ရွှေလီသား(မဘိမ်း)

Sunday, 6 November 2011

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃) အပိုင်း-၂


အဲဒီ့ အချိန်မှာ တိုက်ပွဲ နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်တွေမှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေက မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး စစ်ဆင်ရေး လုပ်နေတဲ့ အချိန်ဖြစ်တယ်။ ထိုင်းနိုင်ငံကပြောဆို လာတာက UWSA ဝ တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်၊ ထိုင်းနိုင်ငံထဲကို ဖြန်းဖြူးနေတယ်လို့ စွပ်စွဲလာတယ်။ အဲဒိ့ အပြင် ထိုင်းဝန်ကြီးချုပ် သက်ဆင် ကိုယ်တိုင်က မြန်မာအနေနဲ့ UWSA ကို အရေးမယူရင် ထိုင်းတပ်က မြန်မာပြည်ထဲထိဝင်ပြီး UWSAရဲ့ ဘိန်းချက်စခန်းတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုကြောင်း ထိုင်းမီဒီယာတွေကနေ ဖေါ်ပြခဲ့ကြတယ်။ မြန်မာနိုင်ငံကလည်း မြန်မာ့မြေပေါ်ကို ဘယ်နိုင်ငံခြားတပ်ဖွဲ့မှာ အဝင်ခံမှာ မဟုတ်ဘူးလို့ဆိုပြီး၊ ထိုင်းနိုင်ငံဟာ SSA တပ်ဖွဲ့တွေကို နောက်ကွယ်ကနေ ထောက်ပံ့နေပြီး ဒီအဖွဲ့တွေဟာ ဘိန်းမှောင်ခို လက်နက်ကိုင်တွေ၊ ဘိန်းဓါးပြ တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ သံအမတ်ကြီးတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေ နှစ်နိုင်ငံလုံး အပြန်အလှန်ပြုလုပ်ခဲ့ကြတယ်။ ထိုင်းတပ်တွေဟာ နယ်စပ်မြို့တွေ၊ နယ်စပ်မျဉ်းအနီးက လမ်းတွေ၊ ရှေ့တန်းစခန်းတွေမှာ သံချပ်ကာ ကားတွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့ကြတယ်။ ၂၀၀၁ တုန်းကလို တာချီလိတ်မြို့ထဲနဲ့ မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးတွေအပြန်အလှန် ပစ်ခတ်တာမျိုး မရှိခဲ့ပေမယ့် တာချီလိတ်မြို့ထဲမှာ ဗုံးတွေ ကွဲခဲ့တယ်။

မြန်မာ့ တပ်မတော်က မုံးထော်-မုံးထ ဒေသတစ်ခုလုံးနဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေ အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ SSA တပ်တွေ ဆုတ်ခွာသွားတဲ့ လွယ်တိုင်းလျှံဘက်ကို ဆက်လက် ထိုးစစ်ဆင်ကြတယ်။ ဒီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်သေနာပတိချုပ်ရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ မြန်မာပြည်ကို လိုအပ်ရင် အင်အားသုံးမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ရာထူးက အနားယူရပြီး စစ်သေနာပတိချုပ် အသစ်က SSA ကို ထောက်ပံ့ကူညီနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ SSA လည်းလွယ်တိုင်းလျှံဘက်ကို အားလုံး ဆုတ်ခွာသွားရတယ်။ မြန်မာ့တပ်မတော်နဲ့ UWSA တပ်ဖွဲ့တွေလည်း လွယ်တိုင်းလျှံ ဒေသနဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေပေါ်မှာ ကာကင်းစခန်းတွေ တည်ဆောက်ပြီး ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြပြီး တိုက်ပွဲတွေ အခိုက်အတန့် ပြီးဆုံးခဲ့ပါတယ်။

တိုက်ပွဲတွင်းမှာ တပ်မတော်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံး ပြန်ရအောင် တိုက်ယူနိုင်ခဲ့ပေမယ့် အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူတွေ ရှိသလို တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေမှာ မကြာခဏ ခြုံခို တိုက်ခိုက်ခံရတဲ့ အတွက် ကျဆုံးရတာတွေလည်း ရှိခဲ့တယ်။ UWSA တပ်ဖွဲ့ကလည်း ကျဆုံးမှုများခဲ့ပြီး ဒဏ်ရာရသူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသူတွေလည်း အတော်များများ ရှိခဲ့တယ်။ ၁၂၀ မမ စိန်ပြောင်းကြီးတွေဟာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ နည်းဗျူဟာ လက်နက်ကြီးတွေ အဖြစ်မြင်တွေ့ခဲ့ရ ပေမယ့် တချို့တိုက်ပွဲတွေမှာ ပစ်မှတ်ကို အတော် ဝေးဝေး လွဲချော်တာတွေ အားနည်းချက်အဖြစ် တွေ့ခဲ့ရတယ်။ တိုက်ပွဲအတွင်းပျက်ဆီးသွားခဲ့တဲ
့ ရွာတွေကို ပြန်တည်ပေးခဲ့ပေမယ့် တိုက်ပွဲမတိုင်ခင် က နေထိုင်လာတဲ့ လူအားလုံး ပြန်လာမနေနိုင်ကြတော့သလို အရင်လိုလည်း စည်ကားခြင်း မရှိတော့ပါ။ တိုက်ပွဲစဉ် တစ်ခုလုံးမှာ ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ အရပ်ဘက် ဝန်ထမ်းတွေ အသက်ဆုံးရှုံးခဲ့ရတာပါ။

အခုတော့ အရင်က စည်ကားတဲ့ ရွာကြီးဖြစ်ခဲ့ပြီး ၂၀၀၃ တိုက်ပွဲတွေ အတွင်းမှာ ရွာပျက်ကြီး ဖြစ်သွားတဲ့ မုံးထရွာနေရာမှာ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက စပြီး မုံးထမြို့ အဖြစ် မြို့အသစ် တည်ဆောက်နေပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နဲ့လည်း ကားလည်း ဖေါက်လျက်ရှိပြီး မိုင်းပန်-မုံးထ လမ်းမှာ သံလွင်မြစ်ကို ဖြတ်ပြီး သံလွင်မြစ်ကူးတံတားသစ်ကြီးလည်း တည်ဆောက်ဖို့ စီစဉ်နေပါပြီ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့ အမျှ ဒေသရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၀၃ တိုက်ပွဲတွေရဲ့ စစ်ဘေးဒဏ်အဖြစ် ရွာပျက်တွေရဲ့ အစိတ်အပိုင်း အကြွင်းအကျန်တွေကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးတယ်။ အခုပြန်တည်ထားတဲ့ ရွာတွေရဲ့ မနီးမဝေးမှာ ချုံတောတွေ ဖုံးလွှမ်းနေပြီ ဖြစ်တဲ့ ရွာပျက်တွေ ရှိပါတယ်။

အဲဒီ့တုန်းက ခက်ခက်ခဲခဲ ပြန်တိုက်ယူခဲ့ရတဲ့ ပန်မိုင်ဆွန်၊ ပန်ကန့်ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ၊ ညောင်ပင်ကုန်း၊ ၄၀၀၈၈၇ စတဲ့ စခန်းတွေ အားလုံးဟာ ယခုအခါ မဆုတ်တန်းခံစစ် စခန်းတွေ အဖြစ် သတ်မှတ်ထားပါတယ်။ မည်သည့် အခြေအနေနဲ့ ကြုံရသည်ဖြစ်စေ စခန်းကို စွန့်ခွာ ထွက်ပြေးခွင့် မရှိပါဘူး။ ဒီစခန်းတွေကနေ ဆုတ်ခွာခွင့်ကို အမိန့်ပေးနိုင်သူဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးပဲ ရှိပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ကျွန်တော် သိမှီသလောက် ၂၀၀၃ ခုနှစ် ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ အကြောင်းပဲ ဖြစ်ပါတယ်။ လွဲမှားနေတာ၊ မပြည့်စုံတာတွေရှိရင် သိတဲ့သူတွေက ထောက်ပြ ပြုပြင် ပေးကြပါ။

အားလုံးကို လေးစားလျက်
Comrade

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃) အပိုင်း-၁

Myanmar Defence blog မှကူးယူဖော်ပြပါသည်

ယခုဖော်ပြသော သမိုင်းဆိုင်ရာဆောင်းပါသည် ကိုcomrade ပေးပို့သော ဆောင်းပါးဖြစ်ပါသည်။ယခုဆောင်းပါး၏ ရည်ရွယ်ချက်မှာ ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသော ယိုးဒယားများ အကြောင် ဖော်ပြချက်သာ ဖြစ်ပြီး ပြည်တွင်း လက်နက်ကိုင်များ အရေးနှင့် မသက်ဆိုင်ပါခင်ဗျာ..။ကျေးဇူးတင်ပါတယ် ကိုcomrade ခင်ဗျာ...။

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)

(ဒီအကြောင်း ရေးသားရတာက ပြည့်ပြည့်စုံစုံ သိလို့ မှီလို့ ရေးတာ မဟုတ်ဘူးဆိုတာ ကြိုတောင်းပန်ပါရစေ။ ကျွန်တော် သိသလောက် ရေးတဲ့ထဲမှာ လွဲမှားတာတွေ အများကြီး ရှိနိုင်ပါတယ်။ C-box မှာ ကိုsawkofan မေးထားတာကို ပြန်ဖြေ ပေးတဲ့သူ မတွေ့သေးတဲ့ အတွက် တကယ်နားလည်တဲ့ သိတဲ့ လူတွေ မပြောခင် သိသလောက်လေး နည်းနည်း ပြောပြတာပါ။ လွဲမှားနေတာတွေ ရှိရင် သိတဲ့လူတွေက ထောက်ပြ ပြုပြင်ပေးကြပါ ခင်ဗျား။)

ထိုင်း-မြန်မာ နယ်စပ် ၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့တော့ ကျွန်တော် အနည်းအကျဉ်းပဲ ကြားဖူးပါတယ်။ တိုက်ပွဲမှာ ပါခဲ့ဖူးတဲ့ တပ်မတော်သားအချို့နဲ့၊ သူတို့ဆီက တဆင့်စကားကြားဖူးသူတွေ ဆီကနေ ထပ်ဆင့်ပြီး အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိပါတယ်၊ ထင်ရှားတဲ့ တိုက်ပွဲတွေက အို-၇ တောင်ကုန်းတိုက်ပွဲ၊ ပါချီးစခန်း တိုက်ပွဲ၊ ဘီပီ-၁ စခန်းတိုက်ပွဲ၊ လွယ်တော်ခန်းတိုက်ပွဲ၊ လွယ်ခန်းရှိုးတိုက်ပွဲ၊ စတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း များစွာ ပါပါတယ်။ မိုးသီးဇွန် ဘလော့မှာ ကိုsawkofan ဖတ်ဖူးတဲ့ ကျောက်ခေတ်တပ်မတော် ဆိုတဲ့ ဆောင်းပါးက ဆောင်းပါးရှင် ဂါမဏိ ရေးတာပါ။ ကျွန်တော်လည်း ဖတ်ဖူးတယ်၊ သူ့ဆောင်းပါးမှာတဲ့ တချို့အချက်တွေကို ကြည့်လိုက်တာနဲ့တင် အရမ်းလွဲနေမှန်း သိသာပါတယ်၊ (ထိုင်းစစ်တပ်ရဲ့ ရုပ်သံလိုင်းကလွှင့်တဲ့ အချက်အလက်တွေကို ယူပြီး ရေးခဲ့သလားတော့ မသိပါ)။ မြန်မာဘက်က တိုက်ပ်-၆၉ တင့်ကားတွေ သုံးပြီး ထိုင်းဘက်က အမ်-၆၀ တင့်ကားတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုတယ်၊ ရှမ်းပြည် အရှေ့ပိုင်း တစ်ခုလုံးမှာ တိုက်ပ်-၆၉ လို ပင်မတိုက်ပွဲဝင်တင့်တွေ တစီးမှ မရှိပါ။ မြေပြင် အနေထားကလည်း တင့်တွေ ရှမ်းပြည် အရှေ့ပိုင်းကို သယ်ယူဖို့နဲ့ အဲဒီ့ ဒေသမှာ စစ်ဆင်ဖို့ အခြေအနေ မပေးပါ။ ထိုင်းဘက်ကလည်း တကယ်သုံးခဲ့တာက သံချပ်ကာ လူသယ်ယာဉ်တွေနဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေပါ။



ဆောင်းပါးရှင် ဂါမဏိ ရေးထားတာ သတင်း အချက်အလက် အလွဲအမှားတွေကို အခြေခံပြီး ရေးထားတယ် ဆိုတာလောက်တော့ ကျွန်တော်ပြောနိုင်ပါတယ်။၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့ ပိုသိတဲ့ လူတွေ ဆွေးနွေးပေးပါလိမ့်မယ်။ အခု ၂၀၀၃ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်ပြီး ကျွန်တော်သိသလောက် နည်းနည်း ဆွေးနွေးပါ့မယ်၊ ကျွန်တော်က ဒီတိုက်ပွဲစဉ်မှာ ပါဝင်ခဲ့လို့ မဟုတ်ပါ၊ ဒါပေမယ့် ကျွန်တော်ထွက်ခဲ့ဖူးတဲ့ စစ်ဆင်ရေး နယ်မြေက အဲဒီ့ ဒေသနဲ့ ဆက်စပ်နေတဲ့ အတွက် အနည်းအကျင်း သိခဲ့ရပါတယ်။

အဓိက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေကတော့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေ မုံးထော်-မုံးထ ဒေသ ဖြစ်ပါတယ်။ မုံးထော်(ရှမ်းအခေါ် မိုင်းတော့)-မုံးထ(မိုင်းထား) ဒေသ ဟာ ကြိဂံဒေသ အနောက်တောင်ဘက်စွန်း သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
နယ်မြေ ဟိုမိန်းဒေသ နဲ့ နယ်မြေချင်း ဆက်စပ်နေပါတယ်။ ဟိုမိန်းဒေသနဲ့ မုံးထော်-မုံးထဒေသ အစပ်မှာ SSA ဌာနချုပ် လွယ်တိုင်းလျှံစခန်း တည်ရှိပါတယ်။ လွယ်တိုင်းလျှံ စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး နယ်နိမိတ် အဖြစ် သတ်မှတ်ထားတဲ့ တောင်ကြော တလျှောက် အလျားလိုက် တည်ရှိပါတယ်။ လွယ်တိုင်းလျှံစခန်းရှေ့နဲ့ ဘယ်ညာမှာ ကာကင်း စခန်းပေါင်း များစွာရှိပြီး SSA ဟာ လွယ်တိုင်းလျှံဝန်းကျင် ဧရိယာ အတော်များများကို စိုးမိုး ထားနိုင်ပါတယ်။ လွယ်တိုင်းလျှံရဲ့ အဆောက်အဦ အတော်များများဟာ မြန်မာနယ်နိမိတ်ထဲမှာ ရှိပေမယ့် ဝင်ပေါက်တွေက ထိုင်းဘက်ကပဲ ဝင်လို့ရပါတယ်။ မြန်မာဘက်ခြမ်းကို အခိုင်အမာ ခံစစ်ပြင်ထားပြီး ရှေ့မှာ သတ်ကွင်း ဖန်တီး ထားပါတယ်။ SSA ရဲ့ လွယ်တိုင်းလျှံ ကာကင်းတွေရဲ့ မျက်နှာချင်းဆိုင်မှာတော့ မြန်မာ့ တပ်မတော် ရှေ့တန်း ကာကင်းစခန်းတွေ ရှိပါတယ်။ မျက်နှာချင်းဆိုင် တောင်ကြောတွေမှာ တဖက်နဲ့ တဖက် အသင့် ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အနေအထားပါ။

ထုံးစံ အတိုင်းပါပဲ တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကတော့ ထိုင်း-အမေရိကန်ပူးတွဲ Cobra Gold စစ်လေ့ကျင့်မှု ပြုလုပ်တဲ့ အချိန်ပါ။ (ထုံးစံ အတိုင်းလို့ ဆိုရတာက နယ်စပ်က မြန်မာ့တပ်မတော် စခန်းတွေ အတိုက်ခံရတဲ့ အချိန်တိုင်း လိုလိုဟာ Cobra Gold ပြုလုပ်မယ့် အချိန်ကာလ ပတ်ဝန်းကျင်ဖြစ်ပါတယ်)။ လူမျိုးစုလက်နက်ကိုင်တွေ မြန်မာ့ တပ်မတော်စခန်းတွေ ကို ဝင်တိုက်တာတွေဟာ Cobra Gold နဲ့ အချိန်ကိုက် ဖြစ်လေ့ရှိတာ တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။ အဲဒီ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်မှာ ထိုင်းတပ်ဟာ ဝင်မပါပေမယ့် သူတို့ နယ်စပ်ကို ကာကွယ်ဖို့ဆိုတဲ့ ပုံစံနဲ့ နယ်စပ်မှာ လက်နက်ကြီးတွေ အပြည့်အစုံနဲ့ တပ်လှန့်ခြင်း တပ်အသင့်နေရာယူခြင်းတွေ လုပ်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေ နောက်မှာ အသင့်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က Cobra Gold စစ်ရေး လေ့ကျင့်မှုဟာ ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်ရုံသက်သက် မဟုတ်ပါဘူး။ အမေရိကန်က ထိုင်းကို လက်နက်ရောင်းတဲ့ပွဲလည်း ဖြစ်တယ်။ စစ်လေ့ကျင့်မှုမှာပါတဲ့ အမေရိကန်တပ်တွေဟာ လက်နက် အပြည့်အစုံနဲ့လာလေ့ရှိတယ်၊ ဒါပေမယ့် စစ်လေ့ကျင့်မှု ပြီးတဲ့အခါ ပါလာတဲ့ လက်နက်ကြီးတွေကို ပြန်ယူမသွားဘဲ ထိုင်းကို အထူးဈေးနဲ့ ရောင်းခဲ့လေ့ရှိပါတယ်။ စစ်လေ့ကျင့်မှုကို ရှေ့တန်းတင်ပြီး လက်နက်ကြီးတွေကို လျှော့ဈေးနဲ့ သက်သက်သာသာ ပေးပစ်ခဲ့တဲ့ သဘောပါ။ ဒီလို ထိုင်းမှာ လက်နက်တွေ အသင့် လေ့ကျင့်မှု အသင့် ဖြစ်တဲ့ အချိန်မှာ နယ်စပ်က တပ်မတော်စခန်းတွေ အမြဲလိုလို တိုက်ခံရပါတယ်။ ၂၀၀၁ ခုနှစ် Cobra Gold ကိုမြန်မာနိုင်ငံ တာချီလိတ်ဒေသ၊ လွယ်လန်းဒေသတွေနဲ့ ကပ်လျက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် နယ်စပ်မှာ ပြုလုပ်သွားပါတယ်။ ထိုင်းတပ်တွေ ချင်းရိုင်ခရိုင်ထဲမှာ အသင့်ရှိနေချိန် မေလလယ်မှာ ထိုင်းမြန်မာ အပြန်အလှန်ပစ်ခတ်မှုတွေ ၊ ရှေ့တန်းတပ်ချင်း ထိတွေ့မှုတွေ ဖြစ်လာတာပါ။

၂၀၀၃ တိုက်ပွဲစဉ်တွေဟာလည်း အလားတူပါပဲ။ Cobra Gold မတိုင်ခင်မှာ SSA တပ်တွေဟာ တပ်မတော်ရှေ့တန်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ တပ်မတော်ရှေ့တန်း စခန်းတွေဟာ နယ်စပ်အနီးမှာရှိပြီး SSA တပ်တွေဟာ ထိုင်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ကြတာပါ။ လက်နက်အင်အား လူအင်အား ကောင်းကောင်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လက်နက် အထောက်အပံ့ပြုမှာ သံသယဖြစ်စရာ မရှိပါ။ ရုတ်တရက် အလစ်အငိုက် ထိုးစစ်ဆင်ခံရပြီး တပ်မတော် စခန်း အတော်များများ ဆုံးရှုံးခဲ့တယ်။ ကြီးမားတဲ့ ဆုံးရှုံးမှု အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အမှတ်(၅) ဘီပီ-၅ ဒေသကို စွန့်လွှတ်ခဲ့ရပြီး SSA က ထိန်းချုပ်သွားနိုင်တယ်။ အဲဒီ့ ဒေသမှာ ဒေသဖွံ့ဖြိုးရေး အတွက် တည်ဆောက်ပေးထားတဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ စတဲ့ အဆောက်အဦတွေ ဖျက်ဆီးခံရပြီး အရပ်ဘက်ဝန်ထမ်းတချို့ အသက်ဆုံးရှုံးခဲ့တယ်။ စစ်ပွဲကြောင့် ဘီပီ-၅ နယ်စပ်မှာ တည်ရှိတဲ့ ပန်ကန့်ကော်ရွာနဲ့ အဲဒီ့ မရောက်ခင်က ပန်မိုင်ဆွန်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ ရွာတွေ လုံးဝနီးပါး ပျက်ဆီးသွားခဲ့ပြီး ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးကြရကာ အဲဒီ့ ဒေသခံ လူအားလုံး နေရပ်ကို စွန့်ခွာထွက်ပြေးရတယ်။ တပ်မတော်က အမှတ်(၃၃) ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနဲ့ ဒီဒေသကို ပြန်လည် ထိုးစစ်ဆင်ခဲ့တယ်။ ကြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်အချို့လည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး၊ တပ်မတော်နဲ့ အတူ UWSA 'ဝ' တပ်ဖွဲ့ များလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်။

တပ်မတော်ဘက်က အရင်က အင်အားအနည်းငယ်နဲ့ စခန်းထိုင်ခဲ့တဲ့ စခန်းတွေကို SSA က အင်အားအများအပြားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားလို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ်။ တပ်မတော်ဘက်က ၁၂၀ မမ စိန်ပြောင်းကြီးတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တယ်။ မော်တာ ကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်တယ်လို့ ထိုင်းနိုင်ငံက စတင် ပြောဆိုလာတယ်။ တပ်မတော်ဟာ မုံးထော်၊ မုံးထ တို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပေမယ့် ရန်သူဟာ ပိုမြင့်တဲ့ တောင်တွေပေါ်ကနေ ဆက်လက် ခုခံကြတဲ့ အတွက် တိုက်ပွဲကြီးတွေ ဆက်ဖြစ်ခဲ့တယ်။ ရန်သူအခိုင်အမာ ခံစစ်ပြင်ထားတဲ့ ထောင်ထိပ် စခန်းတွေကို အငိုက်မရရှိဘဲ ရှေ့တည့်တည့်ကနေ ဒဲ့တက် တိုက်ရတာ ဖြစ်တဲ့ အတွက် အထိအခိုက် အကျအဆုံးလည်း အင်မတန်မှ များခဲ့တယ်။ ရန်သူကလည်း ယာဘဆေးတွေ သုံးစွဲထားပြီး တောင်ထိပ်က အမိုးပါခံကတုတ်တွေထဲမှာကျည်ဆံ အလျှံပယ်ထည့်ပြီး ခုခံကြတာ ဖြစ်တယ်။ အကာအကွယ် မရှိတဲ့ တောင်ထိပ်ပေါ်ကို ရဲစွမ်းသတ္တိ တစ်ခုတည်းကို အရင်းပြုပြီး ရင်ဖွင့်ပြီး တက်တိုက်ခဲ့ကြတဲ့ တပ်မတော်သား အားလုံး ဒီနေရကနေ အလေးပြုပါတယ်။ အဲဒီ့ တိုက်ပွဲစဉ် တစ်လျှောက်မှာ ဝ တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်ဟာလည်း မှတ်တမ်းတင်ရလောက်အောင် လေးစားစရာဖြစ်ခဲ့တယ်။

အကြီးဆုံး တိုက်ပွဲကြီးတွေကတော့ ပန်မိုင်ဆွန် တိုက်ပွဲ၊ ၄၀၀၈၈၇ တိုက်ပွဲ၊ ပန်ကန့်ကော် တိုက်ပွဲ၊ ညောင်ပင်ကုန်း တိုက်ပွဲ တွေဖြစ်တယ်။ ၄၀၀၈၈၇ တိုက်ပွဲဟာ အလွန်ခက်ခဲတဲ့ တိုက်ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး တောင်ရဲ့ တောင်ခါးပန်း တဝက်မှာ ရှိတဲ့ (ပွိုင့်-xxxx) ကို တပ်မတော်က သိမ်းနိုင်ခဲ့ပြီး ရန်သူနဲ့ ဆက်လက် ရင်ဆိုင်ထိန်းချုပ် ခြေကုန်ယူထားစဉ်မှာ တောင်ထိပ်ပေါ်မှာ ရှိတဲ့ ရန်သူက လက်နက်ကြီးတွေနဲ့ ဦးနှိမ်ပစ်ခတ်ပြီး ပြန်သိမ်းယူဖို့ ကြိုးစားခဲ့တယ်။ အပေါ်စီးကနေ ပစ်ခတ်ပြီး တန်ပြန် ထိုးစစ်ဆင်လာတာကို ပြန်မကျဆုံးအောင် ခုခံနိုင်ခဲ့လို့သာ ဒီတိုက်ပွဲမှာ ရည်မှန်းချက်ရရှိတဲ့ အထိ အောင်မြင်အောင် ဆက်တိုက်ပွဲဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲစစ် တစ်လျှောက်လုံးမှာလည်း မိမိ တိုက်စစ်ရပ်တန့်သွားတဲ့ အချိန်မျိုး၊ ကျားတက်ထိုးရာကနေ လန်ကျလာတဲ့ အခါမျိုးမှာ ရန်သူက ထုတ်နှုတ်အင်အားနဲ့ တန်ပြန် ထိုးစစ် ဆင်လေ့ရှိခဲ့တယ်။ ပန်ကန့်ကော် တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ထိုင်းနိုင်ငံထဲကျတဲ့အတွက် အရပ်သား အချို့ ဒဏ်ရာရတယ်လို့ ထိုင်းဘက်က ပြောဆိုလာပြီး ထိုင်းတပ်က မြန်မာတပ်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ မြန်မာဘက်ကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပြီး နယ်စပ်တင်းမာမှု အမြင့်ဆုံးရောက်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၁ တိုက်ပွဲစဉ်တုန်းကလို ထိုင်းတပ်နဲ့ မြန်မာတပ်တွေ ထိတွေ့ တိုက်ခိုက်ခဲ့တာမျိုး အထိတော့ မဖြစ်ခဲ့ပါဘူး။ ထိုင်းတပ်က SSA ကို လက်နက် ရိက္ခာအကြီးအကျယ် ထောက်ပံ့တာမျိုး၊ သူတို့နိုင်ငံနယ်နိမိတ်ထဲကနေ ထိုးစစ် ဆင်နိုင်အောင် ကူညီတာမျိုးနဲ့ မြန်မာ့တပ်မတော်နဲ့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာမျိုး အထိပဲ ဖြစ်ခဲ့တယ်။

အက်စ်အက်စ်အေ တပ်များ ဆုတ်ခွါရာ လွယ်တိုင်းလျှံ တောင်ကုန်း
ညောင်ပင်ကုန်းစခန်းတိုက်ပွဲဟာ တိုက်ပွဲစဉ် တလျှောက်မှာ အကျအဆုံးအများဆုံးနဲ့ ရင်းနှီးပြီးမှ စခန်းကို သိမ်းပိုက်ရရှိပါတယ်။ ဒီစခန်းကို နည်းဗျူဟာကွပ်ကဲမှု အဖွဲ့တစ်ခု၊ တပ်ရင်း(၃)ရင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ မစတင်မီမှာ ဗျူဟာမှူးက စခန်းကို ရရှိပြီလို့ ကြိုတင် သတင်းပို့ခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ဘုရင့်နောင်ထုံး နှလုံးမူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။


ပန်မိုင်ဆွန်တိုက်ပွဲမှာလည်း ဝ တပ်ဖွဲ့ဟာ လူဦးရေ ၈၀ လောက် ကျဆုံးခံပြီး အသေခံကာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တယ်။
(ဆက်ရန်)

ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ ၂၀၀၁ (အချက်အလက်ကြမ်း အချို့)



မြန်မာ-ယိုးဒယားနယ်စပ်ရှိ မြန်မာ့တပ်မတော် စခန်း

၂၀၀၁ တိုက်ပွဲစဉ်တွေ အကြောင်းကို ကိုMM က ရေးပေးဖို့ ပြောလာတော့ ကျွန်တော် ရေးဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ အချက်အလက်တွေက တပိုင်းတဆတွေ ဖြစ်နေတယ်၊ ဖြစ်စဉ်ကို အစဉ်လိုက် ဘာပြီး ဘာဆက်ဖြစ်ခဲ့တယ် ဆိုတာ မသိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးကြည့်ပေမယ့် ရေးလို့ မရခဲ့ဘူး။ ဒါပေမယ့် တကယ် သိတဲ့ လူတွေ မရေးခင် တိုက်ပွဲတွေနဲ့ ပက်သက်လို့ နည်းနည်းပါးပါး သိချင်တဲ့ သူတွေ အတွက် ကျွန်တော် သိသလောက် အချက် အလက် ကလေးတွေ မျှဝေပါ့မယ်။ ဒါကြောင့် ခေါင်းစဉ်ကို နည်းနည်းပြင်ပြီး .... အချက် အလက်ကြမ်း အချို့ .... လို့ပဲ အမည်ပေးလိုက်ပါတယ်။

၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို
့ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး ပါချီး စခန်းဟာလည်း ပုံပါကျင် ဒေသကို လွှမ်းမိုးထားနိုင်ပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် အနောက်ခြမ်း ဒေသမှာ ရှိတဲ့ လွယ်တော်ခန်း၊ လွယ်မဆုတ်၊ လွယ်ခန်းရှိုးစခန်းတွေ အတိုက်ခံရပြီး ကျဆုံးကုန်ပါတယ်။ ပုံပါကျင်-ပါချီး-အောင်းလောင်း ဒေသမျာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စခန်း အတော်များများ ဆုံးရှုံးလိုက်ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဂိတ် အနီးမှာရှိတဲ့ ဘီပီ-၁ စခန်းကတော့ စခန်းသိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲခံရပေမယ့် စခန်း ကျဆုံးမသွားအောင် ခုခံနိုင်ခဲ့တယ်။

တိုက်ပွဲတွေ အပြီးမှာ SSA က မြန်မာ့တပ်မတော်စခန်းတွေပေါ်ကနေ သိမ်းဆည်း ရမိတဲ့ လက်နက်တွေ ပစ္စည်းတွေကို ထိုင်းနိုင်ငံက မီဒီယာတွေကို ခေါ်ယူပြသခဲ့ပြီး ဘိန်းဖြုထုပ်တွေ ဘိန်းမဲတွေ ပါ တွေခဲ့တယ်၊ မြန်မာ့ တပ်မတော်ဟာ နယ်စပ်မှာ ဘိန်းမှောင်ခိုကူးနေတယ် ဒါကြောင့် ဒီစခန်းတွေကို တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းခဲ့တယ်။ မြန်မာ နိုင်ငံပိုင် မီဒီယာတွေကလည်း SSA တပ်ဖွဲ့ကသာ ဘိန်းမှောင်ခိုကူးနေတဲ့ အဖွဲ့ဖြစ်တယ် ၊ ထိုင်းနိုင်ငံက တိုက်ပွဲမှာ SSA ကို ကူညီခဲ့တယ် လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းစစ်တပ်ကတော့ SSA ကို လက်နက်ကြီးပစ်ကူ ပေးခဲ့တာ မဟုတ်ဘူး၊ မြန်မာစစ်တပ်က ပစ်တဲ့ ကျည်တွေ သူတို့ စခန်းပေါ်ကျတဲ့ အတွက် တုန့်ပြန်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောပါတယ်။ အဲဒီ့နောက် မီဒီယာတွေကနေ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးတာတွေ မီဒီယာတွေကနေ ထိုင်းစစ်ဦးစီးချုပ်တွေက ခြိမ်းခြောက်တာတွေ ဆက်တိုက်ဖြစ်လာတယ်။ အထင်ပေါ်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ နဲ့ အမှတ်(၃)တပ်တော်မှူး ဒု-ဗိုလ်ချုပ်ကြီးဝမ်တနာချိုင်းတို့ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဆူရာယုဒ်က အင်အားသုံး ဖြေရှင်းမယ်လို့ ဆိုခဲ့ပြီး၊ ဝမ်တနာချိုင်းကတော့ မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတာတွေ လုပ်ခဲ့တယ်။ တိုက်ပွဲကြောင့် ဝပ်တနာချိုင်းဟာ ထိုင်းနိုင်ငံထဲမှာ ပိုမို ပေါ်လွင်လာပြီး နာမည်ကြီးလာတယ်။

ယိုးဒယား-မြန်မာ နယ်စပ် မြန်မာတပ်မတော် စခန်းများ
(ဒီနေရာမှာ တစ်ခု ကြားဖြတ်ဆွေးနွေး လိုတာက မြန်မာ မီဒီယာတွေက Thai 3rd Army ကို အမှတ်(၃)စစ်တိုင်းဆိုပြီး ဘာသာပြန်ကြတယ်၊ ဒါပေမယ့် သူရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် တပ်တော် လို့ ဘာသာပြန်တာ ပိုမှန်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူက သူအခြေစိုက်တဲ့ ဒေသတွင်းမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်တင် မဟုတ်ဘဲ 3rd Army တစ်ခုလုံး အတိုင်းအတာနဲ့ ရွှေ့လျား စစ်ဆင်နိုင်တဲ့ offensive capability လည်းရှိပါတယ်။ ဆိုတော့ မြန်မာ့ တပ်မတော်က စစ်တိုင်းတွေနဲ့ ပုံသဏ္ဌာန်ခြင်း မတူပါဘူး။ Phitsanulok မှာ တပ်တော်ဌာနချုပ် အခြေစိုက်ပြီး နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားတယ်။ ထိုင်းနိုင်ငံမှာ တပ်တော် လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ် တလျှောက်ကို ကွပ်ကဲရတဲ့ အမှတ်(၃)တပ်တော်ဟာ ကွန်မြူနစ်ခြိမ်းခြောက်မှု မရှိတော့တဲ့ စစ်အေးလွန်ကာလက စပြီး လက်နက်အကောင်းဆုံး တပ်ဆင်ပေးခြင်း ခံရတဲ့ ဦးစားပေး တပ်တော်ဖြစ်လာတယ်။ စစ်အေး ကာလတုန်းကတော့ လာအိုနဲ့ ကမ္ဘေ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာဒီးယား နယ်စပ်တွေကို ကွပ်ကဲရတဲ့ အမှတ်(၁)နဲ့ အမှတ်(၂)တပ်တော်တွေကို ပိုဦးစားပေးခဲ့ရပါတယ်။ အဲဒီ့ အချိန်က မြန်မာနယ်စပ်မှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို ကြားခံဇုန်အဖြစ် ထားခဲ့ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ ထိုင်းတပ်တို့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အေးလွန်ကာလတွေမှာ ကွန်မြူနစ်ခြိမ်းခြောက်မှု အန္တရာယ်လည်း မရှိတော့ဘူး၊ မြန်မာ့ တပ်မတော်ကလည်း မြန်မာနိုင်ငံ နယ်စပ်အထိ နေရာတော်တော်များများမှာ ထိန်းချုပ်လာနိုင်တဲ့ အခါ အမှတ်(၃)တပ်တော်ဟာ ဦးစားပေး တပ်တော် ဖြစ်လာတယ်။ စစ်လေ့ကျင့်မှု အများအပြားကိုလည်း အမှတ်(၃)တပ်တော် ဧရိယာထဲမှာ လုပ်လာတွေ့ မြင်တွေ့ရပါတယ်။ ဥပမာ- ၂၀၀၀ ခုနှစ် Cobra Gold ကို တပ်ခရိုင်မှာ လုပ်ခဲ့ပြီး၊ ၂၀၀၁ Cobra Gold ကို ချင်းရိုင်ခရိုင်မှာ လုပ်ခဲ့တာမျိုးပါ။)

မြန်မာ့တပ်မတော်က ကျဆုံးသွားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အလွန်နီးကပ်တဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းတပ်က စစ်အင်အား ၃၀၀၀၀ ကျော်သုံးပြီး စစ်ရေး လေ့ကျင့်တာကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့တယ်။ ထိုင်းဘက်က စစ်ရေး လေ့ကျင့်မှုကို ဆက်လုပ်ခဲ့ပြီး မြန်မာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာပါတယ်။ ဒီိလိုနဲ့ နှစ်ဖက်တပ်များ ကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က အို-၇ တောင်ကုန်းကို ပြန်သိမ်းပိုက်တဲ့ အခါမှာ ယိုးဒယားတပ်တွေနဲ့ စတင်ထိတွေ့မှု ဖြစ်ပါတယ်။ တကယ်တော့ အို-၇ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယိုးဒယားဘက်ခြမ်းက တောင်ကုန်းက အို-၇ထက် ပိုမြင့်ပါတယ်။ ဒါကြောင့် မယ်ဆိုင်မြို့ကို စိုးမိုးနေတဲ့ အဓိက အချက်ခြာတောင်ကုန်းမို့ သူတို့ပိုင်ပါတယ်ဆိုတဲ့ ယိုးဒယားရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အို-၇ ကို သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ အို-၇ရဲ့ တဖက်က ပိုမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ယိုးဒယားက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ ဝင်လာပြီး ခြိမ်းခြောက်ပျံသန်းတာတွေ လုပ်လာပါတယ်။ လွယ်လန်းဒေသမှာရှိတဲ့ မိုင်းယွန်းမြို့မှာ UWSA အဖွဲ့က မှူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်လို့ ယိုးဒယားက စွပ်စွဲပြီး တိုက်လေယဉ်ပေါ်ကနေ ဗုံးကျဲချပြီး တိုက်ခိုက်ခဲ့တယ်။ F16 တစ်စီး မြန်မာ့ မြေပေါ်မှာ ပျံသန်းနေခဲ့တဲ့ အချိန်ဟာ ၄၅ မိနစ်တောင် ကြာခဲ့တယ်လို့ ဆိုတယ်။ နယ်စပ်က စခန်းတွေ ပေါ်တင်မကဘဲ တာချီလိတ်မြို့ပေါ်ကိုပါ ဖြတ်ပျံခဲ့တယ်။
ယိုးဒယားမီဒီယာတွေမှာတော့ မြန်မာတပ်တွေဟာသူတို့ပိုင်နက်ကို ကျူးကျော်လာလို့ လေယဉ်ပေါ်ကနေ အသံဗုံးကျဲချပြီး ခြောက်လှန့်ခဲ့ရတာပါလို့ ဆိုတယ်။ သူတို့ ပြန်လည် ပစ်ခတ်တာကို မခံနိုင်တဲ့ အတွက်ရော၊ လေယာဉ်ကို ကြောက်ရွံ့တဲ့ အတွက်ရော မြန်မာတပ်တွေ မယ်ဆိုင်အနီးက တောင်ကုန်းပေါ်က ပြန်ဆုတ်ပြေးသွားကြလို့ တောင်ကုန်းကို သူတို့ ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ (နှစ်နိုင်ငံတပ်တွေ ထိတွေ့တဲ့ နယ်စပ်တိုက်ပွဲမှာ ယိုးဒယားက သူတို့နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် တိုက်ပွဲမှာ တောင်ကုန်းကို တကယ်ရလိုက်တာက မြန်မာဘက်က ရတာပါ။ ဒီနေ့အထိလည်း မြန်မာပိုင်ပါပဲ၊ ကျွန်တော် ၂၀၀၈ခုနှစ်တုန်းက အို-၇ တောင်ကုန်းကို ရောက်ခဲ့တဲ့ အချိန်မှာ တောင်ကုန်းထိပ်အထိ ကားလမ်း ပေါက်နေပါပီ။ နောက်ဆင်ခြေလျှောခံစစ်ကိုလည်း အခိုင်အမာတည်ဆောက်ထားပြီး လက်နက်ကြီးတွေလည်း ရှိပါတယ်။ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတစ်ကြောင်း စခန်းထိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ယိုးဒယားတောင်ကုန်းမှာလည်း ယိုးဒယားတပ်တွေ အခိုင်အမာတပ်စွဲထားတာ လှမ်းမြင်ရပါတယ်။)

တိုက်ပွဲတွင်းမှာ ယိုးဒယားက တာချီလိတ်မြို့တွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့ အတွက် အရပ်သား (၂)ဦးသေဆုံးခဲ့ပါတယ်။ မြန်မာဘက်ကလည်း မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပြီး ထိုင်းပြည်သူ (၂)ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ တွေ့ရပါတယ်။ တာချီလိတ် အနောက်ခြမ်း ဒေသနဲ့၊ ပုံပါကျင်-ပါချီး ဒေသ တွေမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး လွယ်လန်း ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်/မဖြစ်ကို ကျွန်တော် မသိပါ (သိတဲ့လူတွေ ပြောပြပေးပါ)။ မြန်မာ့တပ်မတော်ဟာ ကျဆုံးသွားတဲ့ စခန်းတွေကို ဂျွန်၊ ဂျူလိုင် လတွေထဲမှာမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ SSA တပ်တွေလည်း ယိုးဒယားနိုင်ငံထဲကို ဆုတ်ခွာသွားကြတယ်။ အကျအဆုံး၊ ဒဏ်ရာရ အများကြီးနဲ့ ရင်းနှီးပြီးမှ စခန်းတွေကို ပြန်သိမ်းနိုင်ခဲ့တာပါ။ ပါချီးတောင် ဆိုရင် အတော်မတ်ဆောက်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ် နယ်စပ်အနီးမှာ ရှိတဲ့ အတွက် လက်နက်ကြီး သုံးရတာလည်း အကန့်အသတ် အလွန်များပါတယ်၊ စခန်းတွေ ကျသွားတုန်းက နာရီပိုင်းတွင်း ကျဆုံးသွားပေမယ့် ပြန်သိမ်းယူတဲ့အခါ အသက်တွေ အများကြီးရင်းပြီး လနဲ့ချီအောင် တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကအငိုက်ရရှိခဲ့မှုနဲ့၊ မိမိက တိုက်စစ်ဆင်တဲ့ အခါမှာတော့ အငိုက်မရရှိတဲ့ အခါ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်ဆိုတာ သင်ခန်းစာပါ။ (အခုချိန်မှာတော့ ပါချီးအပါအဝင် ဒီစခန်းတွေ အားလုံးဟာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ မဆုတ်တမ်းခံစစ် စခန်းတွေပါ။) လွယ်မဆုတ်စခန်းကို သိမ်းပိုက်မိတဲ့ အခါမှာ ယိုးဒယားတပ်သုံး ဆက်သွယ်ရေးစက်တစ်လုံးတောင် သိမ်းမိခဲ့ပါသေးတယ်။ အို-၇ တိုက်ပွဲမှာလည်း ယိုးဒယားတပ်သုံး လက်နက်ငယ်တွေနဲ့ ယိုးဒယားတပ်မတော် တံဆိပ်ပါတဲ့ ရှေ့ထွက်မိုင်းတွေပါ သိမ်းမိခဲ့ပါတယ်။

လွယ်လန်းဒေသ အခြေအနေကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အနေအထားပါ။ လွယ်လန်းဒေသတွင်းမှာ ထိုင်းစစ်စခန်း (၃၅)ခု ရှိနေပါတယ်။ မြန်မာ့တပ်မတော်က ထိုင်းစစ်စခန်းတွေ အားလုံး ဆုတ်ခွာပေးဖို့ တရားဝင် အကြောင်းကြားမှု လုပ်ခဲ့ပါသေးတယ်။ ထိုင်းဘက်က ပြန်လည် ကန့်ကွက်ခဲ့ပြီး သူတို့ပိုင် နယ်မြေဖြစ်တဲ့ အတွက် ဆုတ်မပေးနိုင်ကြောင်း ဆိုတယ်။ ဒီပြဿနာဟာ ဒီနေ့ အထိ မပြီးဆုံး သေးပါဘူး။ ထိုင်းတပ်စခန်းတွေ(အချို့စခန်းတွေမှာ သံချပ်ကာ ယာဉ်များပါ ပါဝင်ပါတယ်)နဲ့ မြန်မာတပ်စခန်းတွေ ထိပ်တိုက်ရင်ဆိုင်ပြီး အသင့် အနေအထားနဲ့ စခန်းချထားတာ ဒီနေ့ အထိပါ။

၂၀၀၁ တိုက်ပွဲစဉ်တွေမှာ ယိုးဒယားနဲ့ မြန်မာတပ်တွေ ထိတွေ့ခဲ့တာကို ပြန်သုံးသပ်ရရင် မြန်မာ့ တပ်မတော်ဘက်က ယိုးဒယားထက် အကျအဆုံး အထိအခိုက် ပိုများခဲ့တယ် (ဒါပေမယ့် ယိုးဒယားတပ်တွေကြောင့်လို့တော့ မဆိုနိုင်ပါ၊ SSA နဲ့ တိုက်ခိုက်ရတဲ့ အတွက် ထိခိုက်ကျဆုံးရတာတွေပါ)။ ဒါပေမယ့် နယ်မြေမဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တယ်။ အငြင်းပွားနေတဲ့ တောင်ကုန်းကို ရန်သူ့လက်ပါမသွားအောင် ပြန်တိုက်ယူနိုင်ခဲ့ပြီး၊ လွယ်လန်းဒေသက နယ်မြေအငြင်းပွားမှု ပြဿနာကတော့ နဂိုအခြေအနေတိုင်း ရှိနေပြီး ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ အဲ့ဒီ့ အချိန်က မိမိ လေတပ်မတော်မှာ ခေတ်မှီဂျက်တိုက်လေယာဉ် မရှိခဲ့တဲ့ အတွက် ယိုးဒယားလေတပ်က မိမိ ခေါင်းပေါ်ဖြတ်ပျံပြီး နားရွက်တံတွေးဆွတ်တာ ခံခဲ့ရတယ်။

(ပြီးခဲ့တဲ့ ၂၀၀၃ တိုက်ပွဲစဉ် အကြောင်းမှာ အချက်အလက် တချို့ကို ပြင်ချင်တာက ပန်ကန့်ကော်၊ ပန်မိုင်ဆွန်၊ လွယ်ထွေ၊ ကျူဆပ်ကပ်စတဲ့ စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၃ ခုနှစ်ထဲမှာ မဟုတ်ပါဘူး၊ ယိုးဒယားနဲ့ ပစ်ခတ်မှုတွေဖြစ်တာ ၂၀၀၃ ခုနှစ်ထဲမှာ ဖြစ်ပေမယ့် စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၂ ခုနှစ် မေလထဲ (Cobra Gold ရာသီ) မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပန်ကန့်ကော် ဒေသဟာ ဘီပီ-၅ မဟုတ်ပါဘူး၊ ဘီပီ-၃ပါ။)

သိတဲ့လူတွေက အချက်အလက်တွေ ဖြည့်ပေး၊ ပြင်ပေးကြဖို့ ကြိုဆိုပါတယ်။

အားလုံးကို လေးစားလျက်
Comrade

Wednesday, 26 October 2011

ကမ္ဘာ့ ကုလသမဂ္ဂနှင့် အထွေထွေ အတွင်းရေးမှူးချုပ်များ

 အောက်တိုဘာ ၂၄ ရက်နေ့သည် ၆၆ နှစ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂနေ့ဖြစ်သည်။ ကုလသမဂ္ဂ ရုံးစိုက်ရာ အမေရိကန်နိုင်ငံ၏ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်း အဝေး ကြီးသို့ အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ထိပ်တန်း ခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိ လာကြပေပြီ။ ကုလသမဂ္ဂအဖွဲ့ကြီး ကို လူတိုင်း အကြမ်းအားဖြင့် သိရှိ နိုင်ကြသော်လည်း အဖွဲ့ကြီးစတင် ပေါ်ပေါက်  လာကတည်းက တာဝန် ထမ်းဆောင်ခဲ့ကြသော အထွေထွေ အတွင်း   ရေးမှူးချုပ် များ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်းကို သိလိုကြပေလိမ့် မည်။  ယခုလက်ရှိ တာဝန်ယူနေသော မစ္စတာဘန်ကီမွန်းသည် အဋ္ဌ မမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ မိမိတို့အာရှ တိုက်သားများ ထဲမှ ဒုတိယမြောက်ဖြစ်သည်။ အာရှ တိုက်သားထဲမှ ပထမဆုံးမှာ မိမိတို့ မြန်မာနိုင်ငံသား ဦးသန့်ဖြစ်သည်ကို ကြားဖူး ကြပေလိမ့်မည်။ ကမ္ဘာပေါ်တွင် အရေးပါဆုံးနှင့် အထင်ရှား ဆုံးသော အဖွဲ့အစည်းကြီးကို တာဝန်ယူလုပ်ဆောင်ပေး ခဲ့ကြသော အတွင်း   ရေးမှူးချုပ် များ၏ မှတ်တမ်းအကျဉ်း များကိုဖော်ပြ ၍ ကမ္ဘာ့ကုလ သမဂ္ဂနေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါသည်။
 
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးစတင်

ဒုတိယကမ္ဘာစစ်ကြီးပြီး နောက်နိုင်ငံ ပေါင်းချုပ်အသင်းကြီးကို အစားထိုး၍ ၁၉၄၅ ခုနှစ်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က ရည်ရွယ်ချက်မှာ ကမ္ဘာစစ်ကြီး ရပ်စဲ၍ နိုင်ငံများအချင်းချင်းတွေ့ဆုံဆွေးနွေး မှုကို စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အတွက်အဓိကဖြစ်သည်။ ၁၉၄၅ ခု ဧပြီ ၂၄ ရက်နေ့က အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့ တွင်ပြုလုပ်သော ကုလသမဂ္ဂ၏ ပထမဆုံး နိုင်ငံတကာ ညီလာခံတွင် နိုင်ငံပေါင်း ၅ဝ သာတက်ရောက်ခဲ့ သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ အထိရှိလာနေပြီ ဖြစ်သည်။ သို့ရာတွင်နိုင်ငံများ၏  သဘော တူညီချက်အရ ကုလသမဂ္ဂနေ့ကို ၁၉၄၅ ခု အောက်တိုဘာ ၂၄ ရက် နေ့တွင် အသိအမှတ်ပြုခဲ့ကြသည်။
 
 
၁။ ထရိုင်ဂေးလိုင်း (Trygve Halvdom Lie)

ပထမဆုံးကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၁၈၉၆ ခု ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး။ အသက် ၇၂ နှစ်၊ ၁၉၆၈ ဒီဇင်ဘာ ၃ဝ ရက်တွင် နော်ဝေနိုင်ငံ၊ ဂဲလိုမြို့တွင် ကွယ်လွန်ခဲ့သည်။ ကလေး ၃ ဦးနှင့် ဇနီးတို့ကျန်ရစ်ခဲ့သည်။ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ၁၉၄၆   ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာ ၉ ရက် ၁၉၅၂ တွင် နုတ်ထွက်သွားခဲ့သည်။
 
 
၂။ ဒက်ဟမ္မားရှိုး (Dag Hammarskjold Skjold)

ဒုတိယမြောက် အထွေထွေအ တွင်းရေးမှူးချုပ်ဖြစ်သည်။ ဆွီဒင်နိုင်ငံ Jonkoping မြို့တွင် ၁၉ဝ၅ခု ဇူလိုင် ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် ၅၆ နှစ် ၁၉၆၁ စက်တင်ဘာ ၁၈ ရက်တွင် ရိုဒီးရှားဖက်ဒရေး နိုင်ငံ Ndola မြို့တွင် ကွယ်လွန်ခဲ့သည်။ တာဝန်ထမ်းဆောင် နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားစဉ် အမေရိကန်သမ္မတ ဂျွန်ဖက်ကနေဒီက ‘ကျွန်တော်တို့ ရာစုတွင်အကြီးမားဆုံးလူသား’ ဟု မှတ်ချက်ပြုခဲ့သည်။
 
၃။ ဦးသန့် (U Thant)

တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ တွင် ၁၉ဝ၉ ဇန်နဝါရီ ၂၂ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ သက်တမ်း ၂ ကြိမ် ဆက်တိုက်တာဝန် ထမ်းဆောင်ခဲ့ပြီး အသက် ၆၅ နှစ် ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်   နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင်အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။  ဦးသန့်၏ ဖခင်ဦးဖိုးနှစ်မှာ ဆန်ကုန်သည်ကြီး တစ်ဦးဖြစ်ပြီး သူရိယ သတင်းစာတိုက်ကိုထူထောင်ရန် ကူညီခဲ့သူတစ်ဦးဖြစ်သည်။ ဦးသန့် သည် မွေးချင်းသား ၄ ဦး အနက် အကြီးဆုံးသားဖြစ်သည်။ မိခင်မှာ ဒေါ်နန်းသောင်းဖြစ်သည်။ ဦးသန့် အသက် ၁၄ နှစ်အရွယ်တွင် ဖခင် သေဆုံးသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သား၂ ဦး သမီး ၁ ဦးထွန်းကား ခဲ့သည်။ သား ၂ ဦးလုံးပင် သေဆုံးသွားခဲ့ သည်။ သားကြီး မောင်ဘိုမှာ မွေးကင်းစကပင်သေဆုံးခဲ့ပြီး၊ သားငယ် တင်မောင်မှာ ရန်ကုန်တွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျ၍ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 
၎။ ကွတ်ဝေါလ်ဟိန်း (Kurt Waldheim)

စတုတ္ထမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ သြစတြီးယားနိုင်ငံ (ဂျာမန်)၊ ဗီယင်နာ မြို့အနီး ၁၉၁၈ ခု ဒီဇင်ဘာ ၂၁ ရက်တွင်မွေးဖွားသည်။ အသက် ၈၈ နှစ် ၂ဝဝ၇ ဇွန်လ ၁၄ ရက်တွင် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၂ ဇန်နဝါရီ ၁ ရက်မှ ၁၉၈၁ ဒီဇင်ဘာ ၃၁ ရက်နေ့အထိသက်တမ်း ၂ ကြိမ်အပြည့်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သြစတြီးယား၏ ကိုးကြိမ် မြောက်သမ္မတရာထူးကိုလည်းထမ်း ဆောင်ခဲ့သည်။
 
 
၅။ ပဲရစ်ဒေကွေးလျား (Perez de Cuellar)

ပဉ္စမမြောက် ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည်။ ပီရူးနိုင်ငံ၊ လီမာမြို့တွင် ၁၉၂ဝ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မွေးဖွား သည်။ အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။ ယခုသက်ရှိထင်ရှားရှိ သော အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ၃ ဦးထဲမှ အသက် အကြီးဆုံးဖြစ်သည်။
 
 
၆။ ဘူးထရို့စ်ဘုးထရို့စ်ဂါလီ (Boutros Boutros Ghali)
ဆဋ္ဌမမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး အီဂျစ် နို်င်ငံသား တစ်ဦးဖြစ်သည်။ ၁၉၂၂ ခု နိုဝင်ဘာ ၁၄ ရက်နေ့တွင် မွေး ဖွားပြီး ယခုအသက်ရှိထင်ရှား ဒုတိ ယအသက်အကြီးဆုံးအထွေထွေ အတွင်းရေးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ အသက် ၈၈ နှစ်ရှိပြီဖြစ်သည်။ ရာထူးသက်တမ်း ၁၉၉၂ ဇန်နဝါရီ ၁ ရက်မှ ၁၉၉၆ ခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။ အာဖရိကတိုက်၏ ပထမဆုံး အထွေထွေ အတွင်းရေးမှူးချုပ်တစ်ဦး ဖြစ်သည်။
 
၇။ ကိုဖီအာနန် (Kofi Annan)
သတ္တမမြောက်ဖြစ်သည်။ ဂါနာနိုင်ငံသား တစ်ဦးဖြစ်ပြီးGold Coast မြို့တွင် ၁၉၃၈ ဧပြီလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ကာ ယခု အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး သက်ရှိ ထင်ရှားရှိဆဲဖြစ်သည်။ ကိုဖီအာနန် သည် ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ဒီဇင်ဘာ ၂ဝဝ၆ နေ့ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်တွင် ငြိမ်းချမ်းရေး   နိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့သည်။
 
 
၈။ ဘန်ကီမွန်း (Ban Ki-moon)

ယခုလက်ရှိ အဋ္ဌမမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံသား တစ်ဦးဖြစ်ပြီး ဒုတိယမြောက်အာရှတိုက်သား အထွေထွေအတွင်းရေးမှူးချုပ်ဖြစ် သည်။ ၁၉၄၄ ခု ဇွန်လ ၁၃ ရက် တွင် မွေးဖွားခဲ့ပြီး အသက် ၆၇ နှစ် ရှိပြီဖြစ်သည်။ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်တာဝန် ယူခဲ့ပြီး ပထမကြိမ် သက်တမ်းကုန် ဆုံးကာ ဒုတိယအကြိမ် ဆက်လက် အရွေးခံရပြီး တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။
http://doctorsatephwar.blogspot.com/2011/10/trygve-halvdom-lie-dag-hammarskjold.html#moreမှကူးယူဖော်ပြသည်.....

Monday, 24 October 2011

ကြည့် တတ် မြင်တတ် ပါစေ

ကြည့် တတ် မြင်တတ် ပါစေ


သူငယ်ချင်းရေ လောကရှိလူသားအချို့ဟာ မည်သည့်အလုပ်ကိုမဆို အများအားဖြင့် အပေါ်ယံကိုပဲကြည့် ပြီး သူတစ်ပါးလုပ်သည့် တိုးတက်ကောင်းမွန်းစေသော အလုပ်များကို ကဲ့ရဲ့ပြစ်တင်တတ်ကြတာဟာ ဘေးလွယ် အိတ်လို လူတွေဦးနှောက်မရှိသူ တွေပဲ သူငယ်ချင်းရေ ။


သူငယ်ချင်းကို မြင်သာအောင် ပြောရမယ်ဆိုရင်တောကွာ ငါ့ တို့  နိုင်ငံတော်ကြီး ခေတ်မှီဖွံ့ ဖြိုး တိုးတက်ဖို့ အဖက်ဖက်ကနေ ၀ိုင်းဝန်း ကူညီပြီး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်နေတဲ့  အချိန်မှာ အတွေးအခေါ် ကျပ်မပြည့်ပြီး စဉ်းစားဥာဏ် မရှိတဲ့ အဝေးကနေ ဟောင်နေကြတဲ့ ပြည်ပအားကိုးပုဆိန်ရိုး တွေလိုပါပဲ သူငယ်ချင်းရေ…။


သူငယ်ချင်းရေ တစ်နေ့ တစ်နေ့ ကို လိမ်ညာ လုပ်ကြံမှုတွေ ဖန်တီးပြီး သူများသနားအောင် ဟောင်ပြ အမြီးနှံပြမှ အစာရတဲ့  ပြည်ပ မီဒီယာ တစ်စုရဲ့  မဟုတ်တမ်းတရားတွေ ၀ါဒဖြန့်မှုကြောင့်  ပြည်သူတွေ လမ်းမှားမရောက်စေ ဖို့  ငါတို့ တစ်တွေမှာ တာဝန်ရှိတယ် သူငယ်ချင်းရေ..။ ပြည်သူတွေကိုလဲ ကြည်တတ်မြင်တတ်စေဖို့  နားလည်သဘောပေါက်စေဖို့  ပြောပြကြရမယ်သူငယ်ချင်းရေ…။


နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်အောင် အဘက်ဘက်ကနေ အဓိက ကူညီပေးခဲ့တာဟာဆိုရင် မြန်မာ့ တပ်မတော်သားတွေပါပဲ သူငယ်ချင်းရေ...။ ပြည်သူတွေ ဒုက္ခ အန္တရာယ်နဲ့ကြုံလာတိုင်း ပြည်သူရှေ့ ကနေ မားမား မတ်မတ်ရပ်တည်ပြီး ဖြေရှင်းပေးခဲ့ တာဟာလဲ တပ်မတော် ပါပဲ။ ပြည်သူတွေ ကို အသက်အိုးအိမ် စည်းစိမ်တွေကို စောင့် ရှောင့် ပေးခဲ့ တာလဲ မြန်မာ့တပ်မတော်သားတွေပဲဆိုတာ သူငယ်ချင်းအသိပါပဲ…။ မြန်မာ့တပ်မတော်ရဲ့  အဓိက လုပ်ငန်းကြီး (၃)ရှိတယ် သူငယ်ချင်း အဲဒါတွေကတော စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ ကျင့် ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်း လုပ်ရန် ဆိုတဲ့  လုပ်ငန်းကြီးတွေပါပဲ သူငယ်ချင်းရေ…။


နိုင်ငံတော်ကြီးကို ဆထက်တပိုး တိုးတက် အောင်မြင်လာ ရန်အတွက် အဖျက်အမှောက်ရန်သူတွေကို တိုက်ခိုက် နှိမ်နှင်းပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်ပေးနေတာကို ပြည်သူတွေ သိစေချင်ပါတယ် သူငယ်ချင်းရေ…။


သူငယ်ချင်းရေ မြန်မာ့ တပ်မတော်ဟာ အသစ်တည်ဆောက်အဟောင်းပြုပြင်ခဲ့ သည့် အပြင် အဖျက်အမှောက်သမား တွေရဲ့  ဖျက်ဆီးမှုတွေကိုပါ ကာကွယ်ပေးခဲ့ ပါတယ် ။တိုးတက်မှုကို မလိုလားမရှု စိမ့်တဲ့ လူမျိုးတစ်စုတွေရဲ့  ဖောက်ခွဲဖျက်စီးမှု တွေဟာ ပြည်သူတွေရဲ့  သွားလာရေး လမ်းပန်း ဆက်သွယ်ရေး ကိုပါထိပါစေခဲ့ ပါတယ်..။ ဒါတွေကို ကာကွယ်စောင့် ရှောက်ခဲ့ ကြပါတာဟာလဲ မျိုးချစ်မြန် မာ့ တပ်မတော်သားတွေပါပဲ သူငယ်ချင်းရေ..။ သူငယ်ချင်း မြန်မာ့ တပ်မတော်သား စစ်သားတွေရဲ့  ဘ၀ကို စာနာကြည့်လိုက်ပါသူငယ်ချင်း စစ်သားတွေရဲ့  ဘ၀ဟာ အရမ်းကိုပဲ သနားစရာကောင်းလွန်းလှပါတယ်…။
“ဆရာဝန် တစ်ယောက်ဟာ လူနာတစ်ယောက်ရဲ့ အသက်ကို ဦးနှောက်သုံးပြီး သူကိုတိုင် အသက် အန္တရာယ်ကင်းစွာဖြင့် လူနာ၏ အသက် ကယ်တင်လိုက်နိုင်တာကို လူနာရှင်တွေက မျက်မြင်ကိုယ်တွေ့  ကြုံတွေရပြီ အသက်သခင် ကယ်တင်ရှင်လို့  ချီးကျူး ခံရတဲ့  ဆရာဝန် တစ်ယောက်ကို ပြည်သူတွေသူက သိရှိကြပေမဲ့  ကားလိပ်ကာ နောက်ကနေပြီး ၊ တော တောင် လျှိုမြောင်တွေကြားမှာဆင်းရဲ ဒုက္ခခံကာ ပြည်သူတွေကို နှောက်ယှက်ဖျက်စီးကြမဲ့  ရန်သူတွေ ကို မိမိတို့ အသက် သွေးချွေးနဲ့ ရင်းပြီး ပြည်သူတွေ၏့  အသက် ပေါင်းများစွာကို ကယ်ဆယ်ခဲ့တဲ့ တပ်မတော်သား စစ်သား တစ်ယောက်ရဲ့  စွမ်းဆောင်မှု တစ်ရပ်ကို ပြည်သူတွေ ကြည့်တတ် မြင်တတ်စေချင်ပါတယ်”
ပြည်သူတွေရဲ့  အမြင်မှာ မဟုတ်မမှန် လိမ်ညာပြီး အစာ ရေစာတစ်ခုရဖို့ အရေးကို အမြီးနှံပြီး ဟောင်ပြ နေတဲ့  ပြင်ပမီဒီယာတွေရဲ့  မဟုတ်မမှန် ဖန်တီးထားတဲ့  တပ်မတော်သား စစ်သားတွေရဲ့  သိက္ခာကို ကျစေရေးလုပ်ရပ်တွေကို ကြည့် ပြီး တပ်မတော်သားများ အပေါ် အမြင်မကြည်တာ တွေဖြစ်မှာ စိုးရိမ်မိတယ်သူငယ်ချင်း ။

တပ်မတော်သားတွေကလဲ ပြည်တွေကမွေးဖွားခဲ့  ပြည့် သူတွေရဲ့ သား ပြည်သူချစ်သော ပြည်ချစ်သားတွေပါ။ သူစိမ်းတွေ ကြားလူတွေဝင်ပြောလို့  သားသမီးကို အပြစ်မမြင်စေချင်ပါဘူး.. ပြည်သူများ ညီကိုမောင်နှမများအနေဖြင့်  နည်းအမျိုးမျိုးနဲ့  တပ်မတော်သားတွေ ကို အပုတ်ချပြောဆိုနေတဲ့ ပြင်ပမီးဒီယာတွေရဲ့  လုပ်ကြံဖန်တီးပြီး ဟန်ဆောင်ပြတဲ့  ၀ါဒဖြန့် မှုတွေ နဲ့  တပ်မတော်သားတွေရဲ့တိုင်းပြည်နှင့် လူမျိုးအပေါ် အသက်ပေး ကာကွယ် စောင့်ရှောက် တတ်သော မွန် မြတ်လှတဲ့  စိတ်ထားနဲ့  လုပ်ဆောင်မှု တွေကို ပြည်သူများ ကွဲကွဲပြားပြားဖြင့်  ကြည့်တတ် မြင်တတ် ကြပါစေ….။

ref: http://examplarygardener.blogspot.com/2011/10/blog-post_22.html

Monday, 17 October 2011

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သူ နောင်ရိုးတိုက်ပွဲကိုဆင်နွဲခဲ့သူ ဘုရင့်နောင်

ကမ္ဘာက သိအောင်ကျော်ကြားသည်
လက်ရုံးဘုန်းရှိန်အင်အားသည်
အလွန်ကြီးမားသူ ဘုရင်မြတ်တစ်ပါး
နောင်ရိုးတိုက်ပွဲ စတည်သည်..။
ခန့် ညားဝံ့ထည် အင်အားသည် မြန်မာဟေ့ ကြွေးကြော်နိုင်ခဲ့သည်
အရှင်မြတ် ဘုရင့်နောင် အာဏာစက် မော်ကွန်းမှတ်တိုင်တည်
သမိုင်းမှတ်တိုင်တွေ ၀ံ့ကြွားစိုက်ထူနိုင်ခဲ့သည်
ဒုတိယမြန်မာနိုင်ငံ တည်ထားခဲ့တယ် ကေတုမတီ
မြန်မာရဲ့ ရာဇ၀င် စာကမ္ဗျည်းထိုးစရာ ပန္နာတင့်သည်
မြို့ မတောင်ငူ နှစ်ပေါင်း ( ၅၀၀ ) တိုင်ခဲ့ပြီ ...။
တိုးတက်သာယာ စည်ကားလို့ နေ ကေတုမတီ
နန်းထိုက်တော်ဝင် ဒီမြို့ အလှပန်းချီ ရှုမောမဆုံးပါပြီ...။
မြန်မာသမိုင်းတွင် နောင်ရိုးတိုက်ပွဲသည် သမိုင်းဝင်တိုက်ပွဲတပွဲ ဖြစ်သည်။ ထိုတိုက်ပွဲနှင့်အတူ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ဂုဏ်သတင်းမှာလည်း အထူးထင်ရှားလာခဲ့သည်။ ဘုရင့်နောင်ကို မင်းကြီးဆွေနှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီးတို့က သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)တွင် မွေးဖွားသည်။ ငယ်မည်မှာ ရှင်ရဲထွတ်ဖြစ်သည်။ သက္ကရာဇ် ၈၉၂-ခုနှစ် (ခရစ်နှစ်-၁၅၃၀) တွင် မင်းတရားရွှေထီး နန်းတက်သောအခါ ရှုင်ရဲထွတ်၏ ခမည်းတော်မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ အပ်နှင်းသည်။

ရှင်ရဲထွတ်သည် ဘုရင်တပင်ရွှေထီးအထံတော်၌ ကျော်ထင်နော်ရထာအမည်နှင့် အမှုတော်ထမ်းရွက်ရ လေသည်။ ခရစ်နှစ် ၁၅၃၂-ခုနှဏ်တွင် ဟံသာဝတီနေပြည်တော်၊ ရွှေမော်ဓော ဘုရားရင်ပြင်၌ သူရဲကောင်း ၅၀၀-ရွေးချယ်ခြင်းကို ကျော်ထင်နော်ရထာ စီစဉ်ခဲ့သည်။ ထိုအချိန်သည် တောင်ငူနှင့် ဟံသာဝတီ အားပြိုင်သည့်အချိန်ကာလလည်း ဖြစ်သည်။ တောင်ငူတွင် မင်းတရားရွှေထီး နန်းစံပြီး ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ နန်းစံလျက်ရှိသည်။

ခရစ်နှစ် ၁၅၃၇-ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို စစ်သည်အလုံးအရင်းနှင့် ချီတက်တိုက်ရာတွင် မင်းတရားရွှေထီး အနိုင်ရသဖြင့် သူရှင်တကာရွတ်ပိသည် ပြည်မြို့သို့ တိမ်းရှောင်၍ ပြည်ဘုရင် နရပတိနှင့် ပူးပေါင်းခုခံသည်။ သို့ဖြစ်၍ မင်းတရားရွှေထီးသည် ပြည်သို့ ချီတက်ရန် စီစဉ်ခဲ့သည်။ တောင်ငူတပ်ကို ကျော်ထင်နော်ရထာက ဦးဆောင်ချီတက်ရသည်။ မြန်မာရာဇ၀င်များဖြစ်သည့် မှန်နန်းရာဇ၀င်ကြီး၊ တွင်းသင်းတို့တွင် နောင်ရိုးတိုက်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားသည်။
(နောင်ရိုးတိုက်ပွဲနှင့် ကျော်ထင်နော်ရထာ)
ကျော်ထင်နော်ရထာသည် ဟံသာဝတီ၌ သိုဝှက်ထားသော တိုက်လှေများကို ဆုလာဘ်ပေး၍ ယူစေပြီးသော် လှေတပ် ၇-တပ်ဖွဲ့ကာ ရေကြောင်းမှ မင်းတရားကြီးအား ချီတော်မူစေသည်။ ရေတပ်၊ ကြည်းတပ် ကိုယ်မကွာ ချီရမည်ဆို၍ သတိုးဓမ္မရာဇာ အစရှိသူတို့ကို တပ် ၄-တပ်တွင် ဦးစီးစေလျက် လှေတပ်များနှင့် ထက်ကြပ်မကွာ ချီတက်စေလေသည်။ ကျော်ထင်နော်ရထာကိုယ်တိုင်လည်း တိုက်ဆင်-၅၀၊ မြင်း-၅၀၀၊ စစ်သည်သူရဲ-၁၀၀၀၀၊ ဆင်စီးအမတ် ၅-ကျိပ်နှင့် ကုန်းကြောင်းမှပင် ချီတက်လိုက်ပါလာရာ နောင်ရိုးသို့ရောက်၏။ ချောင်းတခု တားဆီးနေသဖြင့် ထိုချောင်းတဖက်၌ ရပ်နားနေရသည်။

ကျော်ထင်နော်ရထာသည် မင်းမှုထမ်းတဦးအား အမြင့်ဆုံးသစ်ပင်ထိပ်သို့ တက်စေ၍ ကြည့်ရှုစေရာ ရန်သူတပ်သည် မိမိတို့တပ်ထက် မှန်းခြေအားဖြင့် ဆယ်ဆမက ကြီးမားလှသည်ဟု လျှောက်တင်ခဲ့သည်။ နောင်ရိုးတဖက်ကမ်းတွင် ပြည်ဘုရင်ထံသို့ ရေကြောင်းဖြင့်ဆုတ်ခွါ ထွက်ပြေးသော သုရှင်တကာ ရွတ်ပိ၏အမတ် ဗညားဒလနှင့် မင်းရဲအောင်နိုင် အစရှိသူတို့သည် တိုက်ဆင် ၂၀၀၊ မြင်း ၈၀၀ နှင့် စစ်သည်သူရဲ ၈၀၀၀-တို့ကို တပ်ကြီး ၅-တပ်ဖွဲ့၍ တပ်ချရပ်နား နေကြသည်။
(စစ်တို့၏သဘော)
ကျော်ထင်နော်ရထာအနေဖြင့် ရန်သူ၏အင်အားမှာ မိမိတို့အင်အားထက် ၁၀-ဆသာလွန်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက်တိုက်ပွဲဝင်ရန်သာ ပြင်ဆင်ခဲ့သည်။ စစ်တို့၏သဘောသည် နည်းသည်များသည် မဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ဆင်ရာ၌ နည်းပရိယာယ်သာ လိုရင်းဖြစ်သည်-ဟူသော ကျော်ထင်နော်ရထာ ပြောကြားခဲ့သော စကားသည် သမိုင်းတွင်သည့် စကားဖြစ်လာခဲ့သည်။

ကျော်ထင်နော်ရထာသည် မိမိတပ်များကို ဖောင်များဖွဲ့စေပြီးလျှင် တဖက်ကမ်းသို့ ချောင်းကိုဖြတ်၍ ဖောင်နှင့်ကူးစေသည်။ တဖက်သို့ရောက်လျှင် မိမိတပ်သားများ နောက်မတွန့်စေဘဲ တိုက်ခိုက်နိုင်စေရန် ဖောင်များကို ဖျက်စေသည်။ ထို့နောက် ငါတို့အောင်မြင်လျှင်  အသက်ရှင်မည်၊ မအောင်မြင်ခဲ့လျှင်လည်း ငါတို့သေရမည်။ သေလေပြီးသည်ကိုလည်း ဘယ်သူ့ကို အပြစ်တော်တင်ရမည်နည်း-ဟု တပ်မှူးစစ်ကဲအပေါင်းအား စိတ်နှစ်ခွမရှိစေရန် ရှင်းလင်းမိန့်တော်မူသည်။ ထို့နောက် စစ်ကြောင်းများခွဲ၍ တိုက်စေသည်။ ကျော်ထင်နော်ရထာ ကိုယ်တိုင် ဆင်စီးအမတ်-၂၀၊ မြင်း-၁၁၀၊ စစ်သူရဲ-၄၀၀၀ နှင့် တိုက်ခိုက်လေသည်။ ကျော်ထင်နော်ရထာ၏ စစ်ဗျူဟာ ကျွမ်းကျင်မှုကြောင့်လည်း နောင်ရိုးတိုက်ပွဲတွင် တောင်ငူတပ်သားတို့ အောင်ပွဲရရှိခဲ့သည်။

နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသဖြင့် မင်းတရားရွှေထီးသည် ယောက်ဖတော်သူ ကျော်ထင်နော်ရထာအား ဘုရင့်နောင်-ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ ဗျူဟာစက္ကပျို့တွင်လည်း နောင်ရိုးတိုက်ပွဲနှင့် ဘုရင့်နောင်ဘွဲ့ ရပုံအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။

(နောင်ရိုးတိုက်ပွဲ တည်နေရာ)
နောင်ရိုးတိုက်ပွဲသည် သမိုင်းတွင် ထင်ရှားခဲ့သော်လည်း နောင်ရိုး၏တည်နေရာနှင့်ပတ်သက်၍ တိတိကျကျ မရှိလှချေ။ အချို့လည်း နောင်ရိုးသည် ပြည်မြို့အနီးတွင် ရှိသည်ဟု မှန်းဆကြသည်။ ရာဇ၀င်များတွင် တွေ့ရှိရသော တောင်ငူတပ်များ စစ်ချီလမ်းကြောင်းကို လေ့လာကြည့်သောအခါ သုရှင်တကာရွတ်ပိသည် နောင်ရိုးပျက်သောအခါ ပန်းမတီဝ၌ မနေ၀ံ့သဖြင့် အင်္ဂပူအထိ ဆုတ်ခွါသွားသည်ဟု သိရပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ အနော်ရထာဘက်ခြမ်းတွင် ပုသိမ်နှင့် မြောင်းမြ၏အကြား၌ ပန်းမတီမြစ်ဟုရှိသည်။ ရာဇ၀င်များတွင် ပန်းမ၀တီဟု မှားယွင်ဖော်ပြခြင်းဖြစ်မည်ဟု ယူဆရသည်။ ပန်းမ၀တီနှင့် အိမ်မဲချောင်း နှစ်မြွှာမကွဲမီ ချောင်းတရိုးတည်းရှိ၍ မင်းမနိုင်ချောင်းဟု ခေါ်ကြောင်း သိရပါသည်။ ထို့ကြောင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ ဖောင်ဖွဲ့၍ ကူးသောနေရာသည် ယခု အိမ်မဲဝန်းကျင်၌ ရှိနိုင်သည်။ နောင်ရိုးအရပ်မှာလည်း ဒါးကမြစ်နှင့် မင်းမနိုင်ချောင်းအကြားတွင် တည်ရှိသော နယ်မြေပင် ဖြစ်နိုင်စရာရှိပါသည်။ အိမ်မဲအနောက်ဘက်ကမ်းတွင်ရှိသည်ဟု ဆိုက ပို၍ သင့်တော်မည်ဖြစ်ပါသည်။ ဒါးကမြစ် တောင်ဘက်ကမ်း၌ရှိသော ဒေါင့်ကြီးအနီးဝန်းကျင်၌ ရှိမည်ဟုလည်း မှန်းဆနိုင်ပါသည်။

မင်းတရား ရွှေထီးသည် နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသော ကျော်ထင်နော်ရထာအား ၀တ်တော်မူသောလက်စွပ်၊ ပတ္တမြားလက်ကောက်တို့ကို ပေးသနား၍ လှိုင်မြို့ကို စားစေသည်။ အောင်ပွဲရတပ်မတော်သားများကိုလည်း အထိုက်အလျောက် အဆောင်အယောင် စားကျေး၊ စားလတ် ပေးတော်မူ၏။ ထိုနောက်မှ ရေအား၊ ကြည်းအားဖြင့် ပြည်မြို့သို့ ဆက်လက်ချီတက်တော်မူသည်။ မင်းတရားရွှေထီး လုပ်ကြံခံရပြီးနောက် ဘုရင့်နောင်သည် ကောဇာသက္ကရာဇ် ၉၁၅၊ တပို့တွဲလဆန်း ၆-ရက်နေ့ (ခရစ်နှစ် ၁၅၅၃) တွင် နန်းတက်တော်မူသည်။ ဘုရင့်နောင်သည် သက္ကရာဇ် ၉၄၃-ခု၊ တန်ဆောင်မုန်းလပြည့်နေ့ (ခရစ်နှစ် ၁၅၈၁)၊ နန်းသက် ၃၂-နှစ်၊ သက်တော် ၆၆-နှစ်တွင် ကံကုန်သည်။

ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)
(မင်္ဂလာမောင်မယ် ၂၀၁၀-ခု မေလ)

ရာဇ၀င်အထ္ထုပတ္တိလည်းရှိရမယ်.မော်ကွန်းလည်းထိုးလောက်တယ်

ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ် . . . PDF Print Written by နေထွန်းနိုင်

ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ရဲဘော်သုံးကျိပ်ဝင် အချို့အား တွေ့ရစဉ်
ဗမာ့လွတ်လပ်ရေးတပ်မတော်က  ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် ငါတို့ ဗမာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် ငါတို့ ဗမာပြည် မိဘအပေါင်းကကွယ် အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်။ ၁၉၄၁ ခုနှစ်အချိန်က ဂီတစာဆို သဟာယဆရာတင် ရေးစပ်သီကုံးခဲ့သည့် 'ဗမာ့လွတ်လပ်ရေးသီချင်း'မှ စာသားများဖြစ်သည်။ 'ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။ စသည့် အပိုဒ်က ထိုသီချင်းကို အမြဲတစေ မှတ်မိနေခဲ့စေသည်။ 'ဗမာ့လွတ်လပ်ရေး' သီချင်း၏ မူလအမည်က 'ဗမာ့သူရဲကောင်း' ဖြစ်သည်။ ၁၉၄၂ ခုနှစ်အချိန်မှာပင် အဆိုတော် တက္ကသိုလ်မျိုးချစ်က ရန်ကုန်မြို့တော်ခန်းမ၌ ပွဲဦးထွက်အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။ 'ဗမာ့လွတ်လပ်ရေးသီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ ကာယဗလဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲကာလအတွင်း တပ်သားသစ်များစွာကို ထိုသီချင်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပမာတင်၍ ရဲစိတ်သွင်းခဲ့သော သီချင်းဖြစ်သည်။


ဗမာ့လွတ်လပ်ရေးတပ်မတော် ထားဝယ်စစ်ကြောင်း ပုလောမြို့သို့ ရောက်ရှိလာစဉ်
 လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ၌ 'ဗမာ့လွတ်လပ်ရေး' သီချင်းကို ကိုမြကြီး၊ ရဲဘော်ခင်မောင်လှနှင့် အခြား အဆိုတော်များစွာက သီဆိုခဲ့ပြီး စစ်ရေးတေးတစ်ပုဒ် အနေဖြင့်လည်း ထင်ရှားခဲ့သည်။ ၁၉၀၆ ခုနှစ်၌ ရန်ကုန်ကောလိပ်ကျောင်းသားအချို့ တည်ထောင်ခဲ့သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ ထို့နောက် ၁၉၂၀ ပြည့်နှစ်၌ ပေါ်ထွက်လာသည့် နိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး (GCBA) နှင့် ပထမကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ် ဆရာစံ အရေးတော်ပုံ၊ တို့ဗမာအစည်းအရုံး၏ လှုပ်ရှားမှုများ၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်နှင့် ၁၉၃၈ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်မီးနှင့်အတူ ပေါ်ထွက်လာသည့် ဗမာ့ထွက်ရပ်ဂိုဏ်း စသည် တို့သည် ၁၉၀၀ ပြည့်နောက်ပိုင်း မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလအတွင်း ချန်လှပ်မရနိုင်သော သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်နှင့် ပေါ်ထွက်ခဲ့သည့် 'ဗမာ့ထွက်ရပ်ဂိုဏ်း'ကို တို့ဗမာ အစည်းအရုံးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 'အင်္ဂလိပ်အခက်၊ ဗမာ့အချက်' ဟူသောမူကို ကိုင်စွဲခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးက သခင်အောင်ဆန်း ဖြစ်သည်။ ''မမျှော်လင့်သော အကြောင်းတစ်ရပ်သည် ရှောင်တခင်ပေါ်ပေါက်၍ လာလေသည်။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီးတွင် ပါဝင် ဆောင်ရွက်လျက်ရှိသော ဒေါက်တာဘမော်နှင့် ဒေါက်တာ သိန်းမောင်တို့က အကယ်၍ အလိုရှိပါက ကျွန်ုပ်တို့သည် ဂျပန်၏ အကူအညီကို ရရှိနိုင်ကြောင်း သတင်းပေးကြလေသည်။ ကျွန်ုပ်တို့လူသိုက်လည်း ချက်ချင်းလိုပင် စုရုံးစည်းဝေးကာ ဂျပန် အကူအညီ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင်ကြလေသည်။ ကျွန်ုပ်တို့အားလုံး သဘောတူညီကြသည့် အချက် တစ်ချက်က လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲရာတွင် အနည်းဆုံး နိုင်ငံခြားသို့ ၀ါဒဖြန့်မှု ရရှိ ဖြစ်မြောက်စေရန် လိုအပ်ပေသည် ဟူသော အချက်ဖြစ်သည်။ တစ်ဖန် ထို့ထက်တစ်ဆင့်တိုး၍ နိုင်ငံခြား အကူအညီကို ရရှိနိုင်မည်ဆိုကလည်း ပို၍ပင် သင့်လျှော်ကောင်းမွန်မည်ဟု ကျွန်ုပ်တို့ သဘောရခဲ့ကြပေသည်။ အထက်ပါ အချက်အလက်များနှင့် ပြည့်စုံရရှိရေးအတွက် မြန်မာပြည်အတွင်းမှနေ၍ ကြံစည်ရန် လုံးဝ မဖြစ်နိုင်ကြောင်းကို ကျွန်ုပ်တို့ သဘောတူ စဉ်းစားမိခဲ့ကြလေသည်။ကျွန်ုပ်တို့လူ ငယ်နိုင်ငံရေးသမားများထဲက ထိုင်း၊ ဂျပန် သို့မဟုတ် တရုတ်ပြည်များသို့ ကိုယ်တိုင်သွားရောက်ရာမှလည်း ဖြစ်နိုင်စရာ အကြောင်းရှိပေသည်''ဟု ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးသမိုင်း၌ ရေးသားခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း၏ မူလရည်ရွယ်ချက်က တရုတ်နိုင်ငံသို့ သွားရောက်ရန် ဖြစ်သည်။ လျှို့ဝှက်ဆက်သွယ်မှုများလည်း ပြုလုပ်ခဲ့သည်။ သို့သော် တရုတ်-ဗမာ လမ်းမကြီးကို ဗြိတိသျှအစိုးရက ပိတ်ခဲ့သည့်အတွက် အခက်ကြုံစရာ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေး၌ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် နိုင်ငံခြားအကူအညီ လိုအပ်သည့်အပြင် ပြည်တွင်းမှ စနစ်တကျ စည်းရုံးလှုပ်ရှားမှုများက အရေးပါကြောင်း ခံယူခဲ့သည်။ ပြည်တွင်းအင်းအားကို အသုံးချ၍ လုပ်ဆောင်ရန် ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း၏ စီမံကိန်းကို သူ၏ ရဲဘော်ရဲဘက်များက လက်ခံနိုင်မှု နည်းပါးခဲ့သည်။ တို့ဗမာအစည်းအရုံးဝင် သခင် ခေါင်းဆောင်များက တော်လှန်ရေးတိုက်ပွဲ အတွက် နိုင်ငံခြား တိုင်းပြည် တစ်ခုခုမှ အကူအညီယူရန် ဆုံးဖြတ်ခဲ့သည်။ စေလွှတ်မည့်သူကိုလည်း ရွေးချယ်ခဲ့သည်။ မူလက ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ကျော်စိန်ကို ရွေးချယ်ခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိသျှအစိုးရက ဖမ်းဝရမ်း ထုတ်ထားသည်။ မူလ ရွေးချယ်ခဲ့သည့် သခင်ကျော်စိန်မှာ မလိုက်နိုင်တော့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဖမ်းဝရမ်း ထုတ်ခံထားရသည့် သခင်လှမြိုင်ကို အစားထိုး ရွေးချယ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်လှမြိုင်တို့၏ ခရီးဦးတည်ရာက တရုတ်နိုင်ငံသို့ပင် ဖြစ်သည်။ ကုန်းလမ်း ပိတ်ထားသဖြင့် ရေလမ်းကို အသုံးပြုခဲ့သည်။ ဒီးဒုတ်ဦးဘချို၏ အကူအညီဖြင့် တရုတ်နိုင်ငံသွား ဟိုင်လီမီးသဘောင်္ပေါ်၌ တ ရုတ်ဝတ်စုံများ ၀တ်ဆင် ရုပ်ဖျက်လျက် အမွိုင်သို့ ထွက်ခွာခဲ့သည်။ ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုခရီးက မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါလာမည့် ရဲဘော်သုံးကျိပ်ကို ဖြစ်ပေါ်စေရန် လမ်းစ ဖြစ်စေခဲ့သည်။ ဂျပန်တို့၏ ဖိနှိပ်မှုကို စိတ်ရှည်စွာ ဆက်ဆံခဲ့သော်လည်း လွတ်လပ်ရေး အတုအယောင်သာ ပေးခြင်း၊ တိုင်းပြည်အတွက် ထိရောက်သော လုပ်ငန်းများကို လုပ်ကိုင်မပေးခြင်း၊ လူထုအား မတရားညှင်းပန်းခြင်း၊ လူထုထံမှ ပစ္စည်းဥစ္စာ ရှိသမျှကိုလည်း အဓမ္မသိမ်းပိုက်ခဲ့ခြင်း၊ ဒီမိုကရေစီလွတ်လပ်ရေးနှင့် လူ့အခွင့်အရေးဟူသည်ကို စိုးစဉ်းမျှ မကျန်အောင် ဂျပန်တို့က လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးသမိုင်း စာအုပ်တွင် ပြောဆိုခဲ့သည် . . . ဗိုလ်ချုပ်အောင်ဆန်းတို့ အမွိုင်ရောက်ရှိခဲ့ပြီး အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့သည်။ ထိုအချိန်မှာပင် ဂျပန် အစိုးရမှ စေလွှတ်ခဲ့သည့် ကာနယ်ဆူဇူကီးက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဂျပန်သတင်းထောက်တစ်ဦး အဖြစ် လျှို့ဝှက်စွာ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ လွတ်လပ်ရေး လှုပ်ရှားမှု အဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ပြည်တွင်းမှ အဖွဲ့များ၏ သတင်းပေးချက်အရ အမွိုင်တွင် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်သွယ်မှုရရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဂျပန်တို့နှင့် ဆက်သွယ်မှုရခဲ့ပြီး ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။ ကာနယ်ဆူဇူကီး၏ ချိတ်ဆက်မှုဖြင့် ဂျပန်အရာရှိများနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ဆုံခဲ့သည်။ 'ဗမာ့လွတ်လပ်ရေး စီမံကိန်း'တစ်ရပ်ကို ရေးဆွဲ တင်သွင်းပေးခဲ့သည်။ ထိုစီမံကိန်းကို ဂျပန်စစ်ဦးစီးဌာနချုပ်က ပြင်ဆင်ချက် အနည်းငယ်ဖြင့် အတည်ပြုခဲ့ပြီး 'မီနာမီကိုင်ကန်' ခေါ် 'တောင်ပိုင်းဒေသဆိုင်ရာ' အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ကာနယ်ဆူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဗမာပြည် လွတ်လပ်ရေးအတွက် စီမံကိန်းအတိုင်း သင့်တော်သလို ဆောင်ရွက်ရန် လွှဲအပ်လိုက်သည်။ငွေအား၊ လူအားနှင့် လက်နက်အင်အား အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။ ၁၉၄၁ ခုနှစ် မတ်လ ၃ရက်နေ့၌ မြန်မာနိုင်ငံသို့ သခင်အောင်ဆန်း ပြန်လည် ရောက်ရှိလာသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆန်တင်ရန်လာသော ဆွန်တန်မရူးသဘောင်္ဖြင့် လိုက်ပါလာခြင်း ဖြစ်သည်။ လျှို့ဝှက်စွာပင် လာရောက်ခဲ့သည်။ သွားစဉ်က ကဲ့သို့ ရုပ်ဖျက်ထားသည်။ ထိုသင်္ဘောမှာ ပုသိမ်တွင် ဆိုက်ကပ်သည်။ ပုသိမ်မှ တစ်ဆင့် ရန်ကုန်သို့ မီးသဘောင်္ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ သခင်လှမြိုင်က ဂျပန်၌ ကျန်နေခဲ့သည်။ ရန်ကုန်သို့ ရောက်ရှိသည်နှင့် ဂျပန်၌ ရေးဆွဲခဲ့သော ဗမာ့လွတ်လပ်ရေး စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်း က အကောင်အထည် ဖော်ခဲ့သည်။ သခင်လူငယ် သုံးဆယ်ကို ဂျပန်သို့ လျှို့ဝှက်စွာ စေလွှတ်မည့် အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၁ ခုနှစ် မတ်လမှ ဇူလိုင်လအထိ 'ရဲဘော်သုံးကျိပ်' ဖြစ်လာမည့် သခင်လူငယ်သုံးဆယ်ကို လေးဖွဲ့ခွဲ၍ ဂျပန်သို့ စစ်ပညာသင်ယူရန် စေလွှတ်ခဲ့သည်။ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ဟိုင်နန်ကျွန်းနှင့် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ တိုင်ဝမ်ကျွန်း(ဖော်မိုဆာကျွန်း) တို့တွင် သင်ယူခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျာနှင့် ဗိုလ်မြင့်ဆွေတို့ နှစ်ဦး၊ ပဏာမ ပထမအသုတ် အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ သူပုန်ထရန်နှင့် စေ့ဆော်နှိုးဆွပေးရန် အတွက် ဖြစ်သည်။ ဒီဇင်ဘာလ အတွင်း၌ပင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကို ရဲဘော်သုံးကျိပ် အင်အားဖြင့် တည်ထောင်လိုက်သည်။ ထို့နောက် စစ်ကြောင်းလေးကြောင်း ဖြန့်ပြီး မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့သည်။ ယိုးဒယားစစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်းနှင့် မော်လမြိုင်စစ်ကြောင်း တို့ဖြင့် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တို့၏ စစ်အကူအညီဖြင့် ဆက်တိုက် ၀င်ရောက်ခဲ့ပြီး ဗြိတိသျှကို တိုက်ထုတ်ကြသည်။ ထိုသို့ တိုက်ထုတ်နေရင်းကပင် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည် ဆိုသော ဂျပန်အစိုးရ၏ မသိကျိုးကျွံ ပြုမှုများက သိသာလာသည်။ ထိုအချိန်ကပင် ဂျပန်ကို ဆက်လက် တွန်းလှန်ရန် ဟူသော အသိမှာ ရဲဘော်သုံးကျိပ်နှင့် လွတ်လပ်ရေး ကြိုးပမ်းသူများ၏ စိတ်၌ ကိန်းအောင်းလာခဲ့သည်။ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက် စစ်အုပ်ချုပ်ရေးဖြင့် ဂျပန်တို့က အုပ်ချုပ်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗမာ့ကာကွယ်ရေး တပ်မတော်၏ ဗမာပြည်စစ်တပ် ဗိုလ်ချုပ် ခန့်အပ်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့၌ ဂျပန်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သည်။ ထိုလွတ်လပ်ရေးမှာ ရွှေရည်စိမ် လွတ်လပ်ရေးမျှသာ ဖြစ်ခဲ့ရသည်။ ဂျပန်အကူအညီဖြင့် ဗြိတိသျှကို တော်လှန်ခဲ့သည့် လွတ်လပ်ရေး ကြိုးပမ်းသည် ဂျပန်တို့၏ ဖက်ဆစ်စနစ်၊ ရွှေရည်စိမ် လွတ်လပ်ရေးတို့နှင့် ထိပ်တိုက် တွေ့ခဲ့ပြန်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်ကို အင်အားနည်းစေရန် ဂျပန်တို့က ဖန်တီးခဲ့သည်။ ဂျပန်တို့၏ ဖိနှိပ်မှုကို စိတ်ရှည်စွာ ဆက်ဆံခဲ့သော်လည်း လွတ်လပ်ရေး အတုအယောင်သာပေးခြင်း၊ တိုင်းပြည်အတွက် ထိရောက်သော လုပ်ငန်းများကို လုပ်ကိုင် မပေးခြင်း၊ လူထုအား မတရား ညှင်းပန်းခြင်း၊ လူထုထံမှ ပစ္စည်းဥစ္စာ ရှိသမျှကိုလည်း အဓမ္မသိမ်းပိုက်ခဲ့ခြင်း၊ ဒီမိုကရေစီ လွတ်လပ်ရေးနှင့် လူ့အခွင့်အရေးဟူသည်ကို စိုးစဉ်းမျှ မကျန်အောင် ဂျပန်တို့က လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေး သမိုင်းစာအုပ်၌ ထည့်သွင်းရေးသား ပြောဆိုခဲ့သည်။ ၁၉၄၄ ခုနှစ်၊ မဟာမိတ်တပ်များ အင်အားကောင်းလာချိန်၌ ပြန့်ကျဲလျက်ရှိသော ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် မျိုးချစ်များကို ပြောက်ကျားစနစ်ဖြင့် ဂျပန်များကို တော်လှန်မှု ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ မဟာမိတ်များနှင့် ပူးပေါင်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က တော်လှန်ရေးပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်သားများကို စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုနေ့က ပြောကြားခဲ့သော စစ်ထွက်မိန့်ခွန်းသည် မဟာမိတ်များကို တိုက်ဟန်ပြုပြီး ဂျပန်ကို ပြန်လည် တော်လှန်မည့် ဗမာ့တပ်မတော်သားများကို ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်သည်။ မိန့်ခွန်း၏ အဆုံးပိုင်း၌ 'ဗမာ့ ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ'ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်မူ ဗမာ့တပ်မတော်သည် ပြည်သူ့လွတ်လပ်ရေးတပ်မတော် အမည် ခံယူပြီး ဂျပန်တို့အား စစ်ကြေညာခဲ့သည်။ ထိုစစ်ကြေညာချက်ဖြင့် မဟာမိတ်တို့၏ အကူအညီယူကာ ဂျပန်တို့ကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့သည့် နည်းတူ မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် နှလုံးရည်တိုက်ပွဲ စတင်မည့် နှစ်ကာလနိဒါန်းအစ ဖြစ်ပါသည်။ ဂျပန်ကို စစ်ကြေညာခဲ့သည့် မတ်လ ၂၇ ရက်နေ့ကိုမူ တော်လှန်ရေးနေ့ (ယခု တပ်မတော်နေ့)အဖြစ် ကျင်းပခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ရဲဘော်သုံးကျိပ် ၁။ သခင်အောင်ဆန်း (ဗိုလ်တေဇ) ၂။ သခင်ရှုမောင် (ဗိုလ်နေ၀င်း) ၃။ သခင်လှဖေ (ဗိုလ်လက်ျာ) ၄။ သခင်အောင်သန်း (ဗိုလ်စကြာ) ၅။ သခင်စံလှိုင် (ဗိုလ်အောင်) ၆။ သခင်လှမြိုင် (ဗိုလ်ရန်အောင်) ၇။ သခင်ဘဂျမ်း (ဗိုလ်လရောင်) ၈။ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ) ၉။ သခင်ခင်မောင်ဦး (ဗိုလ်တာရာ) ၁၀။ သခင်ထွန်းလွင် (ဗိုလ်ဗလ) ၁၁။ သခင်ကျော်စိန်(ဗိုလ်မိုးညို) ၁၂။ သခင်စောလွင် (ဗိုလ်မင်းခေါင်) ၁၃။ သခင်စံမြ (ဗိုလ်တောက်တိန်) ၁၄။ သခင်ငွေ (ဗိုလ်စောအောင်) ၁၅။ သခင်သစ် (ဗိုလ်စောနောင်) ၁၆။ သခင်အေးမောင်(ဗိုလ်မိုး) ၁၇။ သခင်သန်းတင် (ဗိုလ်မြဒင်) ၁၈။ သခင်သန်းတင်(ဗိုလ်သန်းတင်) ၁၉။ သခင်ထွန်းအုပ် ၂၀။ ကိုလှမောင် (ဗိုလ်ဇေယျ) ၂၁။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) ၂၂။ ကိုရွှေ (ဗိုလ်ကျော်ဇော) ၂၃။ ကိုတင်အေး (ဗိုလ်ဘုန်းမြင့်) ၂၄။ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်) ၂၅။ ကိုသန်းညွန့် (ဗိုလ်ဇင်ယော်) ၂၆။ ကိုလှ (ဗိုလ်မင်းရောင်) ၂၇။ ကိုထွန်းရွှေ (ဗိုလ်လင်းယုန်) ၂၈။ ကိုစိုး(ဗိုလ်မြင့်အောင်) ၂၉။ ကိုဆောင်း(ဗိုလ်ထိန်ဝင်း) ၃၀။ ကိုမောင်မောင် (ဗိုလ်ဉာဏ) ကိုးကားစာရင်း။ တပ်မတော်သမိုင်း (၁၈၂၄-၁၉၄၅၊ ပထမတွဲ- ၁၉၉၄ခုနှစ်)၊ စစ်ချီစစ်ရေးတေးသီချင်းများ(၁၉၉၅ ခုနှစ်)၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်(ရွှေတူ) ပြုစု- ၁၉၇၄ခုနှစ်)၊ ဗမာ့တော်လှန်ရေးသမိုင်း (ဗိုလ်မှူးဘသောင်း(မောင်သုတ)ပြုစု- ၁၉၆၇ခုနှစ်)နှင့် ဗိုလ်ချုပ်အောင်ဆန်း ရေးသားသည့် ဖက်ဆစ် တော်လှန်ရေးသမိုင်း(တက္ကသိုလ်နေ၀င်း မြန်မာပြန်- ၁၉၅၅ခုနှစ်)