ရွှေလီသား(မဘိမ်း)

Thursday 29 March 2012

စစ်သားဘ၀အချစ်နှင့်ခဏတာ




သူမအချစ်ကိုငါးနှစ်ကျော်ကျော်မှလက်ခံရရှိခဲ့သော၂၀၀၉သင်္ကြန်နှစ်ဆန်းတစ်ရက် နေ့မှတ်မှတ်ရရ
၁၇/၄/၂၀၀၉။အဖြေရပြီးနောက်တစ်နေ့မှာ ပဲကျွန်တော်တို့နှစ် ယောက်ရဲ့တွေ့ဆုံမှုသက်တမ်းက ကုန်ဆုံးခဲ့လေတယ်။ကံတရားကပဲကျွန်တော့်တို့ကိုရက်စက်တာလားတော့ကျွန်တော်မသိခါးသက်သက်
ရင်နှင့်စွာ ဖြင့်ချစ်သက်တမ်းနုနုမှာပဲ ချစ်သူနဲ့ ခွဲခဲ့ရပြန်တယ်။မိမိတာဝန်ကျရာတပ်ဌာနေမှ စာတို ပေစ များနှင့်သာကျွန်တော်တို့ချစ်သက်တမ်းကိုရင့်သန်စေခဲ့ရတယ်။လွမ်းဆွတ် ခြင်းတွေဆိုတာကျွန်တော်တို့
ချစ်သူနှစ်ယောက်ရဲ့ငယ်ပေါင်းကြီးဖော်တွေပေါ့။တစ်နိုင်ငံတည်းမှာရှိပေမဲ့ဆက်သွယ်မှုဧရိယာပြင်ပရောက်ရောက်နေ
တတ်တဲ့IP(star)ဆိုတဲ့ဖုန်းများကလဲကျွန်တော်တို့ရှေ့ရေးကိုတိုင်ပင်ဖို့အထိကူညီမှုမပေး နိုင်ပြန်ဘူး။ဒီလိုနဲ့
ကျွန်တော်တို့ရဲ့အချစ်တွေကို နားလည်မှုတွေနဲ့သာအုတ်မြစ်ချခဲ့ ကြရတယ်။
          ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်းမှာဒုတိယအကြိမ်တွေ့ဆုံမှုအဖြစ်သူမရဲ့အားထုတ်မှုနဲ့ ပြင်ဦးလွင်ဆိုတဲ့
အရပ်မှာတစ်ရက်ရဲ့တစ်ဝက်တိတိလောက်ကြည်နူး ပျော်ရွှင်ခွင့်ကိုရရှိခဲ့ဖူးတယ်။ဖော်ပြလို့မရတဲ့ပျော်
ရွှင်မှုတွေနဲ့အမှတ်တရတွေများစွာကို နေ့တစ်ပိုင်းအချိန်နဲ့ပဲမှတ်တမ်းတင်ခဲ့ကြတယ်။သူမကို
ပထမဆုံးပျော်ရွှင်မှု တွေပေးခဲ့နိုင်တဲ့အဲ့ဒီနေ့လေး တစ်နေ့ဟာ သူမ နဲ့လျှောက်လည်စဉ် သဲကြီးမဲကြီး ရွာချနေတဲ့ မိုးရေတွေနဲ့အတူအဲဒီနေ့ညနေလေးမှာတင်ပဲ ပျောက်ဆုံးသွား ပြန်တယ်။သူမ မန္တလေးသို့လိုက်ပါ မည့်ဟိုင်းလတ်လိုင်းကားပေါ်မှာထိုင်နေတဲ့ သူမရဲ့ မျက်တောင်လေးတွေအောက်မှာ မိုးရေလက်ကျန်တွေလား မျက်ရည်ဥ   လေးတွေလား ကျွန်တော်မခွဲခြားချင်တော့ ကျွန်တော့်ရင်ထဲမှာတော့  နောက်ဘယ်အချိန်မှပြန်တွေ့ကြမည်ဆိုတာကိုမတွေးမိနိုင် အောင် စိတ်တွေကိုလန်ဒန်တစ်လိပ် မီးညှိရင်း လေလွင့်နေလိုက်တယ်။ ဘယ်အချိန်မှ  သူမဆီပြန်လာမှလဲလို့ ကျွန်တော့ကိုမေးတဲ့အခါတိုင်း ကျွန်တော် သူမကို အားနာ စွာနဲ့စကားလမ်းကြောင်းလွှဲလွဲမိတာ ခဏတာလေးမှာတင် အကြိမ်ကြိမ်အခါခါ။ သေချာတာက ကျွန်တော်သူမဆီဘယ်အချိန်ပြန်လာနိုင်မည်မှန်း ကျွန်တော်ကိုတိုင် တိတိကျကျ သိမနေခဲ့တာတော့ တပ် အကြောင်းဘာမျှမသိသေးသည့် သာမာန် အရပ်သူ တစ်ယောက်ဖြစ်တဲ့ သူမကို ကျွန်တော်မရှင်းပြချင်တော့။တစ်ချိန်ကြရင် သူနားလည်လာမည်ဆိုသော မျှော်လင့်ချက်လေးနှင့်သာ သူမကို ဂရုမစိုက်မိစွာ ကျွန်တော့်လမ်းကို ကျွန်တော်ဆက်ရှောက်နေခဲ့တယ်။ နေကောင်းလားလို့ တောင်မမေးရဲအောင် ကျွန်မကို မောင် ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲဆိုတဲ့ မေးခွန်းများနှင့် သူမ စကားလုံးထိုးစစ်တွေကြားမှာ ကျွန်တော်နှုတ်ဆိတ်နေခဲ့ရ တယ်။

      သူမနဲ့ဆုံဖို့ ခွင့်ရတဲ့ရက်ထဲမှ ကျွန်တော့ရဲ့နည်းပါးလှစွာသောအချိန် တစ်ရက်တိတိပေးခဲ့မှုကြောင့်တတိယအကြိမ်ကျွန်တော်တို့ချစ်သူနှစ်ယောက်ဆုံခွင့် ရခဲ့ပြန်တယ်။သူမကလဲစည်းကမ်းတင်းကြပ်စွာနဲ့ဆရာမတစ်ယောက်ဖြစ်ဖို့အတွက်လေ့ကျင့်ပေးတဲ့ တက္ကသိုလ်တစ်ခုက ဖြစ်ပြန်တော့ သူမနဲ့တွေရဖို့လက်မှတ် နှစ်ကြိမ်တိတိထိုးခဲ့ရပြီး တစ်နာရီနီးပါးလောက်ထိုင်စောင့်လိုက်မှုကြောင့် သူမ သင်တန်းမှထမင်းစားချိန်ပေးတဲ့အခိုက်အတန့် သူမနဲ့ကျွန်တော် နာရီဝက်တိတိခန့် တွေ့ခဲ့ရတယ်။ဒီခရီးမှာရခဲ့တဲ့ ကျွန်တော့ရဲ့အခက်အခဲတွေပင်ပန်းမှုတွေအားလုံး သူမ ရဲ့ပျော်ရွင်မှုနဲ့ ကျွန်တော့်ရဲ့ပျော်ရွှင်မှု ကြားမှာ ပျောက်ဆုံးသွားပါတယ်။ သေချာတာကတော့ အခုတွေ့ဆုံမှုပြီးရင် ဘယ်လောက်ပြန်လွမ်းနေရအုံးမလဲဆိုတာ သူမရော ကျွန်တော်ရော ဘယ်သူမှသေချာမသိနိုင်တော့ဘူး။ဒါပေမဲ့ အဲ့ဒီနေ့က သူမ အလိုက် သိစွာနဲ့ သူမမေးနေကြမေးခွန်းကို ကျွန်တော့်ကိုမမေးခဲ့ပါဘူး။ ခံစားချက်တွေချရေးထားတဲ့ သူမပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်နဲ့ ကျွန်တော်တို့ရဲ့ခွဲခွာခြင်းနေ့ရက်တွေကို ဆက်လက်မောင်းနှင်ဖို့ သူမရော ကျွန်တော်ရော နေသားကျစွာနဲ့ အားတင်းထားပါတယ်။
         ခုတော့သူမနဲ့ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်းဘာလိုလိုနဲ့သုံးနှစ်တင်းတင်း ပြည့်တော့မယ်။တွေ့ဆုံချိန်
ကိုလက်ချိုးရေတွက်မယ်ဆိုရင် လက်တစ်ဖက်တောင်မ ပြည့်နိုင်တဲ့ ကျွန်တော်တို့ချစ်သူသက်တမ်းကို ဘာတွေနဲ့ချည်နှောင်ထားမှန်းမသိ ပေမဲ့သူမကိုကျွန်တော်သိပ်ချစ်ခဲ့တယ်ဆိုတာတော့အတိအကျပြော
နိုင်ပါတယ်။ သူမလဲ စစ်သားတစ်ယောက်ကိုချစ်မိခဲ့လို့နောင်တများရနေမလား ဆိုတာမသိနိုင်ပေမဲ့ စစ်သားဆိုတာတာဝန်ကျရာနေရာဒေသမှာကျရာတာဝန်ထမ်း ဆောင်ရတဲ့ကျွန်တော်တို့ရဲ့ဘ၀ကိုနားလည်ပြီး
ကျွန်တော့်ကိုစောင့်မျှော် နေမယ်လို့ မျော်လင့် မိပါတယ်။
(စစ်သားချစ်သူများအားလုံး ခံစားနားလည်နိုင်ကြပါစေ)
ဆလိုင်းမာန်အွမ်

No comments:

Post a Comment