ရွှေလီသား(မဘိမ်း)

Loading...

Monday, 16 January 2012

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စစ်ဖက်နှင့် အရပ်ဖက်ဆက်ဆံရေး



ပထမကမ္ဘာဟုခေါ်သော ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တတိယကမ္ဘာဟုခေါ်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စစ်ဖက်အပြုအမူနှင့်လောကအမြင်တို့တူညီခြင်း မရှိကြပေ။ အထူးသဖြင့် နိုင်ငံရေးအပေါ် ရှုမြင်ပုံ ကွာခြားမှုကို
 ရှင်းပြနိုင်ရန်အတွက် ကမ္ဘာနှစ်ခုတွင်နိုင်ငံရေးနှင့် စစ်ရေးခေတ်မီရန် ကြိုးပမ်းအားထုတ်ပုံခြားနားမှုကို သဘောပေါက်ရန် လိုသည်။ ဥရောပနိုင်ငံ အတော်များများ နှင့် အမေရိကန် ပြည်ထောင်စု တို့တွင် နိုင်ငံရေး ခေတ်မီမှုက ရှေ့ကသွားပြီးမှ ခေတ်မီပြီး မိမိအလုပ်ကို မိမိလုပ်သော တပ်မတော်က နောက်က လိုက်သည်။ အခြေတကျရှိပြီး နိုင်ငံရေး စနစ်ဟူသော မူဘောင်အရွေ့မှ၊ စစ်ဖက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ ပေါ်ပေါက်သည်။
 သို့သော်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ အထူးသဖြင့် အရှေ့အာဖရိကနှင့် လက်တင်အမေရိကတို့တွင်ခေတ်မီတိုးတက်ရန် ကြိုးပမ်းအားထုတ်မှုများကို စစ်ဖက်က ဦးဆောင်ရသည်။ သာဓကများစွာရှိသည်။ ထိုနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကို အနောက်နိုင်ငံ၊ အထူးသဖြင့်
 အနောက်တိုင်းနယ်ချဲ့ဝါဒက လွှမ်းမိုးမှုရှိ၍ နယ်ချဲ့ဝါဒကို ထိုးဖောက်မှုနှင့် လွှမ်းမိုးမှုကို ဆန့်ကျင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များသည် ခေတ်အမီဆုံး၊ အထိရောက် ဆုံးအဖွဲ့အစည်းများ ဖြစ်လာကြသည်။ နောက်ဆုံးတွင်၎င်းတို့သည် ခေတ်မီတိုးတက်ရေး၊ အမျိုးသားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတောင့်တင်းဆုံး အင်အားစုများဖြစ်လာကြသည်။
 ထိုအခြေအနေမျိုးတွင် သဘာဝကျစွာ စစ်ဖက်သည် လူ့အဖွဲ့အစည်း၏ ဦးဆောင်လမ်းပြဖြစ်ကာ အခြားအုပ်စုများထက်  တစ်ပန်းသာနေတတ်ကြောင်း၊ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရှိရသည်။ စစ်ဘက်သာပို၍ စုစုစည်းစည်း စနစ်တကျ စည်းကမ်းတကျရှိရုံ မျှသာမက အမျိုးသားရေးနှင့် တစ်တန်းတည်းလိုလို ဖြစ်လာကြသည်။ လူမျိုး၊ ဘာသာ၊ ဘာသာစကားနှင့် ဒေသကို အခြေခံကာ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ရပ်မဟုတ်ပေ။
ဤကွဲပြားခြားနားချက်ကိုသိရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနှင့်မတူသော တတိယကမ္ဘာ၏ နိုင်ငံရေးတွင် စစ်ဘက်၏အရေးပါမှုကို နားလည်နိုင်မည်။
(၁၉၅ဝ)ပြည့်လွန်နှစ်နှောင်းပိုင်းမှစ၍ ၁၉၈ဝပြည့်လွန်နှစ်များအတွင်းတတိယကမ္ဘာနိုင်ငံ အတော်များများတွင်စစ်ဘက်က တိုက်ရိုက်အုပ်စိုးသည်။ အချို့ နိုင်ငံများ၌ နိုင်ငံရေးနှင့် မူဝါဒချမှတ်ရာတို့တွင် စစ်ဘက်က သြဇာကြီးမားသည်။ ပညာရှင် ရောဘတ်ကလပ် Robert Clarn က တတိယကမ္ဘာနိုင်ငံများတွင် စစ်ဘက်၏ အခန်းကဏ္ဍနဲ့ပတ်သက်သော သုတေသနများကို ပြန်လည်သုံးသပ်ကာ နိုင်ငံရေးနဲ့ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်ရခြင်းအတွက်အကြောင်းပြသောအချက်များကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
(၁)အစိုးရ သို့မဟုတ် အာဏာရနိုင်ငံရေးပါတီ၏ ဂုဏ်သိက္ခာ၊ လျင်မြန်စွာကျဆင်းနေခြင်း။
(၂)နိုင်ငံရေးခေါင်းဆောင်များအကြား စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်ကာ အရပ်ဘက် အစိုးရ၏ ထိထိရောက်ရောက် ဆက်လက်အုပ်ချုပ်နိုင်စွမ်းကို စစ်ဖက်ခေါင်းဆောင်များက သံသယဖြစ်လာကြခြင်း။
(၃)စစ်ဘက်ကအာဏာသိမ်းခဲ့လျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံ များကသော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများကသော်လည်းကောင်း ဝင်ရောက်စွက်ဖက်မည့် အလားအလာနည်းခြင်း။
(၄)အိမ်နီးချင်းနိုင်ငံများ၌ စစ်ဘက်မှ အာဏာသိမ်းမှုများပြုလုပ်နေကြရာမှ ကူးစက်ပြန့်ပွားခြင်း။
(၅) လူနည်းစုအုပ်စုများက အုပ်စိုးသော နိုင်ငံများ၌ ပြည်တွင်းတွင် လူမှုရေး ပဋိပက္ခများ ဖြစ်ပွားနေခြင်း။
(၆)စီးပွားရေးအကြပ်အတည်း များကြောင့် ခြိုးခြံချွေတာရေး အစီအစဉ်များဖြစ်ပေါ်ကာ မြို့ပြဒေသများကိုထိခိုက်ခြင်း။
(၇)အစိုးရနှင့် ပါတီခေါင်း ဆောင်များအကြား အကျင့်ပျက်မှုနှင့် စွမ်းရည်ညံ့ဖျင်းမှုတို့ပေါ် ပေါက်နေပြီ၊ နိုင်ငံကိုပြည်ပအုပ်စုများသို့ရောင်းစားတော့မည့်ဆဲဆဲဖြစ်နေခြင်း။
(၈)ဆင်းရဲသားများ အောက်ခြေမှ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန်အတွက်
 စစ်တပ်သို့ ဝင်ရောက်ခြင်းသည်သာတစ်ခု တည်းသော နည်းလမ်းဖြစ်နေခြင်း။
 (၉)ရှေးရိုးအစဉ်အလာ၊ နိုင်ငံတစ်နိုင်ငံအဖြစ်မှ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံတစ်နိုင်ငံဖြစ်ရန်အတွက် လိုအပ်သော သန္နိဋ္ဌာန်နှင့် စည်း ကမ်းရှိသည့် တစ်ခုတည်းသော လူတန်းစားဖြစ်ကြောင်း စစ်ဘက်တွင် ယုံကြည်မှုတိုးပွားနေခြင်း။
(၁ဝ)နိုင်ငံခြား အစိုးရများ၏ စစ်စခန်းချခြင်းအပါအဝင် နိုင်ငံကြား သြဇာလွှမ်းမိုးခြင်း၊ နိုင်ငံခြားတွင် စစ်တိုက်ရာမှ အတွေ့အကြုံရလာခြင်း သို့မဟုတ် နိုင်ငံခြားတွင် စစ်ရေးလေ့ကျင့်မှုရခြင်း သို့မဟုတ်
 စစ်လက်နက်ပစ္စည်းများကို နိုင်ငံခြားအကူအညီအဖြစ် ရရှိခြင်း။
 (၁၁)တခြားနိုင်ငံများနှင့် စစ်တိုက်ရာတွင် စစ်ရှုံးခြင်း၊ အထူးသဖြင့် စစ်ဘက်က အရပ်သား အစိုးရသည် စစ်ပြေငြိမ်းရေးစာ ချုပ်ချုပ်ဆိုသည့်အခါ အလျော့ပေးလိုက်လျောကာ သစ္စာဖောက်သည်ကို စစ် သို့မဟုတ် နောက်နေ့တွင် စစ်ကိုစီမံခန့်ခွဲမှု ညံ့ဖျင်း သည်ဟု ယုံကြည်ခြင်းတို့ဖြစ်သည်။  ယေဘုယျအားဖြင့် မည်သည့်နေရာ၌မဆိုစစ်ဘက်သည် အောက်ပါအခြေအနေများ၏အမျိုးသားနိုင်ငံရေးနဲ့ ပိုမိုပတ်သက်လို့ စိတ်များကိုဖြစ်ပေါ်စေသည်။
(၁) အကယ်၍ နိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ တည်ရှိမှုကို ခြိမ်းခြောက်သော အင်အားကောင်းသည့် အုပ်စုများ ရှိနေလျှင် မိမိကိုယ်မိမိကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်
 လက်နက်ကိုင်တပ်ဖွဲ့များက  အာဏာသိမ်းစေရန် ဖိအားပေး လိုက်သလိုဖြစ်ခြင်း။
 (၂) လက်ရှိနိုင်ငံရေး ပုံသဏ္ဌာန်တွင် မိမိတို့နှင့် ထိုက် တန်သည်ဟု စစ်ဘက်အရာရှိများ ယူဆသော အာဏာရရှိရန်အတွက် စစ်ဖက်က နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း။
 (၃)စစ်ဘက်၏ စီးပွားရေး အကျိုးစီးပွားသည် အရေးပါပြီး ထိုအခွင့်အလမ်းများ ဆုံးရှုံးမည့် အရိပ်အယောင်ဖြစ်ပေါ်နေခြင်း။
ပညာရှင် Tautin Abdulla ''နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်ရန် အလားအလာသည် စစ်ဘက်၌သာရှိနေသည်မဟုတ် စစ်ဖက်ပြင်ပမှ နိုင်ငံရေးအခြေ အနေများကလည်း အဆုံးအဖြတ်ပေးသည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးချွတ်ခြုံကျခြင်း။ ကိုယ် ကျင့်၊ ပျက်ပြားခြင်းတို့သည် စီးပွားရေးအကြပ်အတည်းနှင့် ပေါင်းစပ်မိပြီး စစ်ဘက်က တစ်စုံ တစ်ရာလုပ်ဆောင်ရန် တွန်းအား ပေးလိုက်သည်ဟု ရေးသားခဲ့သည်။
 သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံရေး၌ စစ်ဘက်၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်သောအကြောင်းတရားများကို အလွယ်တကူရှင်းလင်းပြ၍မရပေ၊ မိမိ၏ နောက်ခံနိုင်ငံရေး သမိုင်းကြောင်းကိုလိုက်ကြ၊ နိုင်ငံအသီး သီး၏ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးများသို့ ပြောင်းလဲဖြစ် ပေါ်ကြသည်။ အရပ်ဘက်အာဏာ ပိုင်များအပေါ်စစ်ဖက်၏ သြဇာ လွှမ်းမိုးမှုအနည်းအများကို လိုက်၍
 အမျိုးမျိုးခွဲခြားနိုင်သည်။Morms Janowity က အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးကို အောက်ပါအတိုင်း လေးမျိုးခွဲပြသည်။
 (၁) ပုဂ္ဂိုလ်တစ်ဦး၏ ထိန်းချုပ်မှုအောက်မှ အာဏာရှင် စနစ်
 (၂) ပါတီတစ်ခု၏ ထိန်းချုပ်မှုအောက်မှ အာဏာရှင်စနစ်
 (၃) အရပ်ဘက်၊ စစ်ဘက်၊ မဟာမိတ်နှင့် ပြိုင်ဆိုင်မှုရှိသော ဒီမိုကရေစီ
 (၄) စစ်ဘက်အုပ်စိုးမှုတို့ဖြစ်သည်။
မောင်ရန်အေး
ခေတ်လူငယ်မှ ကူးယူဖော်ပြသည်

No comments:

Post a Comment