ရွှေလီသား(မဘိမ်း)

Loading...

Wednesday, 6 June 2012

အစိုးရ၏တခုတည်းသောပြန်ကြားရေးသတင်းဌာန(သို့ )ရုရှားပည်ာတော်သင်များ


အမှန်တကယ်အွန်လိုင်းတွင်လူပြောများနေသောအကြောင်းအရာများသည်ရုရှားရောက်စစ်ဗိုလ်များဟုခေါ်ဝေါ်သုံးစွဲကြသည်။
ယင်းမှာမှားယွင်းသောအသုံးအနှန်းဖြစ်သည်။နိုင်ငံတော်မှာရုရှားနိုင်ငံသို့စေလွှတ်ရာတွင်အရပ်သားတစ်ဦးကဲ့သို့စေလွှတ်ခြင်းဖြစ်သည်။ ခေါင်းစဉ်တည်ပေးလိုက်ကတည်းကလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးခေါင်းစဉ်သာဖြစ်သည်။သို့သော်ကာချူပ်ကြီးပြောသည့်အတိုင်းပင်
ယနေ့ခေတ်သည်စစ်ရေးအမြင်တခုတည်းရှိသည့်နှင်မလုံလောက်တော့သောအခြေအနေရောက်နေသည်အားလျှော်စွာဘက်စုံစစ်ပွဲအသွင်
ဖော်ဆောင်လာသည်။အစိုးရအားတိုက်ခိုက်ဝေဖန်သည့်မီဒီယာဆိုဒ်များပေါများစွာအွန်လိုင်းတွင်ရှိသော်လည်းအစိုးရဖက်တွင်ပြန်လည်ဖြေ၇ှင်း
နိုင်ခြင်းလွန်စွာအားနည်းသည်။ယင်းအချက်သည်အစိုးရအတွက်ပြည်သူများ၏ယုံကြည်ကိုးစားမူ့လျှော့ကျလာစေနိုင်သောအကြောင်း
အရာများထဲမှာတစ်ချက်အပါအ၀င်ဖြစ်သည်။သို့သော်ပညာတော်သင်များမှာပညာရေးအတွက်သာမကတိုင်းပြည်အတွက်လိုအပ်သည့်
နိုင်ငံအရေးဆိုင်ရာများတွင်အမှန်တရားအတွက်ခွန်းတုံ့ပြန်ခြင်းဖြင့်တိုင်းပြည်၏ပြန်ကြားရေးဖြစ်လာသည်။အထူးသဖြင့်အတိုက်အခံအင်
အားစုများသည်ယခင်အသုံးအနှန်းစစ်ခွေးများအဖြစ်သုံးနှန်းခဲ့ကြပြီ။လက်ရှိအစိုးရတက်လာသောအခါကြံ့ဖွံစစ်ခွေးဖြစ်လာသည်။ အမှန်တကယ်ထိုသူတို့လိုချင်သောဒီမိုကရေစီနိုင်ငံအသွင်တွင်စစ်တပ်သည်ကာကွယ်ရေးသက်သက်သာဖြစ်သည်။နိုင်ငံရေး
တည်ဆောက်ရေးမဏ္ဍီုင်ကြီး  ၅  ရပ်တွင်အုပ်ချူပ်ရေး၊တရားစီရင်ရေးနှင့်မီဒီယာတို့တွင်တပ်မတော်မှ မပါနိုင်သော်လည်းဥပဒေပြုရေးတွင်တော့ပါဝင်ဖို့လိုအပ်သည်။ထို့အပြင်ရုရှားရောက်စစ်ဗိုလ်များသည်လည်းကြံ့ဖွံ့အသင်းဝင်များမဟုတ်သလို
NLDအသင်းသားများလည်းမဟုတ်။ကြံ့ဖွံ့စစ်ခွေးဟုသုံးနှန်းနေသူများသည်အမှန်တကယ်ဥပဒေလည်းမသိ၊စကားပြောနိုင်ချင်ဇောအားကြီးစွာသုံးစွဲခြင်း
သက်သက်သာဖြစ်ပြီးဗဟုသုတနည်းပါးမှုကိုလူအများရှေ့ ထုတ်ဖော်သကဲ့ သို့ ဖြစ်ချေသည်။
အွန်လိုင်းမီဒီယာလောကတွင်ပြသနာတစ်ခုဖြစ်တည်လာလျှင်လက်ရှိအစိုးရနှင်နွယ်ပြီးရုရှားရောက်ပညာတော်သင်များကိုပါပူးပေါင်းပုတ်ခတ်ပြောဆိုကြသည်။
ယင်းမှားမှားယွင်းခြင်းသက်သက်သာဖြစ်ပြီးတပ်မတော်နှင့်ပါတီဖြစ်စေအစိုးရနှင့်ဖြစ်စေမည်သို့မျှဆက်သွယ်ခြင်းဆက်စပ်ခြင်းမရှိသည်ကိုမသိပဲပြောဆိုခြင်း
သက်သက်သာဖြစ်သည်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၊ပုဒ်မခွဲ(စ)အရတပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်ဟုအတိအလင်းဖော်ပြထားသည်။မြန်မာနိုင်ငံတွင်မှမဟုတ်နိုင်ငံအသီးသီးတွင်နိုင်ငံ၏
တည်ငြိမ်အေးချမ်းမှုလျော့ရဲလာလျှင်စစ်တပ်မှပင်ဝင်ထိန်းပေးရသည်မှာလည်းသဘာဝဖြစ်သည်။ထို့ကြောင့်ရုရှားရောက်တပ်မတော်သားများတင်မဟုတ်
တပ်မတော်သားအားလုံးသည် အခြေခံဥပဒေကို ကာကွယ်ရန် အလုံးစုံတာဝန်ရှိသည်။

ပြည်သူ တချို့ အကောင်းမြင်တက်ရန်လိုသည်


မြန်မာနိုင်ငံ၏နောက်ဆုံး စခန်းသိမ်းတိုက်ပွဲများဖြစ်သော ၀ါးခသစ်ကဲ့ သို့ သော တိုက်ပွဲများတွင် ကိုက်၂၀၀ ပစ်ကွင်းထဲဝင်ပါက သေမည် သိသိနှင်ပင်တပ်မတော်သားများ အသက်ပေးခဲ့ ကြသည်။  အိုမီဂါ ရှိတ်ဟုလူပြောများသော စခန်းသိမ်းတိုက်ပွဲတွင် တပ်မတော်သားများစွာ   အသက်ပေး      လှူပြီးအင်္ဂါစွန့် လွတ်ခဲ့ကြရသည်။ကမ္ဘာကိုပင်မည်သို့မျှတိုက်ခိုက်ခြင်းမပြုနိုင်သောစခန်းဟုကြေငြာထားသောစခန်းအားတပ် မတော်၏စွမ်းပကားဖြင့်တိုက်ခိုက်ရရှိခဲ့သည်။မဲမဲမြင်သည့်အရာမှန်သမျှတိုင်းအားအဆိုးမြင်တက်ဖို့လိုသည်။ နိုင်ငံဒေသအသီးသီးတွင်ဘူတာရုံများလမ်းကင်းတံတားများ၊ဘုရားများ၊အသီးသီးတွင်တပ်မတော်သားများကျ ရာနေရာမှတာဝန်ထမ်းဆောင်လျှက်ရှိသည်။တိုင်းပြည်အတွက်ကျရာနေရာဒေသတွင်ပေးဆပ်နေသာသူများ ရှိသကဲ့သလိုဒုက္ခိတဖြစ်သွားသူများကိုလည်းမင်္ဂလာဒုံစစ်ဆေးရုံတွင်စိတ်ခိုင်ပါကသွားကြည့်နိုင်ပါသည်။ သို့သော်မည်သည့်တပ်မတော်သားများမှဆန္ဒမပြခဲ့ကြ။အဆိုးမြင်သူများကြားတွင်အကောင်းမြင်သောစိတ် ဖြင့်တိုင်းပြည်တာဝန်ကိုထမ်းဆောင်ခဲ့ကြသည်။ပြည်သူအများသည် ၂၀၀၈ နာဂစ်ထက် ၂၀၀၇ အရေးအခင်းကိုပိုမြင်ကြသည်။ရန်ကုန်ရှိလမ်းများမှသစ်ပင်များ၊လူသေကောင်များကိုတပ်မတော်သားများ ကပင်ဒိုင်ခံဆောင်ရွက်ခဲ့သည်။ဧရာဝတီတိုင်းဒေသတွင်လည်းကယ်ဆယ်ရေးလုပ်ရင်းပင်တပ်မတော်သားများ စွာအသက်ဆုံး၇ှုံးခဲ့ကြသည်။သို့သော်ထိုတပ်မတော်သားများနှင့်ပတ်သတ်သောမိဘသားချင်းသည်လည်း ကောင်းဆွေမျိုးများသည်လည်းကောင်းမည်သည့်မှတ်ချက်များမပေး၊ပေးဆပ်ရင်းဂုဏ်ယူကြသည်။ခြေတဖက် ပျက်သောကြောင့်လူ့အခွင့်တောင်းဆိုပိုင်ခွင့်ရှိလျှင်သို့တည်းမဟုတ်တိုင်းပြည်အတွက်အသက်ပေးလျှင် အကျိုးခံစားခွင့်ရမည့်ဥပဒေမျိုးကိုမည့်သည့်တပ်မတော်သားများ၏သက်ဆိုင်သူများတောင်းဆိုခြင်းမပြုခဲကြ။ တိုင်းပြည်အတွက်ရေစက်ချခွင့်မရ၊မိဘသေလျှင်ပင်တာဝန်အရပြန်လာနိုင်ခွင့်မ၇ှိသောအခြေအနေများ၊ မိန်းမကိုယ်ဝန်ရင့်မာအချိန်မျိုးပင် တိုင်းပြည်အတွက်ရှေ့တန်းထွက်ရသည့်သူများသည်မိမိရပိုင်ခွင်အရေး ထက်တိုင်းပြည်အရေးကိုဦးစားပေးသူများဖြစ်ကြပြီးလူ့အခွင့်အရေးတောင်းဆိုကာထောင်ကျနေသောသူများ ထက်တော့သာလွန်သောအလုပ်လုပ်နေသူများဟုထင်မြင်မိသည်။၂၀၀၈နာဂစ်ကယ်ဆယ်ရေးအတွက်ကိုယ် ထူကိုယ်ထဖြင့်တပ်မတော်သားများကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ယင်းအခြေအနေတွင်အတိုက်အခံများမှ အနောက်နိုင်ငံများ၏ကူညီမူကိုမယူရကောင်းလားဟု   အပြစ်တင်ကြသည်။ဒုက္ခရောက်နေသောပြည်သူများ ကိုအရေးမစိုက်သောအစိုးရ ဟုအပြစ်တင်ကြသည်။ ဥပမာလေးတခု ပြပါမည်။  မိမိအိမ်သို့   ဆွေမျိုးမကင်းသော  သူ(သို့ )  မိန်းမဘက်မှ ညီမ ၊အမ ၊ ဦးလေး တစ်ဦးဦး အလည်ရောက်သော်အခါ မိမိမှလည်းကြာရှည်မကြည်ဖြူ၊မောင်းထုတ်ရန်လည်းမကောင်းအခြေအနေမျိုးကြုံဖူးကြလိမ့်မည်။အမေရိကန် သည်မဟာဗျူဟာအရမြန်မာနိုင်ငံတွင်စစ်စခန်းတည်ဆောက်ခွင့်ရချင်သည်။သို့မှသာတရုတ်နိုင်ငံ၏တခု တည်းသောထွက်ပေါက်ကိုပိတ်နိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံပတ်ပတ်လည်တွင်အမေရိကန်စစ်စခန်းမရှိသော နိုင်ငံမ၇ှိ။ကယ်ဆည်ရေးများရောက်လာသောအခါကူညီပေးသည်မှာအဓိကမဟုတ်။ကယ်ဆယ်ရေးလုပ်ငန်းပြီး သွားသောအခါမောင်းထုတ်ရန်အတွက်အခက်အခဲဖြစ်မည်မှာအမှန်ဖြစ်သည်။သို့အတွက်ကြောင့်နိုင်ငံတော် အစိုးရသည်စစ်မှန်သောကူညီမူ့ဖြစ်ပါကထိုင်းနိုင်ငံမှတဆင့်ပို့ဆောင်ပေးပါရန်မေတ္တာရပ်ခံခြင်းဖြင့်အနာဂတ် အတွက်ကြိုတင်ပြင်ဆင်ခြင်းသက်သက်သာဖြစ်သည်။သို့သော်ပြည်သူများအကြားတွင်၂၀၀၇အရေးအခင်းကို သာပြေးမြင်ကြသည်။ရဟန်းတော်များမေတ္တာသုတ်ပွားများခြင်းသည်အရေးမဟုတ်သေး။ဘေးမှနိုင်ငံရေးသမားများ ၀ိုင်းဝန်းလာပြီးနိုင်ငံတော်တည်ငြိမ်ရေးကိုထိခိုက်လာခြင်းကသာအရေးဖြစ်သည်။မေတ္တာသုတ်ရွက်ဖတ်ပူဇော် သည်ဖြစ်စေ၊ဆန္ဒပြသည်ဖြစ်စေလူအများသွားလမ်းမတလျောက်မြို့တခုလုံးအုပ်အော်သောင်းနင်းဖြစ်သည် အထိတော့ဘုရားသားတော်များ(အစစ်)နှင့်အတူနိုင်ငံရေးသများတို့မလုပ်သင့်ဟုထင်မြင်မိသည်။အထူးသဖြင့် ကိုဇာဂနာပြောသော ဘုန်းကြီးများပါ ပါလာသည် အထိ သပိတ်အဖြစ်ပေါ်ပေါက်လာအောင် ကျနော် တို့ကြိုးပမ်းခဲ့ ကြတယ် ဆိုတဲ့  ရုပ်သံဖိုင်ကို ကြည့် ဖူးသူများ ပို မို့ သိရှိကြပေလိမ့် မည်။

နိဂုံးချူပ်

တပ်မတော်မှလမ်းပြကာဒီမိုကရေစီအတွက်ဦးဆောင်လမ်းဖောက်ပြီးဆောင်ရွက်နေသည့်အတွက်သင်္ချာ သဘောတရားအရပင်  နောက်ပြန်လှည့် မည့် အခြေအနေမရှိ။အာဆီယံ၏ကိုးစားမူကို ရယူပြီး နိုင်ငံတကာ၏စောင့်ကြည့်နေသည့်ကြားတွင်ဖြေဖြေးနှင့်မှန်မှန်လက်ရှိအစိုးရဆောင်ရွက်လျှက်ရှိသည်။အတိုက် အခံဆိုသည်ထက်ပူးပေါင်းဆောင်ရွက်မူမျိုးရှိမှသာနိုင်ငံတနိုင်ငံ၏တိုးတက်မူကိုအလျှင်အမြန်ရှာတွေ့နိုင်မည် ဖြစ်သည်။ မဲမဲမြင်ဆဲမည့်သူများသည်လည်း တပ်မတော်နှင့်ကြံဖွံ့ အဖွဲ့အစည်းခွဲခြားသိ၇ှိရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ရောက်သောအခါNLDနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုခွဲခြားသိမြင်နိင်ရန် လိုအပ်သည်။ကိုဇာဂနာသည်လည်းစကားလုံးတိုင်းသည်ဟာသမဖြစ်ပါဆိုသည်ကိုလည်းသိရှိနိုင်ရန်လိုအပ် သည်။ပြည်သူအများသည်လည်းဒီမိုကရေစီဟုဆိုလိုက်သည်နှင့်တပြိုက်နက်တည်းမင်းမဲ့စရိုက်ဆန်ဆန်အ ကြမ်းမဖက်ဖို့လိုအပ်သည်။ရပိုင်ခွင့်တည်းဟူသောအခွင့်အရေးထက်ဘောင်ကျော်လျှင်ဒီမီကရေစီတွင်လည်း တရားဥပဒေစိုးမိုးမူဖြင့်ချူပ်ကိုင်ထားသည်ကိုသိရှိရန်လိုအပ်သည်။လိုချင်သောအခွင့်အရေးအတွက်နည်းလမ်း ကျစွာဆန္ဒဖော်ပြခွင့်ရှိသော်လည်းအလွန်အကျွံဖြစ်လာလျှင်မူဒီမိုကရေစီဘိုးတော်နိုင်ငံဖြစ်သည့်အမေရိကန် တွင်လည်းရဲများသည်အကြမ်းဖက်သည်။သို့ပါသောကြောင့်လက်ရှိလူငယ်များအနေဖြင့်နိုင်ငံ၏ပြောင်းလဲမှု အဆင့်ဆင့်တိုင်းအတွက်အကျိုး၇ှိစွာပါဝင်ပူပေါင်းဆောင်၇ွက်ခြင်းဖြင့်တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရန် တာဝန်ရှိပေတော့ သည်။
(မင်းသန့် )

No comments:

Post a Comment