ရွှေလီသား(မဘိမ်း)

Wednesday 22 February 2012

ကမ္ဘာ့အကြီးဆုံး Cobra Gold စစ်ရေးလေ့ကျင့်မှု


      Cobra Gold စစ်ရေး လေ့ကျင့်မှုသည်၊ နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၇)နိုင်ငံ အထိ ဖြစ်လာခဲ့ပါသည်။ ယခု လေ့ကျင့်မှုတွင် အင်အား တသောင်းကျော်ဖြင့် Cobra Gold အမည်ရ Military Exercise ကို ထိုင်းနိုင်ငံတွင် ဖေဖော် ဝါရီ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါသည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် ဦးဆောင်ပြီး တောင်ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် နိုင်ငံတို့ ပါဝင် လာခဲ့သည်ဟု AFP ကဆိုပါသည်။ ယင်းစစ်ရေးပြ လေ့ကျင့်မှုတွင် အမေရိကန် စစ်သား ၉၀၀၀ နှင့် ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယား တို့မှ စစ်သားပေါင်း ၃၆၀၀ ကျော် ဝင်ခဲ့သည်။ ယင်းစစ်ရေး လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ တောင်တရုတ် ပင်လယ်ကွေ့ နှင့် အနီးအနား ဒေသများ၌ တရုတ်တို့၏ စစ်သြဇာကြီးမားလာမှုကို ထိမ်းညှိသော အားဖြင့် အမေရိကန် ဦးဆောင်သည့် အင်အားပြသသော လေ့ကျင့်မှု တစ်ခုဖြစ်ကြောင်း သိရပါသည်။
Cobra_02ဤနှစ်စစ်ရေး လေ့ကျင့်မှုကို ယခင်နှစ်များလို စစ်ရေးလေ့ကျင့်ခန်းများ ပါဝင်ခဲ့သလို အမေရိကန် မရိမ်းတပ်သားများတို့၏ အသားစိမ်းငါးစိမ်း (အစားအသောက်ကြမ်း) များ စားသောက်ခြင်း Training ကိုလည်း သရုပ်ပြသင်ကြားလေ့ကျင့် ခဲ့သည် ဟုဆိုပါသည်။ အရှေ့တောင် အာရှ၏ Cobra Gold စစ်ရေး လေ့ကျင့်မှုသည်၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပသည့်အခါ မြန်မာ နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နယ်စပ်များနှင့် ဆက်စပ်သော နေရာတို့၌လည်း လေ့ကျင့် ခဲ့ဘူးပါသည်။ ဤအချိန်မျိုးတွင် မြန်မာ အစိုးရ တပ်ဖွဲ့များကိုလည်း တပ်လှန့်ထားလေ့ ရှိသော်လည်း ဤနှစ်တွင် တပ်လှန့်ထားမှုမရှိဘဲ စောင့်ကြည့်ရေး အဆင့်သာ ရှိသည်ဟု မြန်မာ စစ်ရေး အကဲခတ်များက ဆိုပါသည်။ Cobra_04
         အာရှ ပစိတ်ဖိတ် နှင့် တောင်တရုတ် ပင်လယ်ဒေသ၌ တရုတ်တို့၏ စစ်အင်အား ကြီးမားလာခြင်းအပေါ် အင်အားပြသည့် အနေဖြင့် လေ့ကျင့်ပြုလုပ်သော အမေရိကန်မှ ဦးဆောင်ပြုလုပ်သည့် ပထမဦးဆုံး စစ်ရေးပြ လေ့ကျင့်မှုဖြစ်ပြီး နှစ်စဉ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။ ရွှေဟင်္သာ By Ref:AFP
သဘာဝမြေမှကူးယူဖော်ပြပါသည်။ 

No comments:

Post a Comment