ရွှေလီသား(မဘိမ်း)

Saturday 21 April 2012

စစ်သားဟုခေါ်သည်





ကျွန်တော်
လွတ်လပ်မှုကိုတပ်မက်စွာ မြတ်နိုးသည်
သို့သော် ... ဝါသနာ ခံယူချက်အတွက်
ပုံစံခွက် နှင့် ကျင်လည်သည် ...။

ကျွန်တော်
အမိန့်ဆိုသောအရာကိုခါးသီးစွာမုန်းပါသည်
သို့သော် ...သစ္စာလေးတန် အဓိဌာန်ကြောင့်
ရွှေ့တဲ့အကွက်တိုင်းမှာ တာဝန်ကျေမည် ...။

ကျွန်တော်
နှလုံးသားစေစားရာ ဦးနှောက်နှင့် ရှာလိုသည်
သို့သော် .... ပုခုံးမှာဖက်ဖူးတဲ့ လက်တွေအတွက်
ကျွန်တော့် ဘဝကို ပုံအပ်ထားသည် ...။

ကျွန်တော်
လက်နက်တွေမုန်းပါသည်
သို့သော် ...တိုင်းပြည်ကန်သင်းခလုတ်ရှင်းဖို့
ကိုယ် နှင့်မကွာ ဖက်အိပ်နေပါသည် ....။

ကျွန်တော်
သေရမှာကြောက်ပါသည်
သို့သော် ... တိုင်းပြည်အတွက် ဆိုပါက
နောက်ထပ်အခါခါ ပြန်လည်မွေးဖွားနေဦးမည်ဖြစ်သည်...။

ကျွန်တော်
သူတပါးအားသတ်ဖြတ်ရမှာစိုးရွံ့ပါသည်
သို့သော် ...နိုင်ငံနှင့် လူမျိုးးအတွက်ဆိုပါက
ပါဏာတိပါတ် ကို တရစပ်လိုင်စင်ဆွဲလိုသည်...။

ဤတိဤသို့
စိတ်ထားရှိခြင်း ၊ ခံယူခြင်းကြောင့်
ကျွန်တော့်ကိုကျွန်တော်စစ်သားဟုခေါ်သည် ....။

(ရုပ်ဆိုး)
https://www.facebook.com မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment