ရွှေလီသား(မဘိမ်း)

Tuesday 3 January 2012

နိုင်ငံရေးတင်းမာမှုတွေဖြစ်အောင် ရန်စပေးခြင်းနဲ. ဒေသအတွင်းက လက်နက်အပြိုင် တပ်ဆင်မှု


 
အင်အားကြီးနိုင်ငံတွေက ဒေသအတွင်းမှာ လွှမ်းမိုးမှုတွေကြီးအောင် ထိမ်းချုပ်မှုတွေ ရှိအောင် အားထုတ်လာတာနဲ.အမျှ ဒေသတွင်းက နိုင်ငံငယ်လေးတွေမှာ လက်နက်ပြိုင်ဆိုင်မှု-Arms Race တွေ ဖြစ်လာရတတ်ပါသည်။ လုံခြုံရေးအကြောင်းပြချက်တွေ စစ်ရေး ခြိမ်းခြောက်မှု တွေမြင့်လာတော့ စစ်အသုံးစရိတ် စစ်စရိတ် ကာကွယ်ရေး စရိတ်တွေ တိုးသုံးရပါတော့သည်။
ဒီလိုဖြစ်လာရင် ဘယ်သူတွေ အကျိုးအမြတ်ဖြစ်စေပြန်ပါလဲ။ အင်အားကြီးနိုင်ငံကြီးတွေပဲ လက်နက်အသစ်အဆန်းတွေကို ရောင်းခွင့်ရပြန်တာ မဟုတ်ပါလား။ ဒီတော့ ဒါမျိုးဖြစ်အောင်ပဲ တမင်ဖန်တီးပြီး အင်အားကြီးနိုင်ငံကြီးတွေကပဲ ကစားနေသလို ယူဆနိုင်ပါသည်။
အာရှဖိစိဖိတ်ဒေသမှာ တရုတ်နဲ.အမေရိကန်တွေ လွမ်းမိုးဖို. အားပြိုင်လာတဲ့အခါ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း စတဲ့နိုင်ငံတွေမှာ စစ်သုံးစရိတ်တွေ မြင့်လာဖို.ရှိပြီး စစ်တပ်နဲ. စစ်လက်နက် အသစ်တွေ ခေတ်မှီဖို. လုပ်ရမည်လို. အဲဒီနိုင်ငံတွေ၏ စစ်ဦးစီးချုပ်တွေက ထုတ်ပြောလာပါ သည်။
တရုတ်နဲ. ထိုင်ဝမ်အကြား နိုင်ငံရေးတင်းမာမှုတွေ မြင့်လာရင် ထိုင်ဝမ်တွေဟာ အမေရိကန် တွေဆီက ဒေါ်လာဘီလျံ အကုန်ခံပြီး တိုက်လေယာဉ်အသစ်တွေ ခေတ်မှီ လက်နက်တွေ ထပ်ပြီး ၀ယ်ရပါသည်။ ထို.အတူ မြောက်ကိုရီးယားအစိုးရနဲ. ဒေသအတွင်းမှာ တင်းမာမှုတွေ ဖြစ်လာတိုင်း တောင်ကိုးရီယားနဲ. ဂျပန်တို.ဟာ အမေရိကန်တွေဆီကနေ ကာကွယ်ရေး လိုအပ်ချက်အရ အကူအညီတွေ ရဖို. ငွေတွေ ထပ်သုံးရတာတွေလဲ ရှိပါသည်။

ဒီတော့ ဒေသအတွင်းမှာ နိုင်ငံရေး Hot- Spot ဖြစ်နေခြင်းဟာ အင်အားကြီးနိုင်ငံတွေအတွက် လက်နက်တင်ပို.ရောင်းချမှုအတွက် ရောင်းအား သွက်စေပြီး  နိုင်ငံရေးအရ Hot-Spot ဖြစ် တိုင်း ဒေသအတွင်းမှာ လက်နက်အားပြိုင်မှုတွေ လက်နက်အပြိုင်အဆိုင် တတ်ဆင်မှုတွေ တိုးလာမြဲပါ။
အရှေ.အလယ်ပိုင်းမှာလဲ အီရန်လို နိုင်ငံမျိုးကို လူရမ်းကားအဖြစ် Fear Factor လုပ်ထားနိုင် မယ်ဆိုရင် ဆော်ဒီ၊ ကူဝိတ်နဲ. ဂျော်ဒန်နိုင်ငံတွေဟာ အီရန်၏ ရန်ကို စိုးရိမ်ကြောက်လန်. စိတ်နဲ. အမေရိကန်ဆီကနေ ဒေါ်လာ သန်းဘီလျံချီ တန်ဘိုးရှိတဲ့ စစ်လက်နက်တွေကို သူ. ထက် ငါ သာအောင် ဦးအောင်ဆိုတဲ့ စိတ်တွေနဲ. ၀ယ်ယူကြလေ့ရှိပါသည်။ ဒါကြောင့် အနောက်နိုင်ငံတွေကလဲ အီရန်၊ လဘနွမ်၊ ဆီးရီးယားနိုင်ငံတွေမှာ နိုင်ငံရေး လုံခြုံရေး တင်းမာ မှုတွေ ဖြစ်အောင် ဆွပေး ဖွပေး မွှေပေးခြင်းဖြင့် ဒေသအတွင်းက နိင်ငံတွေ၏ စစ်လက်နက် ဈေးကွက်ကို ကြီးအောင် မြင့်တတ်ပါသည်။
ဒါမှာလဲ သူတို.ဆီကနေ ရေနံဝယ်ထားတဲ့ငွေတွေ ပြန်ရရှိနိုင်မည် ဖြစ်ပါသည်။ တချိန်တည်းမှာ စစ်ရေးလုံခြုံရေးအရရော စီးပွားရေးအရပါ အဲဒီ နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံတွေအပေါ် မှီခိုမှုတွေ ပိုပြီး များလာနိုင်မည် ဖြစ်ပါသည်။ အခုလဲ ဒေသအတွင်းမှာ အီရမ်၏ နယူးကလီးယားကိစ္စကို များများဖွပြီး တဖက်ကလဲ ရန်စသလိုမျိုး လုပ်ပြီး တင်းမာမှုတွေ မြင့်လာနေတာကြောင့် အရှေ.အလယ်ပိုင်းမှာ လက်နက်ပြိုင်ဆိုင်တတ်ဆင်မှု Arms Race တွေ ဖြစ်နေပါပြီ။
ထို.အတူပဲ မြန်မာပြည်မှာလဲ ကရင်ပြည်နယ်မှာ နိုင်ငံရေး တင်းမာပြီး စစ်ပွဲတွေ ဖြစ်နေရင် ထိုင်းဖက်က စီးပွားရေးသမားတွေနဲ. လက်နက်မှောင်ခိုတွေ အလုပ်ဖြစ်ပါသည်။ ကချင်းမှာ တိုက်ပွဲတွေ ဖြစ်နေရင်တော့ တရုတ်တွေ ပွတာပေါ့။ စစ်တိုက်ဖို. ငွေလိုတယ်အခါ သစ်တောတွေ ကျောက်တွင်းတွေနဲ. ရှိတဲ့ သဘာဝအရင်းအမြစ်တွေကို ဈေးပေါပေါနဲ. ချရောင်းရပြီး လိုတဲ့ စစ်လက်နက်တွေကိုလဲ အဲဒီနိုင်ငံတွေကတဆင့် ပြန်ဝယ်ကြလေ့ရှိပါသည်။ ပုဂ္ဂလိက စီးပွားရေး မှောင်ခိုသမားနဲ. အစိုးရတွေဆိုတာကလဲ ခပ်ပါးပါးလေးပဲ ကွဲတာပါ။ ခွဲခြားဖို. ခက်ပါသည်။
ဒီတော့ မြန်မာပြည်က သစ်တောတွေလဲ ငွေလိုလို. သစ်ထုတ်ရောင်းလို. တောပြုန်းတာ ရှိသလို စစ်ပွဲတွေကြောင့် ဗုံးဒဏ် အမြောက်ဒဏ်တွေကြောင့်လဲ တောင်ကတုံးတွေ တောမီးလောင်ရတာတွေလဲ ရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် တောတွေ တောင်တွေ ကတုံးတွေ ဖြစ်ကုန်တာဟာ စစ်ပွဲတွေဆိုတဲ့ ကင်ဆာနဲ. တိုက်ရိုက် ပတ်သက်တာ ဆိုးကျိုးတွေဆိုတာ ငြင်းမရပါ။
ဒါကြောင့် ဒေသအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်ပဲ လုံခြုံရေးနဲ. စစ်ရေးတွေ ပူမယ် ဆူဆူပူပူနဲ. ပြသာနာတွေ ဖြစ်နေမယ်ဆိုရင် လက်နက်ရောင်းတဲ့ နိုင်ငံတွေအတွက် အကျိုးအမြတ်တွေ အများလေဖြစ်ပါသည်။ ဒီတော့ ပြသာနာတွေ ပြေလည်နေတာ တည်ငြိမ်နေတာထက် ဆူဆူ ပူပူနဲ. တင်းမာမှုတွေ ဖြစ်ပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေ ဖြစ်လာအောင် ဖန်တီးထားခြင်းက နိုင်ငံရေး စီးပွားရေးအရ လွှမ်းမိုးထားနိုင်တဲ့အပြင် လက်နက်တွေ ထုတ်ရောင်းနိုင်ဖို.အကောင်း ဆုံး ဈေးကွက်ဖန်တီးရေးနည်းတွေများ ဖြစ်နေသလား စဉ်းစားစရာ မေးစရာပါ။
Udp Myanmar

No comments:

Post a Comment