ရွှေလီသား(မဘိမ်း)

Loading...

Friday, 9 September 2011

ပညာရပ်ဝန်း စက်ဝန်းညီစေ

ပညာဆိုသည်မှာ လူမှုကိစအဝဝအား ကျွမ်းကျင်လိမာစွာ ဆောင်ရွက်စေနိုင်သော၊ ဖြေရှင်းပြေလည်စေသော သင်ယူအပ်သည့်အရာ၊ သင်ကြားပေးနိုင်သောအရာ၊ တစ်နည်းအားဖြင့် ဘဝရှင်သန်တိုးတက်ရေးအတွက် မရှိမဖြစ်အရေးပါသောအရာဟု အစဉ်အဆက်လက်ခံခဲ့ကြပါသည်။

ပညာဟူသည်

ယဉ်ကျေးမှုတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု၊ မိသားစုတစ်ခု၏ တိုးတက်ထွန်းကားမှု အနိမ့်အမြင့်၊ အတက်အကျသည် ပညာအပေါ် များစွာမူတည်သည်ကို သမိုင်း၏အတိတ်နှင့် ပစုပန်တွင်သာမက အနာဂတ်ကာလတွင်ပါ အထင်အရှား လေ့လာတွေ့ရှိရပါလိမ့်မည်။

ထိုသို့အရေးပါလှသော ပညာဟူသည် သင်ကြား၊ နာယူစဉ်က ထားအပ်သော စိတ်စေတနာ အလျောက် ကောင်းကျိုး၊ ဆိုးမွေပေးတတ်သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ ထိုထိုသော အသိပညာ၊ အတတ်ပညာများ သင်ကြား၊နာယူရန် သင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင်ဆိုသည်မှာ ကြီးထွားရှင်သန်ရေး အသီးအပွင့်ထွန်းကားစည်ပင်ရေးတွင် ရေသောက်မြစ်ပမာ အဓိကကျလှပေသည်။

ပတ်ဝန်းကျင်ဟုဆိုရာတွင် ပညာအားလက်ဆင့်ကမ်းပေးသောလူကြီးမိဘ၊ ဆရာသမားတို့နှင့် လက်ခံသင်ယူသော မျိုးဆက်သစ် လူငယ်တို့သာမက ရေခံ၊မြေခံ အခင်းအကျင်းများ စီရင်ပေးအပ်သော အဖွဲ့အစည်း၊ လူပုဂိုလ်များအားလုံး အကျုံးဝင်မည်ဖြစ်ပါသည်။

ပညာရပ်ဝန်းသံသရာ

တစ်နည်းအားဖြင့် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းသော ပညာရပ်ဝန်း သံသရာဟုပင် ဆိုချင်ပါသည်။ သံသရာဟုဆိုလျှင် အများအားဖြင့် အမြင်တိမ်းစောင်းချွတ်ချော်လေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ အမှန်စင်စစ် စဉ်ဆက်မပြတ် လည်ပတ်ဖြစ်ပေါ်နေသည်ကို ဆိုလိုခြင်းဖြစ်ရာ မုဒိတာပွားဖို့ပင်ဖြစ်ပါသည်။ အဆိုပါ ပညာရပ်ဝန်းသံသရာ လည်ပတ်ပုံ ခေတ်မီ ဆန်းသစ် အားကောင်းပါမှ ယဉ်ကျေးမှုတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု သို့မဟုတ် မိသားစုတစ်ခုသည် အများနည်းတူ ခေါင်းမော့၊ ရင်ကော့ အောင်ပန်းဆင်လျက် နောင်ရေးစိတ်အေးကြရပေမည်။

ထို့ကြောင့် ပြုစုပျိုးထောင်၊ သင်ကြားပေးသူတို့အနေဖြင့် စေတနာ၊ အနစ်နာ၊ ဝါသနာတို့သာမက နည်းနာ ဟူသော မြေဆီသြဇာကိုပါ လိုအပ်သလိုအစဉ်မပြတ် သွန်းလောင်းသင့်ပါသည်။ မိမိတို့ကိုယ်တိုင်မပြတ်လေ့လာ ဖြည်းဆည်းနေခြင်းဖြင့် အမျိုးမှန်၊ အဖိုးတန်သော အသီးအပွင့်ရလဒ်များ ဖြစ်ထွန်းလာစေမည် ဖြစ်ပါသည်။ အဆုံးမရှိ၊ ကျယ်ပြောလှသော ပညာသည် ပေးအပ်သူတို့ ပြည့်ဝသည်နှင့်အမျှ လက်ခံယူသူများအဖို့ အကျိုးများလှသောကြောင့် နောင်တစ်ချိန်တွင် ပြန်လည်ပေးအပ်မည့် ယခုလက်ခံယူသူများ ထူးချွန်၊ထက်မြက်စေရေးမှာ အလွန်ဂရုပြု၊ အလေးထားသင့်သော အချက်ဖြစ်ပါသည်။ အချိန်နှင့်အမျှ တိုးတက်ဆင့်ပွားနေသော သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များအား မျက်ခြည်မပြတ် လေ့လာကာ သုတေသနလုပ်ငန်းများ ပြုလုပ်ခြင်း၊ ပညာရပ်ဆိုင်ရာများအား အခါအားလျော်စွာ ရေးသားဖြန့်ဝေခြင်း၊ စိတ်ပါဝင်စားသူတို့အတွက် အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ဖြင်း စသည်ဖြင့် ကြံစည်အားထုတ် လုံ့လပြုရန် လိုအပ်လှပါသည်။

ထိုသို့ဆောင်ရွက်ကြရာတွင်လည်း မိမိနီးစပ်ရာ ပတ်ဝန်းကျင်၊ဒေသတွင်သာမက နိုင်ငံတကာရှိ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသင့်ပါသည်။ မျက်မှောက်ကာလသည် ကမာနှင့်အဝှမ်းချိတ်ဆက် ကူးသန်းလိုက်ပါ ဆောင်ရွက်ကြရသည့်ကာလဖြစ်ရာ တစ်နှစ်၊ တစ်လ၊ တစ်ရက်မဆိုနှင့် နာရီ၊ စကန့်ပိုင်းမျှ နောက်ကျသည်နှင့် များစွာအထိနာ ဆုံးရှုံးကြရပါတော့သည်။ ထို့ကြောင့် ဆက်သွယ်သွားလာမှု လျင့်မြန်ရန်၊ နည်းပညာအကျွမ်းတဝင်ရှိရန်မှာလည်း ပဓာနကျလှပေသည်။ ကမာအနှံ့ရှိ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များမှ ထူးချွန်၊ထင်ရှားသော ပုဂိုလ်များ၏ ဖြန့်ဝေမှုများအား အချိန်နှင့်တပြေးညီ လေ့လာသင်ယူ ဆွေးနွေးနိုင်ရန်မှာ အဆိုပါ ဆက်သွယ်ရေးနည်းပညာများ၊ အသုံးချဘာသာစကားများ၊ လိုအပ်သည့် အထောက်အကူပြု ပစည်းများအား လွယ်လင့်တကူ ရယူနိုင်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ တိကျလွယ်ကူသော စံသတ်မှတ်မှုများ၊ ရှင်းလင်းမြန်ဆန်သော လုပ်ထုံးလုပ်နည်းများ၊ ပေါ်ထွက်လာရန်လည်း ကြိုးပမ်းဖန်တီးပေးသင့်ပါသည်။ ထို့ပြင် နိုင်ငံတကာသို့ သွားရောက်ပညာသင်ယူလေ့လာနိုင်ရန် လိုအပ်သော ပံ့ပိုးပေးမှုများ၊ ပညာသင်ယူပြီးနောက် ပြန်လည်အသုံးချ အသက်မွေးဝမ်းကျောင်းနိုင်သော ပတ်ဝန်းကျင်၊နယ်ပယ်များ ဖန်တီးပေးမှုများ စသည်ဖြင့် ပံ့ပိုးထောက်ကူပေးသင့်ပါသည်။

လူစွမ်းကောင်းများ

ကျောင်းသား လူငယ်များအနေဖြင့်လည်း ကျောင်းပညာရေးတစ်ခုတည်းသာမက ကာယ၊ ဥာဏ၊ လူမှုရေး၊ စာပေ၊ အနုပညာ၊ ဂီတ၊ ဘာသာစကား စသည်ဖြင့် ဘက်စုံဖွံ့ဖြိုး ထူးချွန်ရန် ကြိုးပမ်းအားထုတ်နေကြရမည်ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိသော၊ စိတ်ကူးဥာဏ်ကွန့်မြူးလှုပ်ရှားနိုင်သော၊ သင်ယူလေ့လာ မေးမြန်းလိုစိတ် ပြင်းပြသော အလေ့အထကောင်းများ မွေးမြူလေ့ကျင့်ရပေမည်။ သို့မှသာ မိမိ၏ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ မိသားစုအား စောင့်ရှောက် ထိန်းသိမ်းနိုင်စွမ်းသော၊ တိုးတက်မြင့်မားရန် ကြံစည်အားထုတ်နိုင်သော၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်လုပ်ဆောင်နိုင်စွမ်းသော ကျန်းမာကြံ့ခိုင်သည့် လူစွမ်းကောင်းများ ဖြစ်လာနိုင်ပေမည်။

ခေတ်မီရပ်ဝန်း

မိဘ၊ ဆရာသမား၊ လူငယ်များနှင့် အဖွဲ့အစည်းများ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေစေရန် ပညာလိုလားသော၊ အလေးပေးသော ခေတ်မီရပ်ဝန်း ဖြစ်ပေါ်လာစေရန် အမြဲမပြတ် လှုံ့ဆော်ကြိုးပမ်း နေကြရမည်ဖြစ်ပါသည်။

ခေတ်မီဟုဆိုရာတွင် အခြားသော ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ မိသားစုများနည်းတူ မိမိတို့နှင့် သင့်၊ မသင့် စဉ်းစားဆင်ခြင်မှု မပြုဘဲ ပုံတူကူးခြင်းမျိုးသည် များစွာအနရာယ်ကြီးကာ ချိန်လွန်နောင်တ ရတတ်ကြပေသည်။ ထို့ကြောင့် ခေတ်နှင့်အညီဖြစ်ပြီး မိမိယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ မိသားစုနှင့် လိုက်လျောညီထွေ မျှတစေသော အမြော်အမြင်မျိုး၊ ခေတ်မီခြင်းမျိုးဖြစ်သင့်ပါသည်။ ခေတ်မီရန်အလို့ငှါ ကြိုးပမ်းရာတွင် တီထွင်ဆန်းသစ်မှု၊ လေ့လာစူးစမ်းမှု မပါဘဲ ကာလသုံးပါးတွင် အောင်မြင်နိုင်လိမ့်မည်မဟုတ်ပါ။ အစဉ်အဆက် သွတ်သွင်း၊ ခံယူပုံလောင်းခြင်းမျိုးသည် အဟောင်းကိုသာကျွမ်းကျင်စေပြီး အတိတ်သက်သက် အမှားနာယူရုံမျိုးဖြစ်ကာ မျက်မှောက်ကာလနှင့် အနာဂတ်ကို ရင်ဆိုင်ယှဉ်ပြိုင်ရန် အားနည်းစေပါသည်။ ထို့ကြာင့် အတိတ်၊ပစုပန်နှင့် အနာဂတ် ကာလသုံးပါးလုံး အကျုံးဝင်စေမည့် ပညာရပ်ဝန်းဖြစ်ရန် ကြိုးပမ်းအားထုတ်သင့်ပါသည်။

ထိုသို့ ခေတ်နှင့်လျော်ညီသော၊ တီထွင်ဆန်းသစ်သော၊ စူးစမ်းလေ့လာမှုအားပေးသော၊ ပညာပေးသူနှင့် လက်ခံနာယူသူတို့ တက်ညီ၊ လက်ညီကြိုးပမ်းကြမှသာ မိမိတို့၏ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် မိသားစုများ အားကောင်းမောင်းသန် ယှဉ်ပြိုင်နိုင်စွမ်းရှိကာ အောင်မြင်မှုပန်းတိုင်အရောက်လှမ်းနိုင်သော ပညာရပ်ဝန်း စက်ဝန်းပမာ ညီညွတ်မျှတ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပါသည်။

ကေအောင်လင်း

ဂျူလိုင် ၁၈၊ ၂၀၁၁

(ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်)

No comments:

Post a Comment