ရွှေလီသား(မဘိမ်း)

Tuesday, 22 May 2012

အမေခြင်းတော့  တူတယ် ဒါပေမဲ့ စစ်သားအမေ



မယုံနိုင်ဘူး ကံတရားရယ်……။ခပ်ခါးခါး ဒီလို အဖြစ်အပျက်မျိုး ကြုံရမယ်လို့  အိမ်မက်တောင် မမက်ဖူးခဲ့ သူရယ်ပါလေ………။တအိမ်လုံးဝမ်းနည်းနေကြတယ် ….။ဘယ်သူကိုမှလည်း စကားမပြောနိုင်ကြဘူး….။အမှတ်တရဆိုလို့  ချန်ထားခဲ့ တဲ့  ဓါတ်ပုံမှာတော့  ပြုံးရီပြဆဲ မျက်နှာ ချိုချို တချို့ ရယ်ပေါ့ ………..။

ရင်နဲ့ လွယ်ပြီး မွေးဖွားခဲ့ တဲ့  သားက ကျမရင်ခွင်ထဲက ထွက်ခွာသွားမယ်ဆိုတာ သိလိုက်ရချိန်မှာ ကျမ အပြုံုးတုတချို့ နဲ့ ပဲ မျက်ရည်ကျနေမိခဲ့ တာပါ…။သားက သိပ်စကားတက်တယ်…။
မငိုပါနဲ့  မေမေရယ် သားက မေမေ့ ကို တသက်လုံးပြစ်သွားတာမှမဟုတ်တာ ။သားရဲ့ ရည်ရွယ်ချက်၊သားရဲ့ အနာဂတ်ကို ပုံဖော်ဖို့  သားကို ခွင့် ပြုပါနော်တဲ့  ……………..
စစ်တက္ကသိုလ် တက်ဖို့  ခေါ်စာလေး သတင်းစာမှာ စပါတဲ့ အချိန်တုန်းက သားငယ်ပြောခဲ့ တာလေးပေါ့ …။နောက် သူလမ်းကို သူဖောက် သူ အနာဂတ်လမ်းကို သူလျှောက် ဖို့  အားပြင်နေတုန်းမှာ ကျမ လေ ……………….အတ္တကြီးစွာနဲ့  ဆွဲထားမိချင်သားပေါ့ …။မသွားပါနဲ့ လား သားရယ်လို့ တော့  ပြောချင်မိသားလားလေ…..။ဒါပေမဲ့  အဲဒီစကားလုံး တလုံးအစား သား အစစအရာရာ အဆင်ပြေပါစေလို့  ပဲ ကျမ ဆုတွေ ပေးဖြစ်မိခဲ့ တယ်ထင်ပါတယ်…………….။



ဒီလိုနဲ့  သေတ္တာလေး တလုံးဆွဲပြီး တအိမ်လုံးကိုကျောခိုင်းတုန်းက စိမ်းကားလိုက်တဲ့ သားငယ်လို့ တောင်ထင်မိလိုက်သေးတယ်…။တချက်လေးတောင် သားငယ် က စောင်းငဲ့ ပြီးတောင် မကြည့် ခဲ့ ဖူးလေ…။ဒါပေမဲ့  ရှိုက်သံတချို့ နဲ အတူ သားငယ် ငိုနေပါ့ လားအသိနဲ့ ကျောပြင်လေးကို သပ် သားငယ်ထွက်ခွာသွားတဲ့ အရပ်မှာ ဘေးရန်ကင်းပါစေလို့  တော့  တအိမ်လုံး ဆုတောင်းပေးဖြစ်ခဲ့ ကြတယ်………………………။မှတ်မှတ်ရရပေါ့ …။ဖေဖော်ဝါရီ (၂)ရက်မြောက် ပြင်ဦးလွင်ကို သားငယ်ရောက်ချိန် အေးနေေ၇ာ့ မယ်လို့ တော့  စိတ်ပူမိသေးတယ်လေ………..။

ဒီလိုနဲ့  အချိန်တွေကို ကျော်ဖြတ် သားငယ်မရှိတဲ့  အိမ်အတွက်တော့  အရာရာနတ္တိ ဗလာအတိရယ်ပေါ့ …။တအိမ်လုံး ရဲ့  အထွေးဆုံးမို့  အချစ်ပိုကြရတဲ့  သားငယ်လေး။ကျမ အပါအ၀င် သူ့ အဖေက လည်း အချစ်ပို ၊အမကလည်း အချစ်ပိုသူမို့  သားငယ်က နည်းနည်းလေးတော့  ဆိုးချွဲချွဲသည်….။လိုတာမရလျှင် ဒေါသကြီးတက်သော သားငယ်။အစားအသောက်ကောင်းကိုသာ ခုံမင်တက်သော သားငယ်..။နည်းနည်းလေး ပင်ပန်းလျှင်တောင် ငြီးညူတက်တဲ့  သားငယ်….။မုန့် ဖိုး တောင်းတိုင်း သတ်မှတ်ထားတဲ့  ပမာဏ မရလျှင် အစာငတ်ခံ ဆန္ဒပြတက်သော သားငယ် ….။တပ်မတော်မှာ အခြေကျ နေပျော်ပါ့ မလားလို့  အချိန်တိုင်း စိတ်မှာတွေး ခပ်လေးလေး သက်ပြင်းချသံကြားမှာ ကျမ စိတ်ပူခဲ့ ရပေါင်းများခဲ့ ပါပြီ……။
တကယ်မယုံနိုင်မိဘူး….။ပထမနှစ်ခွင့် ပြန်ရက်တွေရလို့  သားငယ်အိမ်ပြန်ရောက်ချိန်ပေါ့ …။ဖြူနုတဲ့ သားငယ်တစ်ယောက် အသားအရည်တွေပြောင်းသွားခဲ့ တယ်။မဲတူးနေတဲ့  မျက်နှာပြင်မှာ ဘာမှမဖြစ်ပါဘူး စစ်သားပဲ ပင်ပန်းမှာပေါ့ တဲ့  အပြုံးတွေနဲ့  အလှဆင်ပြီး အမေတစ်ယောက်ကို ပေါ့ ပေါ့ ပါးပါးပြောပြနေဟန်ပေါ့ …။ဟင်းတွေက အရမ်းစားကောင်းတာပဲ မေမေရယ်တဲ့  …။ခေါင်းမဖော်တမ်းစားတဲ့ သားငယ်ကို တွေ့ တော့  တအိမ်လုံး ပီတိ အပြုံးတွေနဲ့ ပေါ့ ။အပေါင်းအသင်းကို ခုံမင်တက်တဲ့ သားငယ်က သူငယ်ချင်းတွေလာခေါ်တာတောင် လိုက်မသွားတော့ ဘူး။သားက ခွင့် ရတာ(၂၈)ရက် တနှစ်ကို မှလေတဲ့ ။အိမ်ကိုခွဲပြီး သားဘယ်မှ မသွားချင်ဘူး၊ခွင့် ရသခိုက်လေးတော့  မေမေ၊ဖေဖေနဲ့  မမတို့  နဲ့ ပဲ အတူတူနေပါရစေတဲ့ လေ။။အရင်အိမ်မှာနေရင် တခုခုခိုင်းရင်တောင် ငြူစူတက်တဲ့ သားငယ်က လိုလိုမင်မင်နဲ့  အိမ်အလုပ်တွေကို ၀ိုင်းကူလုပ်ပေးနေပြန်သေးတယ်…။သူ့  အမက အ၀တ်တွေလျှော်ပေးမယ်ဆိုတာတောင် ငရဲကြီးလိမ့် မယ် ။သားဖာသာ လျှော်ပါ့ မယ်ဆိုပြီး ပုဆိုးတိုတိုဝတ် အ၀တ်စိုတွေ ရစ်ညှစ်နေပုံက အမေ တစ်ယောက်ရဲ့  ပီတိ ကျမရင်ခွင်ကို လှမ်းကြည့် လို့ မြင်နိုင်မယ်ဆိုရင်တောင် ဘယ်အတိုင်းအတာဆိုတာ မြင်နိုင်ပါလိမ့် မယ်နော်………။.

စစ်ဗိုလ်လေ မေမေ ။ အမြဲတမ်း စမတ်ကျနေရမယ်…။အ၀တ်အစားကို သေသပ်စွာဝတ်ရင်းပြောပုံက ကျမရင်ထဲက အပျော် တော်တော်နဲ့  ပြောမပြနိုင်ခဲ့ ဘူး။စစ်တပ်ရဲ့ ပုံသွင်းမူ့ အောက် မှာ သားငယ်မာနတွေ ပျောက်ကုန်ပြီထင်ပါရဲ့ ။ဖု ထစ်နေတဲ့ လက်မောင်းသားတွေကို ပြပြီး လေ့ ကျင့် သားပြည့် ဝနေရမယ် မေမေရသိလား…။ဒါမှ လက်အောက် ငယ်သားတွေက အားကိုးမှာ ။ပြီးတော့  ပြည်သူအတွက် သားအလုပ်ပိုလုပ်နိုင်မှာတဲ့ လေ….။
သားငယ်ရဲ့ အပြောတွေကြားမှာ တအိမ်လုံး နားစိုက်ထောင်ရင်း မရိုးနိုင်တဲ့  စစ်တက္ကသိုလ် ရဲ့  ပြုစုပျိုးထောင်ပေးမူ့ တွေကို ကျေးဇူးတင်နေမိတယ်…။ဒီလိုနဲ့ ခွင့် ပြန်ရက်တွေကုန်ဆုံးပြီး မုန်းခဲ့ တဲ့  ခွဲခွာခြင်းတွေက အလိုတသိ ရောက်လာခဲ့ ပြန်တယ်…။ကျမခြေဦးထက် သားငယ် ခေါင်းအပ်လို့ ရှိခိုးတော့  မျက်ရည်တွေကျ ကျမ ထိန်းမရခဲ့ ဘူး…..။

ဒီလိုနဲ့ စစ်တက္ကသိုလ်မှာ (၃)နှစ် ပြီးတော့  တာဝန်ကျရာ မြစ်ကြီးနားကို သွားရပြန်တော့ မဲ့ သားတစ်ယောက် ဘေးဒုက္ခတွေ မကျရောက်စေဖို့  ဘုရားမှာ ဆုတွေတောင်း ဖြစ်ခဲ့ ပြန်တယ်….။တကယ်တော့  သားအသက်က အလွန်ဆုံး ရှိလှ (၂၀)ပေါ့ ။ပတ်ဝန်းကျင် အနေအထား နဲ့  အရောင်အသွေးစုံတဲ့  လောကကြီးမှာ တကယ်ဆို ဒီအသက်အရွယ်က သိပ်ငယ်သေးတယ်မဟုတ်လား။

ကြေးနန်းစာကို ရတော့  ကျမခေါင်းတွေ မူးဝေသွားခဲ့ ရတယ်…။ရက်စက်လိုက်တာ….ကံတရားရယ်…။ကျမ ကို ကျမ ပဲ သားစစ်ထဲဝင်တာကို မတားမိသူတစ်ယောက်အနေနဲ့  အပြစ်တင်ရမလား…။။။တကယ်တော့  လူ့ လောက မှ သားငယ်အသက်ရှင်နေထိုင်ဖို့  အချိန်များစွာ ကျမတို့ ထက် ပိုကျန်ရှိနေသူတစ်ယောက်မဟုတ်လား…။

မယုံနိုင်ဘူး ကံတရားရယ်……။ခပ်ခါးခါး ဒီလို အဖြစ်အပျက်မျိုး ကြုံရမယ်လို့  အိမ်မက်တောင် မမက်ဖူးခဲ့ သူရယ်ပါလေ………။တအိမ်လုံးဝမ်းနည်းနေကြတယ် ….။ဘယ်သူကိုမှလည်း စကားမပြောနိုင်ကြဘူး….။အမှတ်တရဆိုလို့  ချန်ထားခဲ့ တဲ့  ဓါတ်ပုံမှာတော့  ပြုံးရီပြဆဲ မျက်နှာ ချိုချို တချို့ ရယ်ပေါ့ ………..။


ချစ်သော သားငယ် ကောင်းရာသုဂတိ လားပါစေလို့ ရယ်ပေါ့  ………………..

ချစ်သော မေမေ


စစ်တက္ကသိုလ် အပတ်စဉ်(၅၂) အ.ဇ.ယ (၉) မှ ညီငယ် ဗိုလ်မင်းထွဋ်ဦး မြစ်ကြီးနားတိုက် ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားမူ့  အား ခံစားရေးဖွဲ့ ခြင်းဖြစ်ပါသည်.။

(မင်းသန့် )

်ညီလေးမင်းသန့်ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။ 

Monday, 21 May 2012

ပန်းသီသောကြိုး




...............ဟာ...ပန်းကုံးလေးကလှလိုက်တာ..။ ပန်းကုံးလေးကပန်းလေးတွေကလှလိုက်တာ.... 
ပန်းကုံးလေးတစ်ကုံးလှရင်တော့လူအများအထက်ပါစကားအတိုင်းချီးကျူးကြသည် ။ နမ်းရှိုက်ကြသည် ။ 
တချို့ ကအောင်ပန်းကုံးအဖြစ်စွပ်ပေးကြသည် ။ သို့ သော် ပန်းကုံးရှိ ပန်းကလေးများအောက်တွင်ရှိသော 
ပန်းကုံးကိုခိုင်ခန့် အောင်လှပအောင် သီပေးထားသော ကြိုး(တနည်းအားဖြင့်) ပန်းသီသောကြိုး ကိုတော့ဖြင့် 
မည်သူမှမချီးမွမ်းသလို မည်သူကမှ မနမ်းရှိုက်ကြပေ ။ သို့ သော်လည်း ပန်းကုံးမှ ပန်းကလေးများရဲ့အောက်က 
ကြိုး (တနည်းအားဖြင့်) ပန်းသီသောကြိုး ကလေးကတော့ ပန်းကလေးများ စီစီရီရီနှင့်အစဉ်လှနေအောင် သူ့ ကျောပေါ်တင်  
ထမ်းထားဆဲ.... လေပွတိုက်ခတ်လာလျှင်လဲ တပွင့်ခြင်းစီတကွဲတပြားလွင့်ထွက်မသွားမောင် သူ့ ကျောပေါ်တင် 
သွယ်တန်းထားကာ ထမ်းထားဆဲ..။။။ မည်သူကမှ မချီးကျုး မနမ်းရှိုက်သော်လည်း ပန်းကလေးများ စီရီစုစည်းလှပစေရန် 
အတွက် ပန်းကလေးများအောက်မှ အဓိကကျောရိုးဖြစ်သော ပန်းကုံးကိုသီသောကြိုး (တနည်းအားဖြင့်) ပန်းသီသောကြိုး.....  

.....ဟာ... ဒီနိုင်ငံကလှလိုက်တာ ..။ တိုးတက်မယ့်အလားလာရှိတဲ့နိုင်ငံပဲ.. ။
ရေခံမြေခံကောင်းသောနိုင်ငံဖြစ်သဖြင့်တချို့ ကချီးကျူးကြသည် ။ ထောပနာပြုကြသည်.. ။ 
သို့ သော်.. တချို့ က မိမိရုပ်သေးဆွဲလို့ ရမည့်အစိုးရတင်ချင်ကြသည် ။ တချို့ ကဖျက်လိုဖျက်ဆီးလုပ်ကြသည် ။
လေပွေစကားတွေနှင့်သွေးထိုး မြှောက်ပေးကြသည် ။ တပွင့်ခြင်းစီလွင့်ထွက်သွားမှ ကိုယ်လိုရာပုံသွင်းဖို့ တချို့ ကကြံစီကြသည်။ 
သို့ သော်လည်း  ကွဲပြားနေသောပန်းကလေးများကို ငြိမ်းချမ်းရေးလက်နှင့်လိုက်ကောက်ကာ စုစည်းပေးနေသော လက်ရှိအစိုးရနှင့် 
ပန်းကလေးများကို လေပွေတိုက်လျှင်တကွဲတပြားစီလွင့်ထွက်မသွားစေရန်အတွက် ကျောပေါ်တင်စုစည်းကာကွယ်ပေးမည့် 
အမျိုးသားရေးကိုသစ္စာမဖောက်သည့် တပ်မတော် (သို့ မဟုတ် ) ပန်းသီသောကြိုးတို့ မှ နိုင်ငံရဲ့တိုးတက်သောအသီးအပွင့် 
ပန်းကလေးများ ကြားလေပွေထိုးသဖြင့် တကွဲတပြားလွင့်ထွက်မသွားစေရန်အစဉ်သတိပြုကာကွယ်စောင့်ရှောက်လျှက်ရှိပြီး 
ပန်းကလေးများနှင့်အလားတူသောမိဘပြည်သူတို့  အများအလည်တွင် မွှေးရနံ့ သင်းပြန့်  ဂုဏ်တင့်စေရန် ထာဝရ 
ပခုန်းပေါ်တင်ပြီး ပန်းသီသောကြိုးသကဲ့သို့  ထမ်းဆောင်နေဆဲပါ ။  
ထို့ ကြောင့်...ထို့ ကြောင့်....ထို့ ကြောင့်.....  
မည်သူကမှ မချီးကျုး မနမ်းရှိုက်သော်လည်း ပန်းကလေးများ စီရီစုစည်းလှပစေရန် 
အတွက် ပန်းကလေးများအောက်မှ  ထမ်းပိုးကာ မွှေးပြန့် သောပန်းကုံးထာဝရတည်တန့် စေရန်အတွက်
ပန်းကုံးကိုသီသောကြိုး (တနည်းအားဖြင့်) ပန်းသီသောကြိုး.....  ကိုဖြင့်ပြစ်ပယ်လို့ ကိုမရကြောင်းပါခင်ဗျားးးးး..။။ 

 
by ကို ခိုင်ဇော် on Wednesday, April 25, 2012 at 5:08pm ·


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။  ကိုခိုင်ဇော် ။။။။။။။။။။။။။။။။။။။။။။။။။။။။

Sunday, 13 May 2012

စစ်ပွဲတစ်ပွဲအပြီး ယမ်းခိုးဝေတဲ့ ခန်းဆီးနောက်ကွယ်မှာ အိပ်မောကျမိသော်

မနေ့က ညနေခင်းတောင် ကျနော် ဒီနေရာကို လမ်းလျှောက်ဖြစ်ခဲ့တယ်...။ ဒီလယ်ကသင်းပေါ်မှာတောင် ကျနော်မတ်တပ်ရပ်ပြီး နေဝင်ချိန်
ဆည်းဆာကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သေးတယ် ...။ အခုတော့...
အတွေးမဆုံးခင်." ဝုန်း" ဘေးနားက မြေကြီးဖွာထွက်သွားတယ်..နားတွေလည်း အူပြီး မျက်လုံးထဲကို သဲတွေ ဝင်လာလို့ အမြန်မှိတ်လိုက်ရတယ်..။လခွီး..၄၀ မမ င်္ဗုးသီးပြုတ်ကျတာဟ...။ချက်ချင်းပဲ ဘယ်ဘက်ကို ၃ ပတ်လောက် လှိမ့်ပြီး ခမ်းလှမ်းလှမ်းမှာ ရှိနေ
တဲ့ ရေဗွက်ထဲကို ဆင်းလိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို သေနတ်ပြောင်းလှည့်မိတယ်..။ ဘာဖြစ်တာလဲ..သူကစပစ်တာလား..ကိုယ်ကစပစ်တာလားတောင် မသိလိုက်ဘူး..။သေနတ်သံတွေ ဆူညံပြီး တဝီဝီနဲ့ ကျည်ဆံတွေ ဖြတ်လာတယ်...ရုပ်ရှင်တွေထဲကလို တော့ တကယ့်စစ်မြေပြင်မှာ သေနတ်ခါးပိုက် ရင်ကော့ပြီး ပစ်တာတော့ မတွေ့ဖူးဘူး..။ကျည်ဆံဖြတ်လာသံ တွေ အတွဲလိုက်ဆွဲတဲ့ ရိုင်ဖယ်သံကြားတာနဲ့ အကာအကွယ်ရှိတဲံ့နေရာကို ဒိုင်ဗင်ထိုးဝပ်လိုက်တာပဲ..။
ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားတုန်းကတောင် ၁ -နေရာယူ ကနေ စခဲ့တာပဲလေ.ကျနော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်။
ဘာလုပ်မလဲ
ဘာလုပ်မလဲ..ခေါင်းထဲဝင်လာတဲ့ အတွေးများ..။ဟုတ်ပြီ..ငါ့ကောင်တွေ ဘာဖြစ်နေသလဲ..။ဘယ်ညာရမ်းကြည့်တော့ မဆိုးပါဘူး..။
ဟိုဘက်ကို သူဟာနဲ့သူ ပြန်ပစ်နေပြီ..။တပ်ကြပ်ကြီးကလှမ်းအော်နေတယ်.."ဗိုလ်လုံ..ဗိုလ်လုံ."
"ကျုပ်..ဒီမှာ.".လှမ်းအော်လိုက်တယ်..သူနေရာကနေ ခါးလေးကုန်းလို့ပြေးလာတယ်.." ဗိုလ်လုံ ..အခြေအနေ..ဘာဖြစ်သေးလဲ."
အမေးကို ကျနော် သူမျက်နှာ မကြည့်ပဲ ဖြေလိုက်တယ်.ပြီးတော့" ဘာမှ မဖြစ်ဘူး..ခင်ဗျား အခု ညာဘက် ၁၂ နာရီခွဲက တောင်စောင်းအခြေ လမ်းအကွေ့ကို တွေ့လား " .." တွေ့ပြီ..တရုတ်စက်လက် "..ကျုပ်အဲဒါကြောင့် ဒီဆရာကြီးကို သဘောကျတာ..အရိပ်ပြရင် အကောင်မြင်တယ်..။ " အဲဒီကို 40 m နဲ့ ပြန်ထုဗျာ.ပြီးရင် ဆရာလှဆောင်တို့ကိုသွားခေါ်..ကျုပ် ဆီကိုလာပေါင်း " လို့ ပြောအပြီးမှာ ဘာမှပြန်မဖြေပဲ အမ်အေ၄ ကို ဗုံးသီးထည့်ပြီး နှစ်လုံးဆက်တိုက်ခုနကကျနော်ပြတဲ့နေရာကို ပစ်ပြီး လယ်ကန်သင်းမှာ တန်ပြန်ပစ်နေတဲ့ ဆရာလှဆောင်နဲ့ရဲဗဘ်ာတွေဆီ လှိမ့်ထွက်သွားတယ်..
ကျနော်လည်း ခပ်လှမ်းလှမ်းက ကားလမ်းအစပ်ကို ပြေးတတ်သွားတယ်..ကားလမ်း ညာဘက်က လယ်ကွင်းနဲ့ချောင်း..ဘယ်ဘက်က တောင်စောင်းဆိုတော့ ကားလမ်းအပေါ်တောင်စောင်းဆီ ပြေးတတ်သွားတဲ့ အဖွဲ့တွေနဲ့ သွားပေါင်းလိုက်တယ်..ကြည့်ရတာ ဒင်းတို့လည်း အလာ..ကျုပ်တို့လည်း ချောင်းကိုဖြတ်.လယ်ကွင်းကနေကားလမ်းကို အတတ်မှာ ဗြုန်းဆို တွေ့တာကိုးဗျ..။
ဟုတ်ပြီ..ဆက်သွယ်ရေးရဲဘော်..ဘာဖြစ်နေလဲ..လိုက်ရှာ..လိုက်ရှာ..ဟိုက်သောက်ကြိုးနဲ..ကျုပ်ဝပ်နေတဲ့ ပထမနေရာကို ကျတဲ့ 40m နဲ့ တစစီဖြစ်ကျန်ခဲ့တာပါလား.ဆက်သွယ်ရေးစက်ကလေးကတော့ လယ်ကွင်းထဲမှာ..တစောင်းလေးပေါ်လို့..။
ခွီးထဲမှပဲ...မိုးကလည်းကျလာသေးတယ်..ဆိုးလိုက်တဲ့ကံ..လယ်ကွင်းကနေ တတ်လာမဲ့အဖွဲ့ကို ကာပစ် နေရင်း သေနတ်သံတွေ ကြားက လွင့်နေတဲ့ ဆဲသံက အိမ်ကအမေနဲ့နှမတွေကြားရင် ဖင်ကြိမ်းလိမ့်မယ်..။ဟူး..
ပုခုံးသိုင်းကြိုးမှာကပ်ချုပ်ထားတဲ့ အိတ်လေးထဲကနေ စကုပ်(သေနတ်မှန်ပြောင်း)ကို ထုတ်လိုက်ပြီး သေနတ်မှာ တပ်လိုက်တယ်.ပြီးတာနဲ့ ဘယ်ဘက်က သစ်ငုတ်တိုတွေကြား မိကျောင်းသွား သွားလိုက်တယ်..အိုကေ..အသက်မှန်မှန်ရှူ..စိတ်ကို ငြိမ်အောင်ထား...ကိုယ့်ဘာသာ သတိပေးရင်း ပစ်မှတ်ကို ရှာလိုက်တယ်..တွေ့ပြီ..ဆရာသမားက ငုတ်တုတ်ထိုင်ပြီး ကောင်းကောင်းဆွဲနေတာ..လည်ပင်းနားချိန်ပြီး မောင်းခလုတ်ဖြုတ်လိုက်တယ်..သွားပေရော့တစ်ယောက်..နောက်တစ်ယာက်
ထပ်ရှာ..လှဲနေတဲ့ သစ်ပင်ကို အကာအကွယ်ယူပြီး ပစ်နေတာ..ခြေထောက်လေးထွက်နေတာ တွေ့တော့..ရော့..နောက်တစ်ယောက်.
* ကျနော် ပစ်လိုက်တဲ့ လူမှာ သားသမီးများရှိမလား.ကိုယ်ဝန်ကြီးနဲ့ မိန်းမက အိမ်ပြန်ချိန်စောင့်နေမလား..ကျနော် မသိဘူး..ကျနော်သူကို မမုန်းပါဘူး..ရန်ငြိုးလည်း မရှိဘူး..ဒါပေမဲ့ ပစ်နေရတယ်.အသေပစ်နေရတယ်..*

                                 လူတစ်ယောက်တိုင်း တစ်ယောက်ပြီးတိုင်းကို
                                 ပစ်ပြီးတိုင်း ပစ်ပြီးတိုင်းမှာ
                                 ငါကိုယ်တိုင် သူတို့နဲ့ အတူတူ
                                 လိုက်ပြိး သေနေသလို ခံစားရတယ်
state ကျောင်းသားဘဝက ဖတ်ခဲ့တဲ့ စာကြောင်းတစ်ကြောင်း..ဘာလို့ ကျနော်ကိုယတိုင် ဖြစ်နေတာလဲ..
နောက်ထပ် ထပ်ရှာတော့ ရိပ်ခနဲ မတ်တပ်ရပ်လိုက်တာ တွေ့တယ်..ချိန်နေတုန်းပဲရှိသေး မောင်မင်းကြီးသား တကိုယ်လုံး မီးခိုးတွေ ထွက်ပြီး မှန်ပြောင်းထဲကို အရိပ်ဖြူကြီး ဝင်လာတယ်.." ဟိုက်..RPG" သောက်ကျိုးနည်း..ကုန်းထပြီး လှည့်အထွက်..ခန္ဒာကိုယ်တခုလုံးမြောက်တတ်သွားတယ်..ခွေးကျ ကျတယ်ဆိုတာ ဒါမျိုးထင်တယ်..ကျောကုံးတစ်ခုလုံး အက်ဆစ်နဲ့ ပက်ခံထားရသလိုပဲ..။ ပြေးဝင်လာတဲ့ ရဲဘော် နှစ်ယောက်..ကြားတစ်ချက်..မကြားတစ်ချက် အသံတွေ..မျက်လုံးထဲမှာ အဖြူရောင်ကလွှဲလို့..ဘာမှ မမြင်တော့..။။
**************************
******************
********
ဘယ်လောက်တောင် အိပ်ပျော်သွားတယ် မသိဘူး..။ မျက်လုံးအဖွင့်မှာ ကျနော်နူးညံတဲ့ နေရာကို ရောက်နေတယ်.ပတ်ဝန်းကျင်တစ်ခုလုံး အဖြုပဲ.ဘယ်နားကြည့်ကြည့် အဖြူပဲ..ဝူခုန်းကားက နတ်ပြည်လိုပဲ..။
ရုတ်တရက် ဘေးနားကို ပြောက်ကျားဝတ်စုံနဲ့ လူတစ်ယောက် ရောက်လာတယ်..ကျနော်ကို ငုံကြည့်တယ်..ပြိးတော့..သူကအော်လိုက်တယ်.." ဟေ့..လူသစ်ရောက်တယ်ဟေ့"..ချက်ချင်း ဘေးနားမှာ လူတွေဝိုင်းအုံလာကြတယ်
အားလုံး စစ်ယူနီဖောင်းတွေနဲ့..သေသေချာချာကြည့်လိုက်တယ်.အားလုံး လက်မောင်းတံဆိပ်တွေ မပါဘူးရာထူးအဆင့်အတန်းတွေ မပါဘူး..ကျနော်ကိုယ်ကျနော် ပြန်ကြည့်မိတယ်.ကျနော်ပုခုံးပေါ်က အပွင့်တွေလည်း မရှိဘူး.လက်မောင်းက တံဆိပ်တွေလည်း မရှိဘူး..။ဇဝေဇဝါဖြစ်နေတဲ့ ကျနော့်ကို ကျနော်လို စစ်ယူနီဖောင်းနဲ့ လူတစ်ယောက်က လက်ဆွဲနှူတ်ဆက်ပြီး ပြောတယ်.." ကိုတို့ ငြိမ်းချမ်းသော နယ်မြေက ကြိုဆိုပါတယ်  ညီလေး.."တဲ့."ဗျာ.ဘယ်လို ငြိမ်းချမ်းသောနယ်မြေ.ဟုတ်လား".ကျနော်ပြန်မေးမိတယ်..ညာဘက်အစွန်က လူက ထပြောတယ်"ဒီနေရာမှာ ဝါဒစွဲတွေမရှိဘူး.ပုဂ္ဂိုလ်ရေး ကင်းတယ်.အားလုံးက လူတွေ.အထူးသဖြင့် မြန်မာနိုင်ငံသားတွေ စုစည်းနေတဲ့ နေရာပဲ".ဒီလူကြီး ယူနီဖောင်းကိုတွေ့ဖူးပါတယ်..ဟိုက် ဒီဘဲကြီး ဗကပ ကပဲ.."ဟုတ်တယ် ဒီနေရာမှာ အမုန်းတွေ ကင်းသွားတယ် အငြိုးတွေလည်း ပျောက်သွားတယ်".ပြောတဲ့လူက ကေအန်ယူ ပျောက်ကျားကြီးနဲ့."ဒီနေရာမှာ စစ်ပွဲတွေမရှိတော့ဘူး."
လို့ ခုနက စစ်ယူနီဖောင်းနဲ့လူက ပြောတယ်.".နောက်တစ်ခုက ငါတို့သေသွားပြီးပြီ"..လူအုပိထဲက ထွက်လာတဲ့ အသံပိုင်ရှင်ကို ကြည့်လိုက်တော့..လား လား..ခုနလေးတင် ကျနော် လည်ပင်းကိုချိန် ပစ်လိုက်တဲ့ ကချင်လေး.နဲ့ ကျနော်နေရာကို အာပီဂျေနဲ့ ပစ်တဲ့ ရှမ်းလေး.သူတို့အပြုံးတွေမှာ အမုန်းတွေမပါဘူး.ကျနော် သိလိုက်ပါပြီ..ခုနက အာပီဂျေဗုံးဆံနဲ့ ကျနော်သေသွားခဲ့တယ်.ပြီးတော့ ဒီနေရာကို ရောက်လာတယ်.ဒီနေရာမှာ ငြိမ်းချမ်းရေး အပြည့်ရှိတယ်.ကျနော်ပြူံးမိတယ်..ပြီးတော့ ရီလိုက်မိတယ်.အားလုံးလည်း ရီကြပြီး ထွက်သွားကြတယ်.ကျနော်လည်း ချက်ချင်း  ထလိုက်တယ်..အားလုံးမှာ အပြုံးကိုယ်စီနဲ့..အမုန်းတွေမရှိဘူး..လမ်းလျှောက်ရင်း အားလုံးကို လိုက်ကြည့်မိနေတယ်..ခံတွင်းချဉ်လာတာနဲ့ ဘောင်းဘီအိတ်ထဲ လက်နှိုက်စမ်းမိတော့ ဖက်ကြမ်းအတိုလေးထွက်လာတယ်.ပါးစပ်မှာ ခဲပြီး မီးခြစ်ခြစ်မယ် လုပ်တော့ မီးခြစ်မပါလာဘူး..ဖျောက်ခနဲ အသံကြားပြီး မျက်နှာရှေ့မှာ မီးပွင့်လေးထွက်လာတယ်.ကျနော်ဆေးလိပ်ကို မီးညိပြီး ကျေးဇူး ပြန်ပြောလိုက်တယ်.ssaယူနီဖောင်းနဲ့ ကောင်လေးတစ်ယောက် မီးခြစ်လာခြစ်ပေးတာကိုး..ပြီးတော့ သူက အနားနားကပ်ပြောသွားတယ်.".အောက်တော့ ငုံမကြည့်မိစေနဲ့.".တဲ့..ပြီးတော့ သူလှည့်ထွက်သွားတယ်..လူဆိုတာကလည်း မလုပ်နဲ့ပြောရင်တယ်လုပ်ချင်သကိုး..အောက်ကို ခိုးကြည့်လိုက်တယ်..ဟာ..မီးခိုးလုံးတွေ..ခြေပြတ်လက်ပြတ်အလောင်းတွေ.ရုပ်မပေါ်တော့တဲ့ အလောင်းတွေ.ကိုယ့်အသက်ရှင်ဖို့ ပုံးပြီး သူများကို ပစ်သတ်နေရတဲ့ ဘဝတွေ.အဖေ အမေ တနေတဲ့ သွေးရဲရဲ နဲ့ နှစ်ဘက်သော တိုက်ပွဲဝင်သူတွေ..ကလေးငိုသံတွေ..ကျနော် ချက်ချင်းမျက်စိမှိတ်လိုက်ရတယ်..ပြီးတော့ ခပ်လေးလေး ခြေထောက်တွေကို ဆွဲမပြီး ဆက်လမ်းလျှောက်ခဲ့တယ်..အော်.စစ် စစ်..။
ရှေ့မှာ လူနှစ်ယောက် ချက်စ်ထိုးရင်း ရီနေကြတယ်..တစ်ယောက်က မွန်..တစ်ယောက်က ရခိုင်..ကျနော်လည်း ချက်ချင်း စချင်စိတ်လေး ဝင်သွားတာနဲ့.အနားကပ်ပြီး သီချင်းဆိုလိုက်တယ်." မင်းလေးသော့ ရခိုင် ရခိုင်သားဝေ.ငါလည်းသော့ ရခိုင် .ဇာကွာခြားလီလေ.."လို့ ဆိုတော့ ချက်စ်ထိုးနေတဲ့ ရခိုင်စစ်သားက မော့ကြည့်တယ်.ပြုံးပြပြီး သက်ပြင်းအရှည်ကြီး ချတယ်.ပြီးတော့ ချက်စ် ပြန်ထိုးနေတယ်.ကျနော် လှည့်ထွက်လိုက်တယ်..သူ့ပါးစပ်က ကျနော်ဆိုတဲ့ သီချင်းကို ဆက်ဆိုသံကြားလိုက်ရတယ်." ဒေပိုင်
အဖြိုက်ဆိုး အသည်းကွဲဖူးစော် နားလည် "..တဲ့..ဟုတ်ပါတယ်.သူအသံမှာ ငိုသံပါနေတယ်ဆိုတာ ကျနော်သိတာပေါ့.။ဘာလို့များ ဒီအချိန်မှာ ဒီလိုအဖြစ်နဲ့တွေ့တာလဲ ကို သူအသည်းနာနေမှာပါ..။ဒီနေရာမှာ ယူနီဖောင်းမျိုးစုံနဲ့ တိုင်ရင်းသား အစုံရှိတယ်(ရိုဟင်ဂျာတော့ မပါဘူး).ဘယ်သူကိုမှ မမုန်းကြဘူး.အားလုံး အပြုံးကိုယ်စီနဲ့.ပုခုံးဖက် လမ်းလျှောက်နေကြလေရဲ့..ဝါဒတွေ အမုန်းတွေ သမိုင်းတွေ အငြိုးတွေ တင်းမာမှူတွေ
ဘာဆိုဘာမှ မရှိဘူး..အားလုံး ညီအကိုရင်းတွေလို နေနေကြတယ်..ယူနီဖောင်းမျိုးစုံရှိတယ်.စိတ်ကတော့ တစိတ်ထဲပဲ.ဒီအုပ်စုလေးထဲ လမ်းလျှောက်နေဆဲမှပဲ ကျနော်တကိုယ်လုံး ပေါ့ပါးနေတယ်.ပျော်နေတယ်.ဘာကြောင့်ပျော်တာလဲဆိုတာတော့ မပြောတတ်ဘူး.တစ်ယောက်ယောက်မျက်နှာပေါ်က နှူတ်ခမ်းအပြုံးတစ်ချက်ကို မြင်တိုင်း ကျနော်ပါလိုက်ပြုံးမိ.ဖက်လှဲတကင်းနှူတ်ဆက်မိတာ ဒီနေရာရဲ့ ထူးခြားချက်လား..ယမ်းနဲ့ မရှိတဲ့နေမြေ.မိုင်းမခင်းတဲ့နေမြေ.အမုန်းနဲ့ဝါဒစွဲ မရှိတဲ့နယ်မြေ..ဒီမှာ ကျနော် ငှက်တစ်ကောင်လို ပေါ့ပါးနေတယ်..။
ညီအကိုတွေ သီတင်းကျွတ်မှာ ပြန်ဆုံသလို အားလုံးတွေ့တဲ့လူကို နှူတ်ဆက်ကြ ဖက်ကြ..လက်ဆွဲနှူတ်ဆက်ပြီး စကားစမြည်ပြောဆိုကြ.ဘယ်လောက် ပျော်ဖို့ကောင်းလဲဗျ..။
ဒီအချိန်မှာ..မနက်တိုက်ပွဲမှာ ကျနော်ကလည်း ပစ်..ကျနော်ကိုလည်း ပစ်ထားတဲ့ ကေအိုင်အေက ကောင်လေးနှစ်ယောက်က ပြေးလာပြီး လက်တဖက် တစ်ချက်စီ ဆွဲပြီး သွားမယ်..သီချင်းသွားဆိုကြမယ်
ဆိုပြီး ဆွဲခေါ်သွားပါရောဗျာ..ရှေ့မှာ လူအုပ်ကြီးတစ်အုပ်..ဂီတာတီးနေတဲံလူစ်တစ်ယောက်ကို ဝိုင်းပြီး သီချင်းတွေ ဆိုနေကြတယ်.
လူအုပ်ကြီးထဲ အတင်းတို့းဝှေ့ပြီး ကြည့်မိတော့..အိုး..ဂီတာတီးနေတာ ကိုစိုင်းထီးဆိုင် ကြီးပဲ..ကျနော်သဘောပေါက်လိုက်ပါတယ်
အားလုံးနဲ့အတူတူ လက်ခုပ်တီးပြီး သီချင်းလိုက်ဆိုလိုက်ပါတယ်..သီချင်းခေါင်းစဉ်က >
ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်... 

Saturday, 21 April 2012

လက်ညှိုးတစ်ချောင်းကွေးတက်ဖို့

     


       ကျွန်တော်ငယ်ငယ်က မြန်မာသရုပ်ဆောင်တွေထဲမှာဆိုရင် ဦးကျော်ဟိန်းကိုခရေဇီ ။  ခေါင်းမမော့ပဲ မျက်လုံး ကို လှန်ကြည့်ပြီး အကြည့်စူးစူး နဲ့ စကားပြောတာတွေ ၊ စကားပြောတဲ့ အခါ အသံရင်းနဲ့ အားရပါးရ ပြောတက်တာတွေ ကြောင့် ကျွန်တော် စိတ်ထဲ အလွတ်ကျတ်မိနေတယ် ။ သူ့ဇာတ်ရုပ်တွေထဲ က မျက်စိထဲ စွဲ နေဆုံး နေရာတစ်ခုကတော့ လက်ဆယ်ချောင်းကိုထောင်ပြီး “ဒီလို … လက်ညှိုးလေးကွေးတက်ဖို့ ဆယ်နှစ် …ဆယ်နှစ်ဆိုတဲ့ ” နေရာပဲ ။ ငယ်ငယ်ကတော့ တွေးတယ် ဆယ်နှစ်ဆိုတာ မဖြစ်နိုင်ပါဘူး … သေနတ်လေးပစ်ဖို့ လက်ညှိုးလေး တစ်ချောင်းကွေးတာများ ဆယ်နှစ်ကြာတယ်တဲ့ … အဲလောက်ခက်လို့လား  ။

            ဝေဝေဝါးဝါး အတွေးများနဲ့ ပဲ ကျွန်တော်ကြီးပြင်းလာတယ် ။ အသက် ၁၆ နှစ်ကျော်တော့ စစ်တပ်ထဲဝင် စစ်ရေးပြလုပ်တဲ့ သေနတ်အစုတ်လေးကို ကျွန်တော် အရမ်းစူးစမ်းချင်မိတယ် ။ ကျွန်တော်သေနတ် ကိုဆော့တော့ လက်နက်သင်ပေးတဲ့ ဆရာကြီးက ငေါက်တယ် ။  “ သေနတ်ဆိုတာ သေတက်တဲ့ နတ်စောင့်တယ် ။ ကိုယ်တွယ်တဲ့ရည်ရွယ်ချက် ၊ အသုံးချတဲ့နည်းစနစ်မှန်ကန်ရင် ကိုယ့်အကျိုး ၊တိုင်းပြည်အကျိုးရှိသလို ၊ မှားယွင်းရင်လည်း အဲဒီ သေနတ်ဟာ မိမိကိုယ်သေစေသလို ၊ တိုင်းပြည်နဲ့လူမျိုးကိုအကျိုးယုတ်စေ တက်တဲ့ရန်သူပဲ ။ ကျည်မထွက်တဲ့ အစုတ်ပဲဖြစ်စေ ၊ အကောင်းပဲဖြစ်စေ မှားယွင်းတဲ့အမူအကျင့်ကို အစကိုမပြုရဘူး   ”  ဆိုပြီး ဆုံးမယ်တယ်  ။ ကျွန်တော်စိတ်ထဲမှာ ကျိတ်တွေးလိုက်မိတယ် “သေနတ်တွေကိုင်တက်ဖို့ အဲလောက်တောင်ခက်တယ် လား” ။
           အဲဒီနောက် သေတက်နဲ့ နတ်မျိုး တွေနဲ့ ကျွန်တော်အကျွမ်းဝင်ရင်းနှီးခဲ့တယ် ။ စနိုက်ပါ သင်ခန်းစာမှာ လက်ဖြောင့်တစ်ယောက်ရဲ့ ကျင့်စဉ် တွေနဲ့ကျွန်တော်ထိတွေ့ခွင့်ရခဲ့တယ်။ထိအောင်ချိန်၊မှန်အောင်ပစ်၊ပစ်လျှင်ထိရမည်၊ထိအောင်လည်းလေ့ကျင့်ရမည်..
ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သေနတ်ဒင်ကို ပခုံးအပျော့မှာထောက် ၊ ပစ်မှတ်ကို ချိန်သီးနဲ့ထိအောင်ချိန် ၊ အသက်ရှုခြင်းနရီသံ မှန်မှန် လက်ညှိုးကိုကွေး ရိုးရိုးလေးလိုပါပဲ ။ လက်ဖြောင့်သမားတစ်ယောက်ဟာ စိတ်ငြိမ်ဖို့ ၊ မျက်စိရှင်ဖို့ ၊ လက်ညှိုးကွေးနရီသံ မှန်ဖို့ ဟာအရေးကြီးဆုံးပါပဲ ။ အဲဒီထဲမှာ အခက်ခဲဆုံးအဆင့်ကတော့ လက်ညှိုးကွေးခြင်းပါပဲ ။ လက်ညှိုးကွေးတက်ဖို့ ကို လမ်းလျှောက်ရာ ၊ ထမင်းစားရာ အိပ်နေချိန်မှ အပ အမြဲ တမ်းလက်ညှိုးကွေးကွေးပြီး ကျင့်ကြရတယ် ။

          လက်ညှိုးကွေးခြင်းဆိုလို့ ပြောရဦးမယ် စစ်သားရဲ့အသက်က လက်ညှိုး လို့ ကျွန်တော်ပြောရင် ယုံပါ့မလား ။ လက်ညှိုးပြတ် တဲ့ လူတစ်ယောက်ဟာစစ်သားလုပ်လို့ မရတော့ပါဘူး ၊ သေနတ်ပစ်လို့ လည်းမရတော့ပါဘူး ။ ကျန်တဲ့ လက်ချောင်းတွေ ဘယ်လောက်ပဲကောင်းနေသေးပါစေ အဲဒီလက်ချောင်းတွေ နဲ့ သေနတ်မောင်းကို ဆွဲတာနဲ့ လက်ညှိုးနဲ့သေနတ်မောင်းကိုဆွဲတာ လုံးဝမတူပါ ။ လူတိုင်းရဲ့ လက်ညှိုး ဟာ သာမန်လက်ချောင်းတွေထဲဇောင်းပိုမာတယ် ။ လျှက်တစ်ပြတ် လက်ချောင်းတွေ ကွေးကြည့် ပါ လက်ညှိုးတစ်ခုတည်းသာလျှင် စိတ် နဲ့ ထပ်တူကွေးနိုင်တယ် ။ လက်ညှိုးသာလျှင် ကြားထဲမှာနေရာလစ်လပ်မရှိအောင် ၃ ဆစ်လုံးထိနေအောင်ကွေးလို့ရတယ် ။ အဲဒီအရာတွေဟာ လက်ညှိုးကွေးတက်ဖို့ အရေးအပါဆုံးအချက်တွေပါပဲ ။

         နောက် လက်ညှိုးကွေးနရီသံမှန်ဖို့ ။ ညှပ်ရိုးအောက်အပျော့ကိုထောက်ထားတဲ့ သေနတ် ဟာ အသက်ရှုတာနဲ့ အမျှ သေနတ်ပြောင်း က အထက်အောက်လှုပ်နေတယ် ။ ရင်ဘက်ထဲ အသက်အပြည့်ရှုသွင်းချိန် လက်ညှိုးကွေးရင် ပစ်မှတ်ရဲ့အပေါ်ကိုထောင်မယ် ။ ရင်ဘက်ထဲလေတစ်စက်မှမရှိအောင် ထုတ်ပြီးတဲ့ချိန် ပစ်ရင် ပစ်မှတ်အောက်ကို ကျမယ် ။ အထက်အောက်မလှုပ်အောင်ဆိုပြီး အသက်အောင့်ပြီးပစ်ရင် အောက်ဆီဂျင် မပြည့်ဝတဲ့အတွက် လက်တုန်ပြီး သေနတ်ပြောင်းဟာဘေးဘယ်ညာယမ်းခါနေမယ် ။ အဲဒီတော့ ပုံမှန်အသက်လေးရှုပြီး အသက်ရှုခြင်းရဲ့ အလယ်မှာ လက်ညှိုးကွေးနရီသံမှန်နေဖို့လိုတယ် ။  ယနေ့ချိန်ထိ ပစ်ချက်တိုင်းထိပါတယ်ဆိုတဲ့ သေနတ်သမား တစ်ယောက်မှ မရှိသေးပါဘူး ။ ဘာလို့ လဲ အချိန်တိုင်းမှန်ကန်အောင် လက်ညှိုးမကွေးတက် လို့ပါပဲ ။

           ပညာရပ်တစ်ခုဆိုတာ လုံးစေ့ပတ်စေ့ သိဖို့ထက် တကယ်လုပ်ပြနိုင် ဖို့ ကပိုခက်တယ် ။ တကယ်လုပ်နိုင်ဖို့ ထက် ရလဒ်ကောင်းတွေထွက်ဖို့ ကပိုခက်တယ် ။ လိုချင်တဲ့ရလဒ်ထွက်ဖို့ ထက် အဲဒီရလာဒ်က အကျိုးရှိဖို့ က ပိုခက်တယ် ။ အကျိုးတစ်ခုရလာဖို့ထက် အဲဒီပညာရဲ့ အကျိုးကျေးဇူး ဟာအများအတွက်အသုံးဝင်ဖို့ကပိုခက်တယ် ။
လက်ညှိုးကွေးခြင်း ပညာရပ်တက်သွား ပြီပဲဆိုကြပါဆို့  ကာလံ ၊ ဒေသံ ၊ ရည်ရွယ်ချက် ၊ ကျင့်ထုံးတွေ မှန်မှန် နဲ့ လက်ညှိုးကွေးတက်ဖို့လည်းလိုသေးတယ် ။   စစ်ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့မူဝါဒကို တနည်းတဖုံ ပုံဖော်ခြင်းလို့ စစ်ပညာရှင် ကလော့ဝဇ် ကဆိုခဲ့တယ်  ။  စစ်သည်တော် ကျင့်ဝတ် ရန်သူပေါ်ထားရှိရမဲ့ သဘောထားမှာလည်း “လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်သာ တိုက်နေရ ကြောင်း နားလည်ပါစေ ။ ”  လို့ ပြဆိုထားတယ် ။  တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက်ဆိုပါလျှင် အသက်တွေလောင်းကြေးထပ်လို့လည်း လက်ညှိုးကွေးတက်ရမယ် ၊ အဲလို မှမဟုတ် ပဲ ကိုယ်ကျိုး ၊ ပုဂ္ဂလ အကျိုးတွေအတွက်ဆိုရင်တော့ ကျွန်တော်တို့ လက်ညှိုးတွေ မကွေးတက်အောင် ဖြတ်သင့်ရင်ဖြတ်ပစ်ရမယ် ။  ဒါတွေ ဟာ လက်ညှိုးကွေး ခြင်းရဲ့ သိမ်မွေ့တဲ့ အနုပညာတွေပဲ ။

          ကိုကျော်ဟိန်းရဲ့ “ဆယ်နှစ် ဆယ်နှစ် ” တကယ်ကို မဖြစ်နိုင်မှန်း ကျွန်တော် သေချာ သိသွားခဲ့ပြီ ။ ခုနေ ကိုကျော်ဟိန်းရှေ့မှာ သရုပ်ဆောင်ခွင့် ရရင် သရုပ်ဆောင်ပြချင်တယ် ။ လက်ဆယ်ချောင်း တော့ မထောင်တော့ပါဘူး ။ လက်ညှိုးတစ်ချောင်း ကို ထောင် ပြီး အသံဝါဝါ နဲ့ အားပါပါ ပြောလိုက်ချင်တယ်
“ ဒီလို လက်ညှိုးလေးကွေးတက်ဖို့  ....  တစ်သက်…တစ်သက်  ”…။


(ရုပ်ဆိုး)

ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။ 

စစ်သားဟုခေါ်သည်





ကျွန်တော်
လွတ်လပ်မှုကိုတပ်မက်စွာ မြတ်နိုးသည်
သို့သော် ... ဝါသနာ ခံယူချက်အတွက်
ပုံစံခွက် နှင့် ကျင်လည်သည် ...။

ကျွန်တော်
အမိန့်ဆိုသောအရာကိုခါးသီးစွာမုန်းပါသည်
သို့သော် ...သစ္စာလေးတန် အဓိဌာန်ကြောင့်
ရွှေ့တဲ့အကွက်တိုင်းမှာ တာဝန်ကျေမည် ...။

ကျွန်တော်
နှလုံးသားစေစားရာ ဦးနှောက်နှင့် ရှာလိုသည်
သို့သော် .... ပုခုံးမှာဖက်ဖူးတဲ့ လက်တွေအတွက်
ကျွန်တော့် ဘဝကို ပုံအပ်ထားသည် ...။

ကျွန်တော်
လက်နက်တွေမုန်းပါသည်
သို့သော် ...တိုင်းပြည်ကန်သင်းခလုတ်ရှင်းဖို့
ကိုယ် နှင့်မကွာ ဖက်အိပ်နေပါသည် ....။

ကျွန်တော်
သေရမှာကြောက်ပါသည်
သို့သော် ... တိုင်းပြည်အတွက် ဆိုပါက
နောက်ထပ်အခါခါ ပြန်လည်မွေးဖွားနေဦးမည်ဖြစ်သည်...။

ကျွန်တော်
သူတပါးအားသတ်ဖြတ်ရမှာစိုးရွံ့ပါသည်
သို့သော် ...နိုင်ငံနှင့် လူမျိုးးအတွက်ဆိုပါက
ပါဏာတိပါတ် ကို တရစပ်လိုင်စင်ဆွဲလိုသည်...။

ဤတိဤသို့
စိတ်ထားရှိခြင်း ၊ ခံယူခြင်းကြောင့်
ကျွန်တော့်ကိုကျွန်တော်စစ်သားဟုခေါ်သည် ....။

(ရုပ်ဆိုး)
https://www.facebook.com မှကူးယူဖော်ပြပါသည်။

Tuesday, 17 April 2012

သွေးနဲ့ရေးသော အမေ့မျက်ရည် (သို့) အာဇာနည်မေမေ ( ၀တ္ထု တို ပထမ ဆုရ)



စစ်တက္ကသိုလ် စာပေဌာန(၂) ဘာသာစကားသင်တန်းအမှတ်စဉ်(_) ၏ မနက်ခင်းတခု ဖြစ်သည်...။ တန်းစီသစ္စာဆိုအပြီး ကန်တင်းဘက်ကိုဆင်းလာရင်း မနက်တိုင်းဖတ်နေကျ မြန်မာ့အလင်း သတင်းစာကို ဆွဲယူဖတ်လိုက်မိသည်.. ။ "ဟင်.." ။ အာမေဋိတ်သံတစ်ခု ထွက်သွားမိတဲ့အထိ ကျွန်တော်အံ့သြမှင်သက်သွား..။ အာခေါင်တွေလဲခြောက်လို့ ရင်ဘတ်တခုလုံး နာကျင်သွားစေသည့် သတင်းတခုပါ ။ "မဟုတ်ပါစေနဲ့လို့" အကြိမ်ကြိမ်ဆုတောင်းနေမိရင်း ဖုန်းဆိုင်ရှိရာဆီသို့ ခြေထောက်တို့က အပြေးအလွှား ဦးတည်၍သွားနေခဲ့သည်ကို ကိုယ့်ကိုယ်ကိုပင် လျှင် သတိမထားမိခဲ့ပါ ..။ ရင်တခုလုံးကို နာသွားအောင် အရာတခုခုဖြင့် ထုနှက်ထားသကဲ့သို့ပင်.. ။ အသက်ရှူတွေပင် သိပ်မ၀ချင်ပါ။ ဖုန်းဆိုင်ရောက်သည်နှင့် လင်းလင်းတို့အိမ်ဖုန်းကို အငမ်းမရနှိပ်လိုက်မိသည်။  ဖုန်းလာကိုင်သည့် ဗိုလ်ကြီး လင်းလင်းစိုး၏ မိခင်ဖြစ်သူ (အန်တီ)၏ အသံမှာ ထင်မှတ်ထားသကဲ့သို့မဟုတ်ဘဲ တည်ငြိမ်အေးစက်၍ နေသည်.။ "အန်တီ.. သားပါ မောင်.... ပါအန်တီ.." လို့ပြောလိုက်တော့ အန်တီက "အေးသားလေး ..ပြောလေ" ဆိုပြီး ဖြေလိုက်သည့်အသံမှာ တခုခုကိုမေးတော့မည် ဆိုသည်ကို ကြိုတင်သိနေသော အငွေ့အသက်တွေ ပါဝင်နေခဲ့သည်။ "မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့" လို့ အကြိမ်ကြိမ် တီးတိုးဆုတောင်းရင်း အရဲစွန့်မေးလိုက်သည်။ "သတင်းစာထဲမှာပါလာတဲ့ ဗိုလ်ကြီးလင်းလင်းစိုး ရုတ်တရက် ကွယ်လွန်ခြင်းသတင်း က"  လို့ ကျွန်တော်က မေးလိုက်သည့် မေးခွန်းလေး မဆုံးခင်မှာပင် အန်တီကတန်း၍ ဖြေရှာပါသည် "ဟုတ်တယ်သားလေး မင်းသူငယ်ချင်း လင်းလင်း တိုက်ပွဲကျသွားပြီသားရယ် ဆွဲမိုင်းထိတယ်လို့ ခမရ ၃၆၉ တပ်က အကြောင်းကြားလာတယ်.. အလောင်းတော့ ပြန်မရပါဘူးသား အရိုးအိုးပဲ ရလိုက်ပါတယ်" လို့ ပြောအပြီး အန်တီ့ရဲ့စကားသံတွေက သိမ်ဝင်သွားခဲ့သည်။  အန်တီတယောက် တဦးတည်းသော သားအတွက် မည်မျှနာကျင်အောင့်သက်နေမည်မှန်း ကျွန်တော် နားလည်ခံစားပေး၍ရပါသည်။ ခင်ပွန်းသည် ယောက်ျားမရှိတော့သည့်နောက်ပိုင်း  သားတယောက်တည်းနှင့် နှစ်ပေါင်းများစွာ ဘ၀ကို အထီးကျန်စွာ အားတင်း ဖြတ်သန်းကျော်လွှားခဲ့ရသည့် အိမ်ထောင်ရှင်မိန်းမတယောက်၏ သတ္တိကို ကျွန်တော် မလေးစာဘဲ မနေနိုင်ပါ။ "မျှော်လင့်ချက်က မေမေ့သား၊ မေမေ့သားက မျှော်လင့်ချက်ပါ" လို့ ဖုန်းဆက်တိုင်း သူငယ်ချင်းလင်းလင်း ကို ဆုံးမတတ်သည့် အန်တီ့ရဲ့မေတ္တာစကားသံများသည် သားအရင်းမဟုတ်သည့် ကျွန်တော့်ရဲ့ရင်ထဲအထိ နွေးထွေးစေခဲ့ဖူးသည်။ "သား" လို့ ဖုန်းထဲကခေါ်လိုက်သော ဒေါ်ဘရဏီစိုး၏ တည်ငြိမ်အေးချမ်းနေသော အသံသည် ကျွန်တော့်ရဲ့ မတည်ငြိမ်မှုတွေကို အတန်ငယ် ထိန်းကွပ်ပေးခဲ့သည်။ ကျွန်တော့်ရဲ့တွေးလက်စ အတွေးတွေ ရုတ်တရက်ရပ်သွားပြီး "ဟုတ်ကဲ့ပါ အန်တီ" လို့ ထူးလိုက်မိသည်။ ထိုအချိန်တွင် ဖြေစရာစကားထို့ထက်ပိုမရှိသလို ပြောစရာစကားတွေကလဲ ဆွံ့အတိတ်ဆိတ်၍ နေပါသည်..။ "သားသူငယ်ချင်း အစ်ကိုအတွက် စိတ်မကောင်းဖြစ်နေတာ အန်တီနားလည်ပါတယ် ဒီအပတ်အိမ်မှာရက်လည်လုပ်မယ် သားလာနိုင်မယ်ဆိုရင်တော့ အန်တီ သားကို စကားတွေ ပြောချင်သေးတယ်" လို့ ရှိုက်သံအနည်းငယ်သာ စွတ်ဖက်ထားသော အသံတိုးလေးနှင့် အန်တီကပြောခဲ့သောအခါ တိုင်းပြည်အာဇာနည် သူငယ်ချင်းလင်းလင်း၏ ကျဆုံးမှု ရက်လည်ကို ချီးကျူးဂုဏ်ပြုအလေးပြုနိုင်ဖို့ ရုံးပိတ်ရက်တွင် အရောက်သွားနိုင်ရန် ကြိုးစားခဲ့ပါသည်။ အိမ်ကိုရောက်သောအခါတွင်လည်း ထင်ရက်စရာမရှိနိုင်အောင် တည်ငြိမ်နေသည့် သားကိုသိပ်ချစ်သော၊ သားအတွက်ဆို အမြဲအဆင်သင့်ရှိသော အန်တီ၏ သားတစ်ယောက်လုံး ဆုံးရှုံးသွားမှုအပေါ် အဆမတန် တည်ငြိမ်နေမှုကို မေးခွန်းထုတ်ဖို့လဲ အကြိမ်ကြိမ် စဉ်းစားနေမိပါတော့သည်..။
လွန်ခဲ့သည့် (၉) နှစ်ခန့်ကာလတခု၌ အရှေ့တောင်အာရှ၏ တခုတည်းသော စစ်ကျောင်းကြီးလည်းဖြစ် အများမှ (D.S.A) ဟုအလွယ်ခေါ်ဝေါ်သမုတ်ကြသည့် ( Defence Services Academy) (စစ်တက္ကသိုလ်)၏ မနက်ခင်းတခုမှာဖြစ်ပါသည်။ " ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘယ်" " ဆောင်ပုဒ်ဆို" ကျားထိုးသံတွေဆူညံစွာနှင့်  ပန်းလှေကားမြို့တော် ပြင်ဦးလွင်၏ အအေးဒဏ်များအား အန်တုလို့ မနက်ခင်းအလှကို ချွေးများစွာဖြင့် အလှဆင်နေသော "နောင်တခေတ်၏အောင်စစ်သည်" ဗိုလ်လောင်းများ၏ မနက်ကိုယ်လက်ကြံ့ခိုင်ရေး သင်ခန်းစာ စတင်အသက်ဝင်နေခဲ့ပြီ ဖြစ်သည်။ ထိုကာလများသည် အမှတ်စဉ်တခုတည်းတွင် PTအတူတူပြေး၊ စီနီယာ၏အပြစ်ပေးမှုကို အတူတူပခုံးဖက်ခုန်၊ ပခုံးဖက်ဂျွမ်းထိုးရင်း ဘ၀တူဖြတ်သန်းခဲ့ကြသည့် အချိန်များပင် ဖြစ်သည် ။ ဆယ်ကျော်သက်ဘ၀များ ဖြစ်သောကြောင့် ပင်ပန်းမှု ဒဏ်ခံနိုင်သူ၊ ခံယူချက်ပြင်းထန်သူများမှ အရာရှိဆိုသည့် ပန်းတိုင်ကိုအရောက်လှမ်းဆွတ်ခူး နိုင်မှာဖြစ်ပြီး စိတ်ဓါတ်ပျော့ညံ့သူ၊ ကျန်းမာရေးချို့ယွင်းသူများမှာမူ ပန်းတိုင်မရောက်ခင်ပင် နောက်လှည့်အိမ်ပြန် ကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်ကလဲ ကာယအရာမှာ ထိပ်တန်းပြေးသူ တစ်ယောက် မဟုတ်လေတော့ ဗိုလ်လောင်းဘ၀ လက်ရုံးရည်လေ့ကျင့်မှုများ၏ ပြင်းထန်မှုကို ခိုင်မာသည့် စိတ်ဓါတ်အားနှင့် နှလုံးရည်အား တို့ဖြင့် ခက်ခဲစွာ ဖြတ်သန်းခဲ့ရဖူးပါသည်။ ထိုသို့ ဖြတ်သန်းစဉ် အားပေးလက်တွဲ ခေါ်ယူခဲ့သည့် လင်းလင်းဆိုသည့် သူငယ်ချင်းအစ်ကို တယောက်၏ အခန်းကဏ္ဍသည် ကျွန်တော့်ဘ၀ အရာရှိတယောက်အဖြစ် ဖြစ်တည်ရေးတွင် အရေးပါခဲ့သော တကယ့်အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ သူငယ်ချင်းလဲဖြစ် အစ်ကိုတယောက်လိုလဲ တကယ်ချစ်ရသည့် လင်းလင်းသည် ကျွန်တော့်ထက်အသက်အနည်းငယ်ပင် ပိုကြီးသေးသည်။ PTပြေးချိန် သူများထက်နောက်မကျစေရန် ခြေထောက်နှင့်မပြေးဘဲ စိတ်ဓါတ်နှင့််ပြေးသင့်ပုံ၊ အပြစ်ပေးခံရချိန် စိတ်အားငယ်လာလျှင် အရှုံးမပေးတတ်သော သတ္တိနှင့်ခံယူသင့်ပုံ၊ တယောက်စာနေထိုင်ချိန် ခုတင်နှင့်ကစ်အခင်းအကျင်းများကို စည်းကမ်းစိတ်ဓါတ်နှင့် ထားရှိသင့်ပုံ များအား လက်တွဲခေါ်ယူသင်ကြားပေးတတ်သေးသည်။ အမှတ်စဉ်တခုတည်း ဖြစ်သော်လည်း သူ၏တည်ငြိမ်ရင့်ကျက်မှုနှင့် ဘ၀အခင်းအကျင်းသည် စိတ်ဝင်စားစရာ အင်မတန်ကောင်းလှပါသည်။ ထိုအရာများကို ဆယ်ကျော်သက်ဘ၀၌ပင် ပိုင်ဆိုင်ထားသည့် လင်းလင်းဆိုသည့် ဗိုလ်လောင်းတယောက်အား ပံ့ပိုးပေးသည့်အရာကို ကျွန်တော်အလေးအနက်ထား စိတ်ဝင်စားလို့ နေမိသည်မှာ အထူးအဆန်းတော့မဟုတ်ပါချေ။ တကယ်တော့ ဖတဆိုးသားတယောက်ဖြစ်သည့် လင်းလင်း၏ခံယူချက်၊ လင်းလင်း၏စိတ်ဓါတ်နှင့် လင်းလင်း၏ စည်းကမ်းတို့သည် ဒေါ်ဘရဏီလင်းဆိုသည့် လင်းလင်း၏မိခင် အန်တီ၏ ခံယူချက်၊ စိတ်ဓါတ်နှင့် စည်းကမ်းများ ဖြစ်သည်ကို နောက်များမှ သိခဲ့ရတာဖြစ်ပါသည်..။ "သားကို မေမေသိပ်ယုံတယ်၊ မေမေ့ကိုသားသိပ်ချစ်မှန်း မေမေသိလို့ သားဖြစ်ချင်တာဆို မေမေက တားမြစ်ထားတာမျိုး ဘယ်တော့မှမလုပ်ခဲ့ဘူး ဘယ်တော့မှလဲ လုပ်မှာမဟုတ်ဘူး မေမေက သားရဲ့ မိခင်တစ်ယောက်လဲ ဖြစ်သလို သားရင်ထဲက တီးတိုးခံစားချက်အပါအ၀င် ခံစားချက်မျိုးစုံကို ဖွင့်ဟတိုင်ပင်လို့ရအောင် နားလည်ပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတယောက်လဲ ဖြစ်တယ်ဆိုတာ သားမမေ့နဲ့နော်" ဟု လင်းလင်းတယောက် အန်တီ့ထံ ဖုန်းဆက်ချိန်တိုင်း အားပေးစကားများကို အန်တီကထိုကဲ့သို့ ပြောတတ်ပါသေးသည်။ လင်းလင်း၌ အားလုံးထက်သာသည့် တချက်မှာ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းပြင်းထန်ထန်နှင့် ကိုယ်ကျိုးစွန့် လုပ်ကိုင်တတ်သော ၀ံသာနုစိတ်ဓါတ်လေးဖြစ်သည် ။ ဒီလိုတွေဖြစ်လာစေရန် သူ့အမေမှ ဘယ်လိုဘယ်ပုံ သင်ကြားပေးခဲ့ ဆုံးမပေးခဲ့သည်များကို ကျွန်တော့်အား အမြဲပြောပြပေးခြင်းဖြင့် ကျွန်တော်၏ စိတ်ဓါတ်များ သူ့ကဲ့သို့ ရဲရင့်မာကျော၊ ပြတ်သားတိကျ၊ ဇောက်ချဇွဲရှိ  ဖြစ်လာစေရန် လမ်းပြပေးခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါချေ။ သားကိုမေတ္တာနှင့်အုပ်ချုပ်တတ်ပြီး တယောက်တည်းရှိသော သားတယောက်ကို အရာရှိကောင်းတယောက် အသက်စွန့်အာဇာနည်ကောင်း တယောက် ဖြစ်လာစေရန် မွမ်းမံပြုစုပေးခဲ့သည့် အန်တီဒေါ်ဘရဏီလင်းကဲ့သို့သော မိခင်တယောက်ကို ကိုယ့်မိခင်အရင်း တစ်ယောက် မဟုတ်သည့်တိုင်  ဒုတိယမေမေဟု အမည်တပ်ခေါ်ဝေါ်ချင်မိခဲ့သည်။
၂၀၀_ ခုနှစ် ဗိုလ်လောင်းကျောင်းဆင်းပွဲပြီးချိန် တာဝန်ကျရာတပ်အသီးသီးသို့ ပြောင်းရွှေ့သွားခဲ့ချိန်မှ စကာ အဆက်အသွယ် ပြတ်သွားခဲ့သည့် ကျွန်တော်တို့ သူငယ်ချင်းညီအစ်ကို(၂) ယောက်သည် သတင်းစာထဲတွင် လင်းလင်း၏ တိုက်ပွဲကျဆုံးသတင်း ပါလာမှ ပြန်တွေ့ရမည့်အဖြစ်မှာ အင်မတန်နာကျင်အောင့်သက်စရာ ကောင်းလှသည်။ တိုင်းပြည်အတွက်လည်း အာဇာနည်တယောက် နစ်နာဆုံးရှုံး ရသကဲ့သို့ ကျွန်တော်တို့သူငယ်ချင်း တွေအတွက်မှာမူ လက်တဖက်(သို့) အားတခုဖြတ်တောက်ခံလိုက်ရသည်နှင့် ဆင်တူလှပါသည် ။ ဒါဆိုအန်တီ့အတွက်ဆိုလျှင် ရော ။ အန်တီတယောက် ဒီအချိန်ဆိုလျှင် အားအင်တွေချိနဲ့လို့ ရွှေတောင်ကြီးပြိုလဲသလို ချုန်းချုန်းကျ ငိုကြွေး ကျဆုံးနေလောက်ပြီ ထင်ပါ၏။ သားတယောက်တည်းနှင့် ဘ၀တခုလုံး ကို အမေတခု သားတခု ရှင်သန်ခဲ့ရရှာသော ထိုမိခင်သည် အရူးတပိုင်း ဖြစ်အောင် ပူလောင်နေလောက်တော့မည် ။ တည်ငြိမ်မှုတွေလျော့လို့  အန်တီတယောက် ခံနိုင်ရည်ရှိပမလားရယ်လို့ တွေးထားသော ကျွန်နော်၏အတွေးများစွာ ကို အန်တီက တကယ့်ခံယူချက်ကောင်းသော  တည်ငြိမ်မှု စစ်စစ်များဖြင့် အနှစ်သာရရှိရှိ သက်သေပြခဲ့ပါသည် ။ အန်တီ့အိမ်ကိုရောက်သွားသောအခါ အန်တီက ကျွန်တော့်အား လှိုက်လှဲစွာနှုတ်ဆက်ရင်း၊ ကျွန်တော့်လက်မောင်းကို တင်းတင်း ဆုတ်ကိုင်ထားရင်း ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည် ။ ကျွန်တော့်ကို မြင်မြင်ချင်း အန်တီ့ မျက်နှာအမူအရာ အနည်းငယ် မှေးမှိန်ပြောင်းလဲ သွားသည်မှ လွဲလျှင် မျက်ရည်များ စီးကျလာခြင်းမျိုးနှင့် အားငယ်မှု တစုံတရာဖြစ်ခြင်းမျိုးကို အန်တီမှ  မပြသခဲ့ပါ ။ လင်းလင်း၏ ယူနီဖောင်းအပြည့်ဖြင့် ရိုက်ထားသည့် ဓါတ်ပုံရှေ့တွင် အမွှေးတိုင်တချို့က နေရာယူထားသည် ။ လင်းလင်းဓါတ်ပုံကို တချက်လှည့်ကြည့်ရင်း အန်တီမှ ပြုံးလိုက်သေးသည်။ ပြီးမှ သားအမိအရင်းတွေလို တယောက်လက်တယောက်ကိုင် နွေးထွေးမှု အပြန်အလှန်ပေးကြရင်း နှင့်ပင် ကျွန်တော်က စကားစလိုက်မိသည်။ "သားခုချိန်မှာ ယူကျုံးမရအဖြစ်ရဆုံးက လင်းလင်းကို နောက်ဆုံးချိန်လေးတောင် မမြင်လိုက်ရတာပဲ အန်တီရယ်။ သားတို့သူငယ်ချင်းတွေ သေကွဲကွဲတာတောင် မမြင်လိုက်ရပါလားဗျာ။ ပြီးတော့ တည်ငြိမ်အေးချမ်းနေတဲ့ အန်တီ့ကို သားနားမလည်နိုင်သေးဘူး ." လို့ပြောရင်းစီးကျလာတဲ့ မျက်ရည်တွေကို အန်တီမှ ပြုံးပြသုတ်ပေးရင်း ပြောပြခဲ့သည့်စကားများသည် ခုချိန်ထိရင်ထဲမှာ စွဲကျန်နေခဲ့တော့တာဖြစ်သည် ။ "သားရဲ့ ၂၁ နှစ်ဆိုတဲ့ အရွယ်ကာလက လောကကြီးနဲ့ ယှဉ်ရင်ငယ်ပါသေးတယ် အန်တီတို့က ဘ၀အတွေ့အကြုံတွေ များပါပြီ မင်းအစ်ကို လင်းလင်းကို စစ်တက္ကသိုလ် စတက်ပြီဆိုကတည်းက အန်တီကတိုင်းပြည်ကို လှူလိုက်တာပါ ကိုယ့်အသွေးအသားဖြစ်တဲ့ သားတယောက်ကို လှူဒါန်းလိုက်ရတာ သိပ်မြင့်မြတ်တဲ့ မိန်းမတွေကမှ လုပ်နိုင်တယ်လို့ အန်တီကခံယူထားတယ် သားလေးကလဲ သာမန်လူတွေ မလုပ်နိုင်တဲ့ တိုင်းပြည်ဝန်ထမ်းထဲကမှ စစ်ဗိုလ်ဆိုတဲ့ လမ်းကိုရွေးခဲ့တာမို့ သူ့စိတ်ဓါတ်အတွက်လဲ အန်တီက ကျေနပ်ပါတယ်သားရယ် ခုချိန်မှာ ယူကျုံးမရကြေကွဲရတာကို အန်တီမငြင်းပေမယ့် ကျေနပ်စွာ ၀မ်းနည်းပါတယ် သားတယောက်ကို လှူဒါန်းလိုက်တယ်ဆိုတာ ပေးဆပ်လိုက်တာပါ ပေးဆပ်လိုက်တာက မြင့်မြတ်ခြင်းပါ မြင့်မြတ်ခြင်း အတွက် ကျေနပ်ခြင်းပဲ ရှိရမယ် ၀မ်းနည်းခြင်း မဖြစ်ရဘူး ဖြစ်စရာလဲ မလိုဘူး သူကလဲအကောင်းဆုံး လုပ်ခဲ့သလို အန်တီကလဲ အကောင်းဆုံး ပြင်ဆင်နေခဲ့တာပါ သားလင်းလင်းရဲ့ ရုပ်ခန္ဓာကဒီလောကမှာမရှိတော့တာပါ အန်တီ့ရင်ထဲမှာ မရှိတော့တာ မဟုတ်ဘူး တိုင်းပြည်တပြည်လုံးအတွက် သားလေးက တကယ်အသက်ပေးခဲ့ရှာတာ သားလေးပေးခဲ့တဲ့ အသက်တချောင်းအတွက် အသက်တွေအများကြီး ဆက်လက်ရှင်သန်နေကြတယ် မြန်မာပြည်မှာရှိတဲ့ ပြည်သူထုကြီး တရပ်လုံးရဲ့ အသက်တွေက အန်တီ့သားလေးရဲ့ အသက်လေးတွေပဲလို့ တွေးရင်း စိတ်အားဖြည့်ရင်း အန်တီကျေနပ်နေတာပါ အန်တီ့ရဲ့အသွေးအသားဖြစ်တဲ့ သားတစ်ယောက်ရဲ့ အာဇာနည်လုပ်ရပ်အတွက် အာဇာနည်အမေဖြစ်ရခြင်းအပေါ် အန်တီက သိပ်ကျေနပ်တာပါ သား" လို့ပြောရင်း တည်ငြိမ်စွာ စီးကျနေသည့်  အန်တီ၏ နှလုံးသား မျက်ရည်များအား  ကျွန်တော်သုတ်ပေးရန် ထိုအချိန်တွေက အားမရှိခဲ့ပါ။ အိမ်အပြန်လမ်းတလျှောက်နှင့် ဘ၀လမ်းကြောင်းတလျှောက် အန်တီ၏ ခံယူချက်စကားသံများသည် သူငယ်ချင်းမိတ်ဆွေ တစ်ယောက် ဆုံးရှုံးရမှုအပေါ် အမြဲအားပေးနေခဲ့သလိုပင် ခံနိုင်ရည်ရှိစေခဲ့ပါတော့သည် ..။
ထိုလွန်ခဲ့သော ၆ နှစ်ခန့်လောက်က အန်တီဒေါ်ဘရဏီစိုး၏ ခံယူချက်စကားလုံးများသည် ယခုချိန်ထိ ကျွန်တော့်နှလုံးသားထဲ စွဲလို့နေသေးသည် ။ စစ်သက်ကြာလာသည်နှင့်အမျှ အသက်ပေးကာကွယ်ခဲ့ကြသည့် အာဇာနည်သူငယ်ချင်းတွေလည်း များပြား၍ လာနေခဲ့ကြသည် ..။ အန်တီကဲ့သို့ အာဇာနည်မိခင်များ မြန်မာပြည်တွင် ဘယ်လောက် များလိုက်ကြမလည်း ကျခဲ့ကြသော မျက်ရည်များ  ဘယ်လောက်များလိုက်ကြမလည်း  နှလုံးသားတွေလည်း ဘယ်လောက်များ လိုက်ကြမလည်း  ဆိုသည်မှာ ကျွန်တော်တို့  ရေတွက်လို့ပင် ရနိုင်ပါမည်လော။  "မင်းမရှိတော့ပေမယ့် မင်းရဲ့ အာဇာနည်စိတ်ဓါတ်တွေ အာဇာနည်အငွေ့အသက်တွေ ကျန်နေသေးတယ် သူငယ်ချင်း ပြည်သူထုရဲ့ အသက်တွေက မင်းပေးဆပ်ခြင်းကနေ ရခဲ့တဲ့ ရလဒ်တွေပါ မင်းရဲ့သေဆုံးခြင်းက ပျောက်ကွယ်သွားခြင်းမဟုတ်ဘူး တည်ရှိနေခြင်းပါ မြင့်မြတ်ခြင်းပါ မင်းမှာ မင်းအတွက် ဂုဏ်ယူရင်း ဆက်လက်ရှင်သန်နေတဲ့ အာဇာနည်မေမေတယောက်ရှိတယ် အဲဒီအာဇာနည်မေမေမှာလဲ မင်းလိုပေးဆပ်ရဲလွန်းတဲ့ ၀ံသာနုသားတယောက်ရှိတယ် မင်းတို့သားအမိနှစ်ယောက်ရဲ့ အာဇာနည်စိတ်ဓါတ်ကို လေးစားစွာ အလေးပြုလိုက်ပါတယ်" လို့ လင်းလင်းနဲ့ အာဇာနည်မေမေ အန်တီဒေါ်ဘရဏီစိုးကို ကျွန်တော် ပြောပြချင်မိသည် ..။ ထိုကဲ့သို့ တိုင်းပြည်အတွက် စတေး သွားသည့် တပ်မတော်သား အားလုံးတို့နှင့် ထိုသူတို့၏ မိခင်များမှ  တိုင်းပြည်အပေါ်ပေးဆပ်မှုကို မည်သူကမှ သတိထားမကြည့်လျှင် သိနိုင်မည်မထင် ။ ဒီမျက်ရည်တွေ မည်သူမှ သုတ်ပေးနိုင်မည် မထင်။ ဒီခံစားချက် မည်သူမှနားလည်ပေးနိုင်မည် မထင်။ ဒီသားတွေအတွက် ဒီမေမေတို့၏ ရင်တွင်း နာကျင်မှုများစွာကို နှိမ်သိမ့်ပေးနိုင်မည် မထင်။ မျက်ရည်တွေ နှလုံးသားတွေ ခံယူချက်စိတ်ဓါတ်တွေ ရင်းနှီးပြီးသော်လည်း  ဘယ်အရာတစိုးတစဉ်းသော်မျှ ပြန်လည်ရယူခြင်း အလျဉ်းမရှိတဲ့ တိုင်းပြည်၏ အာဇာနည်မေမေများစွာအတွက်  "အာဇာနည်မိခင်"  ဆိုသည့်ဆုတခုကို ပေးလို့ရမည်ဆိုလျှင် ပေးစေချင်မိကြောင်း မချင့်မရဲပြောမိရင်း လွန်ခဲ့သော နှစ်အတန်ကြာက မြန်မာ့ တပ်မတော်အရာရှိ တစ်ဦး၏  အာဇာနည်မိခင်မေမေ တယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို လူအများအား သိစေချင်သော စေတနာ ကို ရှေ့ထား ရေးသား မိရပါတော့သည် ..............။

                                                                                                   ကောင်းကင်
ဒီဝတ္ထုတိုကို တိုတိုလေးရေးထားရပေမယ့် တကယ်တမ်းရေးမယ်ဆို အနည်းငယ် ပိုရှည်မှာဖြစ်ပါတယ် .. ဒီမှာရေးထားတဲ့ စကားလုံး တလုံချင်း စာလုံးတလုံးချင်းဟာ သားကို ချစ်တဲ့အမေတယောက်ရဲ့ ဘ၀ရပ်တည်မှု ၊ စစ်သားတယောက် ရဲ့ ဘ၀တာတိုတိုမှာ အမေဟာ ရင်နာကျန်ရစ်ရတဲ့ ခံစားချက်တင်ပြမှု  အချို့အပါအ၀င် ကျဆုံးသွားတဲ့ နိုင်ငံ့စစ်သည်တယောက်ကို သားအဖြစ်တော်ထားရတဲ့  ကလကာနောက်ကွယ်က  အမေတယောက်ရဲ့ နှလုံးသားဒဏ်ရာ တွေအတွက် စိတ်အားဖြည့်ရေးသားထားရခြင်းဖြစ်ပါတယ် .. စစ်သားမေမေများ စိတ်ချမ်းသားကိုယ်ကျန်းမာကြပါစေ ... ။ မိခင်တိုင်းရဲ့ မေတ္တာစိတ်နှင့် နှလုံးသားနို့ရည် တစက်ကို ဒီစုတ်တံတချက်ဖြင့် ကျေးဇူးဆပ်လိုက်ရပါသည် ..။



 

အကိုတစ်ယောက်ပေ့စ်မှကူးယူဖော်ပြပါသည်။ 

Wednesday, 11 April 2012

စစ်သားတစ်ယောက်ရဲ့ လွမ်းရိပ်ဝေသော တာသင်္ကြန်နဲ့ ပိတောက်တခက်



ပိတောက်ပန်းတွေတောင် ပွင့်နေပြီ။ရနံသင်းပျံ့လှပါဘိ.. ပန်းပိတောက်တို့ရယ်….မနက်ဖြန်ဆိုရင်သင်္ကြန်အကြိုနေ့ရောက်ပြီပေါ့။ သင်္ကြန်မိုးပြေးလေးကလဲ တဖြောက်ဖြောက်နဲ့ အလွမ်းတွေကို မြင့်တင်ပေးနေသယောင်။ခပ်မှိုင်းမှိုင်းလေးရွာနေသည့် မိုးကို မော့ကြည့်ရင်း ကျနော့်ရင်မှာ တီးတိုးစကားဆိုလိုက်မိသည်။ မကြွေလိုက်ပါနဲ့ ဦး  ပန်းပိတောက်တို့ရယ်။ ကျနော် ခပ်ကြာကြာလေး  ထိုင်လွမ်းပါရစေဦ။ဟော …ကျနော်ပြောလိုက်သည့် စကားကို မိုးပြေးလေးကြားသွားပြီး ကျနော့်ကို သနားလို့ထင်ပါရဲ့ မိုးပြေးလေးတောင် စဲသွားလေပြီ။ လေပြေလေးတွေလည်း ခပ် သုန်သုန်လေး တိုက်ခတ်လို့။ လေပြေ အဝှေ့မှာ ပိတောက်ပွင့်တွေ ယိမ်းထိုးလှုပ်ရှားနေပုံက  လွမ်းဆွတ်နေတဲ့ ကျနော်အတွက်  အလွမ်းတွေ ပိုလာအောင် သယ်ဆောင်လာခဲ့တာလားကွယ်။
ဥသြ..ဥသြ…ဥသြ …..။
ကျနော်ရဲ့အဖော်လေးလာနေပြီ ။ သူလဲ ကျနော့်လိုပဲ အထီးကျန်နေတယ် ။ ပိတောက်ပွင့်ချိန်မှာ  အလွမ်းတေးလေး တွန်ကြူးနေတယ်ထင်ပါရဲ့။ ငါလည်းမင်းနဲအတူ အလွမ်းလေးတွေ ညည်းတွားပါရစေ။
မမရေ..မမ…..မမ…..။
ပိတောက်တွေ ပွင့်ဖူးလို့ အတာတန်ခူးတောင်ရောက်နေပြီ မမရေ ။ ဒီင်္အချိန်ဆို ဥသြငှက်လေးက အချိန်မှန် ရောက်လာတတ်တယ်။ သူလည်း  သူ့အဖော်မွန်လေးကို ကျနော်နဲ့အတူ အပြိုင်ခေါ်နေတယ်လေ……မနက်ဖြန် ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီမမရယ်။ ကျနော် မမအတွက်  ပိတောက်တခက်နဲ့အတူ သင်္ကြန်ရေဖလားကြီးထဲမှာ အချစ်မေတ္တာ ရေစင်တွေ ထည့်ပြီး  စောင့်နေပါ့မယ်။ သင်္ကြန်ရောက်တိုင်း လွမ်းတတ်တဲ့ ကျနော့်ရင်မှာ လွမ်းဆွတ်တမ်းတခြင်းတွေနဲ့အတူ ဒီသင်္ကြန်ကိုစောင့်ကြိုနေတယ်လေ။

……………………………………………………………………………………………………………………………….
ဟုတ်တယ် သူမက  ကျနော် ဘ၀ရဲ့ ငယ်သူငယ်ချင်း ၊  ငယ်ဖော် တနည်းအားဖြင့်  ငယ်ချစ်ဦးပါ။ကျနော့်ထက် အသက် (၂)နှစ်လောက်ကြီးတဲ့ သူမကို  ကျနော်က မမလို့ခေါ်ခဲ့တယ်လေ။ အဲဒီ မမ က ငယ်ငယ်လေးကတည်း က ကျနော် ရူးသွပ်ခဲ့ရသူ ကျနော့်ဘ၀ရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း ၊ကျနော် ရဲ့ ညစဉ် အိမ်မက်တွေတိုင်းမှာ  တကိုယ် တော် သရုပ်ဆောင်ခဲ့သူပါ…..။ ငယ်စဉ်ကလေးဘ၀ကတည်း အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ သူမကို အိုးချင်းထားလို့ အိုးချင်းထိ တယ်လို့ ပြောရမလား  ကြိုးချင်းထားလို့ ကြိုးချင်းငြိတယ်လို့ ဆိုရ မလား သူငယ်ချင်းလို မောင်နှမလို ဆိုတဲ့ အဖြူရောင်သံယောဇဉ်တွေထက်မှာ  တိတ်တိတ်လေး အရောင်တွေ စွန်းထင်ခဲ့မိတယ်…..။
    ကျနော်ထက် အတန်းကြီးတဲ့မမက   ဆယ်တန်းရောက်နေချိန် ၊  စာတွေ ရုန်းကန်ကြိုးစားနေတဲ့အချိန်မှာ  ကျနော်က မမအလှကိုခံစားရင်း  ကဗျာတွေရေးတတ်နေပြီ ။ စာတော်တဲ့မမက  ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီး နဲ့ အောင်ခဲ့လို့ သူဝါသနာပါတဲ့ဆေးတက္ကသိုလ်မှာ ပညာသင်ခွင့် ရခဲ့တယ်လေ။ ကျနော့်ကိုလည်း သူ့လို ဆေးလိုင်းမှီ အောင် စာကြိုးစားဖို့ တနေ့စာ တနေ့လုပ်ဖို့..အပျော်ပါး မမက်ဖို့ အမြဲ ပြောတယ် ။ တခါတလေ မမ က ကျနော့်ကို ဆရာမကြီး အရမ်းလုပ်သလိုတောင် ထင်မိတယ်။ ကျနော် ဟိုနေရာသွား သွားပြန်ပြီ…ဒီဟာလုပ် လုပ်ပြန်ပြီ နဲ့  ခဏခဏ ဆူတယ်လေ…ကျနော်လည်း  သူချူပ်ချယ်ပါများလာတော့  မကျေနပ် တဲ့ အမူအရာလုပ်ပြရင်း
  “ဘာလဲ….ကိုဖြိုးက မမကို မကျေနပ်တာလား မမအခုလိုပြောနေတာမကြိုက်တာလား ။ ကောင်းပြီလေ  ဒါဆိုရင် မမ ဆူလဲမဆူ တော့ဘူး ချုပ်လဲ မချုပ်ခြယ်ဘူး  ကိုဖြိုးဆီကိုလည်း မလာတော့ဘူး..”
ဆိုပြီး   စိတ်ကောက်တဲ့ ပုံစံပြန်လုပ်ပြတတ်တယ်။ သူ့ကို ခိုးပြီး  ချစ်နေတဲ့ကျနော်က မမ ကျနော့်ဆီ မလာမှာကြောက်တော့  သူ့စကားကိုပဲ နားထောင်ရတော့ တာပေါ့  ……။
     မမရဲ့ သွန်သင်မှုတွေကြောင့်လား  ၊ ကျနော်ရဲ့ ကြိုးစားမှုတွေကြောင့်လားမဆိုနိုင် ၊ ဒါမှမဟုတ် နှစ်ခုလုံးကြောင့်ထင်ပါရဲ့ ကျနော်လည်း ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့ ဆေးလိုင်းမှတ်မှီခဲ့တယ် ။ အဲဒီနေ့က  မမရဲ့ အပျော်လွန်မျက်နှာက  ကျနော့်မိဘတွေ ထက်တောင်  ပိုပျော်နေသယောင် ထင်ရတယ်။
ထိုနေ့က ကျနော်ရဲ့ဆန္ဒ..ကျနော်ရဲ့ ရည်မှန်းချက်တွေကို  မမကိုပြောပြတော့ မမရဲ့မျက်နှာမှာ ကျနော် တခါမှ မမြင်ဖူးတဲ့  မျက်ရည်တွေ ၀မ်းနည်းခြင်းတွေ  တွေ့ခဲ့ရတယ်…
“မင်းက ဘာလို့ ဒီလောက်ပင်ပန်းတဲ့ စစ်သားဘ၀ကို ခုံမင်ရတာလဲ ။ လခ လေး နှစ်ပဲ ခြောက်ပြားနဲ့ စစ်သားဘ၀ကို ဘာလို့  မက်မောရတာလဲ ။ (မှတ်ချက်..အဲဒီတုန်းက အစိုးရ၀န်ထမ်းများ လခ က သောင်းကျော်လေးပဲ ရှိနေတဲ့ချိန်) မင်းသူငယ်တန်းကျောင်းသာ ဘဝကနေ အခု ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင်ကြိုးစားခဲ့တဲ့  မင်းရဲ့ ကြိုးစား မှုတွေကို  စစ်သားဘ၀နဲ့ နိဂုံးချုပ်တော့မှာလား...”
“ဟုတ်တယ်..မမ  ။   မမပြောသလိုပဲ  စစ်သား  ဘ၀က  ဘာမှ မက်မော စရာမရှိဘူး။ ခုံမင်စရာမရှိဘူး ။ ပင်ပန်းကြမ်းတမ်းတယ်။ ဒါပေမယ့်  ကျနော် စစ်သား ဘ၀ကို  တန်ဖိုးထားတယ် ၊ ဂုဏ်ယူတယ်။ ဟိုး... ဧည့်ခန်းမှာ ၊ စစ်ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ ဖေဖေ့ ဓါတ်ပုံကြီးကို မမတွေ့တယ် မဟုတ်လား။ ကျနော့်ဖေဖေက  သူတို့ခေတ်တုန်းက မငြိမ်းချမ်းသေးတဲ့  ကျနော် တို့ တိုင်းပြည် ကြီး  ကို ငြိမ်းချမ်းအောင် တိုက်ပွဲ ၀င်ရင်း  ရဲဘော်ရဲဘက်တွေနဲ့ အတူ  သူတို့သွေးတွေ မြေခ ခဲ့ရတယ်။ သူတို့အသက်တွေ စတေးခဲ့ရတယ်။ ကျနော် က ဖေဖေ့သား။ ဖေဖေ့ သွေးလေ။ အဲဒ့ါကြောင့်   ကျနော်မှာ ဖေဖေ့ သွေးတွေ အပြည့်ရှိနေတယ်။  ဖေဖေ့ သွေးလိုပဲ  ကျနော့် သွေးကလဲ ရဲပါတယ်။ ဖေဖေတို့ တုန်းက မငြိမ်းချမ်းသေးတဲ့  တိုင်းပြည်ကြီးကို ငြိမ်းချမ်းနိုင်အောင် တိုက်ပွဲတွေဆင်နွဲရင်း တိုင်းပြည် အတွက် အသက်တွေ ပေးလှူခဲ့ကြတယ်။ကျနော်လည်း  အခု ငြိမ်းချမ်းနေတဲ့ တိုင်းပြည်ကြီးမှာ ဒီထက် တိုးတက်အောင် တဖက်တလှမ်းက ကျနော် တတ်နိုင်သလောက် ကူညီချင်တယ်။ ကျနော် အသက်ကို  နိုင်ငံ တော် အတွက် ပေးလှူချင်တယ်။
မမကျနော့်ကို ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ကဗျာကို ရှင်းပြခဲ့ဖူးတယ်လေ။ လူတစ်ယောက်က သူသေသွားရင် သူ့တိုင်းပြည်၊သူ့ မွေးရပ်မြေက  လှပနေရမယ်တဲ့ ။ ကျနော် လည်း  အဲဒီကဗျာလေးထဲကလိုပဲ ကျနော့်တိုင်းပြည်အတွက်  တတ်အားသရွေ့ ပေးဆပ်ပါရစေ။  မမကျနော့်ကို နားလည်ပေးပါနော်။ နားလည်ပေးမယ်လို့လဲ မျှော်လင့်ပါတယ်….”
       ကျနော်ရဲ့ဆန္ဒ ထက်သန်မှုကို တားဆီးဖို့ မဖြစ်နိုင်တော့လို့လား၊ မမက တကယ်နားလည်ပေးလို့လားမသေချာခဲ့ပေမဲ့ ထိုနေ့ရဲ့ နက်ဖြန်မှာပဲ မမက ကျနော်ကို ကြည်ဖြူစွာနဲ့ ခွင့်ပြုပေးခဲ့တယ်။

ဒီလိုနဲ့  စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀မှာ ချွေးစက်ပေါင်းများစွာ ရင်းနှီးပြီး ပင်းပန်းစွာနဲ့  သုံးနှစ်တာကာလကို ကျော်ဖြတ်ခဲ့ရတယ်…. ။ ကျနော် သုံးနှစ်တာ  သင်တန်း ပြီးဆုံးလို့ ကျရာတပ်ရင်းတွေကို သတင်းပို့ပြီး  ကျနော် ခွင့်ရခဲ့တယ်…အိမ်ပြန်ရောက်ရင်  မမနဲ့တွေ့ရတော့မယ်ဆိုတဲ့ အတွေးက ကျနော်ကိုအတိုင်းဆမဲ့ ပျော်ရွှင်စေခဲ့တယ်လေ။ အိမ်ပြန်ရောက်တော့  မမက ကျနော်ကိုအပြေးအလွှားဆီးကြိုတယ်။
“ကိုဖြိုးက တကယ့်စစ်သားကြီးပဲနော်။ တကယ်ကိုပြောင်းလဲသွားတာ အရင်တုန်းကလို  ကလေးပုံစံလိုဟုတ်တော့ဘူး ရုပ်တည်တည်တံ့တံ့ကြီးနဲ့   လူကပိန် အသားတွေမဲပြီး အရပ်ကြီးရှည်လာတယ် ။မမနဲ့တွေ့ရင်တော့ တည်တည်ကြီးမနေရဘူးနော်”
အဲဒီလို မမရဲ့ ဂရုစိုက်မှု့တွေ နွေးထွေးမှုတွေ မြင်ရတော့ အရမ်းပျော်တယ်ဗျာ…..။
   နောက်နေ့မှာ မမနဲ့တူ  လျှောက်လည်ခဲ့တယ်…ကန်ဘောင်တနေရာမှာထိုင်ရင်း စကားပြောမိကြတယ်။
“မမကျနော်ကို သတိရရဲ့လား။ အရင်တုန်းကလိုရော ချစ်သေးရဲ့လား”
လို့တိုးဖွဖွ မေးလိုက်တော့ မမက ရှက်သွေးဖြာနေသော မျက်နှာလေး ငုံ့ကျလို့
“ဟယ်  ကိုဖြိုး  မင်းဘာတွေပြောနေတာလဲ  အဆင့်တွေကျော်နေပြီလေ  ဘယ်တုန်းကချစ်တယ်လို့ပြောမိလို့လဲ”
“မမရယ် ကျနော်တို့ နှစ်ယောက်က  ချစ်တယ်လို့  ပြောဖို့လိုသေးလို့လား။ မမကျနော့် ကိုချစ်တယ်ဆိုတာ မမနှုတ်က ပြောစရာမလိုတော့အောင်   မမရဲ့ နှလုံးသားလေးရဲ့ တံခါးက မမမျက်လုံးတွေက သက်သေခံနေတယ်လေ။ နောက်တခုရှိသေးတယ်။  နှစ်စဉ် မမကို ဘယ်သူမှ မလောင်းရသေးခင် လောင်းခဲ့တဲ့ အတာဦး သင်္ကြန် နဲ့  ၊ မမ ဦးခေါင်းမှာ ပန်ဆင်ပေးတဲ့ ပိတောက်ပန်းတခက်ကို  မမ အမြဲတမ်း ပျော်ရွှင်၊ ၀မ်းသာခြင်းတွေနဲ့  ကြည်ဖြူစွာလက်ခံခဲ့တာတွေက  မမ ကျနော်ကို ချစ်နေပါတယ်ဆိုတာ  ဘယ်လိုမှ ငြင်းလို့မရတဲ့၊ ငြင်းချက် မထုတ်နိုင်တဲ့  သက်သေတွေ ပဲလေ……”
“သွား...လူလည်။ စစ်သားကြီးက  ဒါတွေလဲ တတ်တာဘဲနော်…”
အဲဒီနေ့က  ကောင်းကင်မှာ ကြည်လင်နေပြီး ၊တိမ်တိုက်တွေမှာ တိမ်တွေ ကင်းစင်လို့  ငှက်လေးတွေ ရှက်စနိုးနဲ့ ပျံသန်းသွားတယ်။ ဒီလိုနဲ့ ကျနော်နှင့်မမ  နှုတ်က ထုတ်ဖော်ပြောစရာမလိုလောက်အောင်…နှလုံးသားချင်း နီစပ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လေ။
      ခွင့်ရက်စေ့လို့ တပ်ကို ပြန် ၊ သတင်းပို့ပြီး  ပေးအပ်တဲ့တာဝန်တွေကို ဦးလည်မသုန်ထမ်းဆောင်ခဲ့တာ ဗိုလ်ကြီး အဆင့်ကို တောင်ရောက်ခဲ့ပြီလေ…. တပ်မှာလက်ထပ်ခွင့်တင်ပြီး  ကျနော်ချစ်တဲ့မမ နဲ့ ဘ၀တခုတည်ဆောက်ဖို့  ကျနော် အိမ်ကိုအပြေးလေး ပြန်လာခဲ့တယ်…အဲဒီနေ့က  ကျနော် တို့နှစ်ယောက်ရဲ့ သိပ်ပျော်စရာကောင်းတဲ့နေ့ ၊မမေ့နိုင်တဲ့နေ့  နှစ်ယောက်တစ်ဘ၀  ကျောက်တိုင်လေး စိုက်ထူနိုင်ခဲ့တဲ့နေ့လေးပေါ။ အဲဒီကျောက်တိုင်လေးမှာ  ကျနော်တို့နှစ်ယောက်ရဲ့ ဆယ်ကမ္ဘာတိုင် မယိုင်တဲ့ သစ္စာတွေ မေတ္တာတွေ ၊ အချစ်တွေ၊ ကတိ စကားတွေ၊ ပေါင်းစပ်ပြီး စိုက်ထူထားတာပေါ့။
ထိုနေ့က  ထူးအယ်လင်း + မီးမီးခဲ တို့ဆိုထားတဲ့ “မင်း” သီချင်းလေးနဲ့ နှစ်ကိုယ်တူ ညည်းဆိုဖြစ်ခဲ့ကြတယ်………..။
           ♪ ♫ ♫         ကမ္ဘာလောက ကြီး ခဏရပ်တန့်သွားသလိုပင်… ငါထင်တယ်မင်းနဲ့ဆုံတိုင်းလေ…အကြည့်တွေ  ရင်ဖိုလှိုက်မောလို့ နေ…သာယာတဲ့မင်းရဲ့ရယ်သံလေး..ရင်ခွင်ထဲ  အထပ်ထပ် ကြားယောင်ရင်းနဲ့…ဘ၀ကို   သာယာရစ်မူးလို့နေ…….အသက်ထက်ဆုံးပေါ့ အနားမှာ အမြဲရှိချင်တယ်…ရင်ခွင်ထဲ မှေးစပ်နားခိုရင်းနဲ့…ငြိုငြိင်မှု့ အဆိုးများတွေ့ပါစေ.. . ဘ၀ကိုအတူခရီးဆက်မယ် ♪ ♫                      ♪ ♫ ♫ မင်း…နင့်ဟာငါ့ဘ၀ရဲ့ကောင်းကင်ပဲ..မှောက်မိုက်သော ညမှာ  ငါအတွက် ငွေလမင်းငယ်….  မင်း…ဘယ်သူမှ အစားထိုးမရနိုင်ဘူး……ခိုင်မာဆုံး ဘ၀ရဲ့ ကျောက်ဆောင် မင်းပဲ….ငါ့ခိုလှုံရာ ဟာ.လဲ မင်းပဲ…သေချာတယ် ..   ငါ့ရဲ့ အသက်ဟာ….မင်းပဲ..   ♪ ♫
         ကျနော့် ကို သိပ်ချစ်တဲ့ မမက  ကျနော် တာဝန်ကျရာဒေသတွေကို လိုက်ခဲ့တယ်။ စစ်သားဘ၀ကို သိပ်မခုံမင်တဲ့ ကျနော့်မမက  အခုဆိုရင် ဆေးအဖွဲသားတွေ ၊၊ကျန်းမာရေးဝန်ထမ်းတွေ  သားဖွားဆရာမတွေနဲ့အတူ  တပ်မှာ ကျန်းမာရေး ဟောပြောပွဲတွေ  လုပ်ပြီး  တက်ညီလက်ညီ လုပ်ကိုင်နေတတ်ပြီ….။အိမ်ထောင်နှစ် (၂) နှစ်ကြာလာတော့ ကျနော့် မမမှာ ကျနော်တို့ရဲ့ ရင်သွေးလေး ရှိနေပြီလေ….အဲဒီရင်သွေးလေးက ကျနော်တို့နှစ်ယောက်ရဲ့ အနာဂတ် ၊ကျနော်တို့နှစ်ယောက်ရဲ့ ဘ၀ပါ ၊ကျနော်လည်း  ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဘ၀ကို ပိုင်ဆိုင်တော့မယ် ဆိုတာ သိတော့ အရမ်း ပျော်တာခဲ့တာပေါ့။
         အိမ်ရှေ့မှာ ပိတောက်ပန်းတွေ  ပွင့်နေပြီဆိုတာသိလိုက်တော့ သင်္ကြန်တောင်  ရောက်တော့မယ်ဆိုတာ အလိုလို သိလိုက်ရတယ်။ ကျနော့် မမ တောင် နောက် သုံးလ  လောက်ဆို မီးဖွားတော့မယ်  ကျနော်လဲ
“ကလေးအဖေ ဖြစ်တော့မယ်ကွ ”
ဆိုပြီး တစ်ကိုယ်ထဲ တွေးရင်းပျော်နေမိခိုက်
“ ဗိုလ်ကြီး  …ဗိုလ်ကြိးကို တပ်ရင်းမှူးက  ခေါ်ခိုင်းလိုက်လို့ပါ…”
ဟု ဆိုကာ ရဲဘော်လေး တစ်ယောက်ရဲ့ အသံကိုကြားမှ  သတိပြန်ဝင်လာတယ်။ တပ်ရင်းမှူးနဲ့တွေ့တော့ သန်ဖြန်ခါ စစ်ဆင်ရေးထွက်ရမယ်ဆိုတဲ့ လျှပ်တပြက် အမိန့် ကျလာတယ် ဆိုတာသိလိုက်ရတယ်။ စစ်သားဆိုတာ ပေးအပ်လာတဲ့ အမိန့်ကို တစ်သွေမတိမ်း နာခံရသူ။ ဇနီးသည် မီးဖွားခါနီးနေလို့ ဆိုတဲ့ ဆင်ခြေပေးပြီး နောက်တန်းမှာ နေခွင့်မရသည့် ဘဝမျိုးဆိုတော့ ကျနော်လဲ  စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်ရပြီပေါ့။ ကျနော် ရဲ့မမကလည်း ကျနော် မရှိရင်  တပ်မှာမနေချင်ဘူး၊  မိဘတွေရှိတဲ့ဆီကို ပြန်ပြီး မီးဖွားမယ့်အကြောင်းပြောပြတယ်၊ကျနော်မှာ မမ သူအားငယ်နေရှာမှာပဲဆိုပြီး တွေးမိပေမဲ့ ပေးအပ်လာတဲ့ တာဝန်အတွက် မမနားမနေနိုင်ခဲ့သည့် အခြေအနေမို့ မမတောင်းဆိုချက်ကို သဘောတူဖြစ်ခဲ့ရပါသည်။
ရှေ့တန်း မထွက် ခင်ညမှာ ကျနော့် မမက ကျနော်ကို ဂရုစိုက်ဖို့ ၊သူ့အတွက် စိုးရိမ်စရာမလိုပဲ စိတ်ချဖို့ ၊ဘုရားတရားမမေ့ဖို့ကို တွင်တွင်မှာကြားနေတော့ ၊ ဟိုးးးးးး....ကျနော် … ကျောင်းသားဘ၀က ဆရာမကြီး စတိုင်လုပ်တတ်တဲ့ မမကို ပြန်မြင်ယောင်မီပြီးရယ်ချင်နေမိခဲ့သည်။ မှတ်မှတ်ရရပါဘဲ ကျနော် ရှေ့တန်းမထွက်ခင်မနက်မှာ အိမ်ရှေ့မှာ တိုက်ဆိုင်စွာ ပွင့်လာသည့် ပိတောက်ပန်း တခက် ကိုခူးပြီး မမကို ပန်ပေးတယ်လေ။ ပြီးတော့  မမကို သင်္ကြန် အကြို ရေလောင်းပေးခဲ့မယ်နော် ဆိုပြီ..ပြောလိုက်တော့ မမ အံ့သြခြင်း ၀မ်းသားခြင်းတွေနဲ့ ကျနော့် နဖူးလေးကိုဖွဖွလေးနမ်းပြီး မျက်ရည်တွေ ၀ဲနေတယ်…ကျန်းမာရေး ဂရုစိုက်ပါလို့ပြောပြီး  မမကို နှုတ်ဆက်ကာ ရှေ့တန်းစစ်မြေပြင်ထွက်ဖို့ ယာဉ်တန်းကြီးနဲ့ချီတက်ခဲ့တယ်လေ။
နေရစ်ခဲ့တော့  မမရယ်…..။
……………………………………………………………………………………………………………………………
သြော်…လောကဓံတရားက အဆိုးအကောင်း အဆုတ်အမြတ် မရွေး  ရိုက်ခတ်တတ်တယ်ဆို ကျနော် သိလိုက်ရပါပြီ….။ကျနော်ရှေ့တန်းစစ်မြေပြင်ရောက်ပြီး  နှစ်ပတ်အကြာမှာ  ကျနော်ဆီကိုနောက်တန်းက ကြေးနန်းတစ်စောင် ၀င်ခဲ့ပါတယ်။ ကျနော့်ရဲ့မမက  မိဘတွေရှိတဲ့ မွေးရပ်မြေမှာ သားဖွားမယ်ဆိုပြီး ပြန်သွားချိန် လမ်းမှာ ကား accident  တခု ကြောင့် ဒဏ်ရာပြင်းထန်စွာရပြီးဆေးရုံမှာ ဆုံးသွားကြောင်း  ၊ကလေးရောမိခင် ပါ အသက် မမှီတော့ကြောင်း ၊မဆုံးခင် လေးမှာ ကျနော်နာမည်ကိုတဖွဖွ ရွတ်ဆိုပြီး ကျနော်ကိုသိပ်တွေ့ချင်ခဲ့ကြောင်း ပြောပြီး ဆုံးသွားခဲ့ပါတယ်တဲ့လေ။
အဲဒီသတင်းကြားတဲ့နေ့က ကျနော်ဘယ်လိုမှ ကို မဖြေသာနိုင်ခဲ့ဘူး…ခွင့်လွှတ်နားလည်ပေးပါ မမရယ်။ ကျနော် တို့စစ်သား ဘ၀ကိုနားလည်ပေးပါ။ ကျနော်တို့ သိပ်လိုချင်ခဲ့တဲ့ ကျနော်တို့ရဲ့မိသားစုကမ္ဘာလေးကနေ  မမက ဘာလို့ခွဲထွက်သွားတာလဲ။ မမပြောတော့ ကျနော့် ကို သိပ်ချစ်တယ်ဆို…ကျနော်ရှိနေသ၍ ဘယ်တော့မှ မခွဲတော့ဘူးဆို ….တခါတလေလောက ကြီးကမတရားဘူးဗျာ။ ဘာအပြစ်မှ မရှိတဲ့ ကျနော်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးကို ဘာလို့ ဖျက်ဆီးရတာလဲ။ ကျနော် တို့ဘာတွေများ အပြစ်လုပ်မိခဲ့လို့လဲ။  ၀ဋ္ဋ်ရှိသမျှ ဒီဘ၀၊ဒီမျှနဲ့ ပဲ  ကျေပါတော့ ။ နောင်ဘ၀ဆိုတာ ရှိခဲ့သေးရင် ယခု လို အဖြစ်ဆိုးနဲ့မကြုံရပါစေနဲ့။ အဲဒီနေ့ကလျှပ်စီးတွေလက်ပြီး မိုးတွေ သည်းထန်စွာရွာခဲ့တယ်။ မိုးရေထဲမှာသေနတ်ကို ကိုင်ပြီး
မမ………..မမ….မမ……….
ဆိုတဲ့အသံတွေနဲ့ ကျနော် ငိုကြွေးနေမိတယ်…..။
    ……………………………………………………………………………………………………………………………
         မမ မရှိတော့တဲ့ ကျနော့်ကမ္ဘာလေးက အရမ်းကိုအထီးကျန် ဆန်လွန်းခဲ့ပါတယ်  ဒီပိတောက်ပန်းတွေ ဝေနေတိုင်း သင်္ကြန်ရေတွေ စိုနေတဲ့  မမ မျက်နှာလေးကို မြင်ယောင်နေမိတယ်… ဖေဖေ မေမေ လို့ ခေါ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နာနာကျင်ကျင် ခေါ်ဆိုနေသံကို နားထဲ ကြားယောင်နေမိတယ်။  မမနဲ့အတူမျှော်မှန်းခဲ့ရတဲ့ ကျနော်တို့ရဲ့ အနာဂတ် ကျနော်တို့နှစ်ယောက်ရဲ့ ကမ္ဘာ ငယ်လေးနဲ့အတူ မမြင်လိုက်ရတဲ့ ရင်သွေးလေးကများ ခေါ်ဆိုနေတာလား။ မမြင်ဘူးခဲ့တဲ့ ရင်သွေးလေးကို တမ်းတနေရင်း ငိုကြွေးနေမိပြန်တယ်။ ကြံ့ခိုင်တဲ့ စစ်သားဆိုပေမဲ့ ရင်ထဲမှာ နူးညံ့တဲ့ နှလုံးသားတစ်စုံကတော့ ကိန်းအောင်းနေတာမို့ စစ်သားမှာလဲ မျက်ရည်နဲ့ပါ မမရယ်။ ဖေဖေ မင်းကို ယုယခွင့် မရလိုက်ဘူး ဖေဖေ့ရဲ့ ရင်သွေးငယ်လေးရယ်။
သတိရမိတယ် မမရေ…အခုဆိုရင် အိမ်ရှေ့မှာပိတောက်ပန်းတွေနဲ့အတူ သင်္ကြန်မိုးပြေးလေး တောင်ရွာနေပြီ။ မိုးပြေးလေးရေ ကျနော့်ကို မမဆီတဲ့နေရာ ခဏလောက် ခေါ်ဆောင်ပေးပါလား……။ မကြွေလိုက်ပါနဲ့ဦး ပိတောက်တို့ရတယ်…ကျနော် ခပ်ကြာကြာလေး  မမကို လွမ်းချင်သေးလို့ပါ။ မမရဲ့ ဆံကေသာထက်ဆီမှာ ပန်ဆင်ပေးချင်သေးလို့ပါ။
 ……………………………………………………………………………………………………………………………                         " ♥♥♥ကမ္ဘာခြားလဲ ချစ်နေမယ်...♥♥♥"
သိပ်ချစ်တဲ့  ချစ်သူတွေကိုမြင်တိုင်း..
ငါမင်းကိုလွမ်းတယ်...။
အရမ်းချစ်ကြတဲ့ ဇာတ်လမ်းတွေကိုကြည့်မိတိုင်း
ငါမင်းကို သတိရတယ်.....။
အရမ်းကောင်းတဲ့ အချစ်ဝတ္ထုတွေကိုဖတ်မိတိုင်း
ငါမင်းကို တမ်းတမိတယ်.....။
အိုး.....
တိုက်ဆိုင်မှုတွေ ရှိတိုင်း
ငါမင်းကို လွမ်းဆွတ်တမ်းတ သတိရမိပါတယ် ...။
အရင်က ဆိုတဲ့ အတိတ်ကိုတွေးမိတိုင်း
ငါကြေကွဲနေရတယ်
အရမ်း မချစ်ခဲ့ကြရင် ကောင်းမှာဘဲနော်
ခုတော့ ငါတစ်ယောက်ထဲ အရမ်းခံစားနေရတယ်
ဘယ်တော့မှ မခွဲကြေးဆိုပီး
မင်းပြောခဲ့တယ်လေ။
မင်းကိုယ်တိုင်ပြောပြီး
ဘာကြောင့်များ
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့
ဟိုး အဝေးကြီးကို ထွက်ခွါသွားရတာလဲ ....
ရက်စက်လိုက်တာ ကံဇာတ်ဆရာရယ်
ကျွန်တော်တို့ နှစ်ယောက်က
အများသူငှာတွေ သ၀န်တို၊
လမင်းကြီး ထိုင်ငိုလောက်အောင်
ချစ်ပြနေလို့လား။
လူတိုင်းကအားကျ၊
မိဘတွေတားမရအောင်၊
အချစ်ပိုခဲ့ကြလို့လား။
မိုးကုတ်စက်ဝိုင်းကြီးအောက်မှာ
ရိုမီယို+ဂျူးလိယက်
လက်မြောက်လောက်အောင်
ကျနော်တို့ နှစ်ယောက်က
အကြင်နာတွေပိုခဲ့ကြလို့လား......
................လို့လား
.................လို့လား
ငါ့အနားမှာ မင်းမရှိတော့ပေမယ့်
ငါ့ရင်ထဲမှာ မင်းအမြဲရှိနေပါတယ်
ကံကြမ္မာက လှည့်စားတာလို့ လည်း
မဆိုရက်ပါဘူး
ငါတို့နှစ်ယောက်ရဲ့ရှေးရေစက် နည်းခဲ့တာလို့ဘဲ
မှတ်ယူရမှာပေါ့…..
ဘယ်လောက်ပဲ ဝေးနေပါစေ
မင်းနာမည်က ငါ့နှလုံးသားမှာ
ကဗျည်းထိုး ကျန် နေလျှက်ပါ
ဘယ်အရာနဲ့မှ ဖျောက်ဖျက်မှာ မဟုတ်သလို
ဘယ်လို အရာမျိုးကမှလည်း ပျောက်ပျက်အောင်
စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး
တစ်မိုးအောက် တစ်ယောက်ချစ်ခဲ့ သူမို့ပါ
အရာ အားလုံးထက် ပိုချစ်ခဲ့တယ်  မရယ်.....။
                                                             ငဖြိုး
ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။