ရွှေလီသား(မဘိမ်း)

Loading...

Saturday, 28 January 2012

ထို့ကြောင့်…… ဤသို့ တပ်မတော်ကို ပြည်သူတို့က ကျေးဇူးတင်နေကြပါသည် ....


Posted by စွန်ရဲ On 3:15 PM 


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် တိုင်းဆူ ပြည်ဖျက် ဆူပူမှု၊ ပြည်ပ အင်အားကြီး

နိုင်ငံတစ်ခုမှ ရေတပ်ကြီးက မြန်မာ့ပင်လယ် ရေပိုင်နက် အတွင်း ကျူးကျော် ဝင်ရောက်ကာ မြန်မာ့

အချုပ်အခြာ အာဏာနှင့် ပြည်ထောင်စု နိုင်ငံတော်ကြီး၏ လုံခြုံရေးကို ခြိမ်းခြောက်လာမှု၊ နိုင်ငံရေး

တောကြောင်များက ကိုယ်ကျိုးအတွက် အချုပ်အခြာ အာဏာကို လုယက်ယူရန် ကြံစည်မှု၊ ဖောက်သည်

တောကြောင်များက ပြည်သူပိုင်၊ နိုင်ငံပိုင်၊ အများပိုင်၊ ပုဂ္ဂလိကပိုင် ဂိုဒေါင်များဖောက်၊ သိုလှောင်ခန်းများ

ဖွင့်ပြီး ပစ္စည်းဥစ္စာ မှန်သမျှ လုယက် သယ်ယူမှု၊ မြန်မာအချင်းချင်း ခေါင်းဖြတ်သတ်မှု၊ သင်္ချိုင်းများမှ

အုတ်ဂူများမကျန် ဖြိုဖျက်ပြီး ဂူသင်္ချိုင်းမှ အုတ်များခွာယူရောင်းစားမှု စသည့် အနိဋ္ဌာရုံများ၊ နိုင်ငံတော်

တစ်ဝန်း ထိန်းမနိုင် သိမ်းမရ မင်းမဲ့ တိုင်းပြည်ပမာ ဖြစ်လာမှု တို့ကြောင့် ပြည်သူတို့ ကျီးလန့်စာစား

ဖြစ်ရသဖြင့် တပ်မတော်က နိုင်ငံတော်ကို မလွှဲမရှောင်သာ ဝင်ထိန်း ပေးခဲ့ရသည်။ ပြည်တွင်း ပြည်ပမှ

ရရှိသည့် သပိတ် ရန်ပုံငွေ များဖြင့် သပိတ်ခေါင်းဆောင်များ ပျော်တပြုံးပြုံး မော်မဆုံး၊ စားလိုက်၊

သောက်လိုက်၊ ဆူပူမှု တိုးချဲ့လိုက်၊ အစိုးရ ဝန်ထမ်းများ သပိတ် မမှောက် မှောက်အောင် ဝိုင်းညှပ်

ဖိအားပေးလိုက်ဖြင့် အစိုးရ ယန္တရားများလည်း ရပ်တန့် သွားခဲ့သည်။ ပြည်သူတို့ အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့၊

ဆူပူရာ၌ အကြောင်း အမျိုးမျိုးဖြင့် ပါဝင်သူများသာ အိမ်ပြင်ထွက်၊ လမ်းပေါ် တက်နိုင်ကြသည်။

ကျန်ပြည်သူများကား အိမ်ထဲမှာပင် စိတ်ဆင်းရဲစွာ ကုပ်နေ ခဲ့ကြရသည်။ နောက်ဆုံးတွင် မြို့ပေါင်း များစွာ၌

သပိတ်ခေါင်းဆောင် ဆိုသူများ၏ တရားမဲ့ ပြုကျင့်မှုကို မခံနိုင်သည့် ပြည်သူများနှင့် ထိပ်တိုက်

တွေ့နေကြသည့် အဆင့် ရောက်ခဲ့ လေသောကြောင့် တပ်မတော်က ဝင်ထိန်း ပေးခဲ့ရသည်ကို မြန်မာ

စစ်စစ်တို့က သဘော ပေါက်ကြသည်။

နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် အရေးကြုံတိုင်း ပြည်သူ့ရှေ့မှ ရပ်ပြီး ကာကွယ် ပေးခဲ့သည့်

တပ်မတော်၏ အစဉ်အလာ၊ ပြည်ထောင်စု ပြိုကွဲလုလု အခြေစိုက်တိုင်း၊ အချုပ်အခြာ အာဏာ

တည်းဟူသော လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးလုနီးနီး အခြေစိုက်တိုင်း ကာကွယ် စောင့်ရှောက် ပေးခဲ့သည့်

တပ်မတော်၏ အစဉ်အလာကောင်း များကို ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး သိကြသည်။

ဒုတိယ ကမ္ဘာစစ် ပြီးစ မြန်မာနိုင်ငံ တွင်းသို့ ပြန်လည် ဝင်ရောက် စိုးမိုးသော အင်္ဂလိပ် စစ်ပြေး အစိုးရသည်

မြန်မာ့တို့က ဖက်စစ်များကို စည်းလုံး ညီညွတ်စွာ တော်လှန် တိုက်ထုတ်ခဲ့ပုံ၊ လွတ်လပ်ရေး ပြန်ရရန်

မမေ့မလျော၊့ တက်ကြွ ထက်ြမက်စွာ ကြိုးပမ်းပုံများကို သိနေသဖြင့် မြန်မာတို့ အားနည်းစေရန်၊

အမျိုးသားရေး ကိုယ်ခံအား ချည့်နဲ့စေရန် အမြဲတစေ ဆင်ကြံ ကြံခဲ့သည်။ ကမ္ဘာစစ်ပွဲကြီး အစပိုင်းမှာပင်

အင်္ဂလိပ် နယ်ချဲ့တပ်များကို တိုက်ထုတ်၊ ကမ္ဘာစစ်ကြီး နှောင်းပိုင်း ဖက်ဆစ် ဂျပန်များကို တိုက်ထုတ်ခဲ့သည့်

မြန်မာ့ မျိုးချစ် တပ်မတော်ကို အင်အား လျှော့ချစေခဲ့သည်။ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် အင်္ဂလိပ်တို့က

မြန်မာ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး မြန်မာ့ တပ်မတော်ကို အရာရှိ (၂ဝဝ)၊ တပ်သား (၅ဝဝဝ)သာ

ထားရမည်ဟု လက်ျာ-ဖရီးမင်း စာချုပ်ဖြင့် ချည့်နဲ့ ဆုတ်ယုတ် စေခဲ့သည်။

ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသကဲ့သို့ မြန်မာ့ တပ်မတော် အင်အား အလွန်လျောနည်း သွားချိန် တပ်မတော်

တပ်ရင်းမှူး (ကွန်မြူနစ် အစွဲကြီးသူ) တို့က မိမိတို့ တပ်များကိုပါ ခေါ်ထုတ် တောခိုသွားကြသည်။ တောခို

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပေါင်းမိကြသည်။ ထိုအချိန် အလံနီကွန်မြူနစ်၊ အလံဖြူ(ဗကပ)

ကွန်မြူနစ်၊ ပြည်သူ့ရဲဘော် ကွန်မြူနစ် (ရဲဘော်ဖြူ) အနောက်က ပံ့ပိုး သွေးထိုးပေး သဖြင့် ခွဲထွက်ရေး

အတွက် ပုန်ကန်နေသည့် ကေအင်န်ဒီအို (ကရင် သောင်းကျန်းသူ)၊ အမ်အင်န်ဒီအို (မွန်သောင်းကျန်းသူ)၊

ဘူးသီးတောင်၊ မောင်တောဘက်သို့ ခိုးဝင်အခြေချပြီး ပြည်နယ်ရရှိရေး၊ ခွဲထွက်ရေး မူဂျာဟစ် (ကုလား

သောင်းကျန်းသူ)၊ တရုတ်ပြည်မှ မော်စီတုန်းတို့၏ ကွန်မြူနစ် တပ်နီ များကို ရှုံးပြီး ထွက်ပြေးလာသော

ချန်ကေရှိတ်၏ တရုတ် အမျိုးသား အစိုးရတပ်ပြေး ကေအမ်တီ (တရုတ်ဖြူ ကျူးကျော်သူ) များက

အင်နှင့်အားနှင့် လွတ်လပ်ရေး ရခါစ မြန်မာ အစိုးရကို ပုန်ကန်ခဲ့ကြ၊ ကျူးကျော်ခဲ့ကြသည်။

တပ်မတော်က အင်အားနည်း၊ သောင်းကျန်းသူများက အင်အားများ သဖြင့် မြို့ရွာနယ်ပယ် များစွာကို

သောင်းကျန်းသူ များက ခွဲတမ်းချ သိမ်းပိုက်ခဲ့သည်။ အင်းစိန်ကိုပင် ကေအင်န်ဒီအို (စောဘဦးကြီး

ဦးဆောင်သော ကရင် သောင်းကျန်းသူ များက) သိမ်းပိုက်ကာ ရန်ကုန်ကို သိမ်းရန် တိုက်နေပေပြီ။ ဗကပ

ကွန်မြူနစ် များကလည်း ရန်ကုန်ကို ဦးစွာသိမ်းရန် ချီတက် လာနေကြသည်။ ဖဆပလ အစိုးရ ပြေးပေါက်ရှာ

နေပေပြီ။ ထိုအချိန် တပ်မတော် ဦးစီးချုပ်က အင်အားနည်း သော်လည်း စစ်ရည် စစ်သွေးကောင်းကို

အားပြုပြီး ရန်ကုန်အစိုးရ (ဖဆပလ)ကို အာဏာသက် ပြန်ဆက် ပေးသည်အထိ တိုက်ခိုက်ခဲ့သည်။ မြို့များ

အားလုံးကို တပ်မတော်က ပြန်သိမ်းပေးခဲ့သည်။ ယင်းသို့ သောင်းကျန်းမှု နှိမ်နင်းရာ၌ ပြည်သူ လူထုက

တပ်မတော် နှင့်အတူ လက်တွဲ ပါဝင်ခဲ့ကြ ပေသည်။ ၁၉၄၉ ခုနှစ် ရန်ကုန် အစိုးရဘဝမှ ဖဆပလကို

ပြည်ထောင်စု အစိုးရ ပြန်ဖြစ်အောင် တပ်မတော်က ရန်ပုံခွင်း တိုက်ခိုက်ခဲ့ရသည်။ ပြည်ထောင်စုကြီး

ပြိုကွဲလုလု၊ လွတ်လပ်ရေး ဆုံးရှုံးလုလု အခြေအနေ၊ ဖဆပလ ဝန်ကြီးချုပ် ဦးနု၏ စကား အသုံးအနှုန်းအရ

တိုင်းပြည် ချောက်ထဲကျရန် လက်တစ်လုံး အလို အခြေအနေကို တပ်မတော်က ဝင်ထိန်း ပေးခဲ့ရပေသည်။

ထိုသို့သာ တပ်မတော်က ဝင်မပါဘဲ တပ်ထဲမှာပင် အေးအေးဆေးဆေး နေကြည့်လိုက်လျှင် မြန်မာ့

လွတ်လပ်ရေးသည် ဖန်ခွက်တစ်လုံး သမံတလင်းပေါ် ပေါက်ခွဲသည် ထက်ပင် အကွဲ မြန်ပေမည်။

သူ့ကျွန်ဘဝသို့ လွယ်လွယ် ပြန်ရောက် သွားနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့ လွတ်လပ်ရေး

တစ်နှစ်အတွင်း ရစေမည်စု ကတိပြုကာ အရယူ ပေးခဲ့သည်။

ဖဆပလ ဝန်ကြီးချုပ် ဦးနု လက်ထက်တွင်မူ တစ်နှစ်အတွင်း လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးနိုင်ခြေ

ရှိခဲ့သည်ဟု ဆိုရပေမည်။ လွတ်လပ်ရေး ကြိုးပမ်းရာ၌ တိုင်းရင်းသား ပြည်သူများ ပါဝင်ခဲ့ကြသလို

လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ရာ တွင်လည်း ပြည်သူတို့က တပ်မတော်နှင့် လက်တွဲပါဝင်

ခဲ့ကြပေသည်။

လွတ်လပ်ရေး ကြိုးပမ်းစဉ်က အမျိုးသား နိုင်ငံရေး အသိ ကိုယ်စီဖြင့် လွတ်လပ်ရေး စိတ်ဓာတ်၊ မျိုးချစ်

စိတ်ဓာတ်ဖြင့် ညီညီညာညာ ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေး ရလုနီး အချိန်မှစ၍ ကွန်မြူနစ် အဖြူ၊ အနီ၊

အပြာ၊ ပန်းရောင်၊ စပ်ကြားမျိုးစုံ၊ လက်ဝဲ ဆိုရှယ်လစ် မျိုးစုံ၊ လက်ယာ ဆိုရှယ်လစ် မျိုးစုံ၊ ဒီမိုကရက်တစ်စုံ၊

လစ်ဘရယ် အထွေထွေ၊ ကွန်ဆာဗေးတစ် အဖုံဖုံတို့ ကွဲပြားကာ အချင်းချင်း တိုက်ခိုက်၊ အာဏာလုရင်း

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြီးဖြစ်ခဲ့သည်။ ထိုပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဒဏ်ကြောင့် ပြည်သူ

သိန်းသန်းချီ သေခဲ့ရသည်။ တိုင်းပြည် မပျက်မချင်း အာဏာလုကြ၊ အချင်းချင်း သတ်ကြ၊ ပြည်သူကို

ဒုက္ခပေးကြ၊ တကယ်တမ်း မရှူနိုင် မကယ်နိုင် ဖြစ်ပြီ၊ တိုင်းပြည် ပျက်လုပြီ ဆိုသည်နှင့် နိုင်ငံရေး

သမားများက ဖုတ်ဖက်ခါထပြီး ဘေးထွက်ထိုင်သွား ကြသည်။ အခြေအနေ ပေးလျှင် ပြန်ထ လာကြသည်။

တပ်မတော်ကသာ လှေကွဲကြီး ဝင်လှော်ပြီး ကမ်းရောက်အောင် ပို့ပေးရသည်။ တပ်မတော်သာ

ဝင်မပါခဲ့လျှင် မြန်မာနိုင်ငံကို ပြန်လည်ဆုပ်ကိုင် ခြယ်လှယ် စိုးမိုးလိုသော နယ်ချဲ့များအတွက် အခွင့်ကောင်း

ရသွားပေမည်။ ၄င်းတို့ ပါးစပ်ပေါက်နား ရောက်လာသော ထမင်းလုတ်ကို တပ်မတော်က ပုတ်ချလိုက် သလို

ဖြစ်သွား၍ တပ်မတော် အပေါ် နယ်ချဲ့တို့က မျက်ထောင့်နီကြီးနှင့် ကြည့်လို့ကြည့် လာကြသည်။ နိုင်ငံတော်

အာဏာကို ဖြတ်လမ်းမှ အချောင် ဆွဲယူလိုသည့် နိုင်ငံရေး လုပ်စားသူ (Professional Politicians)

များအဖို့လည်း တပ်မတော်သည် နိုင်ငံတော် အာဏာ တည်းဟူသော မဉ္ဇူသက နတ်ပန်းစောင့်

ကုမ္ဘဏ်ယက္ခများ ဖြစ်သွား ရပေသည်။ ပြည်သူတို့ကမူ တပ်မတော်ကို သာဓုသုံးကြိမ် ခေါ်ကြပေသည်။

တပ်မတော်က အာဏာ ဆက်ပေး၍သာ အာဏာ တည်မြဲခဲ့ရသော ဖဆပလသည် လွတ်လပ်ရေး ရပြီး ၁ဝ

နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် နှစ်ခြမ်း ကွဲပြန်သည်။ စောစောကလည်း ဖဆပလမှ ကွဲအက်၊ ခွဲထွက်သွားသည့်

လူထု လူတန်းစား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်စုများ ရှိခဲ့သည်။ ဖဆပလကြီး တည်မြဲ၊ သန့်ရှင်းကွဲပြီး ရန်စောင်၊

အားပြိုင်၊ အာဏာ လုကြရာ၌ ဟိုဘက်သည်ဘက် လူသူလက်နက် စုဆောင်း စစ်ဖြစ်လာကြ သဖြင့် ၁၉၅၈

ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် တပ်မတော်က ဝင်ထိန်း ပေးရပြန်၏။ တပ်မတော် အိမ်စောင့်

အစိုးရက နိုင်ငံ တည်ငြိမ်အောင် အားထုတ် ဆောင်ရွက်ပြီး ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင်

ရွေးကောက်ပွဲ ကျင်းပပေးသည်။ အနိုင်ရရှိသော ဦးနု၏ သန့်ရှင်း ဖဆပလ လက်သို့ ၁၉၆ဝ ပြည့်နှစ် ဧပြီလ

၎ ရက်နေ့တွင် နိုင်ငံတော် အာဏာ လွှဲအပ်ပေးခဲ့သည်။ ဤသို့သာ တပ်မတော်က ဝင်ထိန်း မပေးလျှင်

အထောက်တော် အုန်းမြင့်၏ သတင်းဆောင်းပါး ခေါင်းစဉ်ပါ 'ခက်ဖွယ်ရယ် ကြုံပါတယ်၊ လက်နက်ကယ်

စုံအညီနဲ့' ဆိုသည့် အတိုင်း ဖဆပလ အကွဲချင်း မြေပေါ်မှာ သွေးချောင်းစီးပွဲ၊ စစ်ခင်းပွဲကြီး ကြုံရနိုင်သည်။

ဤသို့ဖြင့် နိုင်ငံ ပျက်သွားနိုင်သည်။ လွတ်လပ်ရေး ဆုံးရှုံးနိုင်သည်။ နယ်ချဲ့ ပါးစပ်ပေါက်ထဲ ပြည်ထောင်စုကြီး

ထိုးခွံ့သလို ဖြစ်သွားမည်။ တပ်က ဝင်ရောက်ပြန်ပြီဟု နယ်ချဲ့တို့ အံကြိတ်ရသည့် ဖြစ်ရပ်ဟု ဆိုရပေမည်။

ပြည်သူ တို့ကတော့ ကျေးဇူး တင်ကြပါသည်။

သန့်ရှင်း ဖဆပလ အစိုးရသည် ပြည်ထောင်စု အဖွဲ့ချုပ် (ပထစ) အစိုးရဟု နာမည်ပြောင်း အုပ်ချုပ်သည်။

ပထစအတွင်း ဦးအုပ်စု၊ ဗိုလ်အုပ်စု၊ သခင်အုပ်စု ကွဲသည်။ ဘာသာရေး ခုတုံးလုပ် မဲဆွယ်မိသော ဦးနု၏

ပထစ အစိုးရသည် ဘာသာရေး ပြဿနာ၊ အဓိကရုဏ်း၊ ဆန္ဒပြ ဆူပူမှုများဖြင့် လုံးလည်ချာလည်

လိုက်ခဲ့သည်။ ဤမျှ ချည့်နဲ့ အားပျော့နေသည့် ဦးနု၏ ပထစ အစိုးရသည် ရှစ်ပြည်နယ်မူ၊ ဖက်ဒရယ်မူ

သမားများ၏ ပြည်ထောင်စုကြီး ရှစ်စိတ်ကွဲရေး၊ ခွဲထွက်မည့် အစိတ်ပေါင်း များစွာက နယ်ချဲ့ စစ်အုပ်စု(

ဆီးတိုး) ထဲ ဝင်ကြမည့် အရေးတို့ ပေါ်ပေါက်လာသည်။ ထို့ကြောင့် ပြည်ထောင်စု ပြိုကွဲ မခံနိုင်သော

တပ်မတော်က နိုင်ငံကို ထိန်းသိမ်း ယူရပြန်သည်။ ဤပွဲကား ဆီးတိုး စစ်အုပ်စုကြီးဖြင့် အာရှကို စစ်ရေး

လွှမ်းမိုးလိုသော အနောက်အုပ်စု အဖို့ အထိနာဆုံး ပွဲဖြစ်သည်။ ထို့ကြောင့် မြန်မာ့ တပ်မတော်ကို

ဒေါသဖြစ်ရ ပြန်သည်။ ပြည်ထောင်စု ရှစ်စုကွဲ၊ နယ်ချဲ့ စစ်အုပ်စု ဗိုလ်ကျ စိုးမိုးခံရမည့် ဘေးမှ လွတ်ရသဖြင့်

ပြည်သူတို့က တပ်မတော်ကို ကျေးဇူး တင်ကြရ ပြန်ပါသည်။

၁၉၆၂ မှ ၁၉၈၈ ခုနှစ် အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ် တည်ဆောက်ရေးကို

ကြိုးပမ်းခဲ့ကြသည်။ အပေါင်း လက္ခဏာများ ရရှိသလို၊ အနုတ် လက္ခဏာ များလည်း ရခဲ့ပါသည်။

မည်သို့ဆိုစေ ဗိုလ်ချုပ်အောင်ဆန်း၏ ဆိုရှယ်လစ်ဝါဒ အာသာပြေ တန်သရွေ့ ပြေခဲ့ပါသည်။ သို့သော်

၁၉၈၈ခုနှစ် ရှစ်လေးလုံး ဆိုသည်ကား ရှစ်ဂဏန်း လေးလုံး ၈-၈-၈၈ ကို ဂငယ်လေးခု အဖြစ်

အနောက်နယ်ချဲ့ အသံလွှင့် ဘီဘီစီက မြင်ကြည့်ကာ - ဂငယ်လေးခု - ပြည်ထောင်စုထု၊ ဥသျှစ်သီး

လေးလုံးဆိုင် ထုရာတွင် လေးလုံးစလုံး ကွဲသည့်ကိန်းကို ဆောင်ပြီး ရှစ်လေးလုံး အရေးတော်ပုံဟု

နာမည်ပေး သွေးထိုး လှုံ့ဆော်ခဲ့သည်။ နောက်ဆုံး နယ်ချဲ့ စစ်သင်္ဘော အုပ်စုက မြန်မာ့ ပင်လယ်ပြင်

အတွင်း ကျူးကျော် ဝင်ရောက်ကာ ကျားချောင်းသလို ချောင်းနေခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စု

မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာ လက်လွတ် မဆုံးရှုံးအောင် တပ်မတော်က ရှစ်လေးလုံး ဆူပွဲ

ပူပွဲကြီးကို အချိန်မီ ရပ်တန့် စေခဲ့သည်။ ဤသည်ကိုလည်း နိုင်ငံရေး တောကြောင်နှင့်

နယ်ချဲ့မြို့ကြောင်တို့က တပ်မတော်အပေါ် အမုန်းပွား ခဲ့ကြသည်။ ပြည်သူတို့ကမူ တပ်မတော်ကို

ကျေးဇူးတင်ကြ ရပြန်ပါသည်။

တပ်မတော် အစိုးရက ယခင် အစိုးရများ ကြိုးပမ်းသော်လည်း မရနိုင်ခဲ့သည့် ပြည်တွင်း ငြိမ်းချမ်းရေး

ရယူပေးခဲ့သည်။ ပိတ်ဆို့မှု အဖုံဖုံဖြင့် မြန်မာတို့ ဆင်းရဲငတ်ပြတ် စေရန် ပြည်တွင်း ပြည်ပ အဖျက်သမားတို့

ဝိုင်းနှောင့်ကြသည့် ကြားမှပင် မြန်မာနိုင်ငံ၌ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး တည်ဆောက်မှုများ ဝေဝေစည်စည်

ဖြစ်စေခဲ့သည်။ ယနေ့ ပြည်ထောင်စု တစ်ဝန်း အံ့မခန်း တိုးတက် ဖွံ့ဖြိုးလာနေသည့် ဘက်စုံ

တည်ဆောက်မှု များမှာ ပြည်ထောင်စုဖွား မြန်မာအားလုံး ကိုယ်ပိုင် မံသ စက္ခုဖြင့် မြင်နေကြရပြီ ဖြစ်သည်။

ကိုယ်ပိုင် စက္ခုဝိညာဉ်က ပိုင်းခြားသိမြင် အသိအမှတ် ပြုနိုင်ကြပြီ ဖြစ်သည်။ ကိုယ်ပိုင်ဦးနှောက်

အသိဉာဏ်ဖြင့် ပိုင်းခြားဝေဖန် အတည်ပြု နိုင်ကြပြီ ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးမှုကို ဝေးဝေးသွားကြည့်ရန် မလို၊

မိမိတို့ နေထိုင်ရာ ရပ်ရွာ ပတ်ဝန်းကျင်မှာပင် မျက်ဝါးထင်ထင် မြင်နိုင်ကြပေပြီ၊ ပြည်သူက ထိုဖွံ့ဖြိုး

တိုးတက်မှုများ အတွက် တပ်မတော်ကို ကျေးဇူး တင်ပါသည်။

တပ်မတော် အစိုးရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တိုင်းရင်းသား

ပြည်သူများနှင့် လက်တွဲပြီး ပြည်ထောင်စုကြီး မပြိုကွဲရန်၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန် ကာကွယ်

စောင့်ရှောက်ရင်း ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပေးပြီး ဘက်ပေါင်းစုံ တည်ဆောက် ဖွံ့ဖြိုးစေကာ

ဒီမိုကရေစီ လမ်းပြမြေပုံပါ အဆင့် (၇)ဆင့် (ဝါ) နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ (၇)ရပ် (ဝါ)

ဒီမိုကရေစီ လုပ်ငန်းစဉ် (၇)ရပ်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် ပေးခဲ့ရာ ယခုအခါ အဆင့် (၆)

သို့ပင် ရောက်ရှိခဲ့ပေပြီ။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊

အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ် လွှတ်တော်များမှ ဥပဒေပြုရေး အာဏာ၊

အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ တည်းဟူသော အချုပ်အခြာ အာဏာကို အခြေခံ ဥပဒေ

နှင့်အညီ ကျင့်သုံး ဖော်ဆောင်မည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု

တရား လွှတ်တော်ချုပ်တို့မှ အစပြု၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး

အဖွဲ့များကိုပါ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ယခု ဖွဲ့စည်းလိုက်သော ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရား

လွှတ်တော်ချုပ် စသည့် အချုပ်အခြာ အာဏာ မဏ္ဍိုင်ကြီး သုံးရပ်က ဦးဆောင်ပြီး သတ္တမမြောက် လမ်းစဉ် (

ဝါ) နိုင်ငံတော် ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် 'အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော

စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး' စုပေါင်းညီညာ တည်ဆောက် သွားကြတော့မည်

ဖြစ်သည်။ ပြည်နယ်လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် ပြည်သူက ရွေးချယ် တင်မြှောက် လိုက်သော ပြည်သူ့

ကိုယ်စားလှယ် များသည် နိုင်ငံတော်၌ စီးပွားရေး တိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြမည့် အဆိုများ၊

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဆိုများ၊ မှန်ကန်သော အမျိုးသား ပြန်လည်သင့်မြတ် စည်းလုံးရေး

အဆိုများ၊ ပညာရေး မြှင့်တင်ရေး အဆိုများ၊ ကျန်းမာရေး မြှင့်တင်ရေး အဆိုများ၊ နိုင်ငံတော်ကြီး

ခေတ်မီဖွံ့ဖြိုး လာစေရေး အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး အဆိုများ တင်သွင်းကြ၊

ဆွေးနွေးကြ၊ အတည်ပြုကြဖြင့် သက်ဝင်ပီပြင် နေပြီ ဖြစ်ပေသည်။ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ့

အကျိုးစီးပွားကို ရှေးရှု နိုင်ကြလေ၊ နိုင်ငံတော်ကြီး အချိန်တိုတို အတွင်း အရှိန်အဟုန်ဖြင့် ငြိမ်းချမ်းသာယာ

ဖွံ့ဖြိုးတိုးတက် လာလေ ဖြစ်ပေတော့မည် ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော် လွတ်လပ်ရေး တာဝန်၊ လွတ်လပ်ရေး ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်၊

နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ဦးလည်မသုန် ဆောင်ရွက်ခဲ့ကြသည့် အပြင် နိုင်ငံတော်တွင်

ငြိမ်းချမ်း သာယာရေး၊ ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်

စည်ပင်ဝပြောရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းများ ကိုပါ မနားမနေ ဆက်တိုက် ဆောင်ရွက်

ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေမြေ သဘာဝ သယံဇာတ အဖိုးတန် ရတနာများကို

မျက်စိကျပြီး မြန်မာနိုင်ငံကို ဗိုလ်ကျ စိုးမိုးလိုသော ကိုလိုနီ လက်သစ်၊လက်ဟောင်း နယ်ချဲ့ ဝါဒီများက

တပ်မတော် အပေါ် မလိုတမာ စိတ်မွေးကာ စွပ်စွဲပုတ်ခတ် နေကြသော်လည်း ပြည်ထောင်စုဖွား

တိုင်းရင်းသား မြန်မာပြည်သူ တစ်ရပ်လုံးကမူ ငြိမ်းချမ်း၊ လွတ်လပ်၊ ဖွံ့ဖြိုးတိုးတက်မှု အရသာ (ဝါ)

လွတ်လပ်ရေး အရသာကို အပြည့်အဝ ခံစားစံစား လာနိုင်ကြသဖြင့် တပ်မတော်ကို ကျေးဇူးတင်ရှိ

နေကြပါသည်။

ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အရပ်ရပ်တွင် တပ်မတော်သား

ကိုယ်စားလှယ်များ အချိုးကျ ပါဝင်ပြီး ပြည်ထောင်စု ရေးရာ၊ ပြည်သူ့ရေးရာ များကို တိုင်းရင်းသားစုံ ပြည်သူ့

ကိုယ်စားလှယ်များ နှင့်အတူ လက်တွဲ ဆောင်ရွက် သွားဦးမည် ဖြစ်၍လည်း တပ်မတော်ကို ပြည်သူတို့က

ကျေးဇူး တင်နေကြပါသည်။ ။

(၂၀၁၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃)မှ ဆောင်းပါးရှင်

မောင်ဝံသာနု၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
http://eaglefighter050.blogspot.com/2012/01/blog-post_2166.html 

No comments:

Post a Comment