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒပါပဲ။



ဒုတိယ သြ၀ါဒ

ဒုတိယ သြ၀ါဒက ကျွန်တော့်ရဲ့ ပထမဦး ဆုံး တပ်ရင်းမှူးရဲ့ သြ၀ါဒ ဖြစ်ပါတယ်။
၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ မှာ ဘုရင့် စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဒု ဗိုလ်ဖြစ်လာကြတယ်။ ကျွန်တော်နဲ့ ဒုဗိုလ်ညွန့် တင် (ဗိုလ်မှူးကွယ်လွန်)ကို အမြောက်တပ်ဖွဲ့မှာ တာဝန်ချပြီး ဗြိတိသျှ တပ်မတော်ရဲ့ အမြောက် သင်တန်းကျောင်းမှာ အမြောက်ပညာ ဆက်သင် စေခဲ့ပါတယ်။ အမြောက် တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ အခြား ပညာတွေကိုလည်း သက်ဆိုင်ရာ စစ် ကျောင်းတွေမှာ ဆက်လက် ဆည်းပူးပြီး မြန်မာ နိုင်ငံကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလထဲမှာ ပြန်ရောက် ကြပါတယ်။ မိခင် တပ်ရင်းဖြစ်တဲ့ အမှတ် (၁) အမြောက်တပ်ရင်းကို သတင်းပို့ ကြတာပေါ့။

တပ်ရင်းက ရန်ကုန်မြို့ ဘောက်ထော် ရပ်ကွက်မှာ ရှိပါတယ်။. ယခုတပ်မတော် မှတ်တမ်းရုံး နေရာပေါ့။ အဲဒီတုန်းက တပ်မတော်မှာ အမြောက်တပ်ရင်း တစ်ရင်းသာ ရှိပါသေးတယ်။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီးဘရွှေ (ဗိုလ်မှူးကြီး သံအမတ်ကြီး (ငြိမ်း) ကွယ်လွန်) ။ တပ်ရင်းကို ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ကမှ ဖွင့်ခဲ့တာ။ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး အတွက် တည်ထောင်ရတာပါ။ အမြောက်တပ်ခွဲ သုံးခွဲ၊ တစ်ခွဲလျှင် တပ်စုနှစ်စု၊ တပ်စုတစ်စုလျှင် ၂၅ ပေါင်ဒါ အမြောက်လေးလက်စီ တပ်ဆင်ထား ပါတယ်။


သောင်းကျန်းမှုက အရှိန်အဟုန် တက်နေ ပြီမို့ စုဆောင်းရသမျှ အင်အားနှင့် တပ်စုတွေ၊ တပ်ခွဲတွေ ဖွဲ့စည်း၊ လေ့ကျင့်ပြီးတာနဲ့ စစ်ဆင်ရေး ထွက်ကြပေါ့။ တပ်စုတစ်စု လေ့ကျင့်ပြီးတာနဲ့ စစ်ဆင်ရေးမှာ ထုတ်သုံးရတဲ့ အခြေအနေ ပေါ့ခင်ဗျ။ ကျွန်တော်တို့ နှစ်ယောက် တပ်ရင်းကို သတင်း ပို့ချိန်မှာ တပ်စု ငါးစုဖွဲ့စည်းပြီးပြီ။ တပ် မဟာနယ်မြေ အသီးသီးမှာ တွဲဘက်တာဝန် ထမ်းနေကြပါပြီ။


ထိုစဉ်က အမြောက်တပ်စုရဲ့အင်အားက ၆၄ ယောက် ရှိတယ်။ ခြေလျှင်တပ်စု အင်အားထက် နှစ်ဆနီးပါးလောက်ပေါ့။အရာရှိ ၃ယောက်၊ ဒု အရာခံ ဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၆ ယောက်၊ အကြပ်တပ်သား ၅၄ ယောက်ရှိပြီး အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးသုံးတယ်။ အမြောက်ပစ်တဲ့ အဖွဲ့၊ အမြောက်ပစ်ဖို့ ထွက်ချက်ပေးတဲ့ အကူအဖွဲ့(Technical Assistants) ၊ ရှေ့တန်း အကဲကြည့် အဖွဲ့နဲ့ အမြောက် စခန်းကို ၀ိုင်ယာလက်စက်၊ တယ်လီဖုန်းတို့နဲ့ ဆက်သွယ်ပေးတဲ့ ဆက်သွယ် ရေးအဖွဲ့၊ မော်တော်ယာဉ် အဖွဲ့တို့ ဖြစ်ပါတယ်။


အမြောက် သင်တန်းကျောင်းလည်း မရှိသေး တော့ တပ်ရင်းမှာပဲ စစ်သည်များကို အမြောက် ပညာ သင်ကြား ပေးရတာပေါ့။ တပ်ခွဲမှူးက ဦးဆောင်ပြီး ၀ါရင့် အကြပ်ကြီးများနှင့် လေ့ကျင့် ပေးရတယ်။ တစ်ဦးချင်း လေ့ကျင့်မှုပြီးတော့ အဖွဲ့ လိုက် လေ့ကျင့်ကြ၊ အဖွဲ့လိုက် အဆင့်မီ လာတာနှင့် အဖွဲ့အားလုံး စုပေါင်းပြီး အမြောက်တပ်စု အဖြစ် စုပေါင်း လေ့ကျင့်ကြတယ်။ အဆင့်မီ လာတာနဲ့ စစ်ဆင်ရေးမှာ စသုံးတာပေါ့။


တပ်ရင်းမှူးကြီးက ဒုဗိုလ်ညွန့်တင်ကို တပ်ခွဲ (၂)၊ ကျွန်တော့်ကို တပ်ခွဲ (၃) မှာ နေရာချ လိုက်ပါတယ်။ မကြာမီမှာပဲ လူအင်အား အခြေအနေ ပေးလာတော့ တပ်စု(၆)ကို ဖွဲ့စည်းပါတော့ တယ်။ တပ်စု (၆)ရဲ့ အသစ်စက်စက် တပ်စုမှူး လေးက ကျွန်တော် မောရနွယ်မောက်ပါ။ ဖွဲ့စည်း ပုံအရ အရာရှိ ၃ယောက် ဆိုပေမယ့် အရာရှိ မလုံလောက်တော့ ကျွန်တော် တစ်ယောက်တည်းပေါ့။ အဲဒီခေတ် ကာလတုန်းက ဗိုလ်သင်တန်း ကျောင်းမှ ဆင်းလာတဲ့ အရာရှိငယ်ကို အင်္ဂလန် လွှတ်ပြီး အမြောက်ပညာ သင်စေရတဲ့ ခေတ် ဖြစ်ပါတယ်။


အမြောက် ပညာရပ် အ၀၀ကို လေ့ကျင့် သင်ကြားပေးရတာ ကျွန်တော့်အတွက် အခက် အခဲ မရှိပါဘူး။ ဒါပေမယ့် ဒုဗိုလ်ပေါက်စ ဖြစ် ပြီး တပ်အတွေ့အကြုံ မရှိသေးတော့ စီမံ ကွပ်ကဲမှု ကိစ္စတွေ၊ အုပ်ချုပ်ရေး ကိစ္စတွေမှာ အလွန် အားနည်းပါတယ်။ ဒါတွေကို လမ်းညွှန်ကြပ်မတ် ပေးမယ့် တပ်ခွဲ (၃) တပ်ခွဲမှူးကလည်း စစ်ဆင်ရေး ထွက်နေတော့ အနီးကပ် အထက်အရာရှိ မရှိပြန်ဘူး။ ဒီတော့ တပ်ရင်းမှူးကပဲ ဒီကိစ္စတွေ မှာကျွန်တော့်ကို သင်ပေးရ၊ ကြပ်မတ်ပေးရပါ တယ်။ သာမန်အားဖြင့် တပ်ရင်းမှူးနဲ့ ဒုဗိုလ် ပေါက်စတို့ဟာ တိုက်ရိုက် ထိတွေ့မှု နည်းကြ ပေမယ့် တပ်ရင်းမှူးက ကျွန်တော့်ရဲ့ တပ်ခွဲမှူး လို ကျွန်တော့်ကို ကြပ်မတ်ရ၊ သင်ကြားပေးနေ တော့ ထိတွေ့မှု များတာပေါ့။

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ (ပေဖူးလွာ စာအုပ်မှ) Page 1 of 6

လူ့ဘ၀မှာ မွေးလာတယ်။ တစ်ချိန်ကျတော့ သေတယ်။ ဒီခရီးကို လူတိုင်း လျှောက်ကြရ ပါတယ်။ ငယ်စဉ်က ပညာရှာတယ်။ အရွယ်ရောက်တော့ စားဝတ်နေရေး အတွက် အလုပ်လုပ်ကြ၊ စီးပွား ရှာကြတယ်။ အချိန်တန်တော့ အနားယူတယ်။ အငြိမ်းစား ဘ၀မှာ တရားဘက် ဆက်လိုက်သူ ကလည်း လိုက်ကြတာပေါ့။ ဒီလိုနှင့် အိုလာတယ်။ နာလာတယ်။ နောက်ဆုံး သေတယ်။ လူ့ဘ၀ ခရီးကို ဒီလို ဖြတ်သန်း နေကြချိန်မှာ လူတိုင်းဟာ များပြားလှတဲ့ ဆုံးမ သြ၀ါဒတွေကို နားထောင် ခဲ့ကြရတာပေါ့။ လူမှန်းသိစ အရွယ် မှစပြီး မိဘက ဆိုဆုံးမခဲ့တယ်။ ပညာ သင်ချိန်မှာ ဆရာ၊ ဆရာမများရဲ့ ဆုံးမ သြ၀ါဒတွေ၊ အလုပ် ၀င်လုပ်ကြတော့ အထက် အရာရှိရဲ့ ဆုံးမသြ၀ဒါ တွေပေါ့။ ဒါတွေအပြင် ဗုဒ္ဓ စာပေနှင့် အခြားစာပေ တွေ၊ လူကြီး သူမတွေ၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ပညာရှင်တွေ စသည်ဖြင့် ပုဂ္ဂိုလ်မျိုးစုံ၊ နေရာ မျိုးစုံမှ သြ၀ါဒတွေ ရကြပါတယ်။ ဒီလို ရလာခဲ့ကြတဲ့ အဆုံးအမ သြ၀ါဒတွေကို ဘယ်လောက်အထိ နာယူမှတ်သား လိုက်နာ ကြတယ်။ ကျင့်သုံးကြတယ် ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ဦးချင်း အပေါ် မူတည်တာပေါ့လေ။ အချို့ သြ၀ါဒတွေက ဘယ်ဘက်နားမှ ၀င်ပြီး ညာဘက်နားမှ ထွက်သွားတယ်။ အချို့ကျတော့ အချိန် အတိုင်းအတာ တစ်ခုအထိ စိတ်ထဲ စွဲကျန် ခဲ့တယ်။ တချို့ သြ၀ါဒကျတော့ အိုမင်း ရင့်ရော် လာသည့်တိုင် မမေ့ဘူး။ မိမိဘ၀ တစ်လျှောက်လုံးမှာ မီးရှူး တန်ဆောင်သဖွယ် ဖြစ်ခဲ့ကြတယ်။ လမ်းညွှန်ထိန်းကြောင်း ပေးခဲ့ကြပါတယ်။ အဲဒီလို မမေ့နိုင်တဲ့ အဆုံးအမ သြ၀ါဒမျိုး ကျွန်တော် ရခဲ့ဖူးပါတယ်။ အသက်၂၀ နှင့် ၂၁ နှစ်တုန်းကပေါ့။ ကျွန်တော် ယခုအသက် ၈၁ နှစ်ရှိပြီ။ နှစ်ပေါင်း ၆၀ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီသြ၀ါဒ နှစ်ခုကို ကျွန်တော် မမေ့ဘူး။ စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။ ပဋ္ဌမသြ၀ါဒ ၁၉၄၉-၅၁ ခုနှစ်တုန်းက အင်္ဂလန်က ဘုရင့် စစ်တက္ကသိုလ်မှာ(Royal Military Academy, Sandhuhst) ဗိုလ်လောင်းသင်တန်း တက်ခဲ့ ပါတယ်။ လွတ်လပ်ရေး ရပြီးစ ကျွန်တော်တို့ တပ်မတော်မှာ “ဗိုလ်သင်တန်းကျောင်း” သာ ရှိပြီး “စစ်တက္ကသိုလ်” မဖွင့်ရသေးတော့ အင်္ဂလန် က ဘုရင့် စစ်တက္ကသိုလ်ကို ၁၉၄၇ခုနှစ်မှစပြီး နှစ်စဉ်ဗိုလ်လောင်း အချို့စေလွှတ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မေလမှာ ကျွန်တော် အပါအ၀င် ဗိုလ်လောင်း လေးယောက် စေလွှတ်ခဲ့တယ်။ ဘုရင့် စစ်တက္ကသိုလ်ကို စေလွှတ်တဲ့ တတိယ အသုတ်ပေါ့။ သင်တန်းတက်စဉ် အရပ်ဘက် တက္ကသိုလ် တစ်ခုရဲ့ နှစ်ပတ်လည် မဂ္ဂဇင်းတစ်စောင်မှာ တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အကြောင်း ဖတ်လိုက် ရပါတယ်။ အင်္ဂလိပ် မင်းမျိုးမင်းနွယ် ထဲက ပုဂ္ဂိုလ် ကြီးတစ်ဦးက ဘွဲ့ရ ကျောင်းသားတွေကို ပြောခဲ့တဲ့ မိန့်ခွန်း အပြည့်အစုံ ဖော်ပြထားတယ်။ မိန့်ခွန်းပါ သြ၀ါဒက အနှစ်သာရ ပြည့်ဝလွန်းလို့ ကျွန်တော် နှစ်ခြိုက်သွားပြီး မှတ်သားခဲ့တယ်။ သြ၀ါဒ အကျဉ်းက ဒီလိုပါ။ “မင်းတို့ တတွေ ကျောင်းပညာ သင်ကြားခြင်း ပြီးဆုံးခဲ့ပြီ။ ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းတွေ မှာ အလုပ်ဝင်ကြတော့မယ်။ ရှေ့ဆက်ပြီးတော့ လည်း အငြိမ်းစား ယူချိန်အထိ လုပ်သွားကြလိမ့် မယ်။ ဒီလို အလုပ်တွေ လုပ်ကြရာမှာ မင်းတို့စိတ်ထဲ စွဲစွဲမြဲမြဲ ထားပြီး လုပ်ကိုင်သင့်တာ တစ်ခုရှိတယ်။ ဒီအကြောင်း မင်းတို့ကို ငါပြောချင်တယ်။ ငါမှာ ချင်တယ်” လုပ်သက် တစ်လျောက်မှာ ရာထူးအဆင့် အမျိုးမျိုးနှင့် လုပ်ငန်း တာဝန် အမျိုးမျိုးကို မင်းတို့ လုပ်ကြလိမ့်မယ်။ မင်းတို့ အလုပ်ဝင်တဲ့ လုပ်ငန်း ဌာနမှာ အရာရှိအချို့က ထိပ်ပိုင်းရာထူး အဆင့်ထိ တက်သွားကြသလို အချို့ကျတော့လည်း အလယ်အလတ် အဆင့်နဲ့ပဲ ပြီးဆုံးသွားကြတာ မင်းတို့ တွေ့လိမ့်မယ်။ ဒါကလည်း သဘာဝကျပါတယ်။ဘယ်လိုလုပ်ပြီး လူတိုင်း အထွတ်အထိပ်ကို ရောက်နိုင်မလဲ။ ဒီလို သဘောရှိလို့ အခြားသူ တွေမရောက်ကြပေမယ့် ငါရောက် နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မင်းတို့ မွေးရမယ်။ အရေးကြီးတာက ဘယ်အဆင့်နှင့် ဘာလုပ်ငန်း တာဝန်ပဲ လုပ်ရ၊ လုပ်ရ၊ ကိုယ်လုပ်ရတဲ့ အလုပ်ကို မိမိရဲ့ ကိုယ်စွမ်း ရှိသ၍၊ ဥာဏ်စွမ်းရှိ သ၍နှင့် အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့ပဲ။ အိတ်သွန်ဖာမှောက် လုပ်ကြ၊ မခိုမကပ်နဲ့။မိမိ လုပ်ရတဲ့ အလုပ်တိုင်းကို အဲဒီလို စိတ်ဓာတ်နဲ့ လုပ်ကြ။ သေးငယ်တဲ့ အလုပ်ပဲ အရေး မကြီးတဲ့ အလုပ်ပဲလို့ သဘောထားပြီး မိမိ လုပ်နိုင်တာထက် လျော့ပြီး မလုပ်နှင့်။ မင်းတိုင်းကျေ မလုပ်နဲ့ အလုပ် တစ်ခုဟာ ကြီးကြီးသေးသေး မင်းလုပ်တဲ့ အလုပ်တိုင်းဟာ ထိပ်တန်းကြီးပဲလို့ မင်းရဲ့အထက်လူကြီး များကရော၊ လုပ်ဖော် ကိုင်ဖက်များကပါ မြင်ကြ၊ ပြောဆို လာကြအောင် လုပ်ရမယ်။ ယုတ်စွအဆုံး ပြောမယ်ကွာ။ တံမြက်စည်း လှည်းတဲ့အလုပ် လုပ်ရရင်တောင် မင်းလှည်း ကျင်းခဲ့တာထက် ပိုမို ကောင်းမွန်အောင် ဘယ်သူမျှ ထပ်မလှည်းနိုင်တဲ့ အဆင့်မျိုး ရောက်အောင် လှည်းရမယ်။ အေး တစ်ခုတော့ ရှိတယ်ကွ။ ဒီလို မင်း အစွမ်းကုန် လုပ်နေတာဟာ အထက်လူကြီးက စောင့်ကြည့်နေလို့ လုပ်တာမျိုးတော့ မဖြစ်စေနဲ့။ လုပ်ငန်း ပြီးစီးသွားလျှင် လာရောက်စစ်ဆေး မှာမို့ လုပ်တာမျိုးလည်း မဖြစ်စေနဲ့။ မင်းတို့ ကြပ်မတ် စောင့်ကြည့်နေသူ ရှိရှိ၊ မရှိရှိ။ လုပ်ငန်း အစစ်ဆေး ခံရဖို့ ရှိရှိ၊ မရှိရှိ အကောင်းဆုံး ဖြစ်အောင် လုပ်တာမျိုး၊ အစွမ်းကုန် လုပ်တာမျိုးသာ ဖြစ်ပါစေ။ ကြီးကြပ်မှု မရှိဘဲနဲ့ လုပ်နိုင်သူ ဖြစ်ပါ စေ။ ဒီလိုသာ မင်းတို့လုပ်ကြ၊ ကိုင်ကြမယ်ဆိုရင် မင်းတို့ အောင်မြင်မှာ သေချာတယ်။ အထက် လူကြီးတိုင်းက ဒီလို လုပ်ကိုင်တဲ့၊ စိတ်ချရတဲ့ လက်အောက်ငယ်သားကို သတိပြုမိတယ်။ သဘောကျတယ်။ တန်ဖိုး ထားကြတယ်။ အလုပ်တစ်ခု ခိုင်းလိုက်လျှင် အစွမ်းကုန် ကြိုးစား လုပ်တဲ့သူ၊ မဖြစ်ဖြစ်အောင် ကြိုးစား လုပ်သူ၊ ယုံကြည် စိတ်ချရသူ တစ်ယောက်ရယ်လို့ အထက် လူကြီးတွေက မင်းကို မြင်လာပြီ ဆိုလျှင် မင်းရဲ့ တိုးတက်ရေး လမ်းစ ပွင့်သွားပြီလို့ မှတ်ပေတော့။ 
https://www.facebook.com/pages/%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9/301618333222558